Match Report Premier League

ပဲလေ့စ်ကို အနိုင်မယူနိုင်ဘဲ ချန်ပီယံဆုနဲ့ ဝေးသထက်ဝေးသွားခဲ့ရတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အနေနဲ့ မြို့ခံပြိုင်ဘက်က ဒီပွဲမကစားခင်မှာ ၁၅ မှတ်ဖြတ်ပြီး ဦးဆောင်နေတာကို ပြန်လည်လျှော့ချနိုင်ဖို့ ဒဏ်ရာက သက်သာလာတဲ့ ကာဗာနီကိုပါ တိုက်စစ်မှာ ထည့်သွင်းခဲ့ပြီး လူစုံထုတ်ကစားခဲ့သလို ဂိုးသမားနေရာမှာတော့ ဒဟေးယားအစား ဟန်ဒါဆန်ကို ထည့်သွင်းခဲ့ပါတယ်။

ပဲလေ့စ်ကတော့ ဒဏ်ရာရ ကစားသမားတွေ များနေလို့ ကွင်းလယ်လူ ကူယာတေးကိုတောင် ခံစစ်မှာ ဆင်းကစားခိုင်းခဲ့ရပေမယ့် အိမ်ကွင်းမှာ ကျစ်ကျစ်လျစ်လျစ်နဲ့ ကစားနိုင်ခဲ့ပြီး ပွဲချိန် ၆ မိနစ်မှာ သူတို့ရဲ့ ဝါရင့်နောက်ခံလူ ကေးဟေးလ်က အပိုင်အခွင့်အရေးကို အသုံးမချနိုင်ခဲ့လို့သာ အဖွင့်ဂိုးနဲ့ လွဲချော်ခဲ့ရတာပါ။

အိမ်ရှင်အသင်းရဲ့ တောင်ပံတိုက်စစ်တွေက ဧည့်သည်ယူနိုက်တက်တို့ကို ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် ဘိုင်လီနဲ့ မက်ဂွိုင်းယားအတွဲက တည်ငြိမ်ခဲ့လို့ ဖျက်ထုတ်နိုင်ခဲ့ပြီး ပွဲချိန် ၁၂ မိနစ်မှာတော့ ဖာနန်ဒက်စ် ခင်းပေးတဲ့ ဘောလုံးကို မာတစ်ချ် ကန်သွင်းရာမှာ ဂိုးသမား ဂွိုင်တာ ခက်ခက်ခဲခဲ ကာကွယ်ပုတ်ထုတ်သွားခဲ့လို့ ဂိုးရခွင့် လွဲချော်ခဲ့ရပါတယ်။

လုခ်ရှောရဲ့ ဘယ်တောင်ပံတိုက်စစ်တွေက ပဲလေ့စ်တို့ကို တော်တော်လေး ခြိမ်းခြောက်နိုင်ခဲ့ပြီး ပွဲချိန် ၁၅ မိနစ်မှာ အပိုင်အခွင့်အရေးကို ရက်ရှ်ဖို့ဒ်က တိုင်ဘေးကို ကန်ပစ်ခဲ့သလို ဂရင်းဝုဒ်၊ ဖရက်ဒ်နဲ့ ကာဗာနီတို့ကလည်း အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့ ပထမပိုင်းမှာ ဂိုးမရှိသရေပဲ ဖြစ်နေခဲ့ပါတယ်။

ဒန်နီယယ်လ် ဂျိမ်းစ်ကို ချန်ထားခဲ့ပြီး ဂရင်းဝုဒ်ကို ထည့်သွင်းခဲ့တဲ့ ဒီနေ့ပွဲမှာ ယူနိုက်တက်ရဲ့ ညာတောင်ပံတိုက်စစ်က ဘယ်လိုမှ အလုပ် မဖြစ်ခဲ့ဘဲ တိုက်စစ်လိုက်ပါမှု အားနည်းတဲ့ ဝန်ဘစ်ဆာကာကတော့ အသင်းဟောင်းကို ရင်ဆိုင်ခဲ့ရတဲ့ပွဲမှာ မမြင်ရသလောက်ကို ဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းအစမှာတော့ အာယူးရဲ့ ကန်ချက်ကို ဟန်ဒါဆန် ကာကွယ်နိုင်ခဲ့ပြီး ပွဲချိန် ၅၈ မိနစ်မှာတော့ ပဲလေ့စ်ကပ္ပတိန် မီလီဗိုယေဗစ်ချ်ရဲ့ ဖရီးကစ်က လူတံတိုင်း မကျော်ခဲ့ချိန်မှာ ပြန်ထွက်လာတဲ့ ဘောလုံးကို တောင်းဆန်း ကန်သွင်းခဲ့ပေမယ့် တိုင်ဘေးက ကပ်ထွက်သွားခဲ့လို့ ယူနိုက်တက်တို့ သက်သာခဲ့ရပါတယ်။

ဘန်တီကီတစ်ယောက် ဆိုးဆိုးရွားရွားဖြစ်နေတာကတော့ ယူနိုက်တက်တို့အတွက် ဝမ်းသာစရာဖြစ်ခဲ့ရပြီး ဒီနောက်ပိုင်းမှာ ဂိုးရဖို့အတွက် ဂျိမ်းစ်နဲ့ မက်တော်မီနေးတို့ကို ထည့်သွင်းခဲ့ပေမယ့် ပွဲပန်းမှုနဲ့ အချိတ်အဆက် မမိမှုကြားမှာ ဘရူနို ဖာနန်ဒက်စ်တောင်မှ ခြေပျောက်သွားခဲ့တာပါ။

ဒီနောက်ပိုင်းမှာ ဂရင်းဝုဒ် တစ်ကိုယ်တော် ထိုးဖောက်ဖို့ ကြိုးစားခဲ့ပေမယ့် ပဲလေ့စ်နောက်ခံလူတွေ စုပြုံပိတ်ဆို့ခဲ့လို့ မအောင်မြင်ခဲ့သလို ဒီနေ့ပွဲမှာ ယူနိုက်တက်တို့ရဲ့ ဂိုးကန်သွင်းခွင့် ၁၁ ကြိမ်မှာ မာတစ်ချ်ရဲ့ တစ်ကြိမ်သာ ဂိုးပေါက်တည့်ခဲ့တာကတော့ စိတ်ပျက်စရာဖြစ်ခဲ့ရပြီး တိုက်စစ်မှူးကောင်းတစ်ယောက် ခေါ်ယူရမယ်ဆိုတဲ့ ဝေဖန်မှုတွေကိုလည်း ပိုမိုပုံပေါ်လာစေခဲ့ပါတယ်။

ပွဲချိန် မိနစ် ၇၀ ကျော်က လူစားလဲမှုနှစ်ခုနဲ့ပဲ ကျေနပ်ခဲ့ပြီး တတိယတစ်ဦးကိုတောင် အပြောင်းအလဲမလုပ်တော့တဲ့ နည်းပြ ဆိုးလ်ရှားရဲ့ In Match Decision နဲ့ Plan B က ထုံးစံအတိုင်း ဆိုးရွားဆဲဖြစ်ပြီး ပွဲပြီးခါနီးမှာ ကစားအားပါ ကျသွားခဲ့လို့ ၈၉ မိနစ်မှာ အငိုက်မိခဲ့တဲ့ ဝန်ဘစ်ဆာကာကို ကျော်ဖြတ်လာတဲ့ ဗန်အန်ဟို့လ်ရဲ့ ကန်ချက်ကို ဟန်ဒါဆန် ကာကွယ်နိုင်ခဲ့လို့သာ ရှုံးပွဲမကြုံခဲ့ရတာလည်းဖြစ်ပါတယ်။

ဂိုးမရှိသရေနဲ့ ပွဲပြီးဆုံးခဲ့ချိန်မှာတော့ ယူနိုက်တက်တို့အတွက် နစ်နာမှုက ကြီးမားခဲ့ပြီး နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲတစ်ပွဲနဲ့ သရေ ၄ ပွဲအထိ ဖြစ်ခဲ့ရတာကြောင့် မြို့ခံပြိုင်ဘက် မန်စီးတီးတို့နဲ့ ၁၄ မှတ်အထိ ပြတ်သွားခဲ့သလို နောက်က လက်စတာတို့ကသာ သစ္စာရှိရှိနဲ့ ဘန်လေကို သရေကစားပေးခဲ့လို့သာ အဆင့် ၂ မှာ ရမှတ် ၅၁ မှတ်နဲ့ ဆက်လက်ရပ်တည်နေနိုင်ခဲ့တာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ ၿမိဳ႕ခံၿပိဳင္ဘက္က ဒီပြဲမကစားခင္မွာ ၁၅ မွတ္ျဖတ္ၿပီး ဦးေဆာင္ေနတာကို ျပန္လည္ေလွ်ာ့ခ်ႏိုင္ဖို႔ ဒဏ္ရာက သက္သာလာတဲ့ ကာဗာနီကိုပါ တိုက္စစ္မွာ ထည့္သြင္းခဲ့ၿပီး လူစုံထုတ္ကစားခဲ့သလို ဂိုးသမားေနရာမွာေတာ့ ဒေဟးယားအစား ဟန္ဒါဆန္ကို ထည့္သြင္းခဲ့ပါတယ္။

ပဲေလ့စ္ကေတာ့ ဒဏ္ရာရ ကစားသမားေတြ မ်ားေနလို႔ ကြင္းလယ္လူ ကူယာေတးကိုေတာင္ ခံစစ္မွာ ဆင္းကစားခိုင္းခဲ့ရေပမယ့္ အိမ္ကြင္းမွာ က်စ္က်စ္လ်စ္လ်စ္နဲ႔ ကစားႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၆ မိနစ္မွာ သူတို႔ရဲ႕ ဝါရင့္ေနာက္ခံလူ ေကးေဟးလ္က အပိုင္အခြင့္အေရးကို အသုံးမခ်ႏိုင္ခဲ့လို႔သာ အဖြင့္ဂိုးနဲ႔ လြဲေခ်ာ္ခဲ့ရတာပါ။

အိမ္ရွင္အသင္းရဲ႕ ေတာင္ပံတိုက္စစ္ေတြက ဧည့္သည္ယူႏိုက္တက္တို႔ကို ၿခိမ္းေျခာက္ႏိုင္ခဲ့ေပမယ့္ ဘိုင္လီနဲ႔ မက္ဂြိဳင္းယားအတြဲက တည္ၿငိမ္ခဲ့လို႔ ဖ်က္ထုတ္ႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၁၂ မိနစ္မွာေတာ့ ဖာနန္ဒက္စ္ ခင္းေပးတဲ့ ေဘာလုံးကို မာတစ္ခ်္ ကန္သြင္းရာမွာ ဂိုးသမား ဂြိဳင္တာ ခက္ခက္ခဲခဲ ကာကြယ္ပုတ္ထုတ္သြားခဲ့လို႔ ဂိုးရခြင့္ လြဲေခ်ာ္ခဲ့ရပါတယ္။

လုခ္ေရွာရဲ႕ ဘယ္ေတာင္ပံတိုက္စစ္ေတြက ပဲေလ့စ္တို႔ကို ေတာ္ေတာ္ေလး ၿခိမ္းေျခာက္ႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၁၅ မိနစ္မွာ အပိုင္အခြင့္အေရးကို ရက္ရွ္ဖို႔ဒ္က တိုင္ေဘးကို ကန္ပစ္ခဲ့သလို ဂရင္းဝုဒ္၊ ဖရက္ဒ္နဲ႔ ကာဗာနီတို႔ကလည္း အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့လို႔ ပထမပိုင္းမွာ ဂိုးမရွိသေရပဲ ျဖစ္ေနခဲ့ပါတယ္။

ဒန္နီယယ္လ္ ဂ်ိမ္းစ္ကို ခ်န္ထားခဲ့ၿပီး ဂရင္းဝုဒ္ကို ထည့္သြင္းခဲ့တဲ့ ဒီေန႔ပြဲမွာ ယူႏိုက္တက္ရဲ႕ ညာေတာင္ပံတိုက္စစ္က ဘယ္လိုမွ အလုပ္ မျဖစ္ခဲ့ဘဲ တိုက္စစ္လိုက္ပါမႈ အားနည္းတဲ့ ဝန္ဘစ္ဆာကာကေတာ့ အသင္းေဟာင္းကို ရင္ဆိုင္ခဲ့ရတဲ့ပြဲမွာ မျမင္ရသေလာက္ကို ျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္းအစမွာေတာ့ အာယူးရဲ႕ ကန္ခ်က္ကို ဟန္ဒါဆန္ ကာကြယ္ႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၅၈ မိနစ္မွာေတာ့ ပဲေလ့စ္ကပၸတိန္ မီလီဗိုေယဗစ္ခ်္ရဲ႕ ဖရီးကစ္က လူတံတိုင္း မေက်ာ္ခဲ့ခ်ိန္မွာ ျပန္ထြက္လာတဲ့ ေဘာလုံးကို ေတာင္းဆန္း ကန္သြင္းခဲ့ေပမယ့္ တိုင္ေဘးက ကပ္ထြက္သြားခဲ့လို႔ ယူႏိုက္တက္တို႔ သက္သာခဲ့ရပါတယ္။

ဘန္တီကီတစ္ေယာက္ ဆိုးဆိုး႐ြား႐ြားျဖစ္ေနတာကေတာ့ ယူႏိုက္တက္တို႔အတြက္ ဝမ္းသာစရာျဖစ္ခဲ့ရၿပီး ဒီေနာက္ပိုင္းမွာ ဂိုးရဖို႔အတြက္ ဂ်ိမ္းစ္နဲ႔ မက္ေတာ္မီေနးတို႔ကို ထည့္သြင္းခဲ့ေပမယ့္ ပြဲပန္းမႈနဲ႔ အခ်ိတ္အဆက္ မမိမႈၾကားမွာ ဘ႐ူႏို ဖာနန္ဒက္စ္ေတာင္မွ ေျခေပ်ာက္သြားခဲ့တာပါ။

ဒီေနာက္ပိုင္းမွာ ဂရင္းဝုဒ္ တစ္ကိုယ္ေတာ္ ထိုးေဖာက္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ ပဲေလ့စ္ေနာက္ခံလူေတြ စုၿပဳံပိတ္ဆို႔ခဲ့လို႔ မေအာင္ျမင္ခဲ့သလို ဒီေန႔ပြဲမွာ ယူႏိုက္တက္တို႔ရဲ႕ ဂိုးကန္သြင္းခြင့္ ၁၁ ႀကိမ္မွာ မာတစ္ခ်္ရဲ႕ တစ္ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့တာကေတာ့ စိတ္ပ်က္စရာျဖစ္ခဲ့ရၿပီး တိုက္စစ္မႉးေကာင္းတစ္ေယာက္ ေခၚယူရမယ္ဆိုတဲ့ ေဝဖန္မႈေတြကိုလည္း ပိုမိုပုံေပၚလာေစခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၇၀ ေက်ာ္က လူစားလဲမႈႏွစ္ခုနဲ႔ပဲ ေက်နပ္ခဲ့ၿပီး တတိယတစ္ဦးကိုေတာင္ အေျပာင္းအလဲမလုပ္ေတာ့တဲ့ နည္းျပ ဆိုးလ္ရွားရဲ႕ In Match Decision နဲ႔ Plan B က ထုံးစံအတိုင္း ဆိုး႐ြားဆဲျဖစ္ၿပီး ပြဲၿပီးခါနီးမွာ ကစားအားပါ က်သြားခဲ့လို႔ ၈၉ မိနစ္မွာ အငိုက္မိခဲ့တဲ့ ဝန္ဘစ္ဆာကာကို ေက်ာ္ျဖတ္လာတဲ့ ဗန္အန္ဟို႔လ္ရဲ႕ ကန္ခ်က္ကို ဟန္ဒါဆန္ ကာကြယ္ႏိုင္ခဲ့လို႔သာ ရႈံးပြဲမႀကဳံခဲ့ရတာလည္းျဖစ္ပါတယ္။

ဂိုးမရွိသေရနဲ႔ ပြဲၿပီးဆုံးခဲ့ခ်ိန္မွာေတာ့ ယူႏိုက္တက္တို႔အတြက္ နစ္နာမႈက ႀကီးမားခဲ့ၿပီး ေနာက္ဆုံး ၅ ပြဲမွာ ႏိုင္ပြဲတစ္ပြဲနဲ႔ သေရ ၄ ပြဲအထိ ျဖစ္ခဲ့ရတာေၾကာင့္ ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးတို႔နဲ႔ ၁၄ မွတ္အထိ ျပတ္သြားခဲ့သလို ေနာက္က လက္စတာတို႔ကသာ သစၥာရွိရွိနဲ႔ ဘန္ေလကို သေရကစားေပးခဲ့လို႔သာ အဆင့္ ၂ မွာ ရမွတ္ ၅၁ မွတ္နဲ႔ ဆက္လက္ရပ္တည္ေနႏိုင္ခဲ့တာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.