Premier League

မက်ဆီ လိုက်မမီနိုင်တဲ့ နောက်ထပ် မှတ်တမ်းသစ်ကို လှလှပပ ရေးထိုးလိုက်နိုင်တဲ့ ခရစ်စတီယာနို ရော်နယ်ဒို

အင်္ဂါနေ့ မနက်စောစောမှာ စီးရီးအေပွဲစဉ် ၂၄ အဖြစ် ဂျူဗင်တပ်စ် အသင်းနဲ့ Spezia တို့ ယှဉ်ပြိုင်ကစားခဲ့ပြီး ဂျူဗင်တပ်စ်အသင်းမှ ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ပထမ နှစ်ဂိုးကို မိုရာတာနဲ့ ချီဆာတို့က သွင်းယူပေးခဲ့ပြီး တတိယ အနိုင်ဂိုးကိုတော့ ခရစ္စတီယာနို ရော်နယ်ဒိုက ပွဲကစားချိန် ၈၉ မိနစ်မှာ ဂျူဗင်တပ်စ်အသင်းအတွက် သွင်းယူပေးခဲ့ပါတယ်။

ဒီလို သွင်းယူခဲ့တဲ့ ဂိုးကြောင့် ခရစ္စတီယာနို ရော်နယ်ဒိုဟာ ဥရောပထိပ်သီးလိဂ် ၅ ခုမှာ ၁၂ ရာသီဆက်တိုက် ဂိုး ၂၀ အထိ အနည်းဆုံးသွင်းယူနိုင်တဲ့ တစ်ဦးတည်းသော ကစားသမားအဖြစ် ပြိုင်ဘက်မရှိ မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့ပါတယ်။ ဘာစီလိုတစ်သင်းတည်းမှာသာ ကစားနေတဲ့ လီယွန်နယ် မက်ဆီအနေနဲ့ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ ထိပ်တန်းလိဂ်တွေကို ပြောင်းရွှေ့ကစားတဲ့ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ဒီစံချိန်ကို လိုက်မီဖို့ မလွယ်တော့ပါဘူး။


ဒီ ၁၂ ရာသီဆက်တိုက် ဂိုး ၂၀ အနည်းဆုံး သွင်းယူနိုင်တယ်ဆိုတဲ့ မှတ်တမ်းသစ်ကို အစပြုခဲ့တာကတော့ ရော်နယ်ဒို ရီးရဲလ်မက်ဒရစ်ကို စတင်ရောက်ရှိခဲ့တဲ့ ၂၀၀၉-၁၀ က စတင်ခဲ့ခြင်းဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့မလာခင် မန်ချက်စတာယူနိုက်တက်အသင်းသားဘဝနဲ့ နောက်ဆုံး ဘောလုံးရာသီမှာတော့ ၁၈ဂိုး သွင်းယူခဲ့ပါတယ်။

ပေါ်တူဂီကြယ်ပွင့်ကစားသမားအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းမှာ ၉ ရာသီကစားခဲ့ပြီး ပျှမ်းမျှ ၂၅ မိနစ်ကို ၁ ဂိုးနှုန်းသွင်းယူပေးခဲ့သလို ဂိုး ၄၀ နဲ့ အထက်သွင်းယူနိုင်ခဲ့တာ ၃ ရာသီတိတိရှိခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်းကို ဆုဖလားတွေရရှိအောင် ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့လာပြီးနောက် ရီးရဲလ်မက်ဒရစ်မှာထက် မဆိုစလောက်ဂိုးသွင်းနှုန်းကျဆင်းခဲ့ပေမယ့်လည်း ပထမဆုံး ၂ ရာသီမှာ ၅၂ ဂိုးသွင်းယူနိုင်ခဲ့သလို ယခု ၂၀၂၀-၂၁ ရာသီမှာလည်း ယခုဂိုးအပါအဝင် ဂိုး ၂၀ သွင်းယူနိုင်သွားပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက ရော်နယ်ဒိုက မက်ဆီထက် အမြဲသာနေလိမ့်မယ်လို့ ပြောခဲ့တဲ့ ဘွန်ဒက်စ်လီဂါကြယ်ပွင့် လီယွန်ဘိုင်လေပြောခဲ့တဲ့ စကားကို ရော်နယ်ဒိုက သက်သေထပ်မံပြလိုက်သလားတောင်ထင်ရပါတယ်။

အသက် ၂၃ နှစ်အရွယ် လေဗာကူဆင်ကြယ်ပွင့် လီယွန်ဘိုင်လေက ” “မက်ဆီက အသင်းတစ်သင်းတည်းမှာ အချိန်အကြာကြီး ရှိနေခဲ့လို့ ကျွန်တော် ထင်ပါတယ်။ ရော်နယ်ဒိုနဲ့ မက်ဆီတို့ကြားက ကြီးမားတဲ့ကွာခြားချက်က ရော်နယ်ဒိုက မတူညီတဲ့အသင်းတွေမှာ အရမ်းကောင်းမွန်တဲ့အရာတွေကို လုပ်နိုင်ခဲ့ပြီး အဲဒါကပဲ သူ့ကို အကောင်းဆုံးဖြစ်စေခဲ့တာပါ”

“သူတို့တွေက အရမ်းကောင်းတဲ့ကစားသမား ၂ ဦးဆိုတာ သိသာပေမယ့် ရော်နယ်ဒိုကတော့ အမြဲတမ်း သာနေမှာပါ” လို့ ပြောခဲ့ပါတယ်။

ယခင်လက အသက် ၃၆ နှစ်ပြည့်ပြီဖြစ်တဲ့ ဒီပေါ်တူဂီကြယ်ပွင့် ၊ ဂျူဗင်တပ်စ်အသင်း တိုက်စစ်မှူး ရော်နယ်ဒိုအနေနဲ့ ခြေစွမ်း ကျဆင်းခြင်းမရှိသေးပဲ မှတ်တမ်းသစ်များ ရေးထိုးနိုင်နေပြီ နောက်ထပ်လည်း ဘယ်သူမှ လိုက်မမီနိုင်တဲ့ မှတ်တမ်းကောင်းတွေ ရေးထိုးနိုင်ဦးမလဲ စောင့်ကြည့်ကြရပါစို့လား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဂၤါေန႔ မနက္ေစာေစာမွာ စီးရီးေအပြဲစဥ္ ၂၄ အျဖစ္ ဂ်ဴဗင္တပ္စ္ အသင္းနဲ႔ Spezia တို႔ ယွဥ္ၿပိဳင္ကစားခဲ့ၿပီး ဂ်ဴဗင္တပ္စ္အသင္းမွ ၃ ဂိုး ဂိုးမရွိျဖင့္ အႏိုင္ရရွိခဲ့ပါတယ္။ ပထမ ႏွစ္ဂိုးကို မိုရာတာနဲ႔ ခ်ီဆာတို႔က သြင္းယူေပးခဲ့ၿပီး တတိယ အႏိုင္ဂိုးကိုေတာ့ ခရစၥတီယာႏို ေရာ္နယ္ဒိုက ပြဲကစားခ်ိန္ ၈၉ မိနစ္မွာ ဂ်ဴဗင္တပ္စ္အသင္းအတြက္ သြင္းယူေပးခဲ့ပါတယ္။

ဒီလို သြင္းယူခဲ့တဲ့ ဂိုးေၾကာင့္ ခရစၥတီယာႏို ေရာ္နယ္ဒိုဟာ ဥေရာပထိပ္သီးလိဂ္ ၅ ခုမွာ ၁၂ ရာသီဆက္တိုက္ ဂိုး ၂၀ အထိ အနည္းဆုံးသြင္းယူႏိုင္တဲ့ တစ္ဦးတည္းေသာ ကစားသမားအျဖစ္ ၿပိဳင္ဘက္မရွိ မွတ္တမ္းသစ္ေရးထိုးႏိုင္ခဲ့ပါတယ္။ ဘာစီလိုတစ္သင္းတည္းမွာသာ ကစားေနတဲ့ လီယြန္နယ္ မက္ဆီအေနနဲ႔ စိန္ေခၚမႈအသစ္ေတြကို ရင္ဆိုင္ဖို႔ ထိပ္တန္းလိဂ္ေတြကို ေျပာင္းေ႐ႊ႕ကစားတဲ့ ခရစၥတီယာႏို ေရာ္နယ္ဒိုရဲ႕ ဒီစံခ်ိန္ကို လိုက္မီဖို႔ မလြယ္ေတာ့ပါဘူး။


ဒီ ၁၂ ရာသီဆက္တိုက္ ဂိုး ၂၀ အနည္းဆုံး သြင္းယူႏိုင္တယ္ဆိုတဲ့ မွတ္တမ္းသစ္ကို အစျပဳခဲ့တာကေတာ့ ေရာ္နယ္ဒို ရီးရဲလ္မက္ဒရစ္ကို စတင္ေရာက္ရွိခဲ့တဲ့ ၂၀၀၉-၁၀ က စတင္ခဲ့ျခင္းျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေ႐ႊ႕မလာခင္ မန္ခ်က္စတာယူႏိုက္တက္အသင္းသားဘဝနဲ႔ ေနာက္ဆုံး ေဘာလုံးရာသီမွာေတာ့ ၁၈ ဂိုးသာ သြင္းယူခဲ့ပါတယ္။

ေပၚတူဂီၾကယ္ပြင့္ကစားသမားအေနနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းမွာ ၉ ရာသီကစားခဲ့ၿပီး ပွ်မ္းမွ် ၂၅ မိနစ္ကို ၁ ဂိုးႏႈန္းသြင္းယူေပးခဲ့သလို ဂိုး ၄၀ နဲ႔ အထက္သြင္းယူႏိုင္ခဲ့တာ ၃ ရာသီတိတိရွိခဲ့ၿပီး ရီးရဲလ္မက္ဒရစ္အသင္းကို ဆုဖလားေတြရရွိေအာင္ ပံ့ပိုးေပးႏိုင္ခဲ့ပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းကို ေျပာင္းေ႐ႊ႕လာၿပီးေနာက္ ရီးရဲလ္မက္ဒရစ္မွာထက္ မဆိုစေလာက္ဂိုးသြင္းႏႈန္းက်ဆင္းခဲ့ေပမယ့္လည္း ပထမဆုံး ၂ ရာသီမွာ ၅၂ ဂိုးသြင္းယူႏိုင္ခဲ့သလို ယခု ၂၀၂၀-၂၁ ရာသီမွာလည္း ယခုဂိုးအပါအဝင္ ဂိုး ၂၀ သြင္းယူႏိုင္သြားၿပီျဖစ္ပါတယ္။

ၿပီးခဲ့တဲ့လက ေရာ္နယ္ဒိုက မက္ဆီထက္ အၿမဲသာေနလိမ့္မယ္လို႔ ေျပာခဲ့တဲ့ ဘြန္ဒက္စ္လီဂါၾကယ္ပြင့္ လီယြန္ဘိုင္ေလေျပာခဲ့တဲ့ စကားကို ေရာ္နယ္ဒိုက သက္ေသထပ္မံျပလိုက္သလားေတာင္ထင္ရပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ ေလဗာကူဆင္ၾကယ္ပြင့္ လီယြန္ဘိုင္ေလက ” “မက္ဆီက အသင္းတစ္သင္းတည္းမွာ အခ်ိန္အၾကာႀကီး ရွိေနခဲ့လို႔ ကြၽန္ေတာ္ ထင္ပါတယ္။ ေရာ္နယ္ဒိုနဲ႔ မက္ဆီတို႔ၾကားက ႀကီးမားတဲ့ကြာျခားခ်က္က ေရာ္နယ္ဒိုက မတူညီတဲ့အသင္းေတြမွာ အရမ္းေကာင္းမြန္တဲ့အရာေတြကို လုပ္ႏိုင္ခဲ့ၿပီး အဲဒါကပဲ သူ႔ကို အေကာင္းဆုံးျဖစ္ေစခဲ့တာပါ”

“သူတို႔ေတြက အရမ္းေကာင္းတဲ့ကစားသမား ၂ ဦးဆိုတာ သိသာေပမယ့္ ေရာ္နယ္ဒိုကေတာ့ အၿမဲတမ္း သာေနမွာပါ” လို႔ ေျပာခဲ့ပါတယ္။

ယခင္လက အသက္ ၃၆ ႏွစ္ျပည့္ၿပီျဖစ္တဲ့ ဒီေပၚတူဂီၾကယ္ပြင့္ ၊ ဂ်ဴဗင္တပ္စ္အသင္း တိုက္စစ္မႉး ေရာ္နယ္ဒိုအေနနဲ႔ ေျခစြမ္း က်ဆင္းျခင္းမရွိေသးပဲ မွတ္တမ္းသစ္မ်ား ေရးထိုးႏိုင္ေနၿပီ ေနာက္ထပ္လည္း ဘယ္သူမွ လိုက္မမီႏိုင္တဲ့ မွတ္တမ္းေကာင္းေတြ ေရးထိုးႏိုင္ဦးမလဲ ေစာင့္ၾကည့္ၾကရပါစို႔လား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.