Premier League Transfer News

2 Mar နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ချဲလ်ဆီးအသင်းကို အခွင့်အရေးတွေ အသုံးမချနိုင်ဘဲ သရေကျခဲ့တဲ့ ပွဲစဉ်အပြီးမှာ နောက်ခံလူဟောင်း ရီယို ဖာဒီနန်က အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် အာလင်း ဟားလန်းနဲ့ ခိုင်လျန် အမ်ဘာပေတို့ နှစ်ဦးထဲက တစ်ဦးကို ခေါ်ယူသင့်ပြီဖြစ်ကြောင်း တိုက်တွန်း။

– ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဇီနီဒန်း ဇီဒန်းအနေနဲ့ နောက်ခံလူ ရာဖေးလ် ဗာရွန်းကို ဒီနွေရာသီ၊ စာချုပ်သက်တမ်း တစ်နှစ်ကျန်ချိန်မှာ ရောင်းချသွားဖို့ စဉ်းစားနေပြီး သက်တမ်းတိုးဖို့ နှစ်ဦးနှစ်ဖက် ဆန္ဒနည်းနေတာကြောင့် ယူနိုက်တက်တို့အတွက် မျှော်လင့်ချက်ဖြစ်ခဲ့ပြီး လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ခေါ်ယူရဖွယ်ရှိနေ။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ကာဗာနီကို ခေါ်ယူနိုင်ရုံနဲ့ ကျေနပ်နေဖို့ မသင့်ဘဲ သူ့ရဲ့ အကောင်းဆုံးအချိန်တွေ ကျော်မှ ရောက်ရှိလာတဲ့ ဥရုဂွေးသားထက် ငယ်ရွယ်ပြီး အဆုံးသတ်သေချာတဲ့ နံပါတ် ၉ တိုက်စစ်မှူးတစ်ဦးကို ထပ်မံခေါ်ယူဖို့ ကာရေဂါ ထောက်ပြသွားခဲ့။

– အသင်းရဲ့ တိုက်စစ်မှူးဟောင်း အန်ဒီကိုးလ်က မန်ချက်စတာယူနိုက်တက်အသင်းဆိုတာဟာ အရင်လိုမျိုး ဘယ်သူမဆိုကစားချင်ကြတဲ့ အောင်မြင်မှုတွေနဲ့ ပြည့်နှက်နေတဲ့ အသင်းတစ်သင်း မဟုတ်တော့တာကြောင့် ထိပ်တန်းကစားသမားတွေကို မန်စီးတီးနဲ့ လီဗာပူးလ်ဆီ ဆုံးရှုံးသွားနိုင်လို့ ဖိဖိစီးစီး ကြိုးစားဖို့ သတိပေးသွား။

– လက်ရှိကစားနေတဲ့ ယူနိုက်တက်ကစားသမားတွေရဲ့အကြောင်းကို မသိပေမယ့် ဂိုးမရှိသရေရလဒ် ထွက်ပေါ်နေချိန်မှာ နိုင်လိုစိတ်မရှိဘဲ ကစားနေတာကိုတော့ စိတ်ပျက်မိကြောင်း ပြောလိုက်ပြီး တိုက်စစ်သမားတွေအနေနဲ့ ဒီထက်ပိုပြီး လုပ်ပြနိုင်သင့်တယ်ထင်ကြောင်း အသင်းခေါင်းဆောင်ဟောင်း ရွိုင်းကီးန် ဝေဖန်သွားခဲ့။

– ဂိုးသမား ဒင်းန် ဟန်ဒါဆန်ကို အသက် ၁၄ နှစ်အရွယ်က ရောင်းချပေးထားခဲ့တဲ့ တတိယတန်းကလပ် ကာလိုင်းလ်အသင်းအနေနဲ့ လက်ရှိမှာ သူပွဲထွက်ခွင့်ရတိုင်း ယူနိုက်တက်ဆီက တစ်ပွဲကို ပေါင်တစ်သောင်းရရှိနေပြီး တကယ်လို့ ရောင်းချခဲ့မယ်ဆိုရင်လည်း ပြောင်းရွှေ့ကြေးရဲ့ ၅ ရာခိုင်နှုန်းကို ခံစားခွင့်ရှိနေတယ်လို့ သတင်းတွေ ဖော်ပြ။

– လာမယ့် ဗုဒ္ဓဟူးနေ့ညမှာ ယှဉ်ပြိုင်ကစားကြမယ့် ခရစ္စတယ်လ်ပဲလေ့စ်အသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ အိုးလ်ထရက်ဖို့ဒ်က ရှုံးကြွေးကို ဆပ်လိမ့်မှာဖြစ်ပြီး အဝေးကွင်း ရှုံးပွဲမရှိသေးတဲ့ သရဲနီတွေအနေနဲ့ နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်လို့ ဘီဘီစီရဲ့ လော်ရိုခန့်မှန်း။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အေစီမီလန်အသင်းနဲ့အတူ စီးရီးအေမှာ ရုန်းကန်ခဲ့ရပြီးမှ ဘွန်ဒက်စ်လီဂါကို ပြောင်းရွှေ့ပြီး ခြေစွမ်းပြသနေတဲ့ အန်ဒရီ ဆေးလ်ဗားကို စောင့်ကြည့်နေပြီး သူရဲ့ ဒီရာသီမှာ ၁၉ ဂိုး သွင်းယူထားခဲ့တဲ့ ပုံစံကောင်းကို သဘောကျနေချိန်မှာ ပေါ်တူဂီသားကတော့ ရာသီကုန်မှ စဉ်းစားတော့မယ်လို့ တုံ့ပြန်သွား။

– ချဲလ်ဆီးနဲ့ပွဲ ဒုတိယပိုင်းအစမှာ ယူနိုက်တက်ကွင်းလယ်လူ ဖရက်က အဖျက်ကြမ်းခဲ့လို့ လဲကျသွားခဲ့တဲ့ ပြိုင်ဘက်ကွင်းလယ်လူ မေဆန် မောင့်ရဲ့ ပြန်လည်ကန်ကျောက်ခဲ့မှုကို မှတ်တမ်းဗီဒီယိုတွေမှာ တွေ့မြင်ခဲ့ရပြီးတဲ့နောက် ပရိသတ်တွေက FA ဆီ ပြစ်ဒဏ်ချမှတ်သွားဖို့ တောင်းဆိုနေကြ။

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နွေရာသီပစ်မှတ်ထဲမှာ တိုရီနိုနောက်ခံလူ နီကိုလာ အန်ကူးလူးလည်း ပါဝင်နေပြီး သူ့ကို ခေါ်ယူဖို့ ဆိုရင်တော့ ပရီးမီးယားလိဂ်ပြိုင်ဘက် လိဒ်စ်ယူနိုက်တက်အသင်းနဲ့အပြိုင် ကြိုးစားရဖွယ်ရှိနေကြောင်း အီတလီအခြေစိုက် တပ်တိုစပို့စ် ဖော်ပြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ခ်ဲလ္ဆီးအသင္းကို အခြင့္အေရးေတြ အသုံးမခ်ႏိုင္ဘဲ သေရက်ခဲ့တဲ့ ပြဲစဥ္အၿပီးမွာ ေနာက္ခံလူေဟာင္း ရီယို ဖာဒီနန္က အသင္းရဲ႕ တိုက္စစ္ပိုင္းအတြက္ အာလင္း ဟားလန္းနဲ႔ ခိုင္လ်န္ အမ္ဘာေပတို႔ ႏွစ္ဦးထဲက တစ္ဦးကို ေခၚယူသင့္ၿပီျဖစ္ေၾကာင္း တိုက္တြန္း။

– ရီးရဲလ္မက္ဒရစ္အသင္းနည္းျပ ဇီနီဒန္း ဇီဒန္းအေနနဲ႔ ေနာက္ခံလူ ရာေဖးလ္ ဗာ႐ြန္းကို ဒီေႏြရာသီ၊ စာခ်ဳပ္သက္တမ္း တစ္ႏွစ္က်န္ခ်ိန္မွာ ေရာင္းခ်သြားဖို႔ စဥ္းစားေနၿပီး သက္တမ္းတိုးဖို႔ ႏွစ္ဦးႏွစ္ဖက္ ဆႏၵနည္းေနတာေၾကာင့္ ယူႏိုက္တက္တို႔အတြက္ ေမွ်ာ္လင့္ခ်က္ျဖစ္ခဲ့ၿပီး လီဗာပူးလ္အသင္းနဲ႔ ယွဥ္ၿပိဳင္ေခၚယူရဖြယ္ရွိေန။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ကာဗာနီကို ေခၚယူႏိုင္႐ုံနဲ႔ ေက်နပ္ေနဖို႔ မသင့္ဘဲ သူ႔ရဲ႕ အေကာင္းဆုံးအခ်ိန္ေတြ ေက်ာ္မွ ေရာက္ရွိလာတဲ့ ဥ႐ုေဂြးသားထက္ ငယ္႐ြယ္ၿပီး အဆုံးသတ္ေသခ်ာတဲ့ နံပါတ္ ၉ တိုက္စစ္မႉးတစ္ဦးကို ထပ္မံေခၚယူဖို႔ ကာေရဂါ ေထာက္ျပသြားခဲ့။

– အသင္းရဲ႕ တိုက္စစ္မႉးေဟာင္း အန္ဒီကိုးလ္က မန္ခ်က္စတာယူႏိုက္တက္အသင္းဆိုတာဟာ အရင္လိုမ်ိဳး ဘယ္သူမဆိုကစားခ်င္ၾကတဲ့ ေအာင္ျမင္မႈေတြနဲ႔ ျပည့္ႏွက္ေနတဲ့ အသင္းတစ္သင္း မဟုတ္ေတာ့တာေၾကာင့္ ထိပ္တန္းကစားသမားေတြကို မန္စီးတီးနဲ႔ လီဗာပူးလ္ဆီ ဆုံးရႈံးသြားႏိုင္လို႔ ဖိဖိစီးစီး ႀကိဳးစားဖို႔ သတိေပးသြား။

– လက္ရွိကစားေနတဲ့ ယူႏိုက္တက္ကစားသမားေတြရဲ႕အေၾကာင္းကို မသိေပမယ့္ ဂိုးမရွိသေရရလဒ္ ထြက္ေပၚေနခ်ိန္မွာ ႏိုင္လိုစိတ္မရွိဘဲ ကစားေနတာကိုေတာ့ စိတ္ပ်က္မိေၾကာင္း ေျပာလိုက္ၿပီး တိုက္စစ္သမားေတြအေနနဲ႔ ဒီထက္ပိုၿပီး လုပ္ျပႏိုင္သင့္တယ္ထင္ေၾကာင္း အသင္းေခါင္းေဆာင္ေဟာင္း ႐ြိဳင္းကီးန္ ေဝဖန္သြားခဲ့။

– ဂိုးသမား ဒင္းန္ ဟန္ဒါဆန္ကို အသက္ ၁၄ ႏွစ္အ႐ြယ္က ေရာင္းခ်ေပးထားခဲ့တဲ့ တတိယတန္းကလပ္ ကာလိုင္းလ္အသင္းအေနနဲ႔ လက္ရွိမွာ သူပြဲထြက္ခြင့္ရတိုင္း ယူႏိုက္တက္ဆီက တစ္ပြဲကို ေပါင္တစ္ေသာင္းရရွိေနၿပီး တကယ္လို႔ ေရာင္းခ်ခဲ့မယ္ဆိုရင္လည္း ေျပာင္းေ႐ႊ႕ေၾကးရဲ႕ ၅ ရာခိုင္ႏႈန္းကို ခံစားခြင့္ရွိေနတယ္လို႔ သတင္းေတြ ေဖာ္ျပ။

– လာမယ့္ ဗုဒၶဟူးေန႔ညမွာ ယွဥ္ၿပိဳင္ကစားၾကမယ့္ ခရစၥတယ္လ္ပဲေလ့စ္အသင္းနဲ႔ အေဝးကြင္းပြဲစဥ္မွာ မန္ခ်က္စတာယူႏိုက္တက္တို႔အေနနဲ႔ အိုးလ္ထရက္ဖို႔ဒ္က ရႈံးေႂကြးကို ဆပ္လိမ့္မွာျဖစ္ၿပီး အေဝးကြင္း ရႈံးပြဲမရွိေသးတဲ့ သရဲနီေတြအေနနဲ႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္လို႔ ဘီဘီစီရဲ႕ ေလာ္႐ိုခန႔္မွန္း။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ေအစီမီလန္အသင္းနဲ႔အတူ စီးရီးေအမွာ ႐ုန္းကန္ခဲ့ရၿပီးမွ ဘြန္ဒက္စ္လီဂါကို ေျပာင္းေ႐ႊ႕ၿပီး ေျခစြမ္းျပသေနတဲ့ အန္ဒရီ ေဆးလ္ဗားကို ေစာင့္ၾကည့္ေနၿပီး သူရဲ႕ ဒီရာသီမွာ ၁၉ ဂိုး သြင္းယူထားခဲ့တဲ့ ပုံစံေကာင္းကို သေဘာက်ေနခ်ိန္မွာ ေပၚတူဂီသားကေတာ့ ရာသီကုန္မွ စဥ္းစားေတာ့မယ္လို႔ တုံ႔ျပန္သြား။

– ခ်ဲလ္ဆီးနဲ႔ပြဲ ဒုတိယပိုင္းအစမွာ ယူႏိုက္တက္ကြင္းလယ္လူ ဖရက္က အဖ်က္ၾကမ္းခဲ့လို႔ လဲက်သြားခဲ့တဲ့ ၿပိဳင္ဘက္ကြင္းလယ္လူ ေမဆန္ ေမာင့္ရဲ႕ ျပန္လည္ကန္ေက်ာက္ခဲ့မႈကို မွတ္တမ္းဗီဒီယိုေတြမွာ ေတြ႕ျမင္ခဲ့ရၿပီးတဲ့ေနာက္ ပရိသတ္ေတြက FA ဆီ ျပစ္ဒဏ္ခ်မွတ္သြားဖို႔ ေတာင္းဆိုေနၾက။

– မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ေႏြရာသီပစ္မွတ္ထဲမွာ တိုရီႏိုေနာက္ခံလူ နီကိုလာ အန္ကူးလူးလည္း ပါဝင္ေနၿပီး သူ႔ကို ေခၚယူဖို႔ ဆိုရင္ေတာ့ ပရီးမီးယားလိဂ္ၿပိဳင္ဘက္ လိဒ္စ္ယူႏိုက္တက္အသင္းနဲ႔အၿပိဳင္ ႀကိဳးစားရဖြယ္ရွိေနေၾကာင္း အီတလီအေျခစိုက္ တပ္တိုစပို႔စ္ ေဖာ္ျပ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.