Premier League

မန်စီးတီးအပြောင်းအရွှေ့နဲ့ပတ်သက်ပြီး မက်ဆီကို လက်တို့လိုက်တဲ့ ရီဗယ်ဒို

ဘာစီလိုနာဂန္တဝင် ရီဗယ်ဒိုက လီယွန်နယ် မက်ဆီအနေနဲ့ ယခုရာသီကုန်မှာ နူးကမ့်ကို စွန့်ခွာခဲ့မယ်ဆိုရင် မန်ချက်စတာစီးတီးအသင်းဟာ ရွေးချယ်သင့်တဲ့ အလွန်ကောင်းမွန်တဲ့ ရွေးချယ်မှုဖြစ်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူးဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ၆ လ အောက်သာ ကျန်ရှိတော့တာဖြစ်ပြီး ယခုရာသီကုန်မှာ အသင်းကို စွန့်ခွာဖို့ အခြေအနေက ပိုမို မြင့်တက်လာနေပုံရပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့နွေရာသီကတည်းက နူးကမ့်ကို စွန့်ခွာချင်ခဲ့ပေမယ့်လည်း အသင်းရဲ့ ထိပ်ပိုင်းတာဝန်ရှိသူတွေနဲ့ စာချုပ်ကိစ္စ အငြင်းပွားခဲ့ပြီးနောက် နောက်ထပ် ၁၂ လ ဆက်နေဖို့ ဆုံးဖြတ်ခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ် အိမ်ကွင်းမှာပဲ ပီအက်စ်ဂျီအသင်းကို ၄-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နောက်ထပ်တစ်ကြိမ် ချန်ပီယံလိဂ်ကနေ ထွက်ခွာရဖို့ ကျိန်းသေသလောက်ရှိနေတာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းကတော့ မိုချန်ဂလတ်ဘတ်အသင်းကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီး အသင်းသမိုင်းကြောင်းတလျှောက်မှာ ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဖလားကို ရရှိဖို့အတွက် ရေပန်းအစားဆုံးဖြစ်နေတာဖြစ်ပါတယ်။

ဘရာဇီးလ်ဂန္တဝင် တိုက်စစ်မှူး ရီဗယ်ဒိုက မက်ဆီအနေနဲ့ အီတီဟတ်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုင် မဝေးလှတဲ့အနာဂတ်အတွက် ဥရောပမှာ မန်ချက်စတာစီးတီးအသင်းဟာ အင်အားအတောင့်တင်းဆုံးအသင်းဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ပက်ဂွါဒီယိုလာက ဥရောပမှာ အကောင်းဆုံးလူစာရင်းတွေထဲက တစ်ခုကို ပိုင်ဆိုင်ထားပြီး မန်ချက်စတာစီးတီးအသင်းဟာ ၁၉ ပွဲဆက်တိုက် နိုင်ပွဲရရှိခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ၁၀ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပြီးနောက် လက်ရှိမှာတော့ မယုံကြည်နိုင်ဖွယ် ခြေစွမ်းကို ပိုင်ဆိုင်နေပါတယ်။ ယခုအပတ်မှာလည်း နောက်ထပ် ရှေ့ကို ခိုင်မာတဲ့ခြေလှမ်း လှမ်းနေပါတယ်”

“စီးတီးက အရမ်းချမ်းသာတဲ့အသင်းဖြစ်ပြီး အဲဒါက သူတို့ကို ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေကို ခေါ်ယူနိုင်စေပါလိမ့်မယ်။ အဲဒီအကြောင်းအရင်းကြောင့် သူတို့တွေက လီယွန်နယ်မက်ဆီ ဘာစီလိုနာကို စွန့်ခွာခဲ့ရင် အရမ်းကို ခိုင်မာတဲ့ နေရာတစ်ခု ဖြစ်ပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:

ဘာစီလိုနာဂႏၲဝင္ ရီဗယ္ဒိုက လီယြန္နယ္ မက္ဆီအေနနဲ႔ ယခုရာသီကုန္မွာ ႏူးကမ့္ကို စြန႔္ခြာခဲ့မယ္ဆိုရင္ မန္ခ်က္စတာစီးတီးအသင္းဟာ ေရြးခ်ယ္သင့္တဲ့ အလြန္ေကာင္းမြန္တဲ့ ေရြးခ်ယ္မႈျဖစ္လိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။

အာဂ်င္တီးနားဂႏၲဝင္တိုက္စစ္မႉးဟာ ဘာစီလိုနာအသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၆ လ ေအာက္သာ က်န္ရွိေတာ့တာျဖစ္ၿပီး ယခုရာသီကုန္မွာ အသင္းကို စြန႔္ခြာဖို႔ အေျခအေနက ပိုမို ျမင့္တက္လာေနပုံရပါတယ္။ မက္ဆီဟာ ၿပီးခဲ့တဲ့ေႏြရာသီကတည္းက ႏူးကမ့္ကို စြန႔္ခြာခ်င္ခဲ့ေပမယ့္လည္း အသင္းရဲ့ ထိပ္ပိုင္းတာဝန္ရွိသူေတြနဲ႔ စာခ်ဳပ္ကိစၥ အျငင္းပြားခဲ့ၿပီးေနာက္ ေနာက္ထပ္ ၁၂ လ ဆက္ေနဖို႔ ဆုံးျဖတ္ခဲ့သူျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဘာစီလိုနာအသင္းဟာ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္ ပထမအေက်ာ့ပြဲစဥ္ အိမ္ကြင္းမွာပဲ ပီအက္စ္ဂ်ီအသင္းကို ၄-၁ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ေနာက္ထပ္တစ္ႀကိမ္ ခ်န္ပီယံလိဂ္ကေန ထြက္ခြာရဖို႔ က်ိန္းေသသေလာက္ရွိေနတာျဖစ္ပါတယ္။ မန္ခ်က္စတာစီးတီးအသင္းကေတာ့ မိုခ်န္ဂလတ္ဘတ္အသင္းကို ၂-၀ နဲ႔ အနိုင္ရရွိခဲ့ၿပီး အသင္းသမိုင္းေၾကာင္းတေလၽွာက္မွာ ပထမဆုံးအႀကိမ္ ခ်န္ပီယံလိဂ္ဖလားကို ရရွိဖို႔အတြက္ ေရပန္းအစားဆုံးျဖစ္ေနတာျဖစ္ပါတယ္။

ဘရာဇီးလ္ဂႏၲဝင္ တိုက္စစ္မႉး ရီဗယ္ဒိုက မက္ဆီအေနနဲ႔ အီတီဟတ္ကို ေျပာင္းေရႊ႕ဖို႔ ဆုံးျဖတ္ခဲ့မယ္ဆိုင္ မေဝးလွတဲ့အနာဂတ္အတြက္ ဥေရာပမွာ မန္ခ်က္စတာစီးတီးအသင္းဟာ အင္အားအေတာင့္တင္းဆုံးအသင္းျဖစ္လာလိမ့္မယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“ပက္ဂြါဒီယိုလာက ဥေရာပမွာ အေကာင္းဆုံးလူစာရင္းေတြထဲက တစ္ခုကို ပိုင္ဆိုင္ထားၿပီး မန္ခ်က္စတာစီးတီးအသင္းဟာ ၁၉ ပြဲဆက္တိုက္ နိုင္ပြဲရရွိခဲ့ၿပီး အမွတ္ေပးဇယားထိပ္ဆုံးမွာ ၁၀ မွတ္အထိ ျဖတ္ထားနိုင္ခဲ့ၿပီးေနာက္ လက္ရွိမွာေတာ့ မယုံၾကည္နိုင္ဖြယ္ ေျခစြမ္းကို ပိုင္ဆိုင္ေနပါတယ္။ ယခုအပတ္မွာလည္း ေနာက္ထပ္ ေရွ႕ကို ခိုင္မာတဲ့ေျခလွမ္း လွမ္းေနပါတယ္”

“စီးတီးက အရမ္းခ်မ္းသာတဲ့အသင္းျဖစ္ၿပီး အဲဒါက သူတို႔ကို ကမၻာေပၚက အေကာင္းဆုံးကစားသမားေတြကို ေခၚယူနိုင္ေစပါလိမ့္မယ္။ အဲဒီအေၾကာင္းအရင္းေၾကာင့္ သူတို႔ေတြက လီယြန္နယ္မက္ဆီ ဘာစီလိုနာကို စြန႔္ခြာခဲ့ရင္ အရမ္းကို ခိုင္မာတဲ့ ေနရာတစ္ခု ျဖစ္ပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z