Match Report Premier League

ဘန်လေကို ဂိုးပြတ်သွင်းပြီး ယူရိုပါလိဂ်အရှိန်အဟုန်ကို ဆက်လက်ယူဆောင်လာခဲ့တဲ့ စပါးစ်ရဲ့နိုင်ပွဲ

တော့တင်ဟမ်ဟော့စပါးစ်အသင်းအနေနဲ့ ဒီနေ့မှာ ခံစစ်ကို ဒိုင်ယာ မပါဘဲ ခင်းကျင်းခဲ့တာက ပိုမိုကောင်းမွန်တဲ့ စုဖွဲ့မှုကို ရရှိခဲ့သလို အိမ်ကွင်းမှာ ဟာရီကိန်း၊ ဆွန်ဟောင်မင်တို့နဲ့ ပွဲထွက်နေကျ တိုက်စစ်မှာ ဂါရက် ဘေးလ်ကိုပါ ထည့်သွင်းပြီး မြင့်မားတဲ့ စွမ်းဆောင်ရည်ကို နည်းပြ ဂျိုဆေး မော်ရင်ညိုက ဖော်ဆောင်လာခဲ့ပါတယ်။

သူတို့ရဲ့ ယူရိုပါလိဂ် နှစ်ကျော့စလုံးမှာ လေးဂိုးစီ သွင်းနိုင်ခဲ့တဲ့ တိုက်စစ်က ဒီနေ့မှာလည်း ထက်မြက်ခဲ့ပြီး ပွဲချိန် ၂ မိနစ်မှာကတည်း စောစောစီးစီး ဂိုးရခဲ့သလို ဘယ်ခြမ်းကနေ ဆွန်ဟောင်မင်ရဲ့ ဖန်တီးပေးပို့မှုကို ဘေးလ်က ဘန်လေရဲ့ လူကျွံထောက်ချောက်ကို ဖောက်ထွက်ပြီး သွင်းယူခဲ့တာပါ။

အိမ်ကွင်းမှာ စပါးစ်တို့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့ပြီး ခံစစ်မာပါတယ်ဆိုတဲ့ ဘန်လေတို့ ပြိုလဲခဲ့ရသလို ပွဲချိန် ၁၅ မိနစ်မှာတော့ ဟာရီကိန်းက တန်ပြန်တိုက်စစ်ကနေ ဘေးလ်ရဲ့ ပေးပို့မှုကို ဘယ်ခြမ်းမှာ ရယူပြီး အဝေးတိုင်ကို ကန်မယ့်ပုံစံပြပြီးမှ အနီးတိုင်ကို အပြင်းကန်သွင်းပြီး ဒုတိယဦးဆောင်ဂိုး ထပ်မံသွင်းယူခဲ့ပါတယ်။

ပွဲချိန် ၃၁ မိနစ်မှာတော့ လူးကပ်စ် မော်ရာက ရက်ဂီလွန်ရဲ့ ဖြတ်တင်ဘောကနေ ဘန်လေနောက်ခံလူ တာကော့ဗ်စကီး ခေါင်းတိုက်လို့ ပြန်ကျလာတာကို ဧရိယာထဲကနေ ဘယ်ခြေနဲ့ သွင်းယူခဲ့လို့ ပထမပိုင်းမှာ စပါးစ်တို့ ထက်မြက်တဲ့ ပုံစံကောင်းနဲ့အတူ သုံးဂိုး-ဂိုးမရှိနဲ့ ဘန်လေကို ဦးဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စအပြီး ၁၀ မိနစ်အကြာ ပွဲချိန် ၅၅ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဆွန်ဟောင်မင်ရဲ့ ဖန်တီးမှုကပဲ ဘေးလ်က ထပ်မံဂိုးသွင်းယူနိုင်ခဲ့ပြီး ညာခြမ်းကနေ နောက်ခံလူ ချာလီ တေလာ ဝင်ပိတ်တာကို စောင့်ပြီးမှ ဘေးကနေ ဘယ်ခြေနဲ့ အပိုင်ကန်သွင်းယူသွားခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ လူးကပ်စ် မော်ရာအစား ဒယ်လီအယ်လီနဲ့ ဘေးလ်အစား လာမယ်လာတို့ကို လူစားလဲပြီး လာမယ့်ပွဲတွေအတွက် အနားပေးခဲ့သလို လက်ကျန်ပွဲချိန်တွေမှာတော့ ဟာရီကိန်းနဲ့ အန်ဒွန်ဘီလီတို့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေကို ဘန်လေဂိုးသမား နစ်ခ်ပုပ် ကာကွယ်နိုင်ခဲ့လို့ လေးဂိုး-ဂိုးမရှိနဲ့ပဲ ယူရိုပါလိဂ်နောက်ဆုံးပွဲက ရလဒ်အတိုင်း ပြီးဆုံးခဲ့ပါတယ်။

ဒီပွဲကို အနိုင်ရရှိခဲ့တဲ့ စပါးစ်တို့အနေနဲ့ အမှတ်ပေးဇယားမှာ အဆင့် ၈ နေရာကို ရပ်တည်နိုင်ခဲ့သလို အဆင့် ၄ က ဝက်စ်ဟမ်းတို့နဲ့ ၆ မှတ် အကွာဆီ ကွာဟမှုကို လျှော့ချနိုင်ခဲ့ပြီး တဖြည်းဖြည်း လူပြန်စုံလာသလို ဘေးလ်နဲ့ အယ်လီတို့ ခြေစွမ်းပြန်မြန်လာမှုတွေနဲ့အတူ ဥရောပဝင်ခွင့် လမ်းကြောင်းပေါ် ပြန်လည်တက်လှမ်းလာနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းအေနနဲ႔ ဒီေန႔မွာ ခံစစ္ကို ဒိုင္ယာ မပါဘဲ ခင္းက်င္းခဲ့တာက ပိုမိုေကာင္းမြန္တဲ့ စုဖြဲ႕မႈကို ရရွိခဲ့သလို အိမ္ကြင္းမွာ ဟာရီကိန္း၊ ဆြန္ေဟာင္မင္တို႔နဲ႔ ပြဲထြက္ေနက် တိုက္စစ္မွာ ဂါရက္ ေဘးလ္ကိုပါ ထည့္သြင္းၿပီး ျမင့္မားတဲ့ စြမ္းေဆာင္ရည္ကို နည္းျပ ဂ်ိဳေဆး ေမာ္ရင္ညိဳက ေဖာ္ေဆာင္လာခဲ့ပါတယ္။

သူတို႔ရဲ႕ ယူ႐ိုပါလိဂ္ ႏွစ္ေက်ာ့စလုံးမွာ ေလးဂိုးစီ သြင္းႏိုင္ခဲ့တဲ့ တိုက္စစ္က ဒီေန႔မွာလည္း ထက္ျမက္ခဲ့ၿပီး ပြဲခ်ိန္ ၂ မိနစ္မွာကတည္း ေစာေစာစီးစီး ဂိုးရခဲ့သလို ဘယ္ျခမ္းကေန ဆြန္ေဟာင္မင္ရဲ႕ ဖန္တီးေပးပို႔မႈကို ေဘးလ္က ဘန္ေလရဲ႕ လူကြၽံေထာက္ေခ်ာက္ကို ေဖာက္ထြက္ၿပီး သြင္းယူခဲ့တာပါ။

အိမ္ကြင္းမွာ စပါးစ္တို႔ ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ ကစားႏိုင္ခဲ့ၿပီး ခံစစ္မာပါတယ္ဆိုတဲ့ ဘန္ေလတို႔ ၿပိဳလဲခဲ့ရသလို ပြဲခ်ိန္ ၁၅ မိနစ္မွာေတာ့ ဟာရီကိန္းက တန္ျပန္တိုက္စစ္ကေန ေဘးလ္ရဲ႕ ေပးပို႔မႈကို ဘယ္ျခမ္းမွာ ရယူၿပီး အေဝးတိုင္ကို ကန္မယ့္ပုံစံျပၿပီးမွ အနီးတိုင္ကို အျပင္းကန္သြင္းၿပီး ဒုတိယဦးေဆာင္ဂိုး ထပ္မံသြင္းယူခဲ့ပါတယ္။

ပြဲခ်ိန္ ၃၁ မိနစ္မွာေတာ့ လူးကပ္စ္ ေမာ္ရာက ရက္ဂီလြန္ရဲ႕ ျဖတ္တင္ေဘာကေန ဘန္ေလေနာက္ခံလူ တာေကာ့ဗ္စကီး ေခါင္းတိုက္လို႔ ျပန္က်လာတာကို ဧရိယာထဲကေန ဘယ္ေျခနဲ႔ သြင္းယူခဲ့လို႔ ပထမပိုင္းမွာ စပါးစ္တို႔ ထက္ျမက္တဲ့ ပုံစံေကာင္းနဲ႔အတူ သုံးဂိုး-ဂိုးမရွိနဲ႔ ဘန္ေလကို ဦးေဆာင္ခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္စအၿပီး ၁၀ မိနစ္အၾကာ ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ဆြန္ေဟာင္မင္ရဲ႕ ဖန္တီးမႈကပဲ ေဘးလ္က ထပ္မံဂိုးသြင္းယူႏိုင္ခဲ့ၿပီး ညာျခမ္းကေန ေနာက္ခံလူ ခ်ာလီ ေတလာ ဝင္ပိတ္တာကို ေစာင့္ၿပီးမွ ေဘးကေန ဘယ္ေျခနဲ႔ အပိုင္ကန္သြင္းယူသြားခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ လူးကပ္စ္ ေမာ္ရာအစား ဒယ္လီအယ္လီနဲ႔ ေဘးလ္အစား လာမယ္လာတို႔ကို လူစားလဲၿပီး လာမယ့္ပြဲေတြအတြက္ အနားေပးခဲ့သလို လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ဟာရီကိန္းနဲ႔ အန္ဒြန္ဘီလီတို႔ ဂိုးေပါက္ၿခိမ္းေျခာက္မႈေတြကို ဘန္ေလဂိုးသမား နစ္ခ္ပုပ္ ကာကြယ္ႏိုင္ခဲ့လို႔ ေလးဂိုး-ဂိုးမရွိနဲ႔ပဲ ယူ႐ိုပါလိဂ္ေနာက္ဆုံးပြဲက ရလဒ္အတိုင္း ၿပီးဆုံးခဲ့ပါတယ္။

ဒီပြဲကို အႏိုင္ရရွိခဲ့တဲ့ စပါးစ္တို႔အေနနဲ႔ အမွတ္ေပးဇယားမွာ အဆင့္ ၈ ေနရာကို ရပ္တည္ႏိုင္ခဲ့သလို အဆင့္ ၄ က ဝက္စ္ဟမ္းတို႔နဲ႔ ၆ မွတ္ အကြာဆီ ကြာဟမႈကို ေလွ်ာ့ခ်ႏိုင္ခဲ့ၿပီး တျဖည္းျဖည္း လူျပန္စုံလာသလို ေဘးလ္နဲ႔ အယ္လီတို႔ ေျခစြမ္းျပန္ျမန္လာမႈေတြနဲ႔အတူ ဥေရာပဝင္ခြင့္ လမ္းေၾကာင္းေပၚ ျပန္လည္တက္လွမ္းလာႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.