Premier League UCL&UEL

ဘ႐ူႏို ဖာနန္ဒက္စ္ဟာ ကီဗင္ ဒီဘ႐ိုင္းနားလိုပဲလို႔ ကစားသမားေဟာင္း အုိဝင္ ဟားဂရိဗ္စ္ ႏွဳိင္းယွဥ္

မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ဇန္နဝါရီမွာ ေခၚယူခဲ့တဲ့ ကစားသမားသစ္ ဘ႐ူႏုိ ဖာနန္ဒက္စ္ဟာ ေျခထဲမွာ ေဘာလုံးရရွိလာတုိင္း အႏၲရာယ္မ်ားသူျဖစ္ၿပီး ၿမဳိ႕ခံၿပဳိင္ဘက္ မန္ခ်က္စတာစီးတီးအသင္းရဲ႕ ကြင္းလယ္ဖန္တီးရွင္ ကီဗင္ ဒီဘ႐ိုင္းနားလိုပဲျဖစ္ေၾကာင္း ကစားသမားေဟာင္း အုိဝင္ ဟားဂရိဗ္စ္က ႏွဳိင္းယွဥ္သုံးသပ္သြားခဲ့ပါတယ္။

မန္ခ်က္စတာၿမဳိ႕ခံႏွစ္သင္းစလုံးမွာ ကစားဖူးခဲ့တဲ့ ဟားဂရိဗ္စ္က LASK လင့္ဇ္အသင္းကို အႏုိင္ရရွိတဲ့ ယူႏုိက္တက္ရဲ႕ ႏိုင္ပြဲအၿပီးမွာ ေျပာၾကားလုိက္တာျဖစ္ၿပီး ဒီပြဲမွာ အဖြင့္ဂိုးကို တုိက္စစ္မွဴး အိုဒီယြန္ အီဂါလိုအတြက္ ဘ႐ူႏုိ ဖာနန္ဒက္စ္က တိတိက်က် ေပးပုိ႔ႏုိင္ခဲ့တာလည္းျဖစ္ပါတယ္။

“သူေဘာလုံးရလာတာနဲ႔ကို တိုက္စစ္အတြက္ တစ္ခုခု ႀကီးႀကီးမားမားလုပ္ျပေတာ့မွာပဲလို႔ ရင္ခုန္ေနရၿပီပဲေလ… ပထမပုိင္းမွာ အခြင့္အေရး ၅ ႀကိမ္ေတာင္ ဖန္တီးေပးခဲ့တာကလည္း အံ့မခန္းျဖစ္ၿပီး ကစားပုံက ေကာင္းမြန္ခဲ့ပါတယ္”လို႔ ဟားဂရိဗ္စ္က အသင္းအတြက္ ကစားတဲ့ ၈ ပြဲမွာ ၃ ဂိုးသြင္း ၃ ဂိုးဖန္တီးခဲ့တဲ့ ေပၚတူဂီကြင္းလယ္လူကို ခ်ီးက်ဴးခဲ့ပါတယ္။

“သူ႕ရဲ႕ ပုံစံက ကီဗင္ ဒီဘ႐ိုင္းနားလိုပါပဲ… ကိုယ့္ရဲ႕ အျမန္ႏွဳန္းကို ကိုယ္တုိင္ေကာင္းေကာင္းသိရွိနားလည္ထားၿပီး လိုသလို ကစားႏုိင္သလို အေလာတႀကီးလည္း ဘယ္ေတာ့မွ မလုပ္ဘဲ လိုအပ္တဲ့အခ်ိန္မွာ ေနရာလြတ္ေတြကို ရွာေဖြၿပီး ျမင္တတ္သူျဖစ္ပါတယ္”လို႔လည္း အဂၤလန္လက္ေရြးစင္ ကြင္းလယ္လူေဟာင္းက ဆုိပါတယ္။

ဟားဂရိဗ္စ္နဲ႔ ဒီယူ႐ိုပါလိဂ္ပြဲစဥ္ကို BT Sport မွာ အတူတြဲဖက္သုံးသပ္သြားခဲ့တဲ့ လီဗာပူးလ္နဲ႔ မန္ခ်က္စတာယူႏုိက္တက္ကစားသမားေဟာင္း ေပါလ္အင့္စ္ကလည္း ယူႏုိက္တက္အေနနဲ႔ အသင္းမွာ အလိုအပ္ဆုံး ကစားသမားတစ္ေယာက္ကို ရရွိလိုက္တာျဖစ္ၿပီး သူေရာက္လာခဲ့လို႔ အသင္းေဖာ္ ကစားသမားေတြကိုပါ စိတ္ဓာတ္ျမႇင့္တင္ေပးၿပီး တက္ၾကြလာေအာင္လုပ္ေဆာင္ႏုိင္ခဲ့တယ္လုိ႔လည္း ဖာနန္ဒက္စ္အေပၚ ခ်ီးက်ဴးသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်ရဲ့ ဇန်နဝါရီမှာ ခေါ်ယူခဲ့တဲ့ ကစားသမားသစ် ဘရူနို ဖာနန်ဒက်စ်ဟာ ခြေထဲမှာ ဘောလုံးရရှိလာတိုင်း အန္တရာယ် များသူဖြစ်ပြီး မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် ကီဗင် ဒီဘရိုင်းနားလိုပဲဖြစ်ကြောင်း ကစားသမားဟောင်း အိုဝင် ဟားဂရိဗ်စ်က နှိုင်းယှဉ်သုံးသပ်သွားခဲ့ပါတယ်။

မန်ချက်စတာမြို့ခံနှစ်သင်းစလုံးမှာ ကစားဖူးခဲ့တဲ့ ဟားဂရိဗ်စ်က LASK လင့်ဇ်အသင်းကို အနိုင်ရရှိတဲ့ ယူနိုက်တက်ရဲ့ နိုင်ပွဲအပြီးမှာ ပြောကြားလိုက်တာဖြစ်ပြီး ဒီပွဲမှာ အဖွင့်ဂိုးကို တိုက်စစ်မှူး အိုဒီယွန် အီဂါလိုအတွက် ဘရူနို ဖာနန်ဒက်စ်က တိတိကျကျ ပေးပို့နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

“သူဘောလုံးရလာတာနဲ့ကို တိုက်စစ်အတွက် တစ်ခုခု ကြီးကြီးမားမားလုပ်ပြတော့မှာပဲလို့ ရင်ခုန်နေရပြီပဲလေ… ပထမပိုင်းမှာ အခွင့်အရေး ၅ ကြိမ်တောင် ဖန်တီးပေးခဲ့တာကလည်း အံ့မခန်းဖြစ်ပြီး ကစားပုံက ကောင်းမွန်ခဲ့ပါတယ်”လို့ ဟားဂရိဗ်စ်က အသင်းအတွက် ကစားတဲ့ ၈ ပွဲမှာ ၃ ဂိုးသွင်း ၃ ဂိုးဖန်တီးခဲ့တဲ့ ပေါ်တူဂီကွင်းလယ်လူကို ချီးကျူးခဲ့ပါတယ်။

“သူ့ရဲ့ ပုံစံက ကီဗင် ဒီဘရိုင်းနားလိုပါပဲ… ကိုယ့်ရဲ့ အမြန်နှုန်းကို ကိုယ်တိုင်ကောင်းကောင်းသိရှိနားလည်ထားပြီး လိုသလို ကစားနိုင်သလို အလောတကြီးလည်း ဘယ်တော့မှ မလုပ်ဘဲ လိုအပ်တဲ့အချိန်မှာ နေရာလွတ်တွေကို ရှာဖွေပြီး မြင်တတ်သူဖြစ်ပါတယ်”လို့လည်း အင်္ဂလန်လက်ရွေးစင် ကွင်းလယ်လူဟောင်းက ဆိုပါတယ်။

ဟားဂရိဗ်စ်နဲ့ ဒီယူရိုပါလိဂ်ပွဲစဉ်ကို BT Sport မှာ အတူတွဲဖက်သုံးသပ်သွားခဲ့တဲ့ လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ပေါလ်အင့်စ်ကလည်း ယူနိုက်တက်အနေနဲ့ အသင်းမှာ အလိုအပ်ဆုံး ကစားသမားတစ်ယောက်ကို ရရှိလိုက်တာဖြစ်ပြီး သူရောက်လာခဲ့လို့ အသင်းဖော် ကစားသမားတွေကိုပါ စိတ်ဓာတ်မြှင့်တင်ပေးပြီး တက်ကြွလာအောင်လုပ်ဆောင်နိုင်ခဲ့တယ်လို့လည်း ဖာနန်ဒက်စ်အပေါ် ချီးကျူးသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.