Premier League

ဂျီရူးနဲ့ပတ်သက်တဲ့ သူရဲ့ ပွဲဆုံးဖြတ်ချက်အမှားကြောင့် မပျော်မရွှင်ဖြစ်နေတဲ့ တူဟယ်

ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်က အင်္ဂါနေ့ညနေက အက်သလက်တီကိုမက်ဒရစ်အသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်ပြီးနောက် ဂျီရူးအပေါ်မှာ အမှားပြုလုပ်မိခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဟာ ဒုတိယပိုင်းမှာ ဒီယေဂို ဆီမြွန်နီရဲ့ အသင်းကို ဘူခါရတ်စ်မှာ အနိုင်ရရှိစေမယ့် တစ်လုံးတည်းသော အနိုင်ဂိုးကို နောက်ပြန်ကန်ချက်နဲ့ အံ့အားသင့်ဖွယ် သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဂျီရူးဟာ ပြီးခဲ့တဲ့စနေနေ့က ဆောက်သမ်တန်နဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ အရန်ခုံမှာသာ ထိုင်ခဲ့ရပြီးနောက် အက်သလက်တီကိုမက်ဒရစ်နဲ့ပွဲစဉ်မှာ ပွဲထွက်ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

တူဟယ်က ဆောက်သမ်တန်အသင်းနဲ့ပွဲစဉ်မှာ ဂျီရူးကို လူစားဝင်ကစားခွင့် မပေးခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ အက်သလက်တီကိုမက်ဒရစ်နဲ့ပွဲစဉ်အတွက် ဂျီရူးကို အနားပေးဖို့ ဆုံးဖြတ်ချက်ချခဲ့တာလားလို့ မေးမြန်းခဲ့တဲ့အချိန်မှာ အခုလိုပဲ ပြန်လည်ပြောကြားခဲ့ပါတယ်။


“ဟင့်အင်း။ အဲဒီလို မဟုတ်ပါဘူး။ ကျွန်တော်တို့ သူ့ကို ထည့်ဖို့ အကြာကြီးတွေးနေခဲ့ပြီး ခင်ဗျား လုံးဝ မှန်ပါတယ်။ အဲဒီဆုံးဖြတ်ချက်က အိုလီ ဆောက်သမ်တန်နဲ့ပွဲမှာ ပွဲထွက်ပါဝင်ဖို့ဖြစ်နိုင်ခြေကို ရှင်းရှင်းလင်းလင်းဖြစ်စေခဲ့ပေမယ့် ကျွန်တော်တို့ သူတို့ကို လေ့လာသုံးသပ်တဲ့အခါမှာ သူတို့က အရမ်းကြမ်းကြမ်းတမ်းတမ်း ကစားတတ်တဲ့အသင်း။ သူတို့က တစ်ဖက်ကွင်းဘက်ခြမ်းအထိ တိုက်စစ်ဆင်တတ်တဲ့အသင်းပါ။ အဲဒီတော့ ကျွန်တော်တို့ ခံစစ်လိုင်းနောက်မှာ နေရာလွတ်ပိုမိုရရှိနိုင်ဖို့ မျှော်မှန်းခဲ့ပြီး ကျွန်တော်တို့ ပိုပြီး လျင်မြန်တဲ့ပြေးနှုန်းတွေ လိုချင်ခဲ့တယ်”

“အဆုံးမှာ ကျွန်တော့်အတွက် အပြောင်းအလဲ ၃ ခုပဲရှိခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ လိဂ်မှာ အပြောင်းအလဲ ၃ ခုပဲ လုပ်ဖို့ ဖြစ်နိုင်လို့ပါ”

“ဆောက်သမ်တန်အသင်းနဲ့ပွဲစဉ်က ကျွန်တော့်ရဲ့ ပွဲဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ကျွန်တော် အရမ်းမပျော်ရွှင်ပါဘူး။ ကျွန်တော်တို့ သူ့ကို အဆုံးမှာ ခေါ်ယူနိုင်ဖို့ ဖြစ်နိုင်ခြေကို လွဲချော်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သူ့ကို ဒီနေ့အတွက် အနားပေးထားတာလို့လည်း ပြောလို့ရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:
ခ်ဲလ္ဆီးအသင္းနည္းျပ ေသာမတ္စ္ တူဟယ္က အဂၤါေန႔ညေနက အက္သလက္တီကိုမက္ဒရစ္အသင္းကို အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္ၿပီးေနာက္ ဂ်ီ႐ူးအေပၚမွာ အမွားျပဳလုပ္မိခဲ့တယ္လို႔ ဝန္ခံေျပာၾကားခဲ့ပါတယ္။

ျပင္သစ္လက္ေ႐ြးစင္တိုက္စစ္မႉးဟာ ဒုတိယပိုင္းမွာ ဒီေယဂို ဆီႁမြန္နီရဲ႕ အသင္းကို ဘူခါရတ္စ္မွာ အႏိုင္ရရွိေစမယ့္ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို ေနာက္ျပန္ကန္ခ်က္နဲ႔ အံ့အားသင့္ဖြယ္ သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ ဂ်ီ႐ူးဟာ ၿပီးခဲ့တဲ့စေနေန႔က ေဆာက္သမ္တန္နဲ႔ တစ္ဖက္ ၁ ဂိုးစီ သေရက်ခဲ့တဲ့ပြဲစဥ္မွာ အရန္ခုံမွာသာ ထိုင္ခဲ့ရၿပီးေနာက္ အက္သလက္တီကိုမက္ဒရစ္နဲ႔ပြဲစဥ္မွာ ပြဲထြက္ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။

တူဟယ္က ေဆာက္သမ္တန္အသင္းနဲ႔ပြဲစဥ္မွာ ဂ်ီ႐ူးကို လူစားဝင္ကစားခြင့္ မေပးခဲ့တဲ့ ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး မေပ်ာ္မ႐ႊင္ျဖစ္ေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ အက္သလက္တီကိုမက္ဒရစ္နဲ႔ပြဲစဥ္အတြက္ ဂ်ီ႐ူးကို အနားေပးဖို႔ ဆုံးျဖတ္ခ်က္ခ်ခဲ့တာလားလို႔ ေမးျမန္းခဲ့တဲ့အခ်ိန္မွာ အခုလိုပဲ ျပန္လည္ေျပာၾကားခဲ့ပါတယ္။


“ဟင့္အင္း။ အဲဒီလို မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ သူ႔ကို ထည့္ဖို႔ အၾကာႀကီးေတြးေနခဲ့ၿပီး ခင္ဗ်ား လုံးဝ မွန္ပါတယ္။ အဲဒီဆုံးျဖတ္ခ်က္က အိုလီ ေဆာက္သမ္တန္နဲ႔ပြဲမွာ ပြဲထြက္ပါဝင္ဖို႔ျဖစ္ႏိုင္ေျခကို ရွင္းရွင္းလင္းလင္းျဖစ္ေစခဲ့ေပမယ့္ ကြၽန္ေတာ္တို႔ သူတို႔ကို ေလ့လာသုံးသပ္တဲ့အခါမွာ သူတို႔က အရမ္းၾကမ္းၾကမ္းတမ္းတမ္း ကစားတတ္တဲ့အသင္း။ သူတို႔က တစ္ဖက္ကြင္းဘက္ျခမ္းအထိ တိုက္စစ္ဆင္တတ္တဲ့အသင္းပါ။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ ခံစစ္လိုင္းေနာက္မွာ ေနရာလြတ္ပိုမိုရရွိႏိုင္ဖို႔ ေမွ်ာ္မွန္းခဲ့ၿပီး ကြၽန္ေတာ္တို႔ ပိုၿပီး လ်င္ျမန္တဲ့ေျပးႏႈန္းေတြ လိုခ်င္ခဲ့တယ္”

“အဆုံးမွာ ကြၽန္ေတာ့္အတြက္ အေျပာင္းအလဲ ၃ ခုပဲရွိခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ လိဂ္မွာ အေျပာင္းအလဲ ၃ ခုပဲ လုပ္ဖို႔ ျဖစ္ႏိုင္လို႔ပါ”

“ေဆာက္သမ္တန္အသင္းနဲ႔ပြဲစဥ္က ကြၽန္ေတာ့္ရဲ႕ ပြဲဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ အရမ္းမေပ်ာ္႐ႊင္ပါဘူး။ ကြၽန္ေတာ္တို႔ သူ႔ကို အဆုံးမွာ ေခၚယူႏိုင္ဖို႔ ျဖစ္ႏိုင္ေျခကို လြဲေခ်ာ္ခဲ့ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ သူ႔ကို ဒီေန႔အတြက္ အနားေပးထားတာလို႔လည္း ေျပာလို႔ရပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z