Premier League Serie A

ဟာရီကိန္းကို ပရီးမီးယားလိဂ္အသင္းေတြဆီက ၾကားဝင္ေခၚယူဖို႔ ျပင္ဆင္ေနတဲ့ ဂ်ဴဗင္တပ္စ္

ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းရဲ႕ ေအာင္ျမင္မွဳေတြဆီကို မခ်ဥ္းကပ္ႏုိင္တဲ့ အေျခအေနေတြေၾကာင့္ အသင္းကေန ထြက္ခြာဖို႔ ေလသံထြက္လာခဲ့တဲ့ တိုက္စစ္မွဴး ဟာရီကိန္းကို ပရီးမီးယားလိဂ္အသင္းႀကီးေတြဆီကေန စီးရီးေအကလပ္ ဂ်ဴဗင္တပ္စ္အသင္းက ၾကားဝင္ေခၚယူဖို႔ ျပင္ဆင္လာခဲ့တယ္လုိ႔ ဆုိပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းအေနနဲ႔ ဟာရီကိန္းကို အမွန္တကယ္ အလိုရွိေနတာျဖစ္ၿပီး သူ႕ကို ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ တြဲဘက္ ေနာက္ထပ္ ကာရင္မ္ ဘန္ဇီးမားတစ္ေယာက္အျဖစ္ အသုံးျပဳသြားဖို႔ ရည္ရြယ္ေနေၾကာင္းလည္း အသင္းရဲ႕ နည္းစနစ္ပုိင္းတာဝန္ရွိသူေတြရဲ႕ သုံးသပ္ရွဳျမင္မွဳေတြကို အီတလီက လာတဲ့ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

စပါးစ္အသင္းရဲ႕ တုိက္စစ္မွာ ဒီလိုတုိက္စစ္မွဴးေကာင္းတစ္ေယာက္ မပါဝင္ႏုိင္တာကလည္း သိသာလြန္းခဲ့ၿပီး RB လိုက္ပ္ဇစ္အသင္းကို ႏွစ္ေက်ာ့စလုံး ဂိုးမသြင္းႏုိင္ဘဲ ရွဳံးပြဲႏွစ္ပြဲနဲ႔ ၿပဳိင္ပြဲက ထြက္ခဲ့ရတဲ့ နည္းျပ ေမာ္ရင္ဟိုအတြက္ သူမပါဝင္ႏုိင္ခ်ိန္နဲ႔ ပါဝင္ႏုိင္ခ်ိန္တို႔ ကြာျခားခ်က္ကိုလည္း သတိျပဳမိေစခဲ့ပါတယ္။

တုိက္စစ္ပုိင္းမွာ ေရာ္နယ္လ္ဒိုကို ေနရာလြတ္ေတြ ပုိရေစဖို႔နဲ႔ ပိုမိုလြတ္လပ္စြာ ကစားႏုိင္ဖို႔ အေထာင္တုိက္စစ္မွဴးေကာင္းတစ္ဦးကို လာမယ့္ရာသီမွာ အသုံးျပဳသြားဖို႔ စီစဥ္ေနရာမွာ ဟာရီကိန္းဟာ စံျပလိုအပ္ခ်က္လည္းျဖစ္ေနခဲ့ၿပီး ဒီအတြက္ လိုအပ္ရင္ နည္းျပ ေမာ္ရီဇီယို ဆာရီကိုပါ အစားထိုး သြားမယ္လို႔လည္း Tuttosport က ဆုိပါတယ္။

ဒီအသက္ ၂၆ ႏွစ္အရြယ္ အဂၤလန္အသင္းေခါင္းေဆာင္တုိက္စစ္မွဴးအတြက္ေတာ့ ဂ်ဴဗင္တပ္စ္အသင္းအေနနဲ႔ ေျပာင္းေရႊ႕ေၾကးကို မ်ားျပားစြာ အသုံးျပဳရဖို႔လည္းရွိေနၿပီး အေျပာင္းအေရႊ႕သာျဖစ္ေပၚခဲ့ရင္ စပါးစ္အသင္းအေနနဲ႔ စံခ်ိန္တင္ ကစားသမားေရာင္းခ်မွဳျဖစ္လာႏုိင္သလို အဂၤလိပ္ကစားသမားေတြထဲမွာ အျမင့္မားဆုံးေျပာင္းေရႊ႕ေၾကးစံခ်ိန္ရွင္လည္းျဖစ္လာႏုိင္တယ္လို႔ သုံးသပ္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: တော့တင်ဟမ်ဟော့စပါးစ်အသင်းရဲ့ အောင်မြင်မှုတွေဆီကို မချဉ်းကပ်နိုင်တဲ့ အခြေအနေတွေကြောင့် အသင်းကနေ ထွက်ခွာဖို့ လေသံထွက်လာခဲ့တဲ့ တိုက်စစ်မှူး ဟာရီကိန်းကို ပရီးမီးယားလိဂ်အသင်းကြီးတွေဆီကနေ စီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်းက ကြားဝင်ခေါ်ယူဖို့ ပြင်ဆင်လာခဲ့တယ်လို့ ဆိုပါတယ်။

ဂျူဗင်တပ်စ်အသင်းအနေနဲ့ ဟာရီကိန်းကို အမှန်တကယ် အလိုရှိနေတာဖြစ်ပြီး သူ့ကို ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ တွဲဘက် နောက်ထပ် ကာရင်မ် ဘန်ဇီးမားတစ်ယောက်အဖြစ် အသုံးပြုသွားဖို့ ရည်ရွယ်နေကြောင်းလည်း အသင်းရဲ့ နည်းစနစ်ပိုင်းတာဝန်ရှိသူတွေရဲ့ သုံးသပ်ရှုမြင်မှုတွေကို အီတလီက လာတဲ့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

စပါးစ်အသင်းရဲ့ တိုက်စစ်မှာ ဒီလိုတိုက်စစ်မှူးကောင်းတစ်ယောက် မပါဝင်နိုင်တာကလည်း သိသာလွန်းခဲ့ပြီး RB လိုက်ပ်ဇစ်အသင်းကို နှစ်ကျော့စလုံး ဂိုးမသွင်းနိုင်ဘဲ ရှုံးပွဲနှစ်ပွဲနဲ့ ပြိုင်ပွဲက ထွက်ခဲ့ရတဲ့ နည်းပြ မော်ရင်ဟိုအတွက် သူမပါဝင်နိုင်ချိန်နဲ့ ပါဝင်နိုင်ချိန်တို့ ကွာခြားချက်ကိုလည်း သတိပြုမိစေခဲ့ပါတယ်။

တိုက်စစ်ပိုင်းမှာ ရော်နယ်လ်ဒိုကို နေရာလွတ်တွေ ပိုရစေဖို့နဲ့ ပိုမိုလွတ်လပ်စွာ ကစားနိုင်ဖို့ အထောင်တိုက်စစ်မှူးကောင်းတစ်ဦးကို လာမယ့်ရာသီမှာ အသုံးပြုသွားဖို့ စီစဉ်နေရာမှာ ဟာရီကိန်းဟာ စံပြလိုအပ်ချက်လည်းဖြစ်နေခဲ့ပြီး ဒီအတွက် လိုအပ်ရင် နည်းပြ မော်ရီဇီယို ဆာရီကိုပါ အစားထိုး သွားမယ်လို့လည်း Tuttosport က ဆိုပါတယ်။

ဒီအသက် ၂၆ နှစ်အရွယ် အင်္ဂလန်အသင်းခေါင်းဆောင်တိုက်စစ်မှူးအတွက်တော့ ဂျူဗင်တပ်စ်အသင်းအနေနဲ့ ပြောင်းရွှေ့ကြေးကို များပြားစွာ အသုံးပြုရဖို့လည်းရှိနေပြီး အပြောင်းအရွှေ့သာဖြစ်ပေါ်ခဲ့ရင် စပါးစ်အသင်းအနေနဲ့ စံချိန်တင် ကစားသမားရောင်းချမှုဖြစ်လာနိုင်သလို အင်္ဂလိပ်ကစားသမားတွေထဲမှာ အမြင့်မားဆုံးပြောင်းရွှေ့ကြေးစံချိန်ရှင်လည်းဖြစ်လာနိုင်တယ်လို့ သုံးသပ်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.