Bundesliga Premier League

လီဗာပူးလ္၊ ယူႏုိက္တက္နဲ႔ စီးတီးတို႔ သုံးသင္းၾကား ေခါင္းစားေနရတဲ့ တီမို ဗာနာ

ဥေရာပအသင္းႀကီးေတြရဲ႕ ပစ္မွတ္အျဖစ္ ေႏြရာသီမွာ RB လုိက္ပ္ဇစ္အသင္းကေန ထြက္ခြာဖို႔ ေရပန္းစားေနခဲ့တဲ့ တုိက္စစ္မွဴး တီမို ဗာနာက သူ႕အေနနဲ႔ လီဗာပူးလ္၊ မန္ခ်က္စတာယူႏုိက္တက္နဲ႔ မန္ခ်က္စတာစီးတုိ႔ အသင္းႀကီးသုံးသင္းၾကားမွာ ဘယ္အသင္းကို ေရြးခ်ယ္ရမလဲဆုိတာကို ဆုံးျဖတ္ဖို႔ ခက္ခဲေနေၾကာင္း ဝန္ခံေျပာၾကားလုိက္ပါတယ္။

လိုက္ပ္ဇစ္အသင္းနဲ႔ ေႏြရာသီမွာ စာခ်ဳပ္ပါဖ်က္သိမ္းေၾကး ေပါင္ ၅၁ သန္းနဲ႔ ထြက္ခြာခြင့္ရွိေနတဲ့ ဗာနာအတြက္ ပရီးမီးယားလိဂ္ကို ေျပာင္းေရႊ႕ဖို႔ ႀကဳိတင္ရည္ရြယ္ထားခဲ့တာလည္းျဖစ္ၿပီး လက္ရွိအခ်ိန္အထိေတာ့ သူ႕အေနနဲ႔ ဘယ္အသင္းရဲ႕ ကစားပုံမွာ အံဝင္ၿပီး ေျခစြမ္းျပႏိုင္မလဲဆုိတာကိုလည္း ေဝခြဲမရျဖစ္ေနခဲ့ပါတယ္။

“ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားဘဝမွာ ေရြးခ်ယ္စရာနဲ႔ ဆုံးျဖတ္စရာ ႏွစ္မ်ဳိး ရွိလာပါတယ္။ တစ္ခုကေတာ့ ေအာင္ျမင္ေနတဲ့အသင္းေတြျဖစ္ၾကတဲ့ မန္ခ်က္စတာစီးတီးနဲ႔ လီဗာပူးလ္တုိ႔ကို ေရြးခ်ယ္ဖို႔ျဖစ္ၿပီး က်န္တဲ့တစ္ခုကေတာ့ အရင္က ေအာင္ျမင္ခဲ့ေပမယ့္ အခုအေနအထားမွာ မေအာင္ျမင္ႏုိင္ေသးတဲ့ အသင္းေတြကို ေရြးခ်ယ္ဖို႔ပါ။ ဒီထဲမွာ မန္ခ်က္စတာယူႏုိက္တက္ကေတာ့ တစ္သင္းေပါ့”လို႔ ဗာနာက သူ႕အေနအထားကို သုံးသပ္ျပပါတယ္။

ဗာနာက ဒီအေျခအေနမွာ သူ႕အေနနဲ႔ ထပ္ၿပီး ေရြးခ်ယ္စရာရွိေသးေၾကာင္း၊ လာမယ့္ရာသီမွာ ပရီးမီးယားလိဂ္ကို ေျပာင္းေရႊ႕ဖို႔ထက္စာရင္ လက္ရွိအသင္းမွာပဲ ဆက္ေနၿပီး အသင္းအတြက္ ပုိမိုေကာင္းမြန္တဲ့အရာေတြကို လုပ္ေဆာင္ေပးဖို႔လည္းျဖစ္တယ္လို႔ စတုဂတ္ကေန RB လိုက္ပ္ဇစ္မွာ ပိုမုိတုိးတက္လာခဲ့တဲ့ ဂ်ာမန္သားက ဆုိပါတယ္။

ကၽြမ္းက်င္သူေတြကေတာ့ ဗာနာအေနနဲ႔ မန္စီးတီးအသင္းကို သြားရင္ အံဝင္ႏုိင္ေျခအနည္းဆုံးျဖစ္ႏုိင္ၿပီး အေဂြ႐ိုနဲ႔ ေဂ်ဆူးတုိ႔ေနာက္မွာ ေစာင့္ဆုိင္းရႏုိင္ေၾကာင္းနဲ႔ လီဗာပူးလ္နဲ႔ မန္ယူအသင္းေတြမွာသာ အခြင့္အေရးရဖို႔ ပိုမိုယွဥ္ၿပဳိင္ႏုိင္ခြင့္ရွိမွာျဖစ္ေၾကာင္း သုံးသပ္ထားၾကတယ္လုိ႔လည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဥရောပအသင်းကြီးတွေရဲ့ ပစ်မှတ်အဖြစ် နွေရာသီမှာ RB လိုက်ပ်ဇစ်အသင်းကနေ ထွက်ခွာဖို့ ရေပန်းစားနေခဲ့တဲ့ တိုက်စစ်မှူး တီမို ဗာနာက သူ့အနေနဲ့ လီဗာပူးလ်၊ မန်ချက်စတာယူနိုက်တက်နဲ့ မန်ချက်စတာစီးတို့ အသင်းကြီးသုံးသင်းကြားမှာ ဘယ်အသင်းကို ရွေးချယ်ရမလဲဆိုတာကို ဆုံးဖြတ်ဖို့ ခက်ခဲနေကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။

လိုက်ပ်ဇစ်အသင်းနဲ့ နွေရာသီမှာ စာချုပ်ပါဖျက်သိမ်းကြေး ပေါင် ၅၁ သန်းနဲ့ ထွက်ခွာခွင့်ရှိနေတဲ့ ဗာနာအတွက် ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ ကြိုတင်ရည်ရွယ်ထားခဲ့တာလည်းဖြစ်ပြီး လက်ရှိအချိန်အထိတော့ သူ့အနေနဲ့ ဘယ်အသင်းရဲ့ ကစားပုံမှာ အံဝင်ပြီး ခြေစွမ်းပြနိုင်မလဲဆိုတာကိုလည်း ဝေခွဲမရဖြစ်နေခဲ့ပါတယ်။

“ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝမှာ ရွေးချယ်စရာနဲ့ ဆုံးဖြတ်စရာ နှစ်မျိုး ရှိလာပါတယ်။ တစ်ခုကတော့ အောင်မြင်နေတဲ့အသင်းတွေဖြစ်ကြတဲ့ မန်ချက်စတာစီးတီးနဲ့ လီဗာပူးလ်တို့ကို ရွေးချယ်ဖို့ဖြစ်ပြီး ကျန်တဲ့တစ်ခုကတော့ အရင်က အောင်မြင်ခဲ့ပေမယ့် အခုအနေအထားမှာ မအောင်မြင်နိုင်သေးတဲ့ အသင်းတွေကို ရွေးချယ်ဖို့ပါ။ ဒီထဲမှာ မန်ချက်စတာယူနိုက်တက်ကတော့ တစ်သင်းပေါ့”လို့ ဗာနာက သူ့အနေအထားကို သုံးသပ်ပြပါတယ်။

ဗာနာက ဒီအခြေအနေမှာ သူ့အနေနဲ့ ထပ်ပြီး ရွေးချယ်စရာရှိသေးကြောင်း၊ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ထက်စာရင် လက်ရှိအသင်းမှာပဲ ဆက်နေပြီး အသင်းအတွက် ပိုမိုကောင်းမွန်တဲ့အရာတွေကို လုပ်ဆောင်ပေးဖို့လည်းဖြစ်တယ်လို့ စတုဂတ်ကနေ RB လိုက်ပ်ဇစ်မှာ ပိုမိုတိုးတက်လာခဲ့တဲ့ ဂျာမန်သားက ဆိုပါတယ်။

ကျွမ်းကျင်သူတွေကတော့ ဗာနာအနေနဲ့ မန်စီးတီးအသင်းကို သွားရင် အံဝင်နိုင်ခြေအနည်းဆုံးဖြစ်နိုင်ပြီး အဂွေရိုနဲ့ ဂျေဆူးတို့နောက်မှာ စောင့်ဆိုင်းရနိုင်ကြောင်းနဲ့ လီဗာပူးလ်နဲ့ မန်ယူအသင်းတွေမှာသာ အခွင့်အရေးရဖို့ ပိုမိုယှဉ်ပြိုင်နိုင်ခွင့်ရှိမှာဖြစ်ကြောင်း သုံးသပ်ထားကြတယ်လို့လည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.