Premier League

21 Feb နေ့လယ်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

-မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အသင်းကို အလွန်အောင်မြင်တဲ့အသင်းအဖြစ် ပြောင်းလဲဖို့အတွက် လိုအပ်တဲ့အရာတွေကို အားပေးထောက်ခံမှုရရှိထားတယ်လို့ ပြောကြားခဲ့ပြီး မန်ချက်စတာယူနိုက်တက်အနေနဲ့ လာမယ့်နွေရာသီမှာ ဒေါ့မွန်ကြယ်ပွင့်တိုက်စစ်မှူး အာလင်း ဟာလန်းကို ခေါ်ယူဖို့ ကမ်းလှမ်းမှုပြုလုပ်သွားမယ်လို့ The Mirror ရဲ့ ဖော်ပြချက်အရ သိရ။

– လီဗာပူးလ်အသင်းရဲ့ ယာဂန် ကလော့ပ်လက်ထက် အဲဗာတန်ကို မရှုံးတဲ့ မာဆေးဆိုက် ဒါဘီတွေ့ဆုံမှုစံချိန် နှစ်ဂိုး-ဂိုးမရှိနဲ့ အန်းဖီးလ်မှာ ကျိုးပျက်ခဲ့ရအပြီးမှာ ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီ နဗီးလ်က သုံးစွဲထားခဲ့တဲ့ ငွေကြေးနဲ့ လက်ရှိရပ်တည်မှု၊ ရမှတ် စုဆောင်းထားနိုင်မှုတွေအတွက် လက်ရှိချန်ပီယံအပေါ် လှောင်ပြောင်သွားခဲ့။

-မန်ချက်စတာယူနိုက်တက်အသင်းဟာ ပထမပွဲထွက်ဂိုးသမားဖြစ်လာဖို့အတွက် အပြိုင်အဆိုင် ကြိုးပမ်းနေကြတဲ့ ဒေးဗစ် ဒဟေးယားနဲ့ ဒင်း ဟန်ဒါဆန်တို့ နောက်ကွယ်မှာ ပြဿနာတွေ ရှိလာခဲ့တာကြောင့် လာမယ့်နွေရာသီမှာ ၎င်းတို့ထဲက တစ်ဦးကို အငှားနဲ့ ဒါမှမဟုတ် အပြီးသတ် ရောင်းထုတ်သွားဖို့ ဆန္ဒရှိနေတယ်လို့ The Sun က ဖော်ပြခဲ့။

-မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ အိုးထရက်ဖို့ဒ်က အလွန်အားကောင်းတဲ့ ကာဗာနီရဲ့ ပွဲဦးထွက်ရာသီကို မြင်တွေ့ရတာက အံ့အားသင့်မိခြင်းမရှိဘူးလို့ ပြောကြားခဲ့ပြီး ၎င်း ခေါ်ယူခဲ့တဲ့ကစားသမားက ဘာလဲဆိုတာ သိပြီးသားဖြစ်တာကြောင့် အထင်ကြီးမိတာပဲ ရှိတယ်လို့ ထုတ်ဖော်ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက် ဘယ်နောက်ခံကစားသမား လုခ်ရှောရဲ့ ကစားသမားဘဝ ပြန်လည်အသက်ဝင်လာတာဟာ ဖခင်တစ်ယောက်ဖြစ်သွားမှုနဲ့ လေ့ကျင့်ရေးကွင်းမှာ ပြင်းပြင်းထန်ထန်အလုပ်ကြိုးစားမှုတို့ရဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်တယ်လို့ နည်းပြ အိုလေဂန်နာ ဆိုးလ်ရှားက ပြောကြားခဲ့ပြီး ကစားသမားကောင်းတစ်ယောက်က နောက်ထပ်တစ်ကြိမ် ကစားသမားကောင်းဖြစ်လာတာဖြစ်တယ်လို့ ပြောကြားခဲ့။

-ဒေါ့မွန်ကြယ်ပွင့်တိုက်စစ်မှူး အာလင်းဟာလန်းဟာ ယခုလာမယ့်နွေရာသီမှာ ပြောင်းရွှေ့မယ့်ကလပ်အသင်းကို ပေါင် ၇၈ သန်း တန်ကြေးရှိတဲ့ ၅ နှစ်စာချုပ် တောင်းဆိုသွားမယ်လို့ dailystar က ဖော်ပြခဲ့ပြီး မန်ချက်စတာယူနိုက်တက်၊ မန်စီးတီး၊ ချဲလ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ်စတဲ့အသင်းတွေအားလုံးဟာ အသက် ၂၀ အရွယ်တိုက်စစ်မှူးကို ခေါ်ယူဖို့ ကြိုးပမ်းနေကြတယ်လို့ သိရ။

-မန်ချက်စတာယူနိုက်တက်၊ လီဗာပူးလ်၊ ချဲလ်ဆီးအသင်းတို့ဟာ ယခုလာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမတိုင်မီ လိုက်ပ်ဇစ်နောက်ခံကစားသမား အီဘရာဟီမာ ကိုနာတေးကို ပစ်မှတ်စာရင်းထဲမှာ ထည့်သွင်းထားကြတယ်လို့ SportBild က ဖော်ပြခဲ့ပြီး ကိုနာတေးဟာ လာမယ့် ၂၀၂၃ ခုနှစ် ဇွန်လမှာ ကုန်ဆုံးမယ့်စာချုပ်ထဲမှာ ယူရို ၄၅ သန်း တန်ကြေးရှိတဲ့ စာချုပ်လျော်ကြေး ထည့်သွင်းချုပ်ဆိုထားသူဖြစ်တယ်လို့ သိရ။

-မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလတုန်းက ဘာစီလိုနာလူငယ်ပါရမီရှင် အန်ဆူ ဖာတီအတွက် ပေါင်သန်း ၁၃၀ နဲ့ ကမ်းလှမ်းမှု ပယ်ချခံခဲ့ရတယ်လို့ Mundo Deportivo ရဲ့ သတင်းအရ သိရပြီး ယခုလာမယ့်နွေရာသီမှာလည်း ထပ်မံပြီး ခေါ်ယူသွားဖို့အတွက် ကြိုးပမ်းသွားဦးမယ်လို့ ဖော်ပြခဲ့။

-မန်ချက်စတာယူနိုက်တက်ပရိသတ် အများစုဟာ ယခုနွေရာသီမှာ ယူရိုသန်း ၅၀ ကနေ ၆၀ ဝန်းကျင်အထိ ကုန်ကျလိမ့်မယ်လို့ မျှော်မှန်းခြင်းခံထားရတဲ့ ရန်းနက်စ်ကွင်းလယ်ကစားသမား ကမာဗင်ဂါကို ခေါ်ယူမယ့်အစား ၎င်းထက် ၂ ဆပိုမိုကောင်းမွန်တဲ့ လက်စတာစီးတီးကွင်းလယ်ကစားသမား အန်ဒီဒီကိုပဲ ခေါ်ယူစေချင်နေကြတယ်လို့ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-မန္ခ်က္စတာယူနိုက္တက္နည္းၿပ ဆိုးလ္ရွားက အသင္းကို အလြန္ေအာင္ျမင္တဲ့အသင္းအျဖစ္ ေျပာင္းလဲဖို႔အတြက္ လိုအပ္တဲ့အရာေတြကို အားေပးေထာက္ခံမႈရရွိထားတယ္လို႔ ေျပာၾကားခဲ့ၿပီး မန္ခ်က္စတာယူနိုက္တက္အေနနဲ႔ လာမယ့္ေႏြရာသီမွာ ေဒါ့မြန္ၾကယ္ပြင့္တိုက္စစ္မႉး အာလင္း ဟာလန္းကို ေခၚယူဖို႔ ကမ္းလွမ္းမႈျပဳလုပ္သြားမယ္လို႔ The Mirror ရဲ့ ေဖာ္ျပခ်က္အရ သိရ။

– လီဗာပူးလ္အသင္းရဲ႕ ယာဂန္ ကေလာ့ပ္လက္ထက္ အဲဗာတန္ကို မရႈံးတဲ့ မာေဆးဆိုက္ ဒါဘီေတြ႕ဆုံမႈစံခ်ိန္ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အန္းဖီးလ္မွာ က်ိဳးပ်က္ခဲ့ရအၿပီးမွာ ယူႏိုက္တက္အသင္းေခါင္းေဆာင္ေဟာင္း ဂယ္ရီ နဗီးလ္က သုံးစြဲထားခဲ့တဲ့ ေငြေၾကးနဲ႔ လက္ရွိရပ္တည္မႈ၊ ရမွတ္ စုေဆာင္းထားႏိုင္မႈေတြအတြက္ လက္ရွိခ်န္ပီယံအေပၚ ေလွာင္ေျပာင္သြားခဲ့။

-မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ပထမပြဲထြက္ဂိုးသမားျဖစ္လာဖို႔အတြက္ အၿပိဳင္အဆိုင္ ႀကိဳးပမ္းေနၾကတဲ့ ေဒးဗစ္ ဒေဟးယားနဲ႔ ဒင္း ဟန္ဒါဆန္တို႔ ေနာက္ကြယ္မွာ ျပႆနာေတြ ရွိလာခဲ့တာေၾကာင့္ လာမယ့္ေႏြရာသီမွာ ၎တို႔ထဲက တစ္ဦးကို အငွားနဲ႔ ဒါမွမဟုတ္ အၿပီးသတ္ ေရာင္းထုတ္သြားဖို႔ ဆႏၵရွိေနတယ္လို႔ The Sun က ေဖာ္ျပခဲ့။

-မန္ခ်က္စတာယူနိုက္တက္နည္းၿပ ဆိုးလ္ရွားဟာ အိုးထရက္ဖို႔ဒ္က အလြန္အားေကာင္းတဲ့ ကာဗာနီရဲ့ ပြဲဦးထြက္ရာသီကို ျမင္ေတြ႕ရတာက အံ့အားသင့္မိျခင္းမရွိဘူးလို႔ ေျပာၾကားခဲ့ၿပီး ၎ ေခၚယူခဲ့တဲ့ကစားသမားက ဘာလဲဆိုတာ သိၿပီးသားျဖစ္တာေၾကာင့္ အထင္ႀကီးမိတာပဲ ရွိတယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့။

-မန္ခ်က္စတာယူနိုက္တက္ ဘယ္ေနာက္ခံကစားသမား လုခ္ေရွာရဲ့ ကစားသမားဘဝ ျပန္လည္အသက္ဝင္လာတာဟာ ဖခင္တစ္ေယာက္ျဖစ္သြားမႈနဲ႔ ေလ့က်င့္ေရးကြင္းမွာ ျပင္းျပင္းထန္ထန္အလုပ္ႀကိဳးစားမႈတို႔ရဲ့ အက်ိဳးသက္ေရာက္မႈေတြ ျဖစ္တယ္လို႔ နည္းၿပ အိုေလဂန္နာ ဆိုးလ္ရွားက ေျပာၾကားခဲ့ၿပီး ကစားသမားေကာင္းတစ္ေယာက္က ေနာက္ထပ္တစ္ႀကိမ္ ကစားသမားေကာင္းျဖစ္လာတာျဖစ္တယ္လို႔ ေျပာၾကားခဲ့။

-ေဒါ့မြန္ၾကယ္ပြင့္တိုက္စစ္မႉး အာလင္းဟာလန္းဟာ ယခုလာမယ့္ေႏြရာသီမွာ ေျပာင္းေရႊ႕မယ့္ကလပ္အသင္းကို ေပါင္ ၇၈ သန္း တန္ေၾကးရွိတဲ့ ၅ ႏွစ္စာခ်ဳပ္ ေတာင္းဆိုသြားမယ္လို႔ Daily Star က ေဖာ္ျပခဲ့ၿပီး မန္ခ်က္စတာယူနိုက္တက္၊ မန္စီးတီး၊ ခ်ဲလ္ဆီးနဲ႔ ရီးရဲလ္မက္ဒရစ္စတဲ့အသင္းေတြအားလုံးဟာ အသက္ ၂၀ အရြယ္တိုက္စစ္မႉးကို ေခၚယူဖို႔ ႀကိဳးပမ္းေနၾကတယ္လို႔ သိရ။

-မန္ခ်က္စတာယူနိုက္တက္၊ လီဗာပူးလ္၊ ခ်ဲလ္ဆီးအသင္းတို႔ဟာ ယခုလာမယ့္ေႏြရာသီအေျပာင္းအေရႊ႕ကာလမတိုင္မီ လိုက္ပ္ဇစ္ေနာက္ခံကစားသမား အီဘရာဟီမာ ကိုနာေတးကို ပစ္မွတ္စာရင္းထဲမွာ ထည့္သြင္းထားၾကတယ္လို႔ Sport Bild က ေဖာ္ျပခဲ့ၿပီး ကိုနာေတးဟာ လာမယ့္ ၂၀၂၃ ခုႏွစ္ ဇြန္လမွာ ကုန္ဆုံးမယ့္စာခ်ဳပ္ထဲမွာ ယူရို ၄၅ သန္း တန္ေၾကးရွိတဲ့ စာခ်ဳပ္ေလ်ာ္ေၾကး ထည့္သြင္းခ်ဳပ္ဆိုထားသူျဖစ္တယ္လို႔ သိရ။

-မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕ကာလတုန္းက ဘာစီလိုနာလူငယ္ပါရမီရွင္ အန္ဆူ ဖာတီအတြက္ ေပါင္သန္း ၁၃၀ နဲ႔ ကမ္းလွမ္းမႈ ပယ္ခ်ခံခဲ့ရတယ္လို႔ Mundo Deportivo ရဲ့ သတင္းအရ သိရၿပီး ယခုလာမယ့္ေႏြရာသီမွာလည္း ထပ္မံၿပီး ေခၚယူသြားဖို႔အတြက္ ႀကိဳးပမ္းသြားဦးမယ္လို႔ ေဖာ္ျပခဲ့။

-မန္ခ်က္စတာယူနိုက္တက္ပရိသတ္ အမ်ားစုဟာ ယခုေႏြရာသီမွာ ယူရိုသန္း ၅၀ ကေန ၆၀ ဝန္းက်င္အထိ ကုန္က်လိမ့္မယ္လို႔ ေမၽွာ္မွန္းျခင္းခံထားရတဲ့ ရန္းနက္စ္ကြင္းလယ္ကစားသမား ကမာဗင္ဂါကို ေခၚယူမယ့္အစား ၎ထက္ ၂ ဆပိုမိုေကာင္းမြန္တဲ့ လက္စတာစီးတီးကြင္းလယ္ကစားသမား အန္ဒီဒီကိုပဲ ေခၚယူေစခ်င္ေနၾကတယ္လို႔ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.