Premier League

21 Feb နေ့လယ်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

-ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်က ဆောက်သမ်တန်အသင်းနဲ့ပွဲစဉ်မှာ ဟတ်ဒ်ဆန်-အိုဒွိုင်းကို အံ့အားသင့်ဖွယ် လူစားလဲလှယ်ခဲ့ရတဲ့ နောက်ကွယ်က အကြောင်းအရင်းကို ရှင်းလင်းပြောကြားခဲ့ပြီး တောင်ပံကြယ်ပွင့်ရဲ့ တန်ပြန်ဖိအားနဲ့ အင်အားက မကောင်းမွန်တာကြောင့် လူစားလဲလှယ်ခဲ့ရတာဖြစ်တယ်လို့ ပြောကြားခဲ့။

-ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်၊ လီဗာပူးလ်တို့အားလုံးဟာ အူပါမီကာနိုကို ခေါ်ယူဖို့ တိုက်ပွဲဝင်ခဲ့ကြပေမယ့် ပြင်သစ်နောက်ခံကစားသမားဟာ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပြီဖြစ်တာကြောင့် နောက်ထပ်လိုက်ပ်ဇစ်နောက်ခံကစားသမားဖြစ်တဲ့ အီဘရာဟီမာ ကိုနာတေးကို လာမယ့်နွေရာသီမှာ ခေါ်ယူဖို့အတွက် ထပ်မံ တိုက်ပွဲဝင်ကြဖို့ ပြင်ဆင်နေပြီလို့ သိရ။

-ချဲလ်ဆီးအသင်းပရိသတ်အချို့က ချဲလ်ဆီးအသင်းအနေနဲ့ တန်မီအေဘရာဟမ်ကို အသင်းကို စွန့်ခွာခွင့်ပေးပြီး အက်စ်တွန်ဗီလာအသင်းကို ပြန်လည်ပြောင်းရွှေ့စေသင့်တယ်လို့ ထင်မြင်နေပြီး အင်္ဂလန်တိုက်စစ်မှူးဟာ ဆောက်သမ်တန်နဲ့ပွဲမှာ ရုန်းကန်ခဲ့ရသလို ပြီးခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲမှာလည်း ဒဏ်ရာကြောင့် ပထမပိုင်းမှာပဲ လူစားလဲလှယ်ခဲ့ရတာကြောင့် အငှားပြန်ချစေချင်နေကြတယ်လို့ သိရ။

-ချဲလ်ဆီးကွင်းလယ်ကြယ်ပွင့် မေဆန် မောင့်ဟာ ဆောက်သမ်တန်အသင်းနဲ့ပွဲစဉ်မှာ ပင်နယ်တီ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ချဲလ်ဆီးအသင်းကို အဝေးကွင်းမှာ သရေ ၁ မှတ် ရရှိအောင် ဂိုးသွင်းယူပေးနိုင်ခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ် ရမှတ် ၂ မှတ် လျော့ကျခဲ့တဲ့အတွက် စိတ်ပျက်ခဲ့တယ်လို့ ပြောကြားခဲ့။

-ချဲလ်ဆီးတောင်ပံကြယ်ပွင့်ဟောင်း ဂျိုး ကိုးလ်က ဆောက်သမ်တန်နဲ့ပွဲစဉ်မှာ ဟတ်ဒ်ဆန်-အိုဒွိုင်းကို လူစားလဲလှယ်ဖို့ ဆုံးဖြတ်ခဲ့တာဟာ ရဲရင့်ပြီး ပြတ်သားတယ်လို့ ယုံကြည်နေပြီး ချဲလ်ဆီးတောင်ပံကြယ်ပွင့်ဟာ ဝင်လာကတည်းက အလွန်ကောင်းမွန်တဲ့ပွဲတစ်ပွဲ မဟုတ်ခဲ့တာ သိသာခဲ့သလို ၎င်းရဲ့ အင်အားနဲ့ပတ်သက်ပြီးလည်း မပျော်မရွှင်ဖြစ်နေခဲ့တယ်လို့ ပြောကြားခဲ့။

-ချဲလ်ဆီးနောက်ခံကစားသမား မားကို့စ် အလွန်ဆိုဟာ နည်းပြ သောမတ်စ် တူဟယ်ရဲ့လက်အောက်မှာ ပုံမှန်ခြေစွမ်း ပြန်လည်ရရှိလာခဲ့ပြီးနောက် ချဲလ်ဆီးအသင်းမှာ စာချုပ်သက်တမ်းတိုး ချုပ်ဆိုနိုင်လိမ့်မယ်လို့ မျှော်လင့်နေပြီး လက်ရှိစာချုပ်သက်တမ်းဟာ ၂၀၂၃ ခုနှစ်မှ ကုန်ဆုံးမှာဖြစ်ပေမယ့်လည်း နောက်ထပ်တစ်နှစ် သက်တမ်းတိုးချင်နေတယ်လို့ The Sun က ဖော်ပြခဲ့။

-ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်က အသင်းရဲ့ဝါရင့်တိုက်စစ်မှူး အိုလီဗီယေး ဂျီရူးရဲ့ အသင်းနဲ့ ကာလရှည်အနာဂတ်အပေါ် ဆုံးဖြတ်ချက် ချမှတ်ဖို့က ချဲလ်ဆီးအသင်းအတွက် စောလွန်းနေသေးတယ်လို့ ပြောကြားခဲ့ပြီး ပြင်သစ်တိုက်စစ်မှူးဟာ ယခုရာသီကုန်မှာ ချဲလ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် စာချုပ်သစ် ကမ်းလှမ်းမှုကို စောင့်ဆိုင်းနေတယ်လို့ သိရ။

-ချဲလ်ဆီးအသင်းရဲ့ လာမယ့်နွေရာသီ အဓိကပစ်မှတ်ဖြစ်တဲ့ ဒေ့ါမွန်ကြယ်ပွင့်တိုက်စစ်မှူး အာလင်း ဟာလန်းက တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းနဲ့ ၅ နှစ်စာ ပေါင် ၇၈ သန်း တန်ကြေးရှိတဲ့ စာချုပ်ကို လာမယ့်နွေရာသီမှာ ၎င်းကို ခေါ်ယူချင်တဲ့အသင်းက ကမ်းလှမ်းရလိမ့်မယ်လို့ တောင်းဆိုခဲ့ကြောင်း dailystar က ဖော်ပြခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-ခ်ဲလ္ဆီးအသင္းနည္းၿပ ေသာမတ္စ္ တူဟယ္က ေဆာက္သမ္တန္အသင္းနဲ႔ပြဲစဥ္မွာ ဟတ္ဒ္ဆန္-အိုဒြိဳင္းကို အံ့အားသင့္ဖြယ္ လူစားလဲလွယ္ခဲ့ရတဲ့ ေနာက္ကြယ္က အေၾကာင္းအရင္းကို ရွင္းလင္းေျပာၾကားခဲ့ၿပီး ေတာင္ပံၾကယ္ပြင့္ရဲ့ တန္ျပန္ဖိအားနဲ႔ အင္အားက မေကာင္းမြန္တာေၾကာင့္ လူစားလဲလွယ္ခဲ့ရတာျဖစ္တယ္လို႔ ေျပာၾကားခဲ့။

-ခ်ဲလ္ဆီး၊ မန္ခ်က္စတာယူနိုက္တက္၊ လီဗာပူးလ္တို႔အားလုံးဟာ အူပါမီကာနိုကို ေခၚယူဖို႔ တိုက္ပြဲဝင္ခဲ့ၾကေပမယ့္ ျပင္သစ္ေနာက္ခံကစားသမားဟာ ဘိုင္ယန္ျမဴးနစ္ကို ေျပာင္းေရႊ႕ဖို႔ ဆုံးျဖတ္ခဲ့ၿပီျဖစ္တာေၾကာင့္ ေနာက္ထပ္လိုက္ပ္ဇစ္ေနာက္ခံကစားသမားျဖစ္တဲ့ အီဘရာဟီမာ ကိုနာေတးကို လာမယ့္ေႏြရာသီမွာ ေခၚယူဖို႔အတြက္ ထပ္မံ တိုက္ပြဲဝင္ၾကဖို႔ ျပင္ဆင္ေနၿပီလို႔ သိရ။

-ခ်ဲလ္ဆီးအသင္းပရိသတ္အခ်ိဳ႕က ခ်ဲလ္ဆီးအသင္းအေနနဲ႔ တန္မီေအဘရာဟမ္ကို အသင္းကို စြန႔္ခြာခြင့္ေပးၿပီး အက္စ္တြန္ဗီလာအသင္းကို ျပန္လည္ေျပာင္းေရႊ႕ေစသင့္တယ္လို႔ ထင္ျမင္ေနၿပီး အဂၤလန္တိုက္စစ္မႉးဟာ ေဆာက္သမ္တန္နဲ႔ပြဲမွာ ႐ုန္းကန္ခဲ့ရသလို ၿပီးခဲ့တဲ့ နယူးကာဆယ္နဲ႔ပြဲမွာလည္း ဒဏ္ရာေၾကာင့္ ပထမပိုင္းမွာပဲ လူစားလဲလွယ္ခဲ့ရတာေၾကာင့္ အငွားျပန္ခ်ေစခ်င္ေနၾကတယ္လို႔ သိရ။

-ခ်ဲလ္ဆီးကြင္းလယ္ၾကယ္ပြင့္ ေမဆန္ ေမာင့္ဟာ ေဆာက္သမ္တန္အသင္းနဲ႔ပြဲစဥ္မွာ ပင္နယ္တီ ရရွိေအာင္ စြမ္းေဆာင္နိုင္ခဲ့ၿပီး ခ်ဲလ္ဆီးအသင္းကို အေဝးကြင္းမွာ သေရ ၁ မွတ္ ရရွိေအာင္ ဂိုးသြင္းယူေပးနိုင္ခဲ့ေပမယ့္လည္း ပရီးမီးယားလိဂ္ ရမွတ္ ၂ မွတ္ ေလ်ာ့က်ခဲ့တဲ့အတြက္ စိတ္ပ်က္ခဲ့တယ္လို႔ ေျပာၾကားခဲ့။

-ခ်ဲလ္ဆီးေတာင္ပံၾကယ္ပြင့္ေဟာင္း ဂ်ိဳး ကိုးလ္က ေဆာက္သမ္တန္နဲ႔ပြဲစဥ္မွာ ဟတ္ဒ္ဆန္-အိုဒြိဳင္းကို လူစားလဲလွယ္ဖို႔ ဆုံးျဖတ္ခဲ့တာဟာ ရဲရင့္ၿပီး ျပတ္သားတယ္လို႔ ယုံၾကည္ေနၿပီး ခ်ဲလ္ဆီးေတာင္ပံၾကယ္ပြင့္ဟာ ဝင္လာကတည္းက အလြန္ေကာင္းမြန္တဲ့ပြဲတစ္ပြဲ မဟုတ္ခဲ့တာ သိသာခဲ့သလို ၎ရဲ့ အင္အားနဲ႔ပတ္သက္ၿပီးလည္း မေပ်ာ္မရႊင္ျဖစ္ေနခဲ့တယ္လို႔ ေျပာၾကားခဲ့။

-ခ်ဲလ္ဆီးေနာက္ခံကစားသမား မားကို႔စ္ အလြန္ဆိုဟာ နည္းၿပ ေသာမတ္စ္ တူဟယ္ရဲ့လက္ေအာက္မွာ ပုံမွန္ေျခစြမ္း ျပန္လည္ရရွိလာခဲ့ၿပီးေနာက္ ခ်ဲလ္ဆီးအသင္းမွာ စာခ်ဳပ္သက္တမ္းတိုး ခ်ဳပ္ဆိုနိုင္လိမ့္မယ္လို႔ ေမၽွာ္လင့္ေနၿပီး လက္ရွိစာခ်ဳပ္သက္တမ္းဟာ ၂၀၂၃ ခုႏွစ္မွ ကုန္ဆုံးမွာျဖစ္ေပမယ့္လည္း ေနာက္ထပ္တစ္ႏွစ္ သက္တမ္းတိုးခ်င္ေနတယ္လို႔ The Sun က ေဖာ္ျပခဲ့။

-ခ်ဲလ္ဆီးအသင္းနည္းၿပ ေသာမတ္စ္ တူဟယ္က အသင္းရဲ့ဝါရင့္တိုက္စစ္မႉး အိုလီဗီေယး ဂ်ီ႐ူးရဲ့ အသင္းနဲ႔ ကာလရွည္အနာဂတ္အေပၚ ဆုံးျဖတ္ခ်က္ ခ်မွတ္ဖို႔က ခ်ဲလ္ဆီးအသင္းအတြက္ ေစာလြန္းေနေသးတယ္လို႔ ေျပာၾကားခဲ့ၿပီး ျပင္သစ္တိုက္စစ္မႉးဟာ ယခုရာသီကုန္မွာ ခ်ဲလ္ဆီးအသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္တာေၾကာင့္ စာခ်ဳပ္သစ္ ကမ္းလွမ္းမႈကို ေစာင့္ဆိုင္းေနတယ္လို႔ သိရ။

-ခ်ဲလ္ဆီးအသင္းရဲ့ လာမယ့္ေႏြရာသီ အဓိကပစ္မွတ္ျဖစ္တဲ့ ေဒ့ါမြန္ၾကယ္ပြင့္တိုက္စစ္မႉး အာလင္း ဟာလန္းက တစ္ပတ္လုပ္ခ ေပါင္ ၃ သိန္းနဲ႔ ၅ ႏွစ္စာ ေပါင္ ၇၈ သန္း တန္ေၾကးရွိတဲ့ စာခ်ဳပ္ကို လာမယ့္ေႏြရာသီမွာ ၎ကို ေခၚယူခ်င္တဲ့အသင္းက ကမ္းလွမ္းရလိမ့္မယ္လို႔ ေတာင္းဆိုခဲ့ေၾကာင္း dailystar က ေဖာ္ျပခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.