Premier League Transfer News

17 Feb နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– ဘင်ဖီကာအသင်းနဲ့ ကစားမယ့် ယူရိုပါလိဂ် ၃၂ သင်းအဆင့် ရှုံးထွက်ပွဲစဉ် ပထမအကျော့အဖြစ် ကစားရမယ့် အိုလံပီကိုက ပွဲစဉ်အတွက် လေ့ကျင့်နေတဲ့ အာဆင်နယ်အသင်းရဲ့ ထရိန်နင်မှာ အဓိကနောက်ခံလူ ကီရန် တီယာနီ ပြန်လည်ပါဝင်လာခဲ့ပြီး ပရိသတ်တွေ အားတက်စရာဖြစ်လာ။

– အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဘိုင်ယန်မြူးနစ်ကနေ နွေရာသီမှာ ထွက်ခွာလာဖို့ ရှိနေတဲ့ ဒေးဗစ် အလာဘာကို ရရှိရင် အာဆင်နယ်အသင်းအနေနဲ့ အမာခံပရိသတ်တစ်ဦးက ကစားပေးတာဖြစ်လို့ အသင်းအတွက် ပိုမိုအကျိုးဖြစ်ထွန်းနိုင်သလို ကွက်လပ်အတော်များများကို ဖြည့်ဆည်းပေးသွားနိုင်မှာဖြစ်ကြောင်းနဲ့ တတ်နိုင်သလောက် စည်းရုံးသွားသင့်ကြောင်း Football London ရေးသား။

– ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ကွင်းလယ်လူ ဒါနီ စီဘာယော့စ်ကို အာဆင်နယ်အသင်းဆီ နှစ်ရာသီဆက်တိုက် အငှားချအပြီးမှာ အပြီးသတ်ရောင်းချဖို့ ကမ်းလှမ်းထားပြီး ယူရို ၂၅ သန်းပေးရင် ခေါ်ယူနိုင်မယ်လို့ အဆိုပြုခဲ့တာကို မြောက်လန်ဒန်ကလပ်အနေနဲ့ အနည်းငယ် အင်တင်တင်ဖြစ်နေပြီး နွေရာသီမှာ ရရှိနိုင်မယ့် တခြားပစ်မှတ်တွေနဲ့ ချိန်ဆပြီးမှ ဆုံးဖြတ်ဖွယ်ရှိနေ။

– အာဆင်နယ်အသင်းရဲ့ ယူရိုပါလိဂ်ကို ရယူနိုင်ခွင့်ကို ဆူပါကွန်ပျူတာတစ်ခုက တွက်ချက်ရာမှာ ဘင်ဖီကာကို ကျော်ဖြတ်ဖို့ ၆၆ ရာနှုန်း၊ ကွာတားဖိုင်နယ်ကို ရောက်ဖို့ ၄၀ ရာခိုင်နှုန်း၊ ဗိုလ်စွဲဖို့ ၇ ရာခိုင်နှုန်းလို့ ထုတ်ပြန်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်ကို ဗိုလ်စွဲဖို့ အမြင့်ဆုံး ဖြစ်တဲ့ ၁၁ ရာခိုင်နှုန်းနဲ့ ခန့်မှန်းထား။

– သောမတ်စ် ပါတေးရဲ့ ဒဏ်ရာဆက်တိုက်ရရှိနေမှုကို ကျွမ်းကျင်သူ ဆရာဝန်တစ်ဦးက သုံးသပ်လိုက်ပြီး နွေရာသီမှာ အနားမရမှု၊ ပြိုင်ပွဲသစ်ကို ပြောင်းလဲ ခြေချရမှု၊ မြင့်မားတဲ့ ခွန်အားသုံးစွဲရမှုနဲ့ တစ်ခါဒဏ်ရာရပြီး အကင်းမသေရင် ဆက်တိုက် ဒဏ်ရာထပ်ရနိုင်မှု တွေကြောင့် ရုန်းကန်နေရတာဖြစ်ကြောင်းဆို။

– သူ့ကို ဝုလ်ဗ်စ်နဲ့ပွဲမှာ အထုတ်ပယ်ခံခဲ့ရအပြီးမှာ အာဆင်နယ်ပရိသတ်တွေက ဆိုရှယ်မီဒီယာတွေပေါ်မှာ တိုက်ခိုက်ခဲ့ကြပြီး ဟန်နိုဗာ ဂိုးသမားဟောင်း ရောဘတ် အန်ကာလို မီးရထားရှေ့ ဝင်ပြီး သတ်သေဖို့ တိုက်တွန်းခဲ့ကြတယ်လို့ ဂိုးသမား ဘန်းဒ် လီနိုက ထုတ်ဖော် လိုက်ပြီး ဒါတွေကို သူ့အနေနဲ့ အလေးအနက်မထား၊ မဖတ်ရှုတော့ကြောင်း ပြောသွားခဲ့။

– ဝက်စ်ဘရွန်းအသင်းကို အငှားနဲ့ ရောက်ရှိနေတဲ့ အိန်းစလီ မိတ်လန်းနိုင်းလ်စ်အနေနဲ့ သူဟာ ဘာကြောင့် အာဆင်နယ်အသင်းမှာ နေရာ မရတာလဲဆိုတာကို သိသင့်ပြီး ဒါဟာ သူ့ရဲ့ ခြေစွမ်းမတည်ငြိမ်မှုကြောင့်ဖြစ်ကြောင်း ဂရေမီ ဆောင်းနက်စ်က ဆိုလိုက်ပြီး အသင်းကြီး တွေမှာ ကစားချင်ရင် ခြေစွမ်းတည်ငြိမ်မှုဟာ အရာအားလုံးနဲ့ အဓိကပဲဖြစ်ကြောင်းဆို။

– အာဆင်နယ်အသင်းအနေနဲ့ အသင်းခေါင်းဆောင် ပျယ်-အမ်မရိခ် အူဘာမီယန်းနဲ့ ကိုဗစ်စည်းမျဉ်း ချိုးဖောက်မှုအတွက် စကားပြောသွားဖို့ ရှိနေပြီး ပြီးခဲ့တဲ့ ဗလင်တိုင်းဒေးမှာ တက်တူးအသစ်ကို ထုတ်ဖော်ပြသခဲ့တဲ့ ဟက်ထရစ်ရှင်အနေနဲ့ ကလပ်အသင်း ကျေနပ်အောင် ဖြေရှင်းရဖွယ်ရှိနေ။

– အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ မိုက်ကယ် သောမတ်စ်က ဂန်းနားတွေအနေနဲ့ လီဗာပူးလ်အသင်းကို အတုယူသင့်ပြီး အောင်မြင်မှုတွေ ရရှိတဲ့အထိ ယာဂန် ကလော့ပ်ကို အချိန်ပေးပြီး အသင်းကို တည်ဆောက်သွားတဲ့ လမ်းစဉ်အတိုင်း လိုက်လျှောက်သင့်ကြောင်း တိုက်တွန်း။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ဘင္ဖီကာအသင္းနဲ႔ ကစားမယ့္ ယူ႐ိုပါလိဂ္ ၃၂ သင္းအဆင့္ ရႈံးထြက္ပြဲစဥ္ ပထမအေက်ာ့အျဖစ္ ကစားရမယ့္ အိုလံပီကိုက ပြဲစဥ္အတြက္ ေလ့က်င့္ေနတဲ့ အာဆင္နယ္အသင္းရဲ႕ ထရိန္နင္မွာ အဓိကေနာက္ခံလူ ကီရန္ တီယာနီ ျပန္လည္ပါဝင္လာခဲ့ၿပီး ပရိသတ္ေတြ အားတက္စရာျဖစ္လာ။

– အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ဘိုင္ယန္ျမဴးနစ္ကေန ေႏြရာသီမွာ ထြက္ခြာလာဖို႔ ရွိေနတဲ့ ေဒးဗစ္ အလာဘာကို ရရွိရင္ အာဆင္နယ္အသင္းအေနနဲ႔ အမာခံပရိသတ္တစ္ဦးက ကစားေပးတာျဖစ္လို႔ အသင္းအတြက္ ပိုမိုအက်ိဳးျဖစ္ထြန္းႏိုင္သလို ကြက္လပ္အေတာ္မ်ားမ်ားကို ျဖည့္ဆည္းေပးသြားႏိုင္မွာျဖစ္ေၾကာင္းနဲ႔ တတ္ႏိုင္သေလာက္ စည္း႐ုံးသြားသင့္ေၾကာင္း Football London ေရးသား။

– ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ ကြင္းလယ္လူ ဒါနီ စီဘာေယာ့စ္ကို အာဆင္နယ္အသင္းဆီ ႏွစ္ရာသီဆက္တိုက္ အငွားခ်အၿပီးမွာ အၿပီးသတ္ေရာင္းခ်ဖို႔ ကမ္းလွမ္းထားၿပီး ယူ႐ို ၂၅ သန္းေပးရင္ ေခၚယူႏိုင္မယ္လို႔ အဆိုျပဳခဲ့တာကို ေျမာက္လန္ဒန္ကလပ္အေနနဲ႔ အနည္းငယ္ အင္တင္တင္ျဖစ္ေနၿပီး ေႏြရာသီမွာ ရရွိႏိုင္မယ့္ တျခားပစ္မွတ္ေတြနဲ႔ ခ်ိန္ဆၿပီးမွ ဆုံးျဖတ္ဖြယ္ရွိေန။

– အာဆင္နယ္အသင္းရဲ႕ ယူ႐ိုပါလိဂ္ကို ရယူႏိုင္ခြင့္ကို ဆူပါကြန္ပ်ဴတာတစ္ခုက တြက္ခ်က္ရာမွာ ဘင္ဖီကာကို ေက်ာ္ျဖတ္ဖို႔ ၆၆ ရာႏႈန္း၊ ကြာတားဖိုင္နယ္ကို ေရာက္ဖို႔ ၄၀ ရာခိုင္ႏႈန္း၊ ဗိုလ္စြဲဖို႔ ၇ ရာခိုင္ႏႈန္းလို႔ ထုတ္ျပန္ခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္ကို ဗိုလ္စြဲဖို႔ အျမင့္ဆုံး ျဖစ္တဲ့ ၁၁ ရာခိုင္ႏႈန္းနဲ႔ ခန႔္မွန္းထား။

– ေသာမတ္စ္ ပါေတးရဲ႕ ဒဏ္ရာဆက္တိုက္ရရွိေနမႈကို ကြၽမ္းက်င္သူ ဆရာဝန္တစ္ဦးက သုံးသပ္လိုက္ၿပီး ေႏြရာသီမွာ အနားမရမႈ၊ ၿပိဳင္ပြဲသစ္ကို ေျပာင္းလဲ ေျခခ်ရမႈ၊ ျမင့္မားတဲ့ ခြန္အားသုံးစြဲရမႈနဲ႔ တစ္ခါဒဏ္ရာရၿပီး အကင္းမေသရင္ ဆက္တိုက္ ဒဏ္ရာထပ္ရႏိုင္မႈ ေတြေၾကာင့္ ႐ုန္းကန္ေနရတာျဖစ္ေၾကာင္းဆို။

– သူ႔ကို ဝုလ္ဗ္စ္နဲ႔ပြဲမွာ အထုတ္ပယ္ခံခဲ့ရအၿပီးမွာ အာဆင္နယ္ပရိသတ္ေတြက ဆိုရွယ္မီဒီယာေတြေပၚမွာ တိုက္ခိုက္ခဲ့ၾကၿပီး ဟန္ႏိုဗာ ဂိုးသမားေဟာင္း ေရာဘတ္ အန္ကာလို မီးရထားေရွ႕ ဝင္ၿပီး သတ္ေသဖို႔ တိုက္တြန္းခဲ့ၾကတယ္လို႔ ဂိုးသမား ဘန္းဒ္ လီႏိုက ထုတ္ေဖာ္ လိုက္ၿပီး ဒါေတြကို သူ႔အေနနဲ႔ အေလးအနက္မထား၊ မဖတ္ရႈေတာ့ေၾကာင္း ေျပာသြားခဲ့။

– ဝက္စ္ဘ႐ြန္းအသင္းကို အငွားနဲ႔ ေရာက္ရွိေနတဲ့ အိန္းစလီ မိတ္လန္းႏိုင္းလ္စ္အေနနဲ႔ သူဟာ ဘာေၾကာင့္ အာဆင္နယ္အသင္းမွာ ေနရာ မရတာလဲဆိုတာကို သိသင့္ၿပီး ဒါဟာ သူ႔ရဲ႕ ေျခစြမ္းမတည္ၿငိမ္မႈေၾကာင့္ျဖစ္ေၾကာင္း ဂေရမီ ေဆာင္းနက္စ္က ဆိုလိုက္ၿပီး အသင္းႀကီး ေတြမွာ ကစားခ်င္ရင္ ေျခစြမ္းတည္ၿငိမ္မႈဟာ အရာအားလုံးနဲ႔ အဓိကပဲျဖစ္ေၾကာင္းဆို။

– အာဆင္နယ္အသင္းအေနနဲ႔ အသင္းေခါင္းေဆာင္ ပ်ယ္-အမ္မရိခ္ အူဘာမီယန္းနဲ႔ ကိုဗစ္စည္းမ်ဥ္း ခ်ိဳးေဖာက္မႈအတြက္ စကားေျပာသြားဖို႔ ရွိေနၿပီး ၿပီးခဲ့တဲ့ ဗလင္တိုင္းေဒးမွာ တက္တူးအသစ္ကို ထုတ္ေဖာ္ျပသခဲ့တဲ့ ဟက္ထရစ္ရွင္အေနနဲ႔ ကလပ္အသင္း ေက်နပ္ေအာင္ ေျဖရွင္းရဖြယ္ရွိေန။

– အာဆင္နယ္အသင္းရဲ႕ ကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ မိုက္ကယ္ ေသာမတ္စ္က ဂန္းနားေတြအေနနဲ႔ လီဗာပူးလ္အသင္းကို အတုယူသင့္ၿပီး ေအာင္ျမင္မႈေတြ ရရွိတဲ့အထိ ယာဂန္ ကေလာ့ပ္ကို အခ်ိန္ေပးၿပီး အသင္းကို တည္ေဆာက္သြားတဲ့ လမ္းစဥ္အတိုင္း လိုက္ေလွ်ာက္သင့္ေၾကာင္း တိုက္တြန္း။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.