Premier League

3 Feb ညနေခင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

-မန်ချက်စတာစီးတီးကြယ်ပွင့်တိုက်စစ်မှူး အဂွေရိုရဲ့ သီးခြားနေထိုင်တဲ့ကာလပြီးဆုံးခဲ့ပြီဖြစ်ပေမယ့် ယနေ့ညမှာ ကစားရမယ့် ဘန်လေနဲ့ပွဲကို လွဲချော်မယ်လို့ နည်းပြဂွါဒီယိုလာက အတည်ပြုပြောကြားခဲ့ပြီး ပြီးခဲ့တဲ့ နောက်ဆုံး ၉ ပွဲကို ဒဏ်ရာကြောင့် လွဲချော်ခဲ့တဲ့ နာသန် အာကေကလည်း ဒဏ်ရာကြောင့် ဆက်လက်လွဲချော်ဦးမယ်လို့ ပြောကြားခဲ့။

-မန်ချက်စတာစီးတီးနောက်ခံကစားသမား ရူဘင် ဒီယက်စ်က ၎င်းဟာ အသင်းအတွက် ချန်လှပ်ထားလို့မရနိုင်တဲ့ကစားသမားအဖြစ် ကိုယ့်ဘာသာ လုပ်နိုင်ခဲ့တယ်လို့ နည်းပြ ဂွါဒီယိုလာက ပြောကြားခဲ့ပြီး ဒီယက်စ်ဟာ ကစားသမားကောင်းတစ်ယောက်ဖြစ်ရုံမကဘဲ အခြားအသင်းဖော်တွေကိုလည်း ကောင်းကောင်းကစားနိုင်အောင် ပြုလုပ်ပေးနေသူဖြစ်တယ်လို့ ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်အသင်းက ဆောက်သမ်တန်အသင်းကို ၉-၀ နဲ့ အပြတ်အသတ်အနိုင်ယူနိုင်ခဲ့ပြီးနောက် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်က ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အခြားပြိုင်ဘက်တွေဖြစ်တဲ့ မန်စီးတီးနဲ့ လီဗာပူးလ်တို့ လုပ်နေတာတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်လာမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပြီး သူများတွေ ဘာလုပ်နေလဲမကြည့်ဘဲ ကိုယ့်အသင်းအပေါ်မှာပဲ ကိုယ်တိုင် အာရုံစိုက်နေကြတယ်လို့ BT Sport ကို ပြောကြားခဲ့။

-အက်စ်တွန်ဗီလာအသင်းဟာ ဂျက် ဂရီးလစ်ရှ်ကို နောက်ထပ်တစ်ရာသီ ထိန်းသိမ်းထားနိုင်ခဲ့တာဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် ၎င်းရဲ့ အနာဂတ်အတွက် ကောလာဟလတွေကတော့ ရပ်တန့်သွားမှာမဟုတ်ဘဲ ဆက်လက်ထွက်ပေါ်နေမှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်က ကြီးမားတဲ့ငွေကြေးနဲ့ ခေါ်ယူခဲ့ရင် အသက် ၂၅ နှစ်အရွယ်ကစားသမားအနေနဲ့ ကြီးမားတဲ့ဆုံးဖြတ်ချက်ချရမယ့်အချိန်ရောက်လာခဲ့ရင် မန်စီးတီးကို ပြောင်းရွှေ့ဖို့ အက်စ်တွန်ဗီလာအသင်းခေါင်းဆောင်ဟောင်းဖြစ်တဲ့ ဂါရတ် ဘယ်ရီက တောင်းဆိုခဲ့။

-အင်္ဂါနေ့ညနေက အယ်လ်ဂျီးရီးယားနည်းပြ ဂျာမဲလ် ဘယ်မာဒီရဲ့ အင်တာဗျူး ဘာသာပြန်နေစဉ်အတွင်း အမှားအယွင်းဖြစ်သွားခဲ့တယ်လို့ မန်ချက်စတာစီးတီးတောင်ပံကြယ်ပွင့် မာရက်ဇ်က City Xtra ကို တိုက်ရိုက်ရှင်းလင်းပြောဆိုမှုတွေ ပြုလုပ်ခဲ့ပြီး ပွဲကစားချိန်ကင်းမဲ့နေတဲ့အတွက် အသင်းမှာ မပျော်မရွှင်ဖြစ်နေတယ်လို့ အယ်လ်ဂျီးရီးယားနည်းပြက ပြောကြားခဲ့တာဟာ ဘာသာပြန်အမှားဖြစ်ပြီး အမှန်က ပိုပြီး ပွဲကစားချိန်လိုချင်နေတာဆိုတာ သိသာထင်ရှားပြီး လက်စတာစီးတီးကြယ်ပွင့်ဟောင်းအနေနဲ့ ပြန်လည်ကစားနိုင်မယ်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့တာဖြစ်တယ်လို့ သိရ။

-မန်ချက်စတာစီးတီးအသင်းဟာ အင်တာမီလန်နောက်ခံကစားသမား ဟာကီမီကို လာမယ့်နွေရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ဘက်တွေဖြစ်တဲ့ အာဆင်နယ်၊ ချဲလ်ဆီးအသင်းတို့နဲ့အတူ အပြိုင်ခေါ်ယူသွားဖွယ်ရှိတယ်လို့ အီတလီက နောက်ဆုံးရသတင်းတွေအရ သိရပြီး Calciomercato ရဲ့ ဖော်ပြချက်အရ အင်တာမီလန်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဟာကီမီအတွက် ရီးရဲလ်မက်ဒရစ်ကို ပေးခဲ့ရတဲ့ ယူရိုသန်း ၄၀ ထက်ကျော်လွန်တဲ့ ကမ်းလှမ်းမှုဆိုရင် ထွက်ခွာခွင့်ပြုဖို့အတွက် စည်းရုံးနိုင်ဖွယ်ရှိတယ်လို့ သိရ။

-မန်ချက်စတာစီးတီးနောက်ခံကစားသမား အဲရစ် ဂါစီယာက ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ၎င်းကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့တဲ့ ဘာစီလိုနာရဲ့ ကြိုးပမ်းမှုကို ကူညီဖို့အတွက် တတ်နိုင်သမျှ အားစိုက်ထုတ်မှု အားလုံးပြုလုပ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး မိခင်ကလပ်အသင်းဆီ ပြန်သွားချင်နေတဲ့ ခံစစ်ကစားသမားအတွက် မန်စီးတီးကလည်း စိတ်ကောင်းစေတနာနဲ့ ပြောင်းရွှေ့ကြေးတောင်းဆိုမှု ပေါင် ၁၀ သန်းကနေ ပေါင် ၂.၆၅ သန်းအထိ လျှော့ချပေးဖို့ ဆုံးဖြတ်ခဲ့ပေမယ့်လည်း ဘာစီလိုနာက လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်တော့မှ အလွတ်နဲ့ခေါ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရ။

-မန်ချက်စတာစီးတီးအသင်းကို ယခုရာသီမှာ ယာယီစွန့်ခွာဖို့ ဆုံးဖြတ်ခဲ့တဲ့ တောင်ပံကစားသမားဖြစ်တဲ့ သားဖြစ်သူ ဂျေဒင်ရဲ့ ဆုံးဖြတ်ချက်ကို ဖခင်ဖြစ်တဲ့ ဂျယ်ရီယာနို ဘရက်ဖ်က ဖွင့်ဟ ပြောဆိုခဲ့ပြီး ဒတ်ချ်တောင်ပံကစားသမားဟာ ပထမအသင်းမှာ ကစားပေးဖို့ အရည်အချင်းရှိနေတာကြောင့် အဆင်သင့်ဖြစ်နေပြီလို့ ခံစားနေရတဲ့အတွက် အငှားနဲ့ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပေမယ့် ပြီးခဲ့တဲ့လတွေမှာ ဂျေဒင်ဟာ အေးဂျင့်၊ နည်းပြအဖွဲ့ဝင်တွေနဲ့ ကြားက ဆက်ဆံရေး မပြေမလည်ဖြစ်ခဲ့တယ်လို့ သတင်းတွေရဲ့ ဖော်ပြချက်အရ သိရ။

-ဘန်လေအသင်းနဲ့ ယနေ့ညမှာ ကစားရမယ့်ပွဲစဉ်အတွက် မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဘယ်လို ပွဲထွက်လာနိုင်မလဲဆိုတာကို Manchester Evening News က ခန့်မှန်းခဲ့ပြီး တနင်္ဂနွေနေ့မှာ အန်းဖီးကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် ဂွါဒီယိုလာအနေနဲ့အများကြီး ကစားသမားတွေကို အလှည့်ကျပုံစံနဲ့ သုံးလို့ရနိုင်တဲ့အနေအထားမရှိပေမယ့် အနိုင်ရနိုင်ဖို့အတွက် မှန်ကန်တဲ့အသင်းကို ရွေးချယ်နိုင်တဲ့ ပင်ကိုယ်သိစိတ်ရှိနေတယ်လို့ ဖော်ပြခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-မန္ခ်က္စတာစီးတီးၾကယ္ပြင့္တိုက္စစ္မႉး အေဂြရိုရဲ့ သီးျခားေနထိုင္တဲ့ကာလၿပီးဆုံးခဲ့ၿပီျဖစ္ေပမယ့္ ယေန႔ညမွာ ကစားရမယ့္ ဘန္ေလနဲ႔ပြဲကို လြဲေခ်ာ္မယ္လို႔ နည္းျပဂြါဒီယိုလာက အတည္ျပဳေျပာၾကားခဲ့ၿပီး ၿပီးခဲ့တဲ့ ေနာက္ဆုံး ၉ ပြဲကို ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့တဲ့ နာသန္ အာေကကလည္း ဒဏ္ရာေၾကာင့္ ဆက္လက္လြဲေခ်ာ္ဦးမယ္လို႔ ေျပာၾကားခဲ့။

-မန္ခ်က္စတာစီးတီးေနာက္ခံကစားသမား ႐ူဘင္ ဒီယက္စ္က ၎ဟာ အသင္းအတြက္ ခ်န္လွပ္ထားလို႔မရနိုင္တဲ့ကစားသမားအျဖစ္ ကိုယ့္ဘာသာ လုပ္နိုင္ခဲ့တယ္လို႔ နည္းၿပ ဂြါဒီယိုလာက ေျပာၾကားခဲ့ၿပီး ဒီယက္စ္ဟာ ကစားသမားေကာင္းတစ္ေယာက္ျဖစ္႐ုံမကဘဲ အျခားအသင္းေဖာ္ေတြကိုလည္း ေကာင္းေကာင္းကစားနိုင္ေအာင္ ျပဳလုပ္ေပးေနသူျဖစ္တယ္လို႔ ေျပာၾကားခဲ့။

-မန္ခ်က္စတာယူနိုက္တက္အသင္းက ေဆာက္သမ္တန္အသင္းကို ၉-၀ နဲ႔ အျပတ္အသတ္အနိုင္ယူနိုင္ခဲ့ၿပီးေနာက္ တိုက္စစ္မႉး မားကပ္စ္ ရက္ရွ္ဖို႔ဒ္က ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ အျခားၿပိဳင္ဘက္ေတြျဖစ္တဲ့ မန္စီးတီးနဲ႔ လီဗာပူးလ္တို႔ လုပ္ေနတာေတြေၾကာင့္ စိတ္အေႏွာင့္အယွက္ျဖစ္လာမွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ၿပီး သူမ်ားေတြ ဘာလုပ္ေနလဲမၾကည့္ဘဲ ကိုယ့္အသင္းအေပၚမွာပဲ ကိုယ္တိုင္ အာ႐ုံစိုက္ေနၾကတယ္လို႔ BT Sport ကို ေျပာၾကားခဲ့။

-အက္စ္တြန္ဗီလာအသင္းဟာ ဂ်က္ ဂရီးလစ္ရွ္ကို ေနာက္ထပ္တစ္ရာသီ ထိန္းသိမ္းထားနိုင္ခဲ့တာျဖစ္ေကာင္း ျဖစ္နိုင္ေပမယ့္ ၎ရဲ့ အနာဂတ္အတြက္ ေကာလာဟလေတြကေတာ့ ရပ္တန႔္သြားမွာမဟုတ္ဘဲ ဆက္လက္ထြက္ေပၚေနမွာျဖစ္ၿပီး မန္ခ်က္စတာယူနိုက္တက္က ႀကီးမားတဲ့ေငြေၾကးနဲ႔ ေခၚယူခဲ့ရင္ အသက္ ၂၅ ႏွစ္အရြယ္ကစားသမားအေနနဲ႔ ႀကီးမားတဲ့ဆုံးျဖတ္ခ်က္ခ်ရမယ့္အခ်ိန္ေရာက္လာခဲ့ရင္ မန္စီးတီးကို ေျပာင္းေရႊ႕ဖို႔ အက္စ္တြန္ဗီလာအသင္းေခါင္းေဆာင္ေဟာင္းျဖစ္တဲ့ ဂါရတ္ ဘယ္ရီက ေတာင္းဆိုခဲ့။

-အဂၤါေန႔ညေနက အယ္လ္ဂ်ီးရီးယားနည္းၿပ ဂ်ာမဲလ္ ဘယ္မာဒီရဲ့ အင္တာဗ်ဴး ဘာသာျပန္ေနစဥ္အတြင္း အမွားအယြင္းျဖစ္သြားခဲ့တယ္လို႔ မန္ခ်က္စတာစီးတီးေတာင္ပံၾကယ္ပြင့္ မာရက္ဇ္က City Xtra ကို တိုက္ရိုက္ရွင္းလင္းေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ၿပီး ပြဲကစားခ်ိန္ကင္းမဲ့ေနတဲ့အတြက္ အသင္းမွာ မေပ်ာ္မရႊင္ျဖစ္ေနတယ္လို႔ အယ္လ္ဂ်ီးရီးယားနည္းျပက ေျပာၾကားခဲ့တာဟာ ဘာသာျပန္အမွားျဖစ္ၿပီး အမွန္က ပိုၿပီး ပြဲကစားခ်ိန္လိုခ်င္ေနတာဆိုတာ သိသာထင္ရွားၿပီး လက္စတာစီးတီးၾကယ္ပြင့္ေဟာင္းအေနနဲ႔ ျပန္လည္ကစားနိုင္မယ္လိမ့္မယ္လို႔ ေမၽွာ္လင့္ေၾကာင္း ေျပာၾကားခဲ့တာျဖစ္တယ္လို႔ သိရ။

-မန္ခ်က္စတာစီးတီးအသင္းဟာ အင္တာမီလန္ေနာက္ခံကစားသမား ဟာကီမီကို လာမယ့္ေႏြရာသီမွာ ပရီးမီးယားလိဂ္ၿပိဳင္ဘက္ေတြျဖစ္တဲ့ အာဆင္နယ္၊ ခ်ဲလ္ဆီးအသင္းတို႔နဲ႔အတူ အၿပိဳင္ေခၚယူသြားဖြယ္ရွိတယ္လို႔ အီတလီက ေနာက္ဆုံးရသတင္းေတြအရ သိရၿပီး Calciomercato ရဲ့ ေဖာ္ျပခ်က္အရ အင္တာမီလန္ဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ဟာကီမီအတြက္ ရီးရဲလ္မက္ဒရစ္ကို ေပးခဲ့ရတဲ့ ယူရိုသန္း ၄၀ ထက္ေက်ာ္လြန္တဲ့ ကမ္းလွမ္းမႈဆိုရင္ ထြက္ခြာခြင့္ျပဳဖို႔အတြက္ စည္း႐ုံးနိုင္ဖြယ္ရွိတယ္လို႔ သိရ။

-မန္ခ်က္စတာစီးတီးေနာက္ခံကစားသမား အဲရစ္ ဂါစီယာက ဇန္နဝါရီအေျပာင္းအေရႊ႕ကာလအတြင္း ၎ကို ေခၚယူဖို႔ ႀကိဳးပမ္းခဲ့တဲ့ ဘာစီလိုနာရဲ့ ႀကိဳးပမ္းမႈကို ကူညီဖို႔အတြက္ တတ္နိုင္သမၽွ အားစိုက္ထုတ္မႈ အားလုံးျပဳလုပ္ခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၿပီး မိခင္ကလပ္အသင္းဆီ ျပန္သြားခ်င္ေနတဲ့ ခံစစ္ကစားသမားအတြက္ မန္စီးတီးကလည္း စိတ္ေကာင္းေစတနာနဲ႔ ေျပာင္းေရႊ႕ေၾကးေတာင္းဆိုမႈ ေပါင္ ၁၀ သန္းကေန ေပါင္ ၂.၆၅ သန္းအထိ ေလၽွာ့ခ်ေပးဖို႔ ဆုံးျဖတ္ခဲ့ေပမယ့္လည္း ဘာစီလိုနာက လာမယ့္ေႏြရာသီမွာ စာခ်ဳပ္သက္တမ္းကုန္ေတာ့မွ အလြတ္နဲ႔ေခၚဖို႔ ဆုံးျဖတ္ခဲ့တယ္လို႔ သိရ။

-မန္ခ်က္စတာစီးတီးအသင္းကို ယခုရာသီမွာ ယာယီစြန႔္ခြာဖို႔ ဆုံးျဖတ္ခဲ့တဲ့ ေတာင္ပံကစားသမားျဖစ္တဲ့ သားျဖစ္သူ ေဂ်ဒင္ရဲ့ ဆုံးျဖတ္ခ်က္ကို ဖခင္ျဖစ္တဲ့ ဂ်ယ္ရီယာနို ဘရက္ဖ္က ဖြင့္ဟ ေျပာဆိုခဲ့ၿပီး ဒတ္ခ်္ေတာင္ပံကစားသမားဟာ ပထမအသင္းမွာ ကစားေပးဖို႔ အရည္အခ်င္းရွိေနတာေၾကာင့္ အဆင္သင့္ျဖစ္ေနၿပီလို႔ ခံစားေနရတဲ့အတြက္ အငွားနဲ႔ ထြက္ခြာဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္တယ္လို႔ ေျပာၾကားခဲ့ေပမယ့္ ၿပီးခဲ့တဲ့လေတြမွာ ေဂ်ဒင္ဟာ ေအးဂ်င့္၊ နည္းျပအဖြဲ႕ဝင္ေတြနဲ႔ ၾကားက ဆက္ဆံေရး မေျပမလည္ျဖစ္ခဲ့တယ္လို႔ သတင္းေတြရဲ့ ေဖာ္ျပခ်က္အရ သိရ။

-ဘန္ေလအသင္းနဲ႔ ယေန႔ညမွာ ကစားရမယ့္ပြဲစဥ္အတြက္ မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဘယ္လို ပြဲထြက္လာနိုင္မလဲဆိုတာကို Manchester Evening News က ခန႔္မွန္းခဲ့ၿပီး တနဂၤေႏြေန႔မွာ အန္းဖီးကို သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္တာေၾကာင့္ ဂြါဒီယိုလာအေနနဲ႔အမ်ားႀကီး ကစားသမားေတြကို အလွည့္က်ပုံစံနဲ႔ သုံးလို႔ရနိုင္တဲ့အေနအထားမရွိေပမယ့္ အနိုင္ရနိုင္ဖို႔အတြက္ မွန္ကန္တဲ့အသင္းကို ေရြးခ်ယ္နိုင္တဲ့ ပင္ကိုယ္သိစိတ္ရွိေနတယ္လို႔ ေဖာ္ျပခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.