Premier League Transfer News UCL&UEL

3 Feb ညဦးပိုင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– အန်းဖီးလ်ကို အငှားနဲ့ စတင်ရောက်ရှိလာခဲ့ပြီး အပြီးသတ်စာချုပ်နဲ့ ခေါ်ယူဖို့ရှိနေတဲ့ နောက်ခံလူသစ် အိုဇန် ကာဘက်ခ်အနေနဲ့ သူ့ရဲ့ စံပြကစားသမား ဗာဂျီးလ် ဗန်ဒိုက်ဆီကနေ သင်ယူပြီး သူကစားချင်တဲ့ အိပ်မက်ထဲက လီဗာပူးလ်အသင်းမှာ ကစားခွင့်အတွက်လည်း ပျော်ရွှင်နေ။

– အသင်းရဲ့ ထရိန်နင်မှာ မိုဟာမက် ဆာလား၊ ရောဘတ်တို ဖာမီနိုနဲ့ ဆာဒီယို မာနေးတို့ သုံးဦးကို ရင်ဆိုင်နေရတာဟာ ယုံကြည်မှု ပျောက်စေတယ်လို့ အရန်ဂိုးသမား ကွီးဗင် ကယ်လေဟာက ပြောကြားလိုက်ပြီး သူတို့သုံးဦးအနေနဲ့ လေ့ကျင့်ရေးကွင်းမှာ ပွဲတွင်းမှာလိုပဲ အကောင်းဆုံးကစားနေကြပြီး သူ့အတွက်တော့ ကြီးမားတဲ့ စိန်ခေါ်မှုနဲ့ တိုးတက်ဖို့ပဲလို အိုင်ယာလန်သားက ထုတ်ဖော်သွားခဲ့။

– လီဗာပူးလ်အသင်းအနေနဲ့ အသက် ၂၃ နှစ်အရွယ် နောက်ခံလူ နာသန် ဖိလစ်ကို လာမယ့်ဘရိုက်တန်နဲ့ပွဲမှာ ဆက်လက်ပွဲထုတ်ဖို့ ရှိနေသလို အသစ်ခေါ်ယူထားတဲ့ ကစားသမားတွေကို အသုံးမချနိုင်ခင်မှာ နှစ်ပွဲအထိ သုံးစွဲပြီး အသင်းကြီးနဲ့ ထိုက်တန်ကြောင်း ပြသခွင့် ပေးသွားဖွယ်ရှိနေ။

– လီဗာပူးလ်ပရိသတ်တွေအနေနဲ့ ရှော်လ်ကာအသင်းရဲ့ ဆိုးရွားနေတဲ့ ရလဒ်တွေကြောင့် ကစားသမားသစ် အိုဇန် ကာဘက်ခ်အပေါ် ယုံကြည်မှု လျော့စရာမရှိဘဲ ဒါက အသင်းလိုက်ရဲ့ နိမ့်ပါးတဲ့ အဆင့်အတန်းကြောင့်ဖြစ်သလို ဂျူဗင်တပ်စ်ကို ရောက်နေတဲ့ ဝက်စ်တန် မက်ကင်နီအနေနဲ့ ဘယ်လောက်ကောင်းလာခဲ့တယ်ဆိုတာကို ကြည့်ဖို့ စောင့်ကြည့်သူတွေ အားပေးခဲ့ကြ။

– နည်းပြ ယာဂန် ကလော့ပ်က လီဗာပူးလ်အသင်းရဲ့ လူစာရင်းမှာ ဂျပန်ကွင်းလယ်လူ တာကူမီ မီနာမီနိုကို နေရာမပေးနိုင်တော့တာဟာ အသင်းရဲ့ အရပ်နိမ့်တဲ့ ကစားသမားတွေကို ရွေးချယ်မှု ကန့်သတ်ချက်ကြောင့်ဖြစ်တယ်လို့ ပြောကြားလိုက်ပြီး အငှားချခဲ့ရပုံကို ထုတ်ဖော်သွား။

– ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ကစားရမယ့် RB လိုက်ပ်ဇစ်နဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက် ပထမအကျော့ပွဲစဉ်အတွက် ဂျာမနီနိုင်ငံရဲ့ ကိုဗစ်ကန့်သတ်ရေးမူဝါဒတွေအရ လီဗာပူးလ်တို့အနေနဲ့ နိုင်ငံတွင်းဝင်ရောက်ဖို့ အခက်အခဲရှိနေပြီး ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေအနေနဲ့ ညှိနှိုင်းလို့ မရဘူးဆိုရင် ကြားမြေမှာ တစ်ကျော့တည်း ကစားသွားရဖို့ရှိနေ။

– ဒူးဒဏ်ရာကြောင့် ကာလကြာရှည်အနားယူနေခဲ့ရတဲ့ ပေါ်တူဂီတိုက်စစ်မှူး ဒီယိုဂို ဂျိုတာအနေနဲ့ ရုံတွင်းလေ့ကျင့်ခန်းတွေကို မြက်ခင်းတွေပေါ် ပြန်မကစားခင်မှာ အပြည့်အဝ လုပ်ဆောင်နေပြီဖြစ်ပြီး ကြံ့ခိုင်ရေးမှူး ခရစ္စ မော်ဂန်ရဲ့ စောင့်ကြည့်လမ်းညွှန်မှုအောက်မှာ တိုးတက်မှု ကောင်းမွန်နေတယ်လို့ သိရ။

– ခရစ္စတယ်လ်ပဲလေ့စ်ကို အဝေးကွင်းမှာ ခုနစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်တုန်းက ခြေစွမ်းပြခဲ့ပြီးတဲ့နောက် အသင်းကနေ ပြန်လည် ပျောက်ကွယ်သွားခဲ့တဲ့ ကွင်းလယ်လူ နာဘီ ကီတာကို အသင်းရဲ့ ကာ့ခ်ဘီလေ့ကျင့်ရေးကွင်းမှာ အပြုံးနဲ့အတူ မြင်ခဲ့ရပြီး မကြာခင်မှာ ပြန်လည်ပါဝင်လာဖွယ်ရှိနေ။

– လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ဖို့ ဆောင်းရာသီ Deadline Day မှာ ဆွေးနွေးမှု ပျက်ပြားခဲ့ရတဲ့ မာဆေးလ်နောက်ခံလူ ဒူယီ ချာလက်တာ-ဆာက သူ့ရဲ့ စိတ်ပျက်မှုကို ပွင့်ပွင့်လင်းလင်း ဝန်ခံပြောကြားလိုက်ပြီး နွေရာသီမှာ ထပ်မံဆွေးနွေးနိုင်ဖို့ မျှော်လင့်နေ။

– လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်မှာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေခဲ့ရတဲ့ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူဟောင်း သီယာဂို အယ်လ်ကန်တာရာအနေနဲ့ အသင်းကစားဟန်နဲ့ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေရဆဲဖြစ်တယ်လို့ နည်းပြ ယာဂန် ကလော့ပ်က ဝန်ခံသွားခဲ့ပြီး တိုက်စစ်ဘက်ခြမ်းမှာ နေရာချထားမှုမှာတော့ ပိုမိုကောင်းမွန်လာခဲ့ကြောင်း သုံးသပ်သွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အန္းဖီးလ္ကို အငွားနဲ႔ စတင္ေရာက္ရွိလာခဲ့ၿပီး အၿပီးသတ္စာခ်ဳပ္နဲ႔ ေခၚယူဖို႔ရွိေနတဲ့ ေနာက္ခံလူသစ္ အိုဇန္ ကာဘက္ခ္အေနနဲ႔ သူ႔ရဲ႕ စံျပကစားသမား ဗာဂ်ီးလ္ ဗန္ဒိုက္ဆီကေန သင္ယူၿပီး သူကစားခ်င္တဲ့ အိပ္မက္ထဲက လီဗာပူးလ္အသင္းမွာ ကစားခြင့္အတြက္လည္း ေပ်ာ္႐ႊင္ေန။

– အသင္းရဲ႕ ထရိန္နင္မွာ မိုဟာမက္ ဆာလား၊ ေရာဘတ္တို ဖာမီႏိုနဲ႔ ဆာဒီယို မာေနးတို႔ သုံးဦးကို ရင္ဆိုင္ေနရတာဟာ ယုံၾကည္မႈ ေပ်ာက္ေစတယ္လို႔ အရန္ဂိုးသမား ကြီးဗင္ ကယ္ေလဟာက ေျပာၾကားလိုက္ၿပီး သူတို႔သုံးဦးအေနနဲ႔ ေလ့က်င့္ေရးကြင္းမွာ ပြဲတြင္းမွာလိုပဲ အေကာင္းဆုံးကစားေနၾကၿပီး သူ႔အတြက္ေတာ့ ႀကီးမားတဲ့ စိန္ေခၚမႈနဲ႔ တိုးတက္ဖို႔ပဲလို အိုင္ယာလန္သားက ထုတ္ေဖာ္သြားခဲ့။

– လီဗာပူးလ္အသင္းအေနနဲ႔ အသက္ ၂၃ ႏွစ္အ႐ြယ္ ေနာက္ခံလူ နာသန္ ဖိလစ္ကို လာမယ့္ဘ႐ိုက္တန္နဲ႔ပြဲမွာ ဆက္လက္ပြဲထုတ္ဖို႔ ရွိေနသလို အသစ္ေခၚယူထားတဲ့ ကစားသမားေတြကို အသုံးမခ်ႏိုင္ခင္မွာ ႏွစ္ပြဲအထိ သုံးစြဲၿပီး အသင္းႀကီးနဲ႔ ထိုက္တန္ေၾကာင္း ျပသခြင့္ ေပးသြားဖြယ္ရွိေန။

– လီဗာပူးလ္ပရိသတ္ေတြအေနနဲ႔ ေရွာ္လ္ကာအသင္းရဲ႕ ဆိုး႐ြားေနတဲ့ ရလဒ္ေတြေၾကာင့္ ကစားသမားသစ္ အိုဇန္ ကာဘက္ခ္အေပၚ ယုံၾကည္မႈ ေလ်ာ့စရာမရွိဘဲ ဒါက အသင္းလိုက္ရဲ႕ နိမ့္ပါးတဲ့ အဆင့္အတန္းေၾကာင့္ျဖစ္သလို ဂ်ဴဗင္တပ္စ္ကို ေရာက္ေနတဲ့ ဝက္စ္တန္ မက္ကင္နီအေနနဲ႔ ဘယ္ေလာက္ေကာင္းလာခဲ့တယ္ဆိုတာကို ၾကည့္ဖို႔ ေစာင့္ၾကည့္သူေတြ အားေပးခဲ့ၾက။

– နည္းျပ ယာဂန္ ကေလာ့ပ္က လီဗာပူးလ္အသင္းရဲ႕ လူစာရင္းမွာ ဂ်ပန္ကြင္းလယ္လူ တာကူမီ မီနာမီႏိုကို ေနရာမေပးႏိုင္ေတာ့တာဟာ အသင္းရဲ႕ အရပ္နိမ့္တဲ့ ကစားသမားေတြကို ေ႐ြးခ်ယ္မႈ ကန႔္သတ္ခ်က္ေၾကာင့္ျဖစ္တယ္လို႔ ေျပာၾကားလိုက္ၿပီး အငွားခ်ခဲ့ရပုံကို ထုတ္ေဖာ္သြား။

– ေဖေဖာ္ဝါရီလ ၁၆ ရက္ေန႔မွာ ကစားရမယ့္ RB လိုက္ပ္ဇစ္နဲ႔ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ရႈံးထြက္ ပထမအေက်ာ့ပြဲစဥ္အတြက္ ဂ်ာမနီႏိုင္ငံရဲ႕ ကိုဗစ္ကန႔္သတ္ေရးမူဝါဒေတြအရ လီဗာပူးလ္တို႔အေနနဲ႔ ႏိုင္ငံတြင္းဝင္ေရာက္ဖို႔ အခက္အခဲရွိေနၿပီး ေဘာလုံးအဖြဲ႕ခ်ဳပ္ တာဝန္ရွိသူေတြအေနနဲ႔ ညႇိႏႈိင္းလို႔ မရဘူးဆိုရင္ ၾကားေျမမွာ တစ္ေက်ာ့တည္း ကစားသြားရဖို႔ရွိေန။

– ဒူးဒဏ္ရာေၾကာင့္ ကာလၾကာရွည္အနားယူေနခဲ့ရတဲ့ ေပၚတူဂီတိုက္စစ္မႉး ဒီယိုဂို ဂ်ိဳတာအေနနဲ႔ ႐ုံတြင္းေလ့က်င့္ခန္းေတြကို ျမက္ခင္းေတြေပၚ ျပန္မကစားခင္မွာ အျပည့္အဝ လုပ္ေဆာင္ေနၿပီျဖစ္ၿပီး ႀကံ့ခိုင္ေရးမႉး ခရစၥ ေမာ္ဂန္ရဲ႕ ေစာင့္ၾကည့္လမ္းၫႊန္မႈေအာက္မွာ တိုးတက္မႈ ေကာင္းမြန္ေနတယ္လို႔ သိရ။

– ခရစၥတယ္လ္ပဲေလ့စ္ကို အေဝးကြင္းမွာ ခုနစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္တုန္းက ေျခစြမ္းျပခဲ့ၿပီးတဲ့ေနာက္ အသင္းကေန ျပန္လည္ ေပ်ာက္ကြယ္သြားခဲ့တဲ့ ကြင္းလယ္လူ နာဘီ ကီတာကို အသင္းရဲ႕ ကာ့ခ္ဘီေလ့က်င့္ေရးကြင္းမွာ အၿပဳံးနဲ႔အတူ ျမင္ခဲ့ရၿပီး မၾကာခင္မွာ ျပန္လည္ပါဝင္လာဖြယ္ရွိေန။

– လီဗာပူးလ္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔ ေဆာင္းရာသီ Deadline Day မွာ ေဆြးေႏြးမႈ ပ်က္ျပားခဲ့ရတဲ့ မာေဆးလ္ေနာက္ခံလူ ဒူယီ ခ်ာလက္တာ-ဆာက သူ႔ရဲ႕ စိတ္ပ်က္မႈကို ပြင့္ပြင့္လင္းလင္း ဝန္ခံေျပာၾကားလိုက္ၿပီး ေႏြရာသီမွာ ထပ္မံေဆြးေႏြးႏိုင္ဖို႔ ေမွ်ာ္လင့္ေန။

– လီဗာပူးလ္အသင္းရဲ႕ ကြင္းလယ္မွာ ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ေနခဲ့ရတဲ့ ဘိုင္ယန္ျမဴးနစ္ကြင္းလယ္လူေဟာင္း သီယာဂို အယ္လ္ကန္တာရာအေနနဲ႔ အသင္းကစားဟန္နဲ႔ လိုက္ေလ်ာညီေထြျဖစ္ေအာင္ ႀကိဳးစားေနရဆဲျဖစ္တယ္လို႔ နည္းျပ ယာဂန္ ကေလာ့ပ္က ဝန္ခံသြားခဲ့ၿပီး တိုက္စစ္ဘက္ျခမ္းမွာ ေနရာခ်ထားမႈမွာေတာ့ ပိုမိုေကာင္းမြန္လာခဲ့ေၾကာင္း သုံးသပ္သြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.