Premier League Transfer News

2 Feb ညဦးပိုင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းရဲ့ Deadline Day ခေါ်ယူမှုနှစ်ခုထဲက တစ်ခုဖြစ်တဲ့ ရှော်လ်ကာရဲ့ အိုဇန် ကာဘက်ကို ခေါ်ယူမှုမှာ အာဆင်နယ်အသင်းရဲ့ ကင်းထောက်ချုပ်ဟောင်း လက်ရှိ စတုဂတ် အားကစားဒါရိုက်တာ ဆဗင် မစ်စ်လင်တက်ရဲ့ နည်းပြ ယာဂန် ကလော့ပ်ဆီ အကြံပေးမှုက အရေးပါကြောင်း သိရ။

– စပါးစ်နဲ့ပွဲမှာ ပထမပိုင်းအပြီး လူစားလဲခဲ့ရတဲ့ နောက်ခံလူ ဂျိုယယ်လ် မာတစ်ပ်ရဲ့ ဒဏ်ရာက ဘရိုက်တန်နဲ့ပွဲမှာ ပြန်လည်ပါဝင်နိုင်မယ် ဆိုတာရဲ့ ဆန့်ကျင်ဘက်ဖြစ်သွားခဲ့ပြီး ရာသီကုန်အထိ အနားယူရတော့မယ်လို့ လီဗာပူးလ်အသင်းဘက်က တရားဝင်ထုတ်ပြန်သွားခဲ့။

– လီဗာပူးလ်အသင်းရဲ့ ဂန္ထဝင်တစ်ဦးဖြစ်တဲ့ ဒတ်ချ်တိုက်စစ်မှူးဟောင်း ဒီယာ့ခ် ကော့တ်က အသင်းရဲ့ အပြောင်းအရွှေ့နောက်ဆုံးအချိန် ခေါ်ယူမှုနှစ်ခုအတွက် အံ့အားသင့်ရကြောင်း ပြောကြားလိုက်ပြီး ကစားသမားနှစ်ဦးအနေနဲ့ ဒီလိုအသင်းကြီးမျိုးမှာ အခွင့်အရေးရတုန်း ခြေစွမ်းပြပြီး အသုံးချတတ်ဖို့ တိုက်တွန်း။

– ပြီးခဲ့တဲ့ နှစ်ပွဲစလုံးမှာ လန်ဒန်ပြိုင်ဘက်နှစ်သင်းကို သုံးဂိုး-တစ်ဂိုးနဲ့ နှစ်ပွဲစလုံး တူညီတဲ့ ရလဒ်နဲ့ နိုင်ပွဲရယူနိုင်ခဲ့မှုမှာ ကွင်းလယ်က ချာဒန် ရှာကျီရီရဲ့ သက်ရောက်မှုက ကြီးမားခဲ့ပြီး ဆာလားကို ဖန်တီးပေးခဲ့တဲ့ တန်ပြန်တိုက်စစ်ဂိုးကို ဂယ်ရီ နဗီးလ်က ချီးကျူးနေခဲ့သလို လာမယ့် ပွဲတွေမှာ ပိုမိုသုံးစွဲဖို့ တိုက်တွန်း။

– ဘရိုက်တန်နဲ့ပွဲမှာလည်း တိုက်စစ်မှူး မိုဟာမက် ဆာလားအနေနဲ့ ပုံစံကောင်းပြန်ရနေမှုနဲ့အတူ ဂိုးတွေ သွင်းယူဦးမယ်လို့ လီဗာပူးလ် ပရိသတ်ဝက်ဘ်ဆိုက်တစ်ခုက ခန့်မှန်းလိုက်ပြီး သူ့ရဲ့ သွင်းဂိုးများပြီး ဖန်တီးမှုနည်းပါးလို့ တစ်ကိုယ်ကောင်းဆန်တယ်လို့ ပြောလို့မရဘဲ ဒါက သူ့ရဲ့ အမှတ်အသား လက္ခဏာတစ်ခုဖြစ်တယ်လို့ သုံးသပ်။

– လီဗာပူးလ်အသင်းအနေနဲ့ ကွင်းလယ်တိုက်စစ်မှူး တာကူမီ မီနာမီနိုကို ဆောက်သမ်တန်အသင်းဆီ အငှားချခဲ့ရာမှာ တိုက်စစ်ကစားတဲ့ အသင်းတစ်သင်းဖြစ်တဲ့ အချက်နဲ့ နည်းပြ ရာ့လ်ဖ် ဟေဆန်ဟွတ်တယ်လ်အနေနဲ့ သူတို့ကစားသမားအကြောင်း ကောင်းကောင်းသိတဲ့ အချက်တွေကြောင့် လိုက်လျောခဲ့တာလို့ ရှင်းလင်း။

– လီဗာပူးလ်အသင်းရဲ့ နောက်ခံလူဟောင်းနဲ့ ဘီဘီစီမှာ လော်ရိုဆိုပြီး ဘောလုံးပွဲတွေ ခန့်မှန်းနေတဲ့ မာ့ခ် လော်ရင်ဆန်က အသင်းက ခေါ်ယူခဲ့တဲ့ ပရက်စ်တန်နောက်ခံလူ ဘန်ဒေးဗီးစ်ဟာ ကွင်းရဲ့ ဘယ်ခြမ်းမှာ ကစားနိုင်တာကလွဲရင် လက်ရှိနောက်ခံလူ နာသန် ဖိလစ်လောက် မကောင်းကြောင်းနဲ့ ပရီးမီးယားလိဂ်မှာ အစမ်းသပ်ခံရဦးမှာဖြစ်ကြောင်း ဝေဖန်သွား။

– ပြီးခဲ့တဲ့ အပြောင်းအရွှေ့ မပိတ်ခင်မှာ လီဗာပူးလ်ပရိသတ်တွေအနေနဲ့ အနီးကပ် ပစ်လိုက်တဲ့ ကျည်ဆန်အကြီးကြီးနှစ်တောင့်ကို ရှောင်လွှဲနိုင်ခဲ့တာဖြစ်ပြီး အာဆင်နယ်နောက်ခံလူ ရှကိုဒရန် မူစတာဖီနဲ့ ဘာစီလိုနာနောက်ခံလူ ဆင်မြူယယ်လ် အမ်တီတီတို့ကို ခေါ်ယူဖို့ စဉ်းစားခဲ့ပြီးမှ နောက်ဆုတ်ခဲ့တာလို့ သိရ။

– နောက်ဆုံး ဒဏ်ရာသတင်းဖြစ်တဲ့ ဂျိုယယ်လ် မာတစ်ပ်ရဲ့ ဒဏ်ရာအပြီးမှာ ဒီလိုရာသီကုန်အထိ နားရမယ့် နောက်ခံလူ သုံးဦးအထိ ရှိလာတဲ့ အသင်းက ကံဆိုးလွန်းတယ်လို့ ပရိသတ်တချို့က ညည်းတွားခဲ့ကြပြီး တချို့ကတော့ နှစ်ပွဲကစား ဆယ်ပွဲနားတဲ့ ဒဏ်ရာတွေနဲ့ ကင်းမရွန်းသားကို ရောင်းချဖို့ပဲ တိုက်တွန်းနေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္အသင္းရဲ႕ Deadline Day ေခၚယူမႈႏွစ္ခုထဲက တစ္ခုျဖစ္တဲ့ ေရွာ္လ္ကာရဲ႕ အိုဇန္ ကာဘက္ကို ေခၚယူမႈမွာ အာဆင္နယ္အသင္းရဲ႕ ကင္းေထာက္ခ်ဳပ္ေဟာင္း လက္ရွိ စတုဂတ္ အားကစားဒါ႐ိုက္တာ ဆဗင္ မစ္စ္လင္တက္ရဲ႕ နည္းျပ ယာဂန္ ကေလာ့ပ္ဆီ အႀကံေပးမႈက အေရးပါေၾကာင္း သိရ။

– စပါးစ္နဲ႔ပြဲမွာ ပထမပိုင္းအၿပီး လူစားလဲခဲ့ရတဲ့ ေနာက္ခံလူ ဂ်ိဳယယ္လ္ မာတစ္ပ္ရဲ႕ ဒဏ္ရာက ဘ႐ိုက္တန္နဲ႔ပြဲမွာ ျပန္လည္ပါဝင္ႏိုင္မယ္ ဆိုတာရဲ႕ ဆန႔္က်င္ဘက္ျဖစ္သြားခဲ့ၿပီး ရာသီကုန္အထိ အနားယူရေတာ့မယ္လို႔ လီဗာပူးလ္အသင္းဘက္က တရားဝင္ထုတ္ျပန္သြားခဲ့။

– လီဗာပူးလ္အသင္းရဲ႕ ဂႏၴဝင္တစ္ဦးျဖစ္တဲ့ ဒတ္ခ်္တိုက္စစ္မႉးေဟာင္း ဒီယာ့ခ္ ေကာ့တ္က အသင္းရဲ႕ အေျပာင္းအေ႐ႊ႕ေနာက္ဆုံးအခ်ိန္ ေခၚယူမႈႏွစ္ခုအတြက္ အံ့အားသင့္ရေၾကာင္း ေျပာၾကားလိုက္ၿပီး ကစားသမားႏွစ္ဦးအေနနဲ႔ ဒီလိုအသင္းႀကီးမ်ိဳးမွာ အခြင့္အေရးရတုန္း ေျခစြမ္းျပၿပီး အသုံးခ်တတ္ဖို႔ တိုက္တြန္း။

– ၿပီးခဲ့တဲ့ ႏွစ္ပြဲစလုံးမွာ လန္ဒန္ၿပိဳင္ဘက္ႏွစ္သင္းကို သုံးဂိုး-တစ္ဂိုးနဲ႔ ႏွစ္ပြဲစလုံး တူညီတဲ့ ရလဒ္နဲ႔ ႏိုင္ပြဲရယူႏိုင္ခဲ့မႈမွာ ကြင္းလယ္က ခ်ာဒန္ ရွာက်ီရီရဲ႕ သက္ေရာက္မႈက ႀကီးမားခဲ့ၿပီး ဆာလားကို ဖန္တီးေပးခဲ့တဲ့ တန္ျပန္တိုက္စစ္ဂိုးကို ဂယ္ရီ နဗီးလ္က ခ်ီးက်ဴးေနခဲ့သလို လာမယ့္ ပြဲေတြမွာ ပိုမိုသုံးစြဲဖို႔ တိုက္တြန္း။

– ဘ႐ိုက္တန္နဲ႔ပြဲမွာလည္း တိုက္စစ္မႉး မိုဟာမက္ ဆာလားအေနနဲ႔ ပုံစံေကာင္းျပန္ရေနမႈနဲ႔အတူ ဂိုးေတြ သြင္းယူဦးမယ္လို႔ လီဗာပူးလ္ ပရိသတ္ဝက္ဘ္ဆိုက္တစ္ခုက ခန႔္မွန္းလိုက္ၿပီး သူ႔ရဲ႕ သြင္းဂိုးမ်ားၿပီး ဖန္တီးမႈနည္းပါးလို႔ တစ္ကိုယ္ေကာင္းဆန္တယ္လို႔ ေျပာလို႔မရဘဲ ဒါက သူ႔ရဲ႕ အမွတ္အသား လကၡဏာတစ္ခုျဖစ္တယ္လို႔ သုံးသပ္။

– လီဗာပူးလ္အသင္းအေနနဲ႔ ကြင္းလယ္တိုက္စစ္မႉး တာကူမီ မီနာမီႏိုကို ေဆာက္သမ္တန္အသင္းဆီ အငွားခ်ခဲ့ရာမွာ တိုက္စစ္ကစားတဲ့ အသင္းတစ္သင္းျဖစ္တဲ့ အခ်က္နဲ႔ နည္းျပ ရာ့လ္ဖ္ ေဟဆန္ဟြတ္တယ္လ္အေနနဲ႔ သူတို႔ကစားသမားအေၾကာင္း ေကာင္းေကာင္းသိတဲ့ အခ်က္ေတြေၾကာင့္ လိုက္ေလ်ာခဲ့တာလို႔ ရွင္းလင္း။

– လီဗာပူးလ္အသင္းရဲ႕ ေနာက္ခံလူေဟာင္းနဲ႔ ဘီဘီစီမွာ ေလာ္႐ိုဆိုၿပီး ေဘာလုံးပြဲေတြ ခန႔္မွန္းေနတဲ့ မာ့ခ္ ေလာ္ရင္ဆန္က အသင္းက ေခၚယူခဲ့တဲ့ ပရက္စ္တန္ေနာက္ခံလူ ဘန္ေဒးဗီးစ္ဟာ ကြင္းရဲ႕ ဘယ္ျခမ္းမွာ ကစားႏိုင္တာကလြဲရင္ လက္ရွိေနာက္ခံလူ နာသန္ ဖိလစ္ေလာက္ မေကာင္းေၾကာင္းနဲ႔ ပရီးမီးယားလိဂ္မွာ အစမ္းသပ္ခံရဦးမွာျဖစ္ေၾကာင္း ေဝဖန္သြား။

– ၿပီးခဲ့တဲ့ အေျပာင္းအေ႐ႊ႕ မပိတ္ခင္မွာ လီဗာပူးလ္ပရိသတ္ေတြအေနနဲ႔ အနီးကပ္ ပစ္လိုက္တဲ့ က်ည္ဆန္အႀကီးႀကီးႏွစ္ေတာင့္ကို ေရွာင္လႊဲႏိုင္ခဲ့တာျဖစ္ၿပီး အာဆင္နယ္ေနာက္ခံလူ ရွကိုဒရန္ မူစတာဖီနဲ႔ ဘာစီလိုနာေနာက္ခံလူ ဆင္ျမဴယယ္လ္ အမ္တီတီတို႔ကို ေခၚယူဖို႔ စဥ္းစားခဲ့ၿပီးမွ ေနာက္ဆုတ္ခဲ့တာလို႔ သိရ။

– ေနာက္ဆုံး ဒဏ္ရာသတင္းျဖစ္တဲ့ ဂ်ိဳယယ္လ္ မာတစ္ပ္ရဲ႕ ဒဏ္ရာအၿပီးမွာ ဒီလိုရာသီကုန္အထိ နားရမယ့္ ေနာက္ခံလူ သုံးဦးအထိ ရွိလာတဲ့ အသင္းက ကံဆိုးလြန္းတယ္လို႔ ပရိသတ္တခ်ိဳ႕က ညည္းတြားခဲ့ၾကၿပီး တခ်ိဳ႕ကေတာ့ ႏွစ္ပြဲကစား ဆယ္ပြဲနားတဲ့ ဒဏ္ရာေတြနဲ႔ ကင္းမ႐ြန္းသားကို ေရာင္းခ်ဖို႔ပဲ တိုက္တြန္းေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.