Match Report Premier League

ခြေစွမ်းကောင်းပေမယ့် ရလဒ်မကောင်းခဲ့ဘဲ အမှားတွေနဲ့ အထိနာခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ အဝေးကွင်းမှာ ကစားရတဲ့ ပွဲမှာ ဝုလ်ဗ်စ်ကို ကောင်းကောင်းရင်ဆိုင်နိုင်ဖို့ လူငယ်အစုံထုတ်ပြီး ကစားလာခဲ့ပြီး နောက်ခံလူနေရာတွေမှာတော့ ဒေးဗစ် လူးဝစ်ဇ်နဲ့ ဆီးဒရစ်တို့ ဆက်လက်ပါဝင်ခဲ့ကြသလို တိုက်စစ်မှာလည်း အူဘာမီယန်း မကစားနိုင်လို့ ပေပေက ဘယ်ခြမ်းကို တာဝန်ယူခဲ့ပါတယ်။

ပွဲစစချင်း ဆက်တိုက်ထိုးဖောက်မှုတွေနဲ့အတူ ပွဲချိန် ၈ မိနစ်မှာ အာဆင်နယ်တို့ရဲ့ ကောင်းမွန်တဲ့ တွဲလုံးနဲ့ ထိုးဖောက်မှုကနေ ဆာကာ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့်လည်း VAR ပြန်ကြည့်ရာမှာ ဂိုးဖန်တီးပေးခဲ့တဲ့ တိုက်စစ်မှူး လာကာဇက်အနေနဲ့ အနည်းငယ်လူကျွံနေခဲ့လို့ ပယ်ဖျက်ခံခဲ့ရပါတယ်။

ချာကာနဲ့ ပါတေးတို့ နားလည်မှု၊ ကြံ့ခိုင်မှုနဲ့ ဘောလုံးဖြန့်ဝေမှု ကောင်းနေတဲ့ ကွင်းလယ်ကြောင့် အာဆင်နယ်အသင်းအနေနဲ့ နောက်ဆုံး ကစားတဲ့ ပွဲတွေမှာ ပထမဆုံးအကြိမ်အဖြစ် အိမ်ရှင် ဝုလ်ဗ်စ်တို့အပေါ် အသာစီးယူနိုင်သလို ထိရောက်တဲ့ ကစားပုံကြောင့် ဆာကာ၊ ဘယ်လာရင်နဲ့ ပေပေတို့ မကြာခဏ ဖောက်ထွက်နိုင်ခဲ့ပြီး မိနစ် ၃၀ မှာတော့ ပင်နယ်တီရဖို့ နီးစပ်ခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၃၂ မိနစ်မှာတော့ အခွင့်အရေးတချို့ လက်လွတ်ခဲ့ရတဲ့ အာဆင်နယ်တို့ ဂိုးစရခဲ့ပြီး ဆီမီဒိုဆီက ဘောလုံးကို လုယူနိုင်ခဲ့တဲ့ ပေပေက လာကာဇက်နဲ့ ဝမ်းတူးရိုက်ထွက်ပြီး ဘယ်ခြမ်းကနေ ဝုလ်ဗ်စ်နောက်ခံလူနှစ်ဦးကို တစ်ကိုယ်တော်စွမ်းရည်နဲ့ ကျော်ဖြတ်ပြီးမှ ညာခြေနဲ့ ကန်သွင်းယူခဲ့တာ ဖြစ်သလို ဂိုးသမား ပက်ထရီစီယိုကို ငုတ်တုတ်မေ့စေနိုင်ခဲ့ပါတယ်။

အာဆင်နယ်ဘက်က တောင်ပံတွေ ခြေစွမ်းပြခဲ့သလို ဝုလ်ဗ်စ်ရဲ့ တောင်ပံတွေကလည်း မခေတာကြောင့် ကြည့်ကောင်းတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပြီး ဂိုးသမား လီနိုရဲ့ အဝင်အထွက်တွေကလည်း တော်တော်လေး အဆင်ပြေခဲ့လို့ အိမ်ရှင်တို့ အားသန်တဲ့ အမြင့်ဘော ဖြတ်တင်မှုတွေကို အသုံးမချနိုင်ဘဲ ဖြစ်နေခဲ့ပါတယ်။

ဒါပေမယ့် နာကျင်အချိန်ပိုမှာ အာရုံစူးစိုက်မှု ပေါ့လျော့ခဲ့တဲ့ အာဆင်နယ်တို့ အပြစ်ပေးခံခဲ့ရပြီး ဒေးဗစ် လူးဝစ်ဇ်ရဲ့ အမှားကနေ အနီကတ်နဲ့ ပင်နယ်တီပေးခဲ့ရသလို ဒီပင်နယ်တီကိုတော့ နောက်ဆုံးမိနစ်မှာ ရူဘင် နီဗက်စ်က အမှားအယွင်းမရှိ ကန်သွင်းချေပနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းကတော့ ဝုလ်ဗ်စ်တို့အတွက်ဖြစ်သွားပြီး တစ်ယောက်လျော့ချိန်မှာ စမစ်ရိုးကို မထုတ်ဘဲ လာကာဇက်ကို ထုတ်လိုက်လို့ ခံစစ်ကို အာရုံစိုက်ရမယ့်သူတွေ တိုက်စစ်ကို ပိုမိုလိုက်ပါခွင့် ရလာချိန်မှာ ကွင်းလယ်လူ ဂျာအို မော်တင်ညိုက အဝေးကနေ အပြင်းကန်သွင်းခဲ့ပြီး ပွဲချိန် ၄၈ မိနစ်မှာ အာဆင်နယ်တို့ ဂိုးထပ်ပေးခဲ့ရပါတယ်။

၄၅ မိနစ်လုံးလုံး ဆက်ကစားရဦးမယ့်အချိန်မှာ တောင်ပံတွေနဲ့ နံပါတ် ၁၀ လို ကစားသမားမျိုးတွေအစား တိုက်စစ်မှူးကို ထုတ်လိုက်တဲ့ အာဆင်နယ်နည်းပြ အာတီတာရဲ့ အတွေးအခေါ်နဲ့ အတွေ့အကြုံ နုနယ်မှုကတော့ တော်တော်လေး ဆိုးရွားခဲ့ပြီး လူတစ်ယောက်လျော့သွားတဲ့ အသင်းကို ဘယ်လိုမျိုး ကျားကန်ရမယ်ဆိုတာကိုလည်း မှားယွင်းစွာ ရွေးချယ်ခဲ့ပုံပေါ်ပါတယ်။

ပွဲချိန် ၆၁ မိနစ်မှာတော့ တောင်ပံအဖြစ်ရော တိုက်စစ်မှူးအဖြစ်ပါ ဖိအားပေးနိုင်မယ့် အူဘာမီယန်းကို ပေပေအစား လူစားလဲခဲ့ပြီး ဒုတိယပိုင်း အစက ဗျူဟာအမှားကို ပြင်သွားခဲ့ပေမယ့် အလုပ်တော့ဖြစ်မလာခဲ့တော့ဘဲ ၇၂ မိနစ်မှာ ဂိုးဧရိယာထဲက ထွက်လာပြီး ဘောလုံးရှင်းထုတ်တဲ့ လီနို လက်နဲ့ ထိမိတာကြောင့် နောက်ထပ် အနီကတ်နဲ့ပဲ ကြုံတွေ့ခဲ့ပြီး အာဆင်နယ်တို့ ၉ ယောက်ဖြစ်သွားခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဘာမှဖြစ်မလာနိုင်တော့တဲ့ အာဆင်နယ်တို့ကို ဝုလ်ဗ်စ်တို့က တောက်လျှောက်စိုးမိုးကစားသွားခဲ့ပြီး တန်ပြန်တိုက်စစ် ကနေ အူဘာမီယန်းတစ်ကြိမ် ခြိမ်းခြောက်နိုင်ပေမယ့် အပိုင်တော့ မဟုတ်ခဲ့လို့ ပွဲအပြီးမှာ နှစ်ဂိုး-တစ်ဂိုးနဲ့ပဲ အိမ်ရှင်တို့ အနိုင်ရရှိခဲ့သလို အာဆင်နယ်ကတော့ ရှုံးပွဲနဲ့အတူ အဆင့် ၁၀ မှာပဲ ဆက်လက်ရပ်တည်သွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ အေဝးကြင္းမွာ ကစားရတဲ့ ပြဲမွာ ဝုလ္ဗ္စ္ကို ေကာင္းေကာင္းရင္ဆိုင္ႏိုင္ဖို႔ လူငယ္အစုံထုတ္ၿပီး ကစားလာခဲ့ၿပီး ေနာက္ခံလူေနရာေတြမွာေတာ့ ေဒးဗစ္ လူးဝစ္ဇ္နဲ႔ ဆီးဒရစ္တို႔ ဆက္လက္ပါဝင္ခဲ့ၾကသလို တိုက္စစ္မွာလည္း အူဘာမီယန္း မကစားႏိုင္လို႔ ေပေပက ဘယ္ျခမ္းကို တာဝန္ယူခဲ့ပါတယ္။

ပြဲစစခ်င္း ဆက္တိုက္ထိုးေဖာက္မႈေတြနဲ႔အတူ ပြဲခ်ိန္ ၈ မိနစ္မွာ အာဆင္နယ္တို႔ရဲ႕ ေကာင္းမြန္တဲ့ တြဲလုံးနဲ႔ ထိုးေဖာက္မႈကေန ဆာကာ ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္လည္း VAR ျပန္ၾကည့္ရာမွာ ဂိုးဖန္တီးေပးခဲ့တဲ့ တိုက္စစ္မႉး လာကာဇက္အေနနဲ႔ အနည္းငယ္လူကြၽံေနခဲ့လို႔ ပယ္ဖ်က္ခံခဲ့ရပါတယ္။

ခ်ာကာနဲ႔ ပါေတးတို႔ နားလည္မႈ၊ ႀကံ့ခိုင္မႈနဲ႔ ေဘာလုံးျဖန႔္ေဝမႈ ေကာင္းေနတဲ့ ကြင္းလယ္ေၾကာင့္ အာဆင္နယ္အသင္းအေနနဲ႔ ေနာက္ဆုံး ကစားတဲ့ ပြဲေတြမွာ ပထမဆုံးအႀကိမ္အျဖစ္ အိမ္ရွင္ ဝုလ္ဗ္စ္တို႔အေပၚ အသာစီးယူႏိုင္သလို ထိေရာက္တဲ့ ကစားပုံေၾကာင့္ ဆာကာ၊ ဘယ္လာရင္နဲ႔ ေပေပတို႔ မၾကာခဏ ေဖာက္ထြက္ႏိုင္ခဲ့ၿပီး မိနစ္ ၃၀ မွာေတာ့ ပင္နယ္တီရဖို႔ နီးစပ္ခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၂ မိနစ္မွာေတာ့ အခြင့္အေရးတခ်ိဳ႕ လက္လြတ္ခဲ့ရတဲ့ အာဆင္နယ္တို႔ ဂိုးစရခဲ့ၿပီး ဆီမီဒိုဆီက ေဘာလုံးကို လုယူႏိုင္ခဲ့တဲ့ ေပေပက လာကာဇက္နဲ႔ ဝမ္းတူး႐ိုက္ထြက္ၿပီး ဘယ္ျခမ္းကေန ဝုလ္ဗ္စ္ေနာက္ခံလူႏွစ္ဦးကို တစ္ကိုယ္ေတာ္စြမ္းရည္နဲ႔ ေက်ာ္ျဖတ္ၿပီးမွ ညာေျခနဲ႔ ကန္သြင္းယူခဲ့တာ ျဖစ္သလို ဂိုးသမား ပက္ထရီစီယိုကို ငုတ္တုတ္ေမ့ေစႏိုင္ခဲ့ပါတယ္။

အာဆင္နယ္ဘက္က ေတာင္ပံေတြ ေျခစြမ္းျပခဲ့သလို ဝုလ္ဗ္စ္ရဲ႕ ေတာင္ပံေတြကလည္း မေခတာေၾကာင့္ ၾကည့္ေကာင္းတဲ့ ပြဲတစ္ပြဲျဖစ္ခဲ့ၿပီး ဂိုးသမား လီႏိုရဲ႕ အဝင္အထြက္ေတြကလည္း ေတာ္ေတာ္ေလး အဆင္ေျပခဲ့လို႔ အိမ္ရွင္တို႔ အားသန္တဲ့ အျမင့္ေဘာ ျဖတ္တင္မႈေတြကို အသုံးမခ်ႏိုင္ဘဲ ျဖစ္ေနခဲ့ပါတယ္။

ဒါေပမယ့္ နာက်င္အခ်ိန္ပိုမွာ အာ႐ုံစူးစိုက္မႈ ေပါ့ေလ်ာ့ခဲ့တဲ့ အာဆင္နယ္တို႔ အျပစ္ေပးခံခဲ့ရၿပီး ေဒးဗစ္ လူးဝစ္ဇ္ရဲ႕ အမွားကေန အနီကတ္နဲ႔ ပင္နယ္တီေပးခဲ့ရသလို ဒီပင္နယ္တီကိုေတာ့ ေနာက္ဆုံးမိနစ္မွာ ႐ူဘင္ နီဗက္စ္က အမွားအယြင္းမရွိ ကန္သြင္းေခ်ပႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္းကေတာ့ ဝုလ္ဗ္စ္တို႔အတြက္ျဖစ္သြားၿပီး တစ္ေယာက္ေလ်ာ့ခ်ိန္မွာ စမစ္႐ိုးကို မထုတ္ဘဲ လာကာဇက္ကို ထုတ္လိုက္လို႔ ခံစစ္ကို အာ႐ုံစိုက္ရမယ့္သူေတြ တိုက္စစ္ကို ပိုမိုလိုက္ပါခြင့္ ရလာခ်ိန္မွာ ကြင္းလယ္လူ ဂ်ာအို ေမာ္တင္ညိဳက အေဝးကေန အျပင္းကန္သြင္းခဲ့ၿပီး ပြဲခ်ိန္ ၄၈ မိနစ္မွာ အာဆင္နယ္တို႔ ဂိုးထပ္ေပးခဲ့ရပါတယ္။

၄၅ မိနစ္လုံးလုံး ဆက္ကစားရဦးမယ့္အခ်ိန္မွာ ေတာင္ပံေတြနဲ႔ နံပါတ္ ၁၀ လို ကစားသမားမ်ိဳးေတြအစား တိုက္စစ္မႉးကို ထုတ္လိုက္တဲ့ အာဆင္နယ္နည္းျပ အာတီတာရဲ႕ အေတြးအေခၚနဲ႔ အေတြ႕အႀကဳံ ႏုနယ္မႈကေတာ့ ေတာ္ေတာ္ေလး ဆိုး႐ြားခဲ့ၿပီး လူတစ္ေယာက္ေလ်ာ့သြားတဲ့ အသင္းကို ဘယ္လိုမ်ိဳး က်ားကန္ရမယ္ဆိုတာကိုလည္း မွားယြင္းစြာ ေ႐ြးခ်ယ္ခဲ့ပုံေပၚပါတယ္။

ပြဲခ်ိန္ ၆၁ မိနစ္မွာေတာ့ ေတာင္ပံအျဖစ္ေရာ တိုက္စစ္မႉးအျဖစ္ပါ ဖိအားေပးႏိုင္မယ့္ အူဘာမီယန္းကို ေပေပအစား လူစားလဲခဲ့ၿပီး ဒုတိယပိုင္း အစက ဗ်ဴဟာအမွားကို ျပင္သြားခဲ့ေပမယ့္ အလုပ္ေတာ့ျဖစ္မလာခဲ့ေတာ့ဘဲ ၇၂ မိနစ္မွာ ဂိုးဧရိယာထဲက ထြက္လာၿပီး ေဘာလုံးရွင္းထုတ္တဲ့ လီႏို လက္နဲ႔ ထိမိတာေၾကာင့္ ေနာက္ထပ္ အနီကတ္နဲ႔ပဲ ႀကဳံေတြ႕ခဲ့ၿပီး အာဆင္နယ္တို႔ ၉ ေယာက္ျဖစ္သြားခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ဘာမွျဖစ္မလာႏိုင္ေတာ့တဲ့ အာဆင္နယ္တို႔ကို ဝုလ္ဗ္စ္တို႔က ေတာက္ေလွ်ာက္စိုးမိုးကစားသြားခဲ့ၿပီး တန္ျပန္တိုက္စစ္ ကေန အူဘာမီယန္းတစ္ႀကိမ္ ၿခိမ္းေျခာက္ႏိုင္ေပမယ့္ အပိုင္ေတာ့ မဟုတ္ခဲ့လို႔ ပြဲအၿပီးမွာ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ပဲ အိမ္ရွင္တို႔ အႏိုင္ရရွိခဲ့သလို အာဆင္နယ္ကေတာ့ ရႈံးပြဲနဲ႔အတူ အဆင့္ ၁၀ မွာပဲ ဆက္လက္ရပ္တည္သြားခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.