Premier League Transfer News

29 Jan နံနက်ခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းရဲ့ စပါးစ်အသင်းအပေါ် နိုင်ပွဲမှာ ရလဒ်ဆိုးတွေကို ရပ်တန့်နိုင်ခဲ့တဲ့ အသင်းရဲ့ စွမ်းဆောင်ရည်အတွက် ဒီပွဲမှာ အကောင်းဆုံးကစားသမားဆု ရရှိသွားခဲ့တဲ့ ညာနောက်ခံလူ ထရင့် အလက်ဇန်းဒါး-အာနိုးလ်ဒ်က မယုံနိုင်အောင်ကောင်းတဲ့ အသင်းလိုက်ကစားပုံဖြစ်ကြောင်း ဝင့်ကြွားသွားခဲ့။

– ဂျိုယယ်လ် မာတစ်ပ်ရဲ့ ပထမပိုင်းအပြီးမှာ လူစားလဲခဲ့ရတဲ့ ကြံ့ခိုင်မှုအတွက် ပရိသတ်တွေက မေးခွန်းထုတ်ခဲ့ကြသလို ထရိန်နင်မှာ ဒဏ်ရာ ရရှိသွားခဲ့တဲ့ ဖာဘင်ညိုအတွက်လည်း စိုးရိမ်နေကြပြီး အသင်းအနေနဲ့ လူခေါ်ဖို့ကိစ္စကို နှောင့်နှေးနေမှုအပေါ် ပြစ်တင်နေကြ။

– ဒီနေ့ပွဲမှာ အနိုင်ရရှိခဲ့တဲ့ လီဗာပူးလ်အသင်းအနေနဲ့ တော့တင်ဟမ် ဟော့စပါးစ်အသင်းရဲ့ အိမ်ကွင်းမှာ စံချိန်ကောင်းတစ်ရပ် ရရှိသွားခဲ့ပြီး ပရီးမီးယားလိဂ်နောက်ဆုံး ၃ ဆက်တိုက် အနိုင်ရရှိခဲ့ပြီး ဂိုးပေါက်ပျောက်ဆုံးမှုကိုလည်း သူတို့ကွင်းမှာ စပြီး ရပ်တန့်နိုင်ခဲ့တာကတော့ မော်ရင်ညိုအတွက် မခံချိမခံသာစရာဖြစ်ခဲ့။

– လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူးဟောင်း ပီတာခရောက်ချ်က တော့တင်ဟမ် ဟော့စပါးစ်အသင်းကို အနိုင်ရရှိခဲ့တဲ့ စွမ်းဆောင်ရည်ဟာ ပရီးမီးယားလိဂ်မှာ ချန်ပီယံဆုအတွက် ပြိုင်ပွဲထဲရှိနေအောင် ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သလို မန်ချက်စတာယူနိုက်တက်ရဲ့ အထက်မှာ ပြန်လည်ရပ်တည်တော့မယ်လို့ တပ်လှန့်လိုက်တာဖြစ်ကြောင်း ကြုံးဝါး။

– အသင်းရဲ့ ခံစစ်ကစားသမားတွေ ဒဏ်ရာထပ်မံရရှိခဲ့ပြီးမှာ အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ ပိုင်ရှင် FSG Group အနေနဲ့ လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်ရဲ့ ရှေးယခင်ကတည်းက တောင်းဆိုမှုကို သဘောတူညီလိုက်ပြီလို့ သိရပြီး တနင်္လာနေ့အမီ နောက်ခံလူတစ်ဦး ရောက်ရှိလာနိုင်ခြေရှိနေ။

– ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ခြေကျင်းဝတ်အရွတ်မှာ ဒဏ်ရာရရှိသွားခဲ့တယ်လို့ နည်းပြ ယာဂန် ကလော့ပ်က အတည်ပြုသွားခဲ့တဲ့ နောက်ခံလူ ဂျိုယယ်လ် မာတစ်ပ်ကိုတော့ ပရိသတ်တွေက စိတ်ကုန်နေကြပြီဖြစ်ပြီး ဒီနေ့ပွဲမှာလည်း မလိုအပ်ဘဲ ဘောလုံးဆွဲပြေးနေတဲ့ ပုံစံကို အပြစ်တင်ခဲ့ကြသလို ပြန်လည်ရောင်းချဖို့ တောင်းဆိုနေကြ။

– လီဗာပူးလ်အသင်းသားတွေဟာ တစ်ပွဲလုံး စွမ်းဆောင်ရည်အရ သူမှာကြားထားတဲ့အတိုင်း အမြင့်ဆုံး အရှိန်အဟုန်နဲ့ ကစားနိုင်ခဲ့တယ်လို့ နည်းပြ ယာဂန် ကလော့ပ်က ပြောကြားလိုက်ပြီး ခံစစ်မှာသာ မျှော်မှန်းထားသလောက် စွမ်းဆောင်ရည် မမြင့်မားခဲ့တာဖြစ်ပေမယ့် လက်ခံနိုင်စရာတော့ ရှိခဲ့ကြောင်း သုံးသပ်။

– လီဗာပူးလ်အသင်းအနေနဲ့ နာပိုလီနောက်ခံလူ နီကိုလာ မက္ကဇင်မိုဗစ်ချ်ကို ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ သိရပြီး နွေရာသီမှာ စာချုပ် ကုန်ဆုံးမယ့် ဆားဘီးယားလက်ရွေးစင်အတွက် နေပယ်လ်ကလပ်အသင်းဘက်က ပေါင် ၉ သန်း တောင်းဆိုထားတယ်လို့ သိရ။

– နည်းပြ ယာဂန် ကလော့ပ်နဲ့ ဒေါ့မွန်မှာ လက်တွဲခဲ့ဖူးတဲ့ နီဗင် ဆူဘိုတစ်ချ်၊ နာပိုလီက ချိတ်ဆက်နေတဲ့ နီကိုလာ မက္ကဇင်မိုဗစ်ချ်တို့လို ဆားဘီးယားသားတွေကို မရရှိခဲ့ဘူးဆိုရင် အရန်အစီအစဉ်အဖြစ် အရေးပေါ်ခေါ်ယူဖို့ အာဆင်နယ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းနိုင်ခြေ ရှိနေတဲ့ ရှကိုဒရန် မူစတာဖီကို လီဗာပူးလ်တို့ စောင့်ကြည့်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္အသင္းရဲ႕ စပါးစ္အသင္းအေပၚ ႏိုင္ပြဲမွာ ရလဒ္ဆိုးေတြကို ရပ္တန႔္ႏိုင္ခဲ့တဲ့ အသင္းရဲ႕ စြမ္းေဆာင္ရည္အတြက္ ဒီပြဲမွာ အေကာင္းဆုံးကစားသမားဆု ရရွိသြားခဲ့တဲ့ ညာေနာက္ခံလူ ထရင့္ အလက္ဇန္းဒါး-အာႏိုးလ္ဒ္က မယုံႏိုင္ေအာင္ေကာင္းတဲ့ အသင္းလိုက္ကစားပုံျဖစ္ေၾကာင္း ဝင့္ႂကြားသြားခဲ့။

– ဂ်ိဳယယ္လ္ မာတစ္ပ္ရဲ႕ ပထမပိုင္းအၿပီးမွာ လူစားလဲခဲ့ရတဲ့ ႀကံ့ခိုင္မႈအတြက္ ပရိသတ္ေတြက ေမးခြန္းထုတ္ခဲ့ၾကသလို ထရိန္နင္မွာ ဒဏ္ရာ ရရွိသြားခဲ့တဲ့ ဖာဘင္ညိဳအတြက္လည္း စိုးရိမ္ေနၾကၿပီး အသင္းအေနနဲ႔ လူေခၚဖို႔ကိစၥကို ေႏွာင့္ေႏွးေနမႈအေပၚ ျပစ္တင္ေနၾက။

– ဒီေန႔ပြဲမွာ အႏိုင္ရရွိခဲ့တဲ့ လီဗာပူးလ္အသင္းအေနနဲ႔ ေတာ့တင္ဟမ္ ေဟာ့စပါးစ္အသင္းရဲ႕ အိမ္ကြင္းမွာ စံခ်ိန္ေကာင္းတစ္ရပ္ ရရွိသြားခဲ့ၿပီး ပရီးမီးယားလိဂ္ေနာက္ဆုံး ၃ ဆက္တိုက္ အႏိုင္ရရွိခဲ့ၿပီး ဂိုးေပါက္ေပ်ာက္ဆုံးမႈကိုလည္း သူတို႔ကြင္းမွာ စၿပီး ရပ္တန႔္ႏိုင္ခဲ့တာကေတာ့ ေမာ္ရင္ညိဳအတြက္ မခံခ်ိမခံသာစရာျဖစ္ခဲ့။

– လီဗာပူးလ္အသင္းရဲ႕ တိုက္စစ္မႉးေဟာင္း ပီတာခေရာက္ခ်္က ေတာ့တင္ဟမ္ ေဟာ့စပါးစ္အသင္းကို အႏိုင္ရရွိခဲ့တဲ့ စြမ္းေဆာင္ရည္ဟာ ပရီးမီးယားလိဂ္မွာ ခ်န္ပီယံဆုအတြက္ ၿပိဳင္ပြဲထဲရွိေနေအာင္ ဆက္လက္ထိန္းသိမ္းထားႏိုင္ခဲ့သလို မန္ခ်က္စတာယူႏိုက္တက္ရဲ႕ အထက္မွာ ျပန္လည္ရပ္တည္ေတာ့မယ္လို႔ တပ္လွန႔္လိုက္တာျဖစ္ေၾကာင္း ႀကဳံးဝါး။

– အသင္းရဲ႕ ခံစစ္ကစားသမားေတြ ဒဏ္ရာထပ္မံရရွိခဲ့ၿပီးမွာ အသင္းရဲ႕ တာဝန္ရွိသူေတြနဲ႔ ပိုင္ရွင္ FSG Group အေနနဲ႔ လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္ရဲ႕ ေရွးယခင္ကတည္းက ေတာင္းဆိုမႈကို သေဘာတူညီလိုက္ၿပီလို႔ သိရၿပီး တနလၤာေန႔အမီ ေနာက္ခံလူတစ္ဦး ေရာက္ရွိလာႏိုင္ေျခရွိေန။

– ပြဲၿပီးသတင္းစာရွင္းလင္းပြဲမွာ ေျခက်င္းဝတ္အ႐ြတ္မွာ ဒဏ္ရာရရွိသြားခဲ့တယ္လို႔ နည္းျပ ယာဂန္ ကေလာ့ပ္က အတည္ျပဳသြားခဲ့တဲ့ ေနာက္ခံလူ ဂ်ိဳယယ္လ္ မာတစ္ပ္ကိုေတာ့ ပရိသတ္ေတြက စိတ္ကုန္ေနၾကၿပီျဖစ္ၿပီး ဒီေန႔ပြဲမွာလည္း မလိုအပ္ဘဲ ေဘာလုံးဆြဲေျပးေနတဲ့ ပုံစံကို အျပစ္တင္ခဲ့ၾကသလို ျပန္လည္ေရာင္းခ်ဖို႔ ေတာင္းဆိုေနၾက။

– လီဗာပူးလ္အသင္းသားေတြဟာ တစ္ပြဲလုံး စြမ္းေဆာင္ရည္အရ သူမွာၾကားထားတဲ့အတိုင္း အျမင့္ဆုံး အရွိန္အဟုန္နဲ႔ ကစားႏိုင္ခဲ့တယ္လို႔ နည္းျပ ယာဂန္ ကေလာ့ပ္က ေျပာၾကားလိုက္ၿပီး ခံစစ္မွာသာ ေမွ်ာ္မွန္းထားသေလာက္ စြမ္းေဆာင္ရည္ မျမင့္မားခဲ့တာျဖစ္ေပမယ့္ လက္ခံႏိုင္စရာေတာ့ ရွိခဲ့ေၾကာင္း သုံးသပ္။

– လီဗာပူးလ္အသင္းအေနနဲ႔ နာပိုလီေနာက္ခံလူ နီကိုလာ မကၠဇင္မိုဗစ္ခ်္ကို ေခၚယူဖို႔ ခ်ိတ္ဆက္ေနတယ္လို႔ သိရၿပီး ေႏြရာသီမွာ စာခ်ဳပ္ ကုန္ဆုံးမယ့္ ဆားဘီးယားလက္ေ႐ြးစင္အတြက္ ေနပယ္လ္ကလပ္အသင္းဘက္က ေပါင္ ၉ သန္း ေတာင္းဆိုထားတယ္လို႔ သိရ။

– နည္းျပ ယာဂန္ ကေလာ့ပ္နဲ႔ ေဒါ့မြန္မွာ လက္တြဲခဲ့ဖူးတဲ့ နီဗင္ ဆူဘိုတစ္ခ်္၊ နာပိုလီက ခ်ိတ္ဆက္ေနတဲ့ နီကိုလာ မကၠဇင္မိုဗစ္ခ်္တို႔လို ဆားဘီးယားသားေတြကို မရရွိခဲ့ဘူးဆိုရင္ အရန္အစီအစဥ္အျဖစ္ အေရးေပၚေခၚယူဖို႔ အာဆင္နယ္အသင္းနဲ႔ စာခ်ဳပ္ဖ်က္သိမ္းႏိုင္ေျခ ရွိေနတဲ့ ရွကိုဒရန္ မူစတာဖီကို လီဗာပူးလ္တို႔ ေစာင့္ၾကည့္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.