Premier League

နည်းပြတွေ ဖြုတ်နေရရင်ပျော်နေတဲ့ အေဘရာမိုဗစ်ချ်ကို မကြောက်ဘူးလို့ စိန်ခေါ်ခဲ့တဲ့ တူဟယ်

ချဲလ်ဆီးအသင်းနည်းပြသစ် သောမတ်စ် တူဟယ်က ချဲလ်ဆီးအသင်းမှာ ၎င်းရဲ့အောင်မြင်မှုနဲ့ သက်တမ်းကြာရှည်မှုနဲ့ပတ်သက်ပြီး စိုးရိမ်ပူပင်နေခြင်းမရှိဘဲ အသင်းအတွက် ယူဆောင်ပေးမယ့် ဆုဖလားတွေက အဆုံးအဖြတ်ပေးလိမ့်မယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

သောမတ်စ် တူဟယ်က ကြာသပတေးနေ့မှာ ရိုမန် အေဘရာမိုဗစ်ချ်ရဲ့ ၁၈ နှစ်တာ သက်တမ်းအတွင်း ၁၅ ဦးမြောက် ချဲလ်ဆီးနည်းပြအဖြစ် တရားဝင်ထုတ်ဖော်ကြေညာခြင်းခံခဲ့ရသူဖြစ်ပြီး တူဟယ်က ဘယ်သူကမှ ၎င်းကို စတန်းဖို့ဒ်ဘရစ်ဂျ်မှာ ကြာကြာရှိနေလိမ့်မယ်လို့ မမျှော်လင့်မှန်းထားတာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

“နည်းပြတွေနဲ့ ချဲလ်ဆီးရဲ့ သမိုင်းကြောင်းကြောင့် ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ကျွန်တော် ကြာကြာ နေရမှာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်တော် ကြာကြာမနေရဘူးဆိုရင်လည်း ကြာကြာမနေရဘူးပေါ့”

“ကျွန်တော့် အာရုံစူးစိုက်မှုကို ဆုံးရှုံးလို့မရပါဘူး။ အမြင့်မားဆုံးအဆင့်မှာ ချဲလ်ဆီးအတွက် သီးသန့်ပဲ မဟုတ်ပါဘူး။ ခင်ဗျားမှာ အချိန်ရှိမှာမဟုတ်ပါဘူး။ ကျွန်တော် အခုအချိန်မျာ အချိန်နဲ့့တ်သက်ပြီး မပြောချင်ပါဘူး။ ဘာလို့ဠဲဆိုတော့ တနင်္ဂနွေနေ့မှာ ကစားရမယ့်ပွဲ ရှိနေလို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနဲ့ ၁၁ မှတ်အကွာ အဆင့် ၈ နေရာမှာ ရပ်တည်နေရတာဖြစ်ပြီး တူဟယ်က ယခုရာသီမှာ ချဲလ်ဆီးအသင်း ဖလားရနိုင်ခြေနဲ့ပတ်သက်ပြီး ငြင်းဆိုခဲ့တာဖြစ်ပါတယ်။ သောမတ်စ် တူဟယ်က ပရီးမီးယားလိဂ်ဖလားအစား ထိပ်ဆုံးလေးနေရာဝင်ဖို့၊ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားတွေရရှိဖို့ ပစ်မှတ်ထားသွားမှာဖြစ်ပေမယ့် နည်းပြတွေ ထုတ်နေရရင် ပျော်ရွှင်နေတဲ့ အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ကိုတော့ ကြောက်ရွံ့နေခြင်းမရှိတာဖြစ်ပါတယ်။

“ချဲလ်ဆီးက ခေါ်ပြီးတော့ ခင်ဗျားက လက်ခံဖို့ ဆုံးဖြတ်လိုက်ရင် ခင်ဗျား ဘာအတွက် ဒီမှာရောက်နေတာလဲဆိုတာ သိမှာပါ။ ခင်ဗျား ဆုဖလား ဆာလောင်မှုအတွက် လက်မှတ်ရေးထိုးခဲ့တာပါ။ အဲဒါကို အားလုံးသိအောင် ပြောတာ ပိုကောင်းပြီး ဘာမှ ကြောက်ရွံ့နေစရာလည်း မလိုပါဘူး”

“အဲဒါက ကျွန်တော့်ကို မကြောက်ရွံ့စေပါဘူး။ ကျွန်တော်တို့မှာ ကြီးမားတဲ့ ရည်မှန်းချက်တွေရှိတယ်။ ကျွန်တော် အဲဒါကို ကိုယ့်ဘာသာ လုပ်မှာပါ။ အချိန်တစ်ခုမှာ အားလုံးက ရလဒ်ကောင်းတွေ မျှော်မှန်းထားမှာပါ။ ချဲလ်ဆီးက ရလဒ်ကောင်းတွေ ရရှိရမယ့် အသင်းပဲ”

“အသင်းရဲ့ ဒီအင်န်အေက အနိုင်ရရှိဖို့နဲ့ ဆုဖလားတွေ ရရှိဖိုပဲ။ ကျွန်တော် ဒီမှာ ဆုဖလားအားလုံးကို စိန်ခေါ်ဖို့နဲ့ ဒီနှစ်မှာ လက်တွေ့ဆန်ဆန် ကြည့်မယ်ဆိုရင် ချန်ပီယံလိဂ်နဲ့အက်ဖ်အေဖလားပဲ”လို့ ပြောကြားခဲ့ပါတယ်။ လာမယ့် ရာသီမှာတော့ ချဲလ်ဆီးအသင်းအနေနဲ့ ပရီးမီးယားလိဂ်ဖလားအတွက် ယှဉ်ပြိုင်နိုင်တဲ့ အခြေအနေမျိုးမှာ ရှိနေမှရမယ်လို့ သောမတ်စ် တူဟယ်က ဝန်ခံပြောကြားခဲ့ပါတယ်။

“ဖြုန်းတီးစရာ အချိန်မရှိပါဘူး။ နောက်ဆုံးအနေနဲ့ လာမယ့်ရာသီအစမှာ ကျွန်တော်တို့ မန်စီးတီး၊ လီဗာပူးလ်တို့နဲ့ ကွာဟမှုကို နီးစပ်သြွးအောင် လုပ်ဖို့ အဆင်သင့်ဖြစ်နေချင်ပါတယ်။ ကျွန်တော်တို့ အိပ်မက်အတိုင်း ဖြစ်လာဖို့ အကောင်းဆုံးကို ကျွန်တော်တို့ လုပ်သွားမယ်ဆိုတာ ခင်ဗျား လုံးဝ သေချာစိတ်ထားလို့ရနိုင်ပါတယ်။ ကျွန်တော်တို့ မလုပ်နိုင်ခဲ့တဲ့ အကြောင်းအရင်းများရှိရင် ခင်ဗျားကို အကြောင်းအရင်းတွေကို ပြောပြမှာပါ”

“အဲဒါက ဆင်ခြေလို့ ခင်ဗျား ထင်နေရင်၊ ဘုတ်အဖွဲ့က မပျော်မရွှင်ဖြစ်နေရင် ‘သူ ပြောနေတာ အမှန်တရားမဟုတ်ဘူး’လို့ တွေးနေမယ်ဆိုရင် ဟုတ်ပြီ၊ ဒါပဲလေ။ အကြောင်းအရင်းတွေက ကြောင်းကျိုးဆီလျော်ရင် ကျွန်တော်တို့ နောက်ထပ်တစ်ကြိမ် ကြိုးစားလို့ရပါတယ်။ အဲဒါက အရေးကြီးဆုံးပဲ။ ကျွန်တော်တို့ ဘာအတွက် တိုက်ပွဲဝင်နေတာလဲဆိုတာ ပိုပြီး သိစေချင်ပါတယ်”လို့ ပြောကြားသွားပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးအသင္းနည္းျပသစ္ ေသာမတ္စ္ တူဟယ္က ခ်ဲလ္ဆီးအသင္းမွာ ၎ရဲ့ေအာင္ျမင္မႈနဲ႔ သက္တမ္းၾကာရွည္မႈနဲ႔ပတ္သက္ၿပီး စိုးရိမ္ပူပင္ေနျခင္းမရွိဘဲ အသင္းအတြက္ ယူေဆာင္ေပးမယ့္ ဆုဖလားေတြက အဆုံးအျဖတ္ေပးလိမ့္မယ္လို႔ ဝန္ခံေျပာၾကားခဲ့ပါတယ္။

ေသာမတ္စ္ တူဟယ္က ၾကာသပေတးေန႔မွာ ရိုမန္ ေအဘရာမိုဗစ္ခ်္ရဲ့ ၁၈ ႏွစ္တာ သက္တမ္းအတြင္း ၁၅ ဦးေျမာက္ ခ်ဲလ္ဆီးနည္းျပအျဖစ္ တရားဝင္ထုတ္ေဖာ္ေၾကညာျခင္းခံခဲ့ရသူျဖစ္ၿပီး တူဟယ္က ဘယ္သူကမွ ၎ကို စတန္းဖို႔ဒ္ဘရစ္ဂ်္မွာ ၾကာၾကာရွိေနလိမ့္မယ္လို႔ မေမၽွာ္လင့္မွန္းထားတာ ျဖစ္ေကာင္းျဖစ္နိုင္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“နည္းျပေတြနဲ႔ ခ်ဲလ္ဆီးရဲ့ သမိုင္းေၾကာင္းေၾကာင့္ ျဖစ္ေကာင္း ျဖစ္ပါလိမ့္မယ္။ ကၽြန္ေတာ္ ၾကာၾကာ ေနရမွာျဖစ္ေကာင္းျဖစ္နိုင္ပါတယ္။ ကၽြန္ေတာ္ ၾကာၾကာမေနရဘူးဆိုရင္လည္း ၾကာၾကာမေနရဘူးေပါ့”

“ကၽြန္ေတာ့္ အာ႐ုံစူးစိုက္မႈကို ဆုံးရႈံးလို႔မရပါဘူး။ အျမင့္မားဆုံးအဆင့္မွာ ခ်ဲလ္ဆီးအတြက္ သီးသန႔္ပဲ မဟုတ္ပါဘူး။ ခင္ဗ်ားမွာ အခ်ိန္ရွိမွာမဟုတ္ပါဘူး။ ကၽြန္ေတာ္ အခုအခ်ိန္မ်ာ အခ်ိန္နဲ႔့တ္သက္ၿပီး မေျပာခ်င္ပါဘူး။ ဘာလို႔ဠဲဆိုေတာ့ တနဂၤေႏြေန႔မွာ ကစားရမယ့္ပြဲ ရွိေနလို႔ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ လက္ရွိအခ်ိန္မွာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးနဲ႔ ၁၁ မွတ္အကြာ အဆင့္ ၈ ေနရာမွာ ရပ္တည္ေနရတာျဖစ္ၿပီး တူဟယ္က ယခုရာသီမွာ ခ်ဲလ္ဆီးအသင္း ဖလားရနိုင္ေျခနဲ႔ပတ္သက္ၿပီး ျငင္းဆိုခဲ့တာျဖစ္ပါတယ္။ ေသာမတ္စ္ တူဟယ္က ပရီးမီးယားလိဂ္ဖလားအစား ထိပ္ဆုံးေလးေနရာဝင္ဖို႔၊ ခ်န္ပီယံလိဂ္နဲ႔ အက္ဖ္ေအဖလားေတြရရွိဖို႔ ပစ္မွတ္ထားသြားမွာျဖစ္ေပမယ့္ နည္းျပေတြ ထုတ္ေနရရင္ ေပ်ာ္ရႊင္ေနတဲ့ အသင္းပိုင္ရွင္ ေအဘရာမိုဗစ္ခ်္ကိုေတာ့ ေၾကာက္ရြံ့ေနျခင္းမရွိတာျဖစ္ပါတယ္။

“ခ်ဲလ္ဆီးက ေခၚၿပီးေတာ့ ခင္ဗ်ားက လက္ခံဖို႔ ဆုံးျဖတ္လိုက္ရင္ ခင္ဗ်ား ဘာအတြက္ ဒီမွာေရာက္ေနတာလဲဆိုတာ သိမွာပါ။ ခင္ဗ်ား ဆုဖလား ဆာေလာင္မႈအတြက္ လက္မွတ္ေရးထိုးခဲ့တာပါ။ အဲဒါကို အားလုံးသိေအာင္ ေျပာတာ ပိုေကာင္းၿပီး ဘာမွ ေၾကာက္ရြံ့ေနစရာလည္း မလိုပါဘူး”

“အဲဒါက ကၽြန္ေတာ့္ကို မေၾကာက္ရြံ့ေစပါဘူး။ ကၽြန္ေတာ္တို႔မွာ ႀကီးမားတဲ့ ရည္မွန္းခ်က္ေတြရွိတယ္။ ကၽြန္ေတာ္ အဲဒါကို ကိုယ့္ဘာသာ လုပ္မွာပါ။ အခ်ိန္တစ္ခုမွာ အားလုံးက ရလဒ္ေကာင္းေတြ ေမၽွာ္မွန္းထားမွာပါ။ ခ်ဲလ္ဆီးက ရလဒ္ေကာင္းေတြ ရရွိရမယ့္ အသင္းပဲ”

“အသင္းရဲ့ ဒီအင္န္ေအက အနိုင္ရရွိဖို႔နဲ႔ ဆုဖလားေတြ ရရွိဖိုပဲ။ ကၽြန္ေတာ္ ဒီမွာ ဆုဖလားအားလုံးကို စိန္ေခၚဖို႔နဲ႔ ဒီႏွစ္မွာ လက္ေတြ႕ဆန္ဆန္ ၾကည့္မယ္ဆိုရင္ ခ်န္ပီယံလိဂ္နဲ႔အက္ဖ္ေအဖလားပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။ လာမယ့္ ရာသီမွာေတာ့ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ပရီးမီးယားလိဂ္ဖလားအတြက္ ယွဥ္ၿပိဳင္နိုင္တဲ့ အေျခအေနမ်ိဳးမွာ ရွိေနမွရမယ္လို႔ ေသာမတ္စ္ တူဟယ္က ဝန္ခံေျပာၾကားခဲ့ပါတယ္။

“ျဖဳန္းတီးစရာ အခ်ိန္မရွိပါဘူး။ ေနာက္ဆုံးအေနနဲ႔ လာမယ့္ရာသီအစမွာ ကၽြန္ေတာ္တို႔ မန္စီးတီး၊ လီဗာပူးလ္တို႔နဲ႔ ကြာဟမႈကို နီးစပ္ႂသြးေအာင္ လုပ္ဖို႔ အဆင္သင့္ျဖစ္ေနခ်င္ပါတယ္။ ကၽြန္ေတာ္တို႔ အိပ္မက္အတိုင္း ျဖစ္လာဖို႔ အေကာင္းဆုံးကို ကၽြန္ေတာ္တို႔ လုပ္သြားမယ္ဆိုတာ ခင္ဗ်ား လုံးဝ ေသခ်ာစိတ္ထားလို႔ရနိုင္ပါတယ္။ ကၽြန္ေတာ္တို႔ မလုပ္နိုင္ခဲ့တဲ့ အေၾကာင္းအရင္းမ်ားရွိရင္ ခင္ဗ်ားကို အေၾကာင္းအရင္းေတြကို ေျပာျပမွာပါ”

“အဲဒါက ဆင္ေျခလို႔ ခင္ဗ်ား ထင္ေနရင္၊ ဘုတ္အဖြဲ႕က မေပ်ာ္မရႊင္ျဖစ္ေနရင္ ‘သူ ေျပာေနတာ အမွန္တရားမဟုတ္ဘူး’လို႔ ေတြးေနမယ္ဆိုရင္ ဟုတ္ၿပီ၊ ဒါပဲေလ။ အေၾကာင္းအရင္းေတြက ေၾကာင္းက်ိဳးဆီေလ်ာ္ရင္ ကၽြန္ေတာ္တို႔ ေနာက္ထပ္တစ္ႀကိမ္ ႀကိဳးစားလို႔ရပါတယ္။ အဲဒါက အေရးႀကီးဆုံးပဲ။ ကၽြန္ေတာ္တို႔ ဘာအတြက္ တိုက္ပြဲဝင္ေနတာလဲဆိုတာ ပိုၿပီး သိေစခ်င္ပါတယ္”လို႔ ေျပာၾကားသြားပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.