Premier League

28 Jan နံနက်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

-မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ဒီမီတာဘာဘာတော့ဗ်က ဖရန့်လမ်းပတ်ဟာ ချဲလ်ဆီးအသင်းမှာ လုံလောက်တဲ့အချိန်ပေးခြင်း မခံခဲ့ရဘူးလို့ ယုံကြည်နေပြီး ယူနိုက်တက်နည်းပြ ဆိုးလ်ရှားနဲ့ လမ်းပတ်တို့ဟာ အသင်းဂန္တဝင်ဖြစ်တာချင်းတူညီနေတာကို နှိုင်းယှဉ်ခဲ့ပြီး ဆိုးလ်ရှားက ရလဒ်ကောင်းလိုက်၊ ဆိုးလိုက်ဖြစ်နေတဲ့အချိန်မှာ ရာထူးကနေ ပြုတ်တော့မယ့်အခြေအနေကနေ လက်ရှိမှာ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နေပြီဖြစ်တယ်လို့ ပြောကြားခဲ့။

-ချဲလ်ဆီး လူငယ်ကွင်းလယ်ကြယ်ပွင့် ဘီလီ ဂီးလ်မိုးဟာ ယူရိုပြိုင်ပွဲအတွက် စကော့တလန်လက်ရွေးစင်အသင်းလူစာရင်းမှာ တစ်နေရာအခိုင်အမာရရှိဖို့ ကြိုးပမ်းချင်တာကြောင့် အငှားနဲ့ အသင်းကနေ ထွက်ခွာခွင့် ပြုဖို့အတွက် ချဲလ်ဆီးကို တောင်းဆိုခဲ့တယ်လို့ သိရပြီး နည်းပြသစ် သောမတ်စ် တူဟယ်ဟာ ကန်တေနဲ့ ဂျော်ဂျင်ညိုတို့ကို ပုံမှန်ပွဲထွက်ခွင့် ပိုမိုပေးအပ်သွားမှာဖြစ်တာကြောင့် ၎င်းရဲ့ ပွဲထွက်ခွင့်က ပိုပြီး အကန့်အသတ်နဲ့ ရှိလာမှာဖြစ်တာကြောင့် အသင်းကနေ ထွက်ခွာချင်နေတာဖြစ်တယ်လို့ သိရ။

-ချဲလ်ဆီး တောင်ပံကြယ်ပွင့် ဟတ်ဒ်ဆန်-အိုဒွိုင်းက ဝုဗ်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်မှာ ဖြတ်တင်ဘော ၇ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သလို ချဲလ်ဆီးအသင်းလူစာရင်းထဲမှာ အကောင်းဆုံးကစားနိုင်ခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပြီး နည်းပြသစ် သောမတ်စ် တူဟယ်လက်အောက်မှာ ပွဲကို ချဉ်းကပ်ခဲ့တဲ့ပုံစံအရ ချဲလ်ဆီးအသင်းက အနိုင် ၃ မှတ်ကို ရရှိခဲ့သင့်တယ်လို့ ခံစားနေရကြောင်း Stadium Astro က ဖော်ပြခဲ့။

-ချဲလ်ဆီး နည်းပြသစ် သောမတ်စ် တူဟယ်ဟာ ချဲလ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ်ဆုဖလား ရရှိနိုင်မယ့် အခွင့်အရေးဘယ်လောက်ရှိလဲလို့ မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ ၎င်းနဲ့ ၎င်းရဲ့အသင်းဟာ လက်တွေ့ဆန်ဆန် စဉ်းစားဖို့ လိုအပ်တယ်လို့ ဝန်ခံပြောကြားခဲ့ပေမယ့် ယခုရာသီ ထိပ်ဆုံး ၄ နေရာဝင်ဖို့က လက်ခံနိုင်စရာ ရလဒ်ဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့ပြီး အဆင့် ၄ နေရာနဲ့ ချဲလ်ဆီးအသင်းကြားမှာ အသင်းပေါင်းများစွာနဲ့ အမှတ်ပေါင်းများစွာ ကွာဟနေတယ်လို့ ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရီယို ဖာဒီနန်က ချဲလ်ဆီးနည်းပြသစ် သောမတ်စ် တူဟယ်ဟာ ၎င်းရဲ့ ပွဲဦးထွက်ပွဲစဉ်ဖြစ်တဲ့ ဝုဗ်အသင်းနဲ့ပွဲစဉ်မှာ ဂိုးမရှိသရေကျခဲ့ပြီးနောက် ချဲလ်ဆီးနည်းပြအဖြစ်နဲ့ လုပ်ဆောင်စရာ အလုပ်တွေ အများကြီးရှိတယ်လို့ ယုံကြည်နေပြီး တိုက်စစ်မှာ အဓိက ဖန်တီးနိုင်စွမ်းရှိသလို ခံစစ်ပိုင်းကိုလည်း ဇွဲရှိရှိ ဆင်းကစားခဲ့တဲ့ ဟတ်ဒ်ဆန်-အိုဒွိုင်းရဲ့ခြေစွမ်းကို မြင်တွေ့ဖူးသမျှထဲမှာ အကောင်းဆုံးလို့ ခံစားခဲ့ရပြီး တူဟယ်အနေနဲ့ ပူလီရှစ်နဲ့ မေဆင်မောင့်တို့ကိုလည်း လေ့လာနိုင်လိမ့်မယ်လို့ ခံစားရကြောင်း ပြောကြားခဲ့။

-အင်္ဂလန်ဂန္တဝင်တိုက်စစ်မှူး ပီတာ ခရောက်ချ်က ချဲလ်ဆီအသင်းရဲ့ ကြီးမားတဲ့ငွေကြေးပမာဏနဲ့ ခေါ်ယူမှုဖြစ်ခဲ့တဲ့ ကစားသမားတွေဆီကနေ အကောင်းဆုံးပုံစံရရှိအောင် လုပ်နိုင်စွမ်းမရှိခဲ့တာက နည်းပြ ဖရန့်လမ်းပတ် ထုတ်ပယ်ခံရမှုရဲ့ နောက်ကွယ်က အဓိကအကြောင်းအရင်းဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ဥပမာ ပေါင်သန်း ၇၀ ပေးချေခဲ့ရတဲ့ ကီပါဆီကနေ အကောင်းဆုံးပုံစံကို ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ဘူးလို့ အသင်းပိုင်ရှင်က တွေးပြီး ရာထူးကနေ ထုတ်ပယ်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့။

-ချဲလ်ဆီးအသင်းဟာ နည်းပြသစ် သောမတ်စ် တူဟယ် ပထမဆုံးကိုင်တွယ်ခဲ့တဲ့ ဝုဗ်အသင်းနဲ့ပွဲစဉ်မှာ ဂိုးမရှိသရေကျခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ်စံချိန် ၂ ခုကို ချိုးဖျက်နိုင်ခဲ့တယ်လို့ သိရပြီး ၂၀၀၃-၂၀၀၄ ရာသီကစတင်ပြီး စံချိန်တွေကို မှတ်တမ်းတင်ထားခဲ့ရာမှာ ဘောလုံးပိုင်ဆိုင်မှု ၇၈.၉ ရာခိုင်နှုန်းနဲ့ ဘောလုံးပေးပို့မှု ၈၂၀ ကြိမ် ပြုလုပ်နိုင်ခဲ့တာဟာ နည်းပြသစ်တစ်ဦးရဲ့ ပထမဆုံးပရီးမီးယားလိဂ်ပွဲစဉ်မှာ အများဆုံးပြုလုပ်နိုင်ခဲ့တဲ့ အရေအတွက်ဖြစ်တယ်လို့ သိရ။

-ချဲလ်ဆီးအသင်းနည်းပြသစ် သောမတ်စ် တူဟယ်က စတန်းဖို့ဒ်ဘရစ်ဂျ်မှာ ကန်တေနဲ့ အလုပ်အတူတူ လုပ်ခွင့်ရရှိတာကို ပျော်ရွှင်နေတာကြောင့် ပြင်သစ်ကွင်းလယ်ကြယ်ပွင့်ကစားသမားနဲ့ လာမယ့်နှစ်ပေါင်းများစွာအထိ အလုပ်အတူတူ တွဲလုပ်ချင်တယ်လို့ ဝန်ခံပြောကြားခဲ့ပြီး တံကောက်ကြောဒဏ်ရာရရှိနေတဲ့ ကန်တေဟာ မကြာမီအချိန်အတွင်း ချဲလ်ဆီးအတွက် ပြန်လည်ကစားပေးနိုင်လိမ့်မယ်လို့ သိရ။

-ချဲလ်ဆီးအသင်း ပရိသတ်တစ်ဦးဟာ ဝုဗ်အသင်းနဲ့ ချဲလ်ဆီးအသင်းတို့ ပွဲစဉ်မတိုင်မီ talkSPORTနဲ့ စကားပြောဆိုချိန်မှာ နည်းပြသစ် သောမတ်စ် တူဟယ်ကို ရာထူးကနေ ထုတ်ပယ်ဖို့ မယုံကြည်နိုင်ဖွယ် တောင်းဆိုခဲ့ပြီး မေဆင်မောင့်ကို ပွဲထွက်လူစာရင်းကနေ ထုတ်ပယ်ခဲ့သလို ဘီလီ ဂီးလ်မိုးကိုလည်း လူစာရင်းကနေ လုံးဝ ချန်လှပ်ခဲ့တဲ့အတွက် တူဟယ်ရဲ့ လူစာရင်းရွေးချယ်ပုံနဲ့ပတ်သက်ပြီး ဒေါသတကြီး တောင်းဆိုခဲ့တာဖြစ်တယ်လို့ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-မန္ခ်က္စတာယူနိုက္တက္တိုက္စစ္မႉးေဟာင္း ဒီမီတာဘာဘာေတာ့ဗ္က ဖရန႔္လမ္းပတ္ဟာ ခ်ဲလ္ဆီးအသင္းမွာ လုံေလာက္တဲ့အခ်ိန္ေပးျခင္း မခံခဲ့ရဘူးလို႔ ယုံၾကည္ေနၿပီး ယူနိုက္တက္နည္းၿပ ဆိုးလ္ရွားနဲ႔ လမ္းပတ္တို႔ဟာ အသင္းဂႏၲဝင္ျဖစ္တာခ်င္းတူညီေနတာကို ႏွိုင္းယွဥ္ခဲ့ၿပီး ဆိုးလ္ရွားက ရလဒ္ေကာင္းလိုက္၊ ဆိုးလိုက္ျဖစ္ေနတဲ့အခ်ိန္မွာ ရာထူးကေန ျပဳတ္ေတာ့မယ့္အေျခအေနကေန လက္ရွိမွာ ပရီးမီးယားလိဂ္ဖလားကို စိန္ေခၚေနၿပီျဖစ္တယ္လို႔ ေျပာၾကားခဲ့။

-ခ်ဲလ္ဆီး လူငယ္ကြင္းလယ္ၾကယ္ပြင့္ ဘီလီ ဂီးလ္မိုးဟာ ယူရိုၿပိဳင္ပြဲအတြက္ စေကာ့တလန္လက္ေရြးစင္အသင္းလူစာရင္းမွာ တစ္ေနရာအခိုင္အမာရရွိဖို႔ ႀကိဳးပမ္းခ်င္တာေၾကာင့္ အငွားနဲ႔ အသင္းကေန ထြက္ခြာခြင့္ ျပဳဖို႔အတြက္ ခ်ဲလ္ဆီးကို ေတာင္းဆိုခဲ့တယ္လို႔ သိရၿပီး နည္းျပသစ္ ေသာမတ္စ္ တူဟယ္ဟာ ကန္ေတနဲ႔ ေဂ်ာ္ဂ်င္ညိဳတို႔ကို ပုံမွန္ပြဲထြက္ခြင့္ ပိုမိုေပးအပ္သြားမွာျဖစ္တာေၾကာင့္ ၎ရဲ့ ပြဲထြက္ခြင့္က ပိုၿပီး အကန႔္အသတ္နဲ႔ ရွိလာမွာျဖစ္တာေၾကာင့္ အသင္းကေန ထြက္ခြာခ်င္ေနတာျဖစ္တယ္လို႔ သိရ။

-ခ်ဲလ္ဆီး ေတာင္ပံၾကယ္ပြင့္ ဟတ္ဒ္ဆန္-အိုဒြိဳင္းက ဝုဗ္အသင္းနဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့ပြဲစဥ္မွာ ျဖတ္တင္ေဘာ ၇ ႀကိမ္အထိ ျပဳလုပ္နိုင္ခဲ့သလို ခ်ဲလ္ဆီးအသင္းလူစာရင္းထဲမွာ အေကာင္းဆုံးကစားနိုင္ခဲ့တာ ျဖစ္ေကာင္းျဖစ္နိုင္ၿပီး နည္းျပသစ္ ေသာမတ္စ္ တူဟယ္လက္ေအာက္မွာ ပြဲကို ခ်ဥ္းကပ္ခဲ့တဲ့ပုံစံအရ ခ်ဲလ္ဆီးအသင္းက အနိုင္ ၃ မွတ္ကို ရရွိခဲ့သင့္တယ္လို႔ ခံစားေနရေၾကာင္း Stadium Astro က ေဖာ္ျပခဲ့။

-ခ်ဲလ္ဆီး နည္းျပသစ္ ေသာမတ္စ္ တူဟယ္ဟာ ခ်ဲလ္ဆီးအသင္းရဲ့ ပရီးမီးယားလိဂ္ဆုဖလား ရရွိနိုင္မယ့္ အခြင့္အေရးဘယ္ေလာက္ရွိလဲလို႔ ေမးျမန္းျခင္းခံခဲ့ရတဲ့အခ်ိန္မွာ ၎နဲ႔ ၎ရဲ့အသင္းဟာ လက္ေတြ႕ဆန္ဆန္ စဥ္းစားဖို႔ လိုအပ္တယ္လို႔ ဝန္ခံေျပာၾကားခဲ့ေပမယ့္ ယခုရာသီ ထိပ္ဆုံး ၄ ေနရာဝင္ဖို႔က လက္ခံနိုင္စရာ ရလဒ္ျဖစ္လိမ့္မယ္လို႔ ေျပာၾကားခဲ့ၿပီး အဆင့္ ၄ ေနရာနဲ႔ ခ်ဲလ္ဆီးအသင္းၾကားမွာ အသင္းေပါင္းမ်ားစြာနဲ႔ အမွတ္ေပါင္းမ်ားစြာ ကြာဟေနတယ္လို႔ ေျပာၾကားခဲ့။

-မန္ခ်က္စတာယူနိုက္တက္ဂႏၲဝင္ ရီယို ဖာဒီနန္က ခ်ဲလ္ဆီးနည္းျပသစ္ ေသာမတ္စ္ တူဟယ္ဟာ ၎ရဲ့ ပြဲဦးထြက္ပြဲစဥ္ျဖစ္တဲ့ ဝုဗ္အသင္းနဲ႔ပြဲစဥ္မွာ ဂိုးမရွိသေရက်ခဲ့ၿပီးေနာက္ ခ်ဲလ္ဆီးနည္းျပအျဖစ္နဲ႔ လုပ္ေဆာင္စရာ အလုပ္ေတြ အမ်ားႀကီးရွိတယ္လို႔ ယုံၾကည္ေနၿပီး တိုက္စစ္မွာ အဓိက ဖန္တီးနိုင္စြမ္းရွိသလို ခံစစ္ပိုင္းကိုလည္း ဇြဲရွိရွိ ဆင္းကစားခဲ့တဲ့ ဟတ္ဒ္ဆန္-အိုဒြိဳင္းရဲ့ေျခစြမ္းကို ျမင္ေတြ႕ဖူးသမၽွထဲမွာ အေကာင္းဆုံးလို႔ ခံစားခဲ့ရၿပီး တူဟယ္အေနနဲ႔ ပူလီရွစ္နဲ႔ ေမဆင္ေမာင့္တို႔ကိုလည္း ေလ့လာနိုင္လိမ့္မယ္လို႔ ခံစားရေၾကာင္း ေျပာၾကားခဲ့။

-အဂၤလန္ဂႏၲဝင္တိုက္စစ္မႉး ပီတာ ခေရာက္ခ်္က ခ်ဲလ္ဆီအသင္းရဲ့ ႀကီးမားတဲ့ေငြေၾကးပမာဏနဲ႔ ေခၚယူမႈျဖစ္ခဲ့တဲ့ ကစားသမားေတြဆီကေန အေကာင္းဆုံးပုံစံရရွိေအာင္ လုပ္နိုင္စြမ္းမရွိခဲ့တာက နည္းၿပ ဖရန႔္လမ္းပတ္ ထုတ္ပယ္ခံရမႈရဲ့ ေနာက္ကြယ္က အဓိကအေၾကာင္းအရင္းျဖစ္တယ္လို႔ ေျပာၾကားခဲ့ၿပီး ဥပမာ ေပါင္သန္း ၇၀ ေပးေခ်ခဲ့ရတဲ့ ကီပါဆီကေန အေကာင္းဆုံးပုံစံကို ရရွိေအာင္ မစြမ္းေဆာင္နိုင္ခဲ့ဘူးလို႔ အသင္းပိုင္ရွင္က ေတြးၿပီး ရာထူးကေန ထုတ္ပယ္ခဲ့တာျဖစ္တယ္လို႔ ေျပာၾကားခဲ့။

-ခ်ဲလ္ဆီးအသင္းဟာ နည္းျပသစ္ ေသာမတ္စ္ တူဟယ္ ပထမဆုံးကိုင္တြယ္ခဲ့တဲ့ ဝုဗ္အသင္းနဲ႔ပြဲစဥ္မွာ ဂိုးမရွိသေရက်ခဲ့ေပမယ့္လည္း ပရီးမီးယားလိဂ္စံခ်ိန္ ၂ ခုကို ခ်ိဳးဖ်က္နိုင္ခဲ့တယ္လို႔ သိရၿပီး ၂၀၀၃-၂၀၀၄ ရာသီကစတင္ၿပီး စံခ်ိန္ေတြကို မွတ္တမ္းတင္ထားခဲ့ရာမွာ ေဘာလုံးပိုင္ဆိုင္မႈ ၇၈.၉ ရာခိုင္ႏႈန္းနဲ႔ ေဘာလုံးေပးပို႔မႈ ၈၂၀ ႀကိမ္ ျပဳလုပ္နိုင္ခဲ့တာဟာ နည္းျပသစ္တစ္ဦးရဲ့ ပထမဆုံးပရီးမီးယားလိဂ္ပြဲစဥ္မွာ အမ်ားဆုံးျပဳလုပ္နိုင္ခဲ့တဲ့ အေရအတြက္ျဖစ္တယ္လို႔ သိရ။

-ခ်ဲလ္ဆီးအသင္းနည္းျပသစ္ ေသာမတ္စ္ တူဟယ္က စတန္းဖို႔ဒ္ဘရစ္ဂ်္မွာ ကန္ေတနဲ႔ အလုပ္အတူတူ လုပ္ခြင့္ရရွိတာကို ေပ်ာ္ရႊင္ေနတာေၾကာင့္ ျပင္သစ္ကြင္းလယ္ၾကယ္ပြင့္ကစားသမားနဲ႔ လာမယ့္ႏွစ္ေပါင္းမ်ားစြာအထိ အလုပ္အတူတူ တြဲလုပ္ခ်င္တယ္လို႔ ဝန္ခံေျပာၾကားခဲ့ၿပီး တံေကာက္ေၾကာဒဏ္ရာရရွိေနတဲ့ ကန္ေတဟာ မၾကာမီအခ်ိန္အတြင္း ခ်ဲလ္ဆီးအတြက္ ျပန္လည္ကစားေပးနိုင္လိမ့္မယ္လို႔ သိရ။

-ခ်ဲလ္ဆီးအသင္း ပရိသတ္တစ္ဦးဟာ ဝုဗ္အသင္းနဲ႔ ခ်ဲလ္ဆီးအသင္းတို႔ ပြဲစဥ္မတိုင္မီ talkSPORTနဲ႔ စကားေျပာဆိုခ်ိန္မွာ နည္းျပသစ္ ေသာမတ္စ္ တူဟယ္ကို ရာထူးကေန ထုတ္ပယ္ဖို႔ မယုံၾကည္နိုင္ဖြယ္ ေတာင္းဆိုခဲ့ၿပီး ေမဆင္ေမာင့္ကို ပြဲထြက္လူစာရင္းကေန ထုတ္ပယ္ခဲ့သလို ဘီလီ ဂီးလ္မိုးကိုလည္း လူစာရင္းကေန လုံးဝ ခ်န္လွပ္ခဲ့တဲ့အတြက္ တူဟယ္ရဲ့ လူစာရင္းေရြးခ်ယ္ပုံနဲ႔ပတ္သက္ၿပီး ေဒါသတႀကီး ေတာင္းဆိုခဲ့တာျဖစ္တယ္လို႔ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.