Premier League

21 Jan – ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

-မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရီယိုဖာဒီနန်က မန်ချက်စတာယူနိုက်တက်ဟာ ဆုဖလားပြိုင်ပွဲအတွင်းမှာပဲ နေတော့မှာဖြစ်တယ်လို့ လီဗာပူးလ်အသင်းကို သတိပေးပြောကြားခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာ အပြောင်းအလဲသဘောသဘာဝအရ အစပိုင်းမှာ ထိပ်ဆုံးလေးနေရာအတွင်းသာ မှန်းထားတဲ့ ယူနိုက်တက်အနေနဲ့ အဆင့် ၁နေရာအတွက် တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေလိမ့်မယ်လို့ ပြောကြားခဲ့။

– ဝုဗ်တောင်ပံကစားသမား အဒါမာထရာအိုရေးကို လိဒ်စ်ယူနိုက်တက်က ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် ဈေးကြီးလွန်းတာကြောင့် ခေါ်ယူမှာမဟုတ်တော့ဘူးလို့ သတင်းတွေအရ သိရပြီး စပိန်သတင်းဌာန Sport ရဲဖော်ပြချက်အရ လီဗာပူးလ်အသင်းအနေနဲ့ ကာလရှည် စိတ်ဝင်စားနေတဲ့ ဒီကစားသမားကို ယခုဇန်နဝါရီမှာ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရကာ ဝုဗ်အသင်းကတော့ ဒီစပိန်တောင်ပံကစားသမားအတွက် အနည်းဆုံး ပေါင် ၃၅.၅သန်းလိုချင်နေ။

-လီဗာပူးလ်အသင်းဟာ ဂျမယ်လ် မူစီအာလာကို မန်ချက်စတာစီးတီး၊ မန်ချက်စတာယူနိုက်တက်အသင်းတို့နဲ့အတူ စောင့်ကြည့်နေတယ်လို့ Inside Futbol ရဲ့ ဖော်ပြချက်အရ သိရပြီး မူစီအာလာဟာ တစ်နှစ်လုပ်ခလစာ ယူရို ၅.၇ သန်းလိုချင်ပေမယ့် ဘိုင်ယန်မြူးနစ်က ပေးချေလိုခြင်းမရှိတာကြောင့် စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှုမရသေးတာဖြစ်တယ်လို့ သိရ။

-လီဗာပူးလ်အသင်းဟာ စာချုပ်သက်တမ်း ၆ လသာ ကျန်ရှိတော့ပေမယ့် အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ငြင်းပယ်ထားတဲ့ ဗိုင်နယ်လ်ဒွမ်ရဲ့ နေရာမှာ အစားထိုးခေါ်ယူမှုဖြစ်လာနိုင်ခြေရှိတဲ့ ပစ်မှတ် ၅ ဦးအထိ သတ်မှတ်ထားတယ်လို့ သိရပြီး ဘရိုက်တန်က ဘစ်ဆူးမား၊ ရှက်ဖီးက ဆန်ဒါ ဘာ့ဂျ်၊ လိုင်လီက ရီနာတို ဆန်းချက်စ်၊ အေဂျက်က ရိုင်ယန် ဂရေဗင်ဘာ့ချ်၊ ရန်းနက်စ်က ကမာဗင်ဂါတို့ဟာ လီဗာပူးလ်အသင်းအတွက် ဖြစ်နိုင်ဖွယ်ရွေးချယ်စရာဖြစ်တယ်လို့ ဖော်ပြခဲ့။

-လီဗာပူးလ်အသင်းနည်းပြ ယာဂင်ကလော့ပ်ဟာ အသင်းရဲ့အဓိကကစားသမားဖြစ်တဲ့ ဗန်ဒိုက်ရဲ့ ဒူးဒဏ်ရာ ပြန်လည်သက်သာလာမှုအခြေအနေဟာ အမှန်တကယ်ကို အလားအလာကောင်းနေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး ဒတ်ချ် နောက်ခံကစားသမားအနေနဲ့ လီဗာပူးလ်အသင်းအတွက် ယခုရာသီ မကုန်ခင်မှာ ပြန်လည်ကစားပေးသွားနိုင်ဖွယ်ရှိတဲ့ အရိပ်အယောင်မြင်တွေ့ခဲ့ရတယ်လို့ သိရ။

-လီဗာပူးလ်နောက်ခံကစားသမား ဂျိုယယ်လ် မာတစ်ပ်ဟာ ယနေ့ည ဘန်လေအသင်းနဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ လီဗာပူးလ်အသင်းရဲ့ အချိန်ပြည့်လေ့ကျင့်ရေးအစီအစဉ်မှာ ပါဝင်နိုင်ခဲ့တယ်လို့ နည်းပြ ယာဂင်ကလော့ပ်က ပြောကြားခဲ့ပြီး ဘန်လေအသင်းနဲ့ပွဲစဉ်အတွက် ပွဲထွက်လူစာရင်းမှာ ပါဝင်လာဖွယ်ရှိတယ်လို့  အရိပ်အမြွက် ပြောကြားခဲ့။

-လီဗာပူးလ် တိုက်စစ်မှူး ဒီယေဂို ဂျိုတာနဲ့ နောက်ခံကစားသမား ကွန်စတန်တီနို့စ် ဆီမီကတ်စ်တို့ဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့အတွက် ရုန်းကန်နေရဆဲဖြစ်ပေမယ့် လာမယ့်လ အစောပိုင်းမှာတော့ အသင်းအတွက် ပြန်လည်ပါဝင်ကစားပေးသွားဖို့အတွက် ပြင်ဆင်နေကြပြီလို့ 101 great goals ရဲ့ဖော်ပြချက်အရ သိရ။

-လီဗာပူးလ်ဂန္တဝင် ဂျွန်အောဒရစ်ဟာ ဝေဖန်မှုတွေ များစွာခံနေရတဲ့ လီဗာပူးလ်ကွင်းလယ်ကြယ်ပွင့် သီယာဂို အယ်လ်ကန်တာရာကို ယခုရာသီကုန်ကျမှသာ ၎င်းရဲ့ ခြေစွမ်းကို ဆုံးဖြတ်ကြဖို့ ပြောကြားခဲ့ပြီး မန်ချက်စတာယူနိုက်တက်နဲ့ပွဲအပြီးမှာ ထွက်ပေါ်လာခဲ့တဲ့ ဝေဖန်မှုတွေဟာ ပြင်းထန်လွန်းအားကြီးပြီး သီယာဂိုအပေါ်ကို အပြစ်ပုံချစရာ အကြောင်းမရှိဘူးလို့ ပြောကြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.