Match Report Premier League

အသင်းဟောင်း ချဲလ်ဆီးကို အနိုင်ဂိုးယူပေးတဲ့ ဒီဘရိုင်းနားကြောင့် ခိုင်သွားခဲ့တဲ့ စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဂိုးသမား အီဒါဆန်၊ ဝေါလ်ကာ၊ ဂျွန်စတုန်းစ်၊ လာပေါ့တ်နဲ့ ကန်ဆယ်လိုတို့ကို ခံစစ်မှာ ထားခဲ့ပြီး ကွင်းလယ်မှာတော့ ဒီဘရိုင်းနား၊ ဘာနာဒို ဆေးလ်ဗား၊ ရိုဒရီတို့နဲ့ အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ စတာလင်၊ ဂရီးလစ်ရှ်နဲ့ ဖိုဒန်တို့ ပါဝင်လာခဲ့တဲ့ သူတို့ရဲ့ တိုက်စစ်မှူး မသုံးတဲ့ ပုံစံနဲ့ပဲ ခင်းကျင်းလာခဲ့ပါတယ်။

ချဲလ်ဆီးတို့ကတော့ ဂိုးသမား ကီပါ၊ ရူဒီဂါ၊ သီယာဂို ဆေးလ်ဗား၊ မာလန်းဆားရ်၊ အက်ဇ်ပီလီကွေတာနဲ့ အလွန်ဆိုတို့ကို ခံစစ်မှာ ခင်းကျင်းခဲ့ပြီး ကွင်းလယ်မှာတော့ ဂျော်ဂျင်ညိုကို အရန်ခုံမှာ ထားခဲ့ပြီး ကွန်တေနဲ့ ကိုဗာချစ်တို့ ကစားခဲ့ကြသလို တိုက်စစ်မှာတော့ မေဆန်မောင့် ပါဝင်မလာဘဲ ဇီးယက်ရှ်၊ ပူလီရှစ်ချ်နဲ့ လူကာကူးတို့ ကစားခဲ့ကြပါတယ်။

ပွဲချိန် ၄ မိနစ်မှာ မန်စီးတီးတို့ တင်ပေးလိုက်တဲ့ ဘောလုံးကို ရှေ့တက်ရှင်းထုတ်တဲ့ ဂိုးသမား ကီပါရဲ့ ကန်ချက်က အက်ဇ်ပီလီကွေတာရဲ့ လက်နဲ့ ထိသွားခဲ့ပြီး ထောင့်ကန်ဘောဖြစ်ခဲ့ပေမယ့် အကျယ်အကျယ်မဖြစ်ခဲ့လို့ ချဲလ်ဆီးတို့ သက်သာခဲ့ရပြီး ပွဲချိန် ၇ မိနစ်မှာတော့ ညာတောင်ပံကနေ ထိုးဖောက်လာခဲ့တဲ့ စတာလင်ကို အလွန်ဆိုက ဆွဲချခဲ့မိလို့ အဝါထိခဲ့ပါတယ်။

မန်စီးတီးတို့ ဖိကစားနေခဲ့ပြီး ချဲလ်ဆီးတို့ တန်ပြန်တိုက်စစ်ကနေ ထိုးဖောက်ဖို့ ကြိုးစားခဲ့ပေမယ့် နှစ်သင်းစလုံး အပိုင်အခွင့်အရေးတွေကိုတော့ ဖန်တီးနိုင်ခြင်းမရှိခဲ့သလို ပွဲချိန် ၁၄ မိနစ်မှာတော့ ထောင့်ကန်ဘောကို အတိုပေးပြီး ယူလာတဲ့ စတာလင်ရဲ့ ဘယ်ခြမ်းက ဖြတ်တင်ဘောကို ဂျွန်စတုန်းစ် ခေါင်းတိုက်တာက ကီပါဆီပဲ တည့်တည့်ရောက်သွားခဲ့တာပါ။

ညာခြမ်းက စတာလင်ကို အလွန်ဆို မနိုင်ပေမယ့် မာလန်းဆားရ်က မျက်ခြေမပြတ် ထိန်းသိမ်းသွားနိုင်ခဲ့တာကတော့ ချဲလ်ဆီးတို့အတွက် အားတက်စရာဖြစ်ခဲ့ပြီး သူတို့တွေအနေနဲ့ မန်စီးတီးရဲ့ အကောင်သေးတဲ့ တိုက်စစ်သမားတွေကို ခပ်ကြမ်းကြမ်းပဲ ကိုင်တွယ်ခဲ့ကြသလို ပွဲချိန် ၃၉ မိနစ်မှာ ကိုဗာချစ်နဲ့ ဒီဘရိုင်းနား ဘောလုံးလုပြီး ပျက်တာကနေ ဂရီးလစ်ရှ် အပိုင်ကန်ခွင့်ရပေမယ့် လွဲချော်သွားခဲ့တာကြောင့် ပထမပိုင်းမှာ ဂိုးမရှိသရေပဲ ဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းစပြီး ၁ မိနစ်မှာ ဒီဘရိုင်းနား ချိုးပေးတာကို စတာလင် မပိတ်နိုင်ဘဲ လွဲချော်သွားခဲ့သလို ပွဲချိန် ၄၇ မိနစ်မှာတော့ လူကျွံထောင်ချောက်ကြားကနေ ဖောက်ထွက်ပြေးတဲ့ လူကာကူးက အီဒါဆန်နဲ့ တစ်ယောက်ချင်း ကန်သွင်းခွင့်ရခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ဂိုးသမား ပုတ်ထုတ်လို့ ပြန်ထွက်လာခဲ့တာကိုလည်း ဇီးယက်ရှ်က ဖြုန်းတီးပစ်ခဲ့တာပါ။

ပွဲချိန် ၅၅ မိနစ်မှာ ချဲလ်ဆီးဧရိယာထဲ စတာလင် လဲကျခဲ့ပေမယ့် သူ့ကို ဘောလုံးပေးခဲ့တဲ့ ဝေါ်လ်ကာ လူကျွံနေခဲ့တယ်ဆိုပြီး သတ်မှတ်ခဲ့သလို ပွဲချိန် ၆၃ မိနစ်မှာ ဂရီးလစ်ရှ်ကို အက်ဇ်ပီလီကွေတာနဲ့ ကွန်တေတို့ ဖျက်ပုံကြမ်းလို့ ရခဲ့တဲ့ ဖရီးကစ်ကိုလည်း ဒီဘရိုင်းနား ကန်သွင်းရာမှာ ကီပါက ပုတ်ထုတ်သွားနိုင်ခဲ့ပါတယ်။

ပွဲချိန် မိနစ် ၇၀ မှာတော့ ဒီပွဲအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို မန်စီးတီးတို့ ရယူနိုင်ခဲ့ပြီး ဘယ်ခြမ်းကနေ ထိုးပေးလိုက်တဲ့ ကန်ဆယ်လိုရဲ့ ဖန်တီးမှုကို ဒီဘရိုင်းနားက ကွန်တေ ဝင်ဖျက်တာကို တောင့်ခံရင်း ဧရိယာထိပ်ကနေ အဝေးကန်ချက်နဲ့ ကန်သွင်းမှုက ဒိုင်ပစ်တဲ့ ကီပါရဲ့ လက်ဖျားနဲ့ ဘောလုံး တစ်လုံးစာအနေအထားက လွတ်ပြီး ဝင်သွားခဲ့လို့ ချဲလ်ဆီးတို့ ဂိုးခွင့်ပြုခဲ့ရတာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ ချဲလ်ဆီးဘက်က လူစားဝင် တီမို ဗာနာ၊ ဟဒ်ဆန်-အိုဒွိုင်းနဲ့ မေဆန်မောင့်တို့တွေရဲ့ အင်အားနဲ့ ချေပဂိုး ရှာဖွေဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ အစ်တီဟတ်ကွင်းမှာ တစ်လုံးတည်းသော ပေးဂိုးနဲ့ပဲ လက်မြှောက်ခဲ့ရသလို ပွဲချိန်အပြည့်မှာတော့ မန်စီးတီးတို့အနေနဲ့ ၁၂ ပွဲဆက်တိုက် ပရီးမီးယားလိဂ်အနိုင်နဲ့ အောင်ပွဲခံနိုင်ခဲ့ပါတယ်။

ဒီပွဲရလဒ်ကြောင့် မန်ချက်စတာစီးတီးတို့အနေနဲ့ ချဲလ်ဆီးကို နှစ်ကျော့စလုံး တစ်ဂိုး-ဂိုးမရှိနဲ့ပဲ အနိုင်ရရှိခဲ့ပြီး ချန်ပီယံပြေးလမ်းကြောင်းပေါ်က ပြိုင်ဘက်ကို ၁၃ မှတ်ဖြတ်ပြီး ပြတ်သားစေနိုင်ခဲ့သလို ချဲလ်ဆီးတို့ကတော့ လီဗာပူးလ်ထက် နှစ်ပွဲပိုကစားထားချိန်မှာတောင် တစ်မှတ်သာ ပိုများနေလို့ အဆင့် ၃ ကို ပြန်ဆင်းပေးရဖို့ ရှိနေပြီး ဒီနေရာအတွက်ပါ ခြိမ်းခြောက်မှုတွေနဲ့ ကြုံရဖို့ ရှိလာခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဂိုးသမား အီဒါဆန္၊ ေဝါလ္ကာ၊ ဂြၽန္စတုန္းစ္၊ လာေပါ့တ္နဲ႔ ကန္ဆယ္လိုတို႔ကို ခံစစ္မွာ ထားခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဒီဘ႐ိုင္းနား၊ ဘာနာဒို ေဆးလ္ဗား၊ ႐ိုဒရီတို႔နဲ႔ အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ စတာလင္၊ ဂရီးလစ္ရွ္နဲ႔ ဖိုဒန္တို႔ ပါဝင္လာခဲ့တဲ့ သူတို႔ရဲ႕ တိုက္စစ္မႉး မသုံးတဲ့ ပုံစံနဲ႔ပဲ ခင္းက်င္းလာခဲ့ပါတယ္။

ခ်ဲလ္ဆီးတို႔ကေတာ့ ဂိုးသမား ကီပါ၊ ႐ူဒီဂါ၊ သီယာဂို ေဆးလ္ဗား၊ မာလန္းဆားရ္၊ အက္ဇ္ပီလီေကြတာနဲ႔ အလြန္ဆိုတို႔ကို ခံစစ္မွာ ခင္းက်င္းခဲ့ၿပီး ကြင္းလယ္မွာေတာ့ ေဂ်ာ္ဂ်င္ညိဳကို အရန္ခုံမွာ ထားခဲ့ၿပီး ကြန္ေတနဲ႔ ကိုဗာခ်စ္တို႔ ကစားခဲ့ၾကသလို တိုက္စစ္မွာေတာ့ ေမဆန္ေမာင့္ ပါဝင္မလာဘဲ ဇီးယက္ရွ္၊ ပူလီရွစ္ခ်္နဲ႔ လူကာကူးတို႔ ကစားခဲ့ၾကပါတယ္။

ပြဲခ်ိန္ ၄ မိနစ္မွာ မန္စီးတီးတို႔ တင္ေပးလိုက္တဲ့ ေဘာလုံးကို ေရွ႕တက္ရွင္းထုတ္တဲ့ ဂိုးသမား ကီပါရဲ႕ ကန္ခ်က္က အက္ဇ္ပီလီေကြတာရဲ႕ လက္နဲ႔ ထိသြားခဲ့ၿပီး ေထာင့္ကန္ေဘာျဖစ္ခဲ့ေပမယ့္ အက်ယ္အက်ယ္မျဖစ္ခဲ့လို႔ ခ်ဲလ္ဆီးတို႔ သက္သာခဲ့ရၿပီး ပြဲခ်ိန္ ၇ မိနစ္မွာေတာ့ ညာေတာင္ပံကေန ထိုးေဖာက္လာခဲ့တဲ့ စတာလင္ကို အလြန္ဆိုက ဆြဲခ်ခဲ့မိလို႔ အဝါထိခဲ့ပါတယ္။

မန္စီးတီးတို႔ ဖိကစားေနခဲ့ၿပီး ခ်ဲလ္ဆီးတို႔ တန္ျပန္တိုက္စစ္ကေန ထိုးေဖာက္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ ႏွစ္သင္းစလုံး အပိုင္အခြင့္အေရးေတြကိုေတာ့ ဖန္တီးႏိုင္ျခင္းမရွိခဲ့သလို ပြဲခ်ိန္ ၁၄ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာကို အတိုေပးၿပီး ယူလာတဲ့ စတာလင္ရဲ႕ ဘယ္ျခမ္းက ျဖတ္တင္ေဘာကို ဂြၽန္စတုန္းစ္ ေခါင္းတိုက္တာက ကီပါဆီပဲ တည့္တည့္ေရာက္သြားခဲ့တာပါ။

ညာျခမ္းက စတာလင္ကို အလြန္ဆို မႏိုင္ေပမယ့္ မာလန္းဆားရ္က မ်က္ေျခမျပတ္ ထိန္းသိမ္းသြားႏိုင္ခဲ့တာကေတာ့ ခ်ဲလ္ဆီးတို႔အတြက္ အားတက္စရာျဖစ္ခဲ့ၿပီး သူတို႔ေတြအေနနဲ႔ မန္စီးတီးရဲ႕ အေကာင္ေသးတဲ့ တိုက္စစ္သမားေတြကို ခပ္ၾကမ္းၾကမ္းပဲ ကိုင္တြယ္ခဲ့ၾကသလို ပြဲခ်ိန္ ၃၉ မိနစ္မွာ ကိုဗာခ်စ္နဲ႔ ဒီဘ႐ိုင္းနား ေဘာလုံးလုၿပီး ပ်က္တာကေန ဂရီးလစ္ရွ္ အပိုင္ကန္ခြင့္ရေပမယ့္ လြဲေခ်ာ္သြားခဲ့တာေၾကာင့္ ပထမပိုင္းမွာ ဂိုးမရွိသေရပဲ ျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းစၿပီး ၁ မိနစ္မွာ ဒီဘ႐ိုင္းနား ခ်ိဳးေပးတာကို စတာလင္ မပိတ္ႏိုင္ဘဲ လြဲေခ်ာ္သြားခဲ့သလို ပြဲခ်ိန္ ၄၇ မိနစ္မွာေတာ့ လူကြၽံေထာင္ေခ်ာက္ၾကားကေန ေဖာက္ထြက္ေျပးတဲ့ လူကာကူးက အီဒါဆန္နဲ႔ တစ္ေယာက္ခ်င္း ကန္သြင္းခြင့္ရခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ဘဲ ဂိုးသမား ပုတ္ထုတ္လို႔ ျပန္ထြက္လာခဲ့တာကိုလည္း ဇီးယက္ရွ္က ျဖဳန္းတီးပစ္ခဲ့တာပါ။

ပြဲခ်ိန္ ၅၅ မိနစ္မွာ ခ်ဲလ္ဆီးဧရိယာထဲ စတာလင္ လဲက်ခဲ့ေပမယ့္ သူ႔ကို ေဘာလုံးေပးခဲ့တဲ့ ေဝၚလ္ကာ လူကြၽံေနခဲ့တယ္ဆိုၿပီး သတ္မွတ္ခဲ့သလို ပြဲခ်ိန္ ၆၃ မိနစ္မွာ ဂရီးလစ္ရွ္ကို အက္ဇ္ပီလီေကြတာနဲ႔ ကြန္ေတတို႔ ဖ်က္ပုံၾကမ္းလို႔ ရခဲ့တဲ့ ဖရီးကစ္ကိုလည္း ဒီဘ႐ိုင္းနား ကန္သြင္းရာမွာ ကီပါက ပုတ္ထုတ္သြားႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၇၀ မွာေတာ့ ဒီပြဲအတြက္ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို မန္စီးတီးတို႔ ရယူႏိုင္ခဲ့ၿပီး ဘယ္ျခမ္းကေန ထိုးေပးလိုက္တဲ့ ကန္ဆယ္လိုရဲ႕ ဖန္တီးမႈကို ဒီဘ႐ိုင္းနားက ကြန္ေတ ဝင္ဖ်က္တာကို ေတာင့္ခံရင္း ဧရိယာထိပ္ကေန အေဝးကန္ခ်က္နဲ႔ ကန္သြင္းမႈက ဒိုင္ပစ္တဲ့ ကီပါရဲ႕ လက္ဖ်ားနဲ႔ ေဘာလုံး တစ္လုံးစာအေနအထားက လြတ္ၿပီး ဝင္သြားခဲ့လို႔ ခ်ဲလ္ဆီးတို႔ ဂိုးခြင့္ျပဳခဲ့ရတာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ခ်ဲလ္ဆီးဘက္က လူစားဝင္ တီမို ဗာနာ၊ ဟဒ္ဆန္-အိုဒြိဳင္းနဲ႔ ေမဆန္ေမာင့္တို႔ေတြရဲ႕ အင္အားနဲ႔ ေခ်ပဂိုး ရွာေဖြဖို႔ ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ဘဲ အစ္တီဟတ္ကြင္းမွာ တစ္လုံးတည္းေသာ ေပးဂိုးနဲ႔ပဲ လက္ေျမႇာက္ခဲ့ရသလို ပြဲခ်ိန္အျပည့္မွာေတာ့ မန္စီးတီးတို႔အေနနဲ႔ ၁၂ ပြဲဆက္တိုက္ ပရီးမီးယားလိဂ္အႏိုင္နဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ မန္ခ်က္စတာစီးတီးတို႔အေနနဲ႔ ခ်ဲလ္ဆီးကို ႏွစ္ေက်ာ့စလုံး တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ အႏိုင္ရရွိခဲ့ၿပီး ခ်န္ပီယံေျပးလမ္းေၾကာင္းေပၚက ၿပိဳင္ဘက္ကို ၁၃ မွတ္ျဖတ္ၿပီး ျပတ္သားေစႏိုင္ခဲ့သလို ခ်ဲလ္ဆီးတို႔ကေတာ့ လီဗာပူးလ္ထက္ ႏွစ္ပြဲပိုကစားထားခ်ိန္မွာေတာင္ တစ္မွတ္သာ ပိုမ်ားေနလို႔ အဆင့္ ၃ ကို ျပန္ဆင္းေပးရဖို႔ ရွိေနၿပီး ဒီေနရာအတြက္ပါ ၿခိမ္းေျခာက္မႈေတြနဲ႔ ႀကဳံရဖို႔ ရွိလာခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.