International Match Report

ဝမ်းဇီးထဲက ရုန်းထွက်ပြီး လေးဂိုးနိုင်ပွဲယူတဲ့ ကင်းမရွန်းနဲ့ ကြာသပတေးည အာဖရိကပွဲစဉ်များ

အိမ်ရှင် ကင်းမရွန်းအသင်းအနေနဲ့ ဒီနေ့မှာ အစောပွဲကို ကစားခဲ့ရပြီး ဂိုးသမား အိုနာနာ၊ ကွင်းလယ်လူ ဇမ်ဘို အွန်ဂီးဆာ၊ တိုက်စစ်မှူး ချူပိုမိုတင်း၊ အဘူဘေကာနဲ့ တိုကို အီကမ်ဘီတို့ ကစားလာခဲ့ကြသလို အားနည်းတဲ့ ပြိုင်ဘက် အီသီယိုးပီးယားကို ဖြတ်ကျော်ပြီး အုပ်စုကနေ စောစောစီးစီး တက်လှမ်းနိုင်ဖို့ ပြင်ဆင်လာခဲ့ပါတယ်။

ဒါပေမယ့် အိမ်ရှင်တွေ ထင်သလိုမဖြစ်ခဲ့တာကတော့ ပွဲချိန် ၄ မိနစ်မှာ ဂိုးပေးလိုက်ရတာပဲဖြစ်ပြီး တန်ပြန်တိုက်စစ်ကနေ ညာတောင်ပံ ကစားသမား ဂီဘာမိုက်ကယ်က တောက်လျှောက်ဆွဲပြေးပြီး ဂိုးရှေ့ကို အနိမ့်ဘော ချိုးပေးခဲ့ရာမှာ တိုက်စစ်မှူး ဟိုတက်ဆာက ဂိုးသမား အိုနာနာရဲ့ အဝေးတိုင်ဘက်ကို အနိမ့်ဘော ပိတ်သွင်းနိုင်ခဲ့လို့ အီသီယိုးပီးယားတို့ စတင်ဦးဆောင်ခဲ့တာပါ။

ပွဲချိန် ၈ မိနစ်မှာတော့ အိမ်ရှင်တွေ ပြန်လည်ချေပနိုင်ခဲ့ပြီး ကွင်းလယ်က အဘူဘေကာရဲ့ အပြင်းကန်သွင်းမှုကို အီသီယိုးပီးယားဂိုးသမား ကာကွယ်နိုင်ခဲ့ပေမယ့် ညာခြမ်းကို လျှံကျလာခဲ့တာမှာ နောက်ခံလူ ဖေးက ဖြတ်တင်ပေးခဲ့တာကို လီယွန်တိုက်စစ်မှူး တိုကို အီကမ်ဘီက အနီးကပ် ခေါင်းတိုက်ပြီး ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ ကင်းမရွန်းတို့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိကစားခဲ့သလို အီသီယိုးပီးယားတို့ကတော့ တန်ပြန်တိုက်စစ်တွေကနေ ပြန်လည်ခြိမ်းခြောက်နိုင်ခဲ့လို့ ကြည့်ကောင်းတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်တိုက်စစ်တွေကတော့ ဂိုးသမားတွေကို ရင်ခုန်အောင် သိပ်မလုပ်နိုင်ခဲ့ကြတာကြောင့် တစ်ဂိုးစီသရေပဲ ဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်း ပြန်စအပြီး ပွဲချိန် ၅၃ မိနစ်မှာတော့ ကင်းမရွန်းတို့ ပြန်လည်ဦးဆောင်နိုင်ခဲ့ပြီး ညာခြမ်းကနေ တိုက်စစ်ဆင်လာခဲ့ရာမှာ နောက်ခံလူ ဖေးကပဲ ပထမဂိုးက ပုံစံအတိုင်း ဖြတ်တင်ပေးပို့ခဲ့ရာမှာ တိုက်စစ်မှူး အဘူဘေကာက မြေထောက်ခေါင်းတိုက်ချက်နဲ့ သွင်းယူခဲ့ရာမှာ အီသီယိုးပီးယား ဂိုးသမား မကာကွယ်နိုင်ခဲ့လို့ နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။

နှစ်မိနစ်အကြာမှာတော့ ကင်းမရွန်းတို့ပဲ တတိယမြောက်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ပွဲချိန် ၅၅ မိနစ်မှာ ကွင်းလယ်က ဘောလုံးရလာတဲ့ ချူပိုမိုတင်းက ညာတောင်ပံကို ထိုးပေးခဲ့ရာမှာ ပြေးတက်လာတဲ့ အန်ဂါမာလူးက အနိမ့်ဘော ပြန်ချိုးပေးတာကို အသင်းကပ္ပတိန် အဘူဘေကာကပဲ သူ့ရဲ့ ဒီနေ့ ဒုတိယမြောက်နဲ့ ပြိုင်ပွဲမှာ စတုတ္ထမြောက်သွင်းဂိုးအဖြစ် အနီးကပ် ပိတ်သွင်းပြီး နှစ်ပွဲဆက် နှစ်ဂိုးစီ သွင်းယူပြနိုင်ခဲ့တာပါ။

ပွဲချိန် ၆၇ မိနစ်မှာတော့ အိမ်ရှင်တွေ ပြတ်ပြတ်သားသားနိုင်ပွဲဆင်နိုင်ဖို့အတွက် နောက်ထပ်တစ်ဂိုး ရယူနိုင်ခဲ့ကြပြီး ဒီတစ်ကြိမ်မှာတော့ ဘယ်ခြမ်းကနေ လူကျွံထောင်ချောက်ကို ဖောက်ထွက်သွားခဲ့တဲ့ တိုကို အီကမ်ဘီကပဲ ဘောလုံးကို လိုက်လံရယူပြီး နောက်ခံလူ သုံးယောက်ကြားကနေ အနီးတိုင်ဘက်ကို ချိုးကန်သွင်းယူခဲ့ရာမှာ စတုတ္ထဂိုး ရရှိခဲ့ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ကင်းမရွန်းတို့ လေးဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံခဲ့ကြပြီး အိမ်ရှင်အဖြစ်နဲ့ ချန်ပီယံအဖြစ်ကို ရယူနိုင်မယ့် ခြေစွမ်းကောင်းကို ပြသသွားနိုင်ခဲ့ကြသလို အုပ်စု(A)ကနေ နှစ်ပွဲကစား နှစ်ပွဲနိုင် ရမှတ် ၆ မှတ်နဲ့ ရှုံးထွက် ၁၆ သင်းအဆင့်ကို ပထမဆုံး တက်ရောက်နိုင်ခဲ့တဲ့ အသင်းလည်းဖြစ်လာခဲ့ပါတယ်။

အုပ်စု(A)ရဲ့ ကျန်ပွဲစဉ်တစ်ပွဲမှာတော့ ကိပ်ဗာဒီနဲ့ ဘာကီနာ ဖာဆိုတို့ ကစားခဲ့ကြရာမှာ အဖွင့်ပွဲစဉ်က အိမ်ရှင် ကင်းမရွန်းကို ရှုံးထားခဲ့တဲ့ ဘာကီနာ ဖာဆိုတို့က ဟာဆာနီ ဘန်ဒီရဲ့ တစ်လုံးတည်းသောဂိုးနဲ့ ဒီဖလားရဲ့ ပုံစံခွက်လို့ ဆိုရမလိုဖြစ်နေတဲ့ တစ်ဂိုး-ဂိုးမရှိ ရလဒ်နဲ့ပဲ အောင်ပွဲခံနိုင်ခဲ့ကြပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ အခြေအနေကောင်းသွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အိမ္ရွင္ ကင္းမ႐ြန္းအသင္းအေနနဲ႔ ဒီေန႔မွာ အေစာပြဲကို ကစားခဲ့ရၿပီး ဂိုးသမား အိုနာနာ၊ ကြင္းလယ္လူ ဇမ္ဘို အြန္ဂီးဆာ၊ တိုက္စစ္မႉး ခ်ဴပိုမိုတင္း၊ အဘူေဘကာနဲ႔ တိုကို အီကမ္ဘီတို႔ ကစားလာခဲ့ၾကသလို အားနည္းတဲ့ ၿပိဳင္ဘက္ အီသီယိုးပီးယားကို ျဖတ္ေက်ာ္ၿပီး အုပ္စုကေန ေစာေစာစီးစီး တက္လွမ္းႏိုင္ဖို႔ ျပင္ဆင္လာခဲ့ပါတယ္။

ဒါေပမယ့္ အိမ္ရွင္ေတြ ထင္သလိုမျဖစ္ခဲ့တာကေတာ့ ပြဲခ်ိန္ ၄ မိနစ္မွာ ဂိုးေပးလိုက္ရတာပဲျဖစ္ၿပီး တန္ျပန္တိုက္စစ္ကေန ညာေတာင္ပံ ကစားသမား ဂီဘာမိုက္ကယ္က ေတာက္ေလွ်ာက္ဆြဲေျပးၿပီး ဂိုးေရွ႕ကို အနိမ့္ေဘာ ခ်ိဳးေပးခဲ့ရာမွာ တိုက္စစ္မႉး ဟိုတက္ဆာက ဂိုးသမား အိုနာနာရဲ႕ အေဝးတိုင္ဘက္ကို အနိမ့္ေဘာ ပိတ္သြင္းႏိုင္ခဲ့လို႔ အီသီယိုးပီးယားတို႔ စတင္ဦးေဆာင္ခဲ့တာပါ။

ပြဲခ်ိန္ ၈ မိနစ္မွာေတာ့ အိမ္ရွင္ေတြ ျပန္လည္ေခ်ပႏိုင္ခဲ့ၿပီး ကြင္းလယ္က အဘူေဘကာရဲ႕ အျပင္းကန္သြင္းမႈကို အီသီယိုးပီးယားဂိုးသမား ကာကြယ္ႏိုင္ခဲ့ေပမယ့္ ညာျခမ္းကို လွ်ံက်လာခဲ့တာမွာ ေနာက္ခံလူ ေဖးက ျဖတ္တင္ေပးခဲ့တာကို လီယြန္တိုက္စစ္မႉး တိုကို အီကမ္ဘီက အနီးကပ္ ေခါင္းတိုက္ၿပီး ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ ကင္းမ႐ြန္းတို႔ ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ ဖိကစားခဲ့သလို အီသီယိုးပီးယားတို႔ကေတာ့ တန္ျပန္တိုက္စစ္ေတြကေန ျပန္လည္ၿခိမ္းေျခာက္ႏိုင္ခဲ့လို႔ ၾကည့္ေကာင္းတဲ့ ပြဲတစ္ပြဲျဖစ္ခဲ့ၿပီး ႏွစ္ဖက္တိုက္စစ္ေတြကေတာ့ ဂိုးသမားေတြကို ရင္ခုန္ေအာင္ သိပ္မလုပ္ႏိုင္ခဲ့ၾကတာေၾကာင့္ တစ္ဂိုးစီသေရပဲ ျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္း ျပန္စအၿပီး ပြဲခ်ိန္ ၅၃ မိနစ္မွာေတာ့ ကင္းမ႐ြန္းတို႔ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ၿပီး ညာျခမ္းကေန တိုက္စစ္ဆင္လာခဲ့ရာမွာ ေနာက္ခံလူ ေဖးကပဲ ပထမဂိုးက ပုံစံအတိုင္း ျဖတ္တင္ေပးပို႔ခဲ့ရာမွာ တိုက္စစ္မႉး အဘူေဘကာက ေျမေထာက္ေခါင္းတိုက္ခ်က္နဲ႔ သြင္းယူခဲ့ရာမွာ အီသီယိုးပီးယား ဂိုးသမား မကာကြယ္ႏိုင္ခဲ့လို႔ ႏွစ္ဂိုး-တစ္ဂိုးျဖစ္ေနခဲ့ပါတယ္။

ႏွစ္မိနစ္အၾကာမွာေတာ့ ကင္းမ႐ြန္းတို႔ပဲ တတိယေျမာက္ဂိုးကို သြင္းယူႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၅၅ မိနစ္မွာ ကြင္းလယ္က ေဘာလုံးရလာတဲ့ ခ်ဴပိုမိုတင္းက ညာေတာင္ပံကို ထိုးေပးခဲ့ရာမွာ ေျပးတက္လာတဲ့ အန္ဂါမာလူးက အနိမ့္ေဘာ ျပန္ခ်ိဳးေပးတာကို အသင္းကပၸတိန္ အဘူေဘကာကပဲ သူ႔ရဲ႕ ဒီေန႔ ဒုတိယေျမာက္နဲ႔ ၿပိဳင္ပြဲမွာ စတုတၳေျမာက္သြင္းဂိုးအျဖစ္ အနီးကပ္ ပိတ္သြင္းၿပီး ႏွစ္ပြဲဆက္ ႏွစ္ဂိုးစီ သြင္းယူျပႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၆၇ မိနစ္မွာေတာ့ အိမ္ရွင္ေတြ ျပတ္ျပတ္သားသားႏိုင္ပြဲဆင္ႏိုင္ဖို႔အတြက္ ေနာက္ထပ္တစ္ဂိုး ရယူႏိုင္ခဲ့ၾကၿပီး ဒီတစ္ႀကိမ္မွာေတာ့ ဘယ္ျခမ္းကေန လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္သြားခဲ့တဲ့ တိုကို အီကမ္ဘီကပဲ ေဘာလုံးကို လိုက္လံရယူၿပီး ေနာက္ခံလူ သုံးေယာက္ၾကားကေန အနီးတိုင္ဘက္ကို ခ်ိဳးကန္သြင္းယူခဲ့ရာမွာ စတုတၳဂိုး ရရွိခဲ့ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ကင္းမ႐ြန္းတို႔ ေလးဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံခဲ့ၾကၿပီး အိမ္ရွင္အျဖစ္နဲ႔ ခ်န္ပီယံအျဖစ္ကို ရယူႏိုင္မယ့္ ေျခစြမ္းေကာင္းကို ျပသသြားႏိုင္ခဲ့ၾကသလို အုပ္စု(A)ကေန ႏွစ္ပြဲကစား ႏွစ္ပြဲႏိုင္ ရမွတ္ ၆ မွတ္နဲ႔ ရႈံးထြက္ ၁၆ သင္းအဆင့္ကို ပထမဆုံး တက္ေရာက္ႏိုင္ခဲ့တဲ့ အသင္းလည္းျဖစ္လာခဲ့ပါတယ္။

အုပ္စု(A)ရဲ႕ က်န္ပြဲစဥ္တစ္ပြဲမွာေတာ့ ကိပ္ဗာဒီနဲ႔ ဘာကီနာ ဖာဆိုတို႔ ကစားခဲ့ၾကရာမွာ အဖြင့္ပြဲစဥ္က အိမ္ရွင္ ကင္းမ႐ြန္းကို ရႈံးထားခဲ့တဲ့ ဘာကီနာ ဖာဆိုတို႔က ဟာဆာနီ ဘန္ဒီရဲ႕ တစ္လုံးတည္းေသာဂိုးနဲ႔ ဒီဖလားရဲ႕ ပုံစံခြက္လို႔ ဆိုရမလိုျဖစ္ေနတဲ့ တစ္ဂိုး-ဂိုးမရွိ ရလဒ္နဲ႔ပဲ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး ေနာက္တစ္ဆင့္ကို တက္ေရာက္ႏိုင္ဖို႔ အေျခအေနေကာင္းသြားခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.