Match Report

ဒါဘီေကာင္တီကို အႏုိင္ယူၿပီး ေနာ့ဝစ္ခ်္နဲ႔ ေတြ႕ေတာ့မယ့္ မန္ခ်က္စတာယူႏုိက္တက္

မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ အသင္းေဟာင္းကို အႏုိင္ရခ်င္တယ္လို႔ ဆုိထားခဲ့တဲ့ ဝိန္းရြန္နီရဲ႕ ဒါဘီေကာင္တီအသင္းနဲ႔ ၾကာသပေတးေန႔ညမွာ ယွဥ္ၿပဳိင္ကစားခဲ့ၿပီး အီဂါလိုရဲ႕ သြင္းဂိုးႏွစ္ဂိုးနဲ႔အတူ သုံးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရရွိၿပီး အက္ဖ္ေအဖလား ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္သြားႏုိင္ခဲ့ပါတယ္။

တိုက္စစ္မွာ အီဂါလုိကို အေထာင္ထားခဲ့ၿပီး ေနာက္က ဘ႐ူႏို ဖာနန္ဒက္စ္၊ လင္ဂတ္၊ မာတာတုိ႔နဲ႔ ရံကစားခဲ့တဲ့ မန္ခ်က္စတာယူႏုိက္တက္ အသင္းဟာ ကြင္းလယ္မွာေတာ့ ဖရက္နဲ႔ မက္ေတာ္မီေနးတုိ႔ကို လုပ္အားႏွဳန္းအတြက္ အထိုင္ထားခဲ့ၿပီး ေဘာလုံးပုိင္ဆုိင္မွဳ ၆၂ ရာခိုင္ႏွဳန္းအထိ ရရွိခဲ့သလို ေျခစြမ္းခ်င္းလည္း ကြာဟခဲ့ပါတယ္။

အသင္းေဟာင္းကို အႏုိင္ရခ်င္တယ္လုိ႔ ဆုိထားခဲ့တဲ ရြန္နီကေတာ့ ဖရီးကစ္ေတြနဲ႔ပဲ မန္ယူဂိုးေပါက္ကို ၿခိမ္းေျခာက္သြားႏုိင္ခဲ့ၿပီး ဒါဘီအတြက္ ဒီေန႔မွာ အဓိက ေျခစြမ္းျပခဲ့တာကေတာ့ ညာေတာင္ပံက ေက်ာနံပါတ္ ၄၀ ဆစ္ဘ္လီပဲျဖစ္ခဲ့သလို နည္းျပ ဖိလစ္ ကိုကူးကေတာ့ လမ္းပတ္ကိုင္တြယ္ စဥ္ကလိုမ်ဳိး က်စ္လ်စ္တဲ့ ကစားပုံမ်ဳိး မျပသႏုိင္ခဲ့တာပါ။

ယူႏိုက္တက္အတြက္ အဖြင့္ဂိုးကိုေတာ့ ပြဲခ်ိန္ ၃၃ မိနစ္မွာ ဒါဘီဂိုးေရွ႕ကေန သုံးႀကိမ္ေလာက္ ကန္သြင္းခဲ့ၾကၿပီး ေနာက္ဆုံးကန္ခဲ့တဲ့ လုခ္ေရွာရဲ႕ ေျမေထာက္ကန္ခ်က္က အေကာင္းဆုံးျဖစ္ခဲ့သလို ေနာက္ခံလူအေနနဲ႔ ကာကြယ္ဖို႔ ပ်က္ကြက္ခဲ့လို႔ ဂိုးသမားအေနနဲ႔ ၾကည့္ေန႐ုံပဲ တတ္ႏုိင္ခဲ့ပါတယ္။

နည္းျပ ဆုိးလ္ရွားအတြက္ေတာ့ သူဟာ ေသြး႐ူးေသြးတန္းေခၚယူမွဳတစ္ခု မဟုတ္ဘူးလို႔ သက္ေသျပခဲ့သူကေတာ့ အသင္းနဲ႔ ကံစပ္သလို ဂိုးလာဘ္ရွိတဲ့ အီဂါလိုပဲျဖစ္ၿပီး ပြဲခ်ိန္ မိနစ္ ၄၀ မွာ တိက်တဲ့ ေထာင့္က်ဥ္းသြင္းဂိုး၊ ပြဲခ်ိန္ မိနစ္ ၇၀ မွာ အားပါျပင္းထန္တဲ့ ကန္ခ်က္နဲ႔ ေနာက္ထပ္တစ္ဂိုးကို သြင္းယူၿပီး အသင္းကို ကြာတားဖိုင္နယ္မွာ ေနာ့ဝစ္ခ်္နဲ႔ ေတြ႕ဆုံဖို႔ ေခၚယူသြားႏုိင္ခဲ့တဲ့အေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းဟောင်းကို အနိုင်ရချင်တယ်လို့ ဆိုထားခဲ့တဲ့ ဝိန်းရွန်နီရဲ့ ဒါဘီကောင်တီအသင်းနဲ့ ကြာသပတေးနေ့ညမှာ ယှဉ်ပြိုင်ကစားခဲ့ပြီး အီဂါလိုရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့အတူ သုံးဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိပြီး အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။

တိုက်စစ်မှာ အီဂါလိုကို အထောင်ထားခဲ့ပြီး နောက်က ဘရူနို ဖာနန်ဒက်စ်၊ လင်ဂတ်၊ မာတာတို့နဲ့ ရံကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက် အသင်းဟာ ကွင်းလယ်မှာတော့ ဖရက်နဲ့ မက်တော်မီနေးတို့ကို လုပ်အားနှုန်းအတွက် အထိုင်ထားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၆၂ ရာခိုင်နှုန်းအထိ ရရှိခဲ့သလို ခြေစွမ်းချင်းလည်း ကွာဟခဲ့ပါတယ်။

အသင်းဟောင်းကို အနိုင်ရချင်တယ်လို့ ဆိုထားခဲ့တဲ ရွန်နီကတော့ ဖရီးကစ်တွေနဲ့ပဲ မန်ယူဂိုးပေါက်ကို ခြိမ်းခြောက်သွားနိုင်ခဲ့ပြီး ဒါဘီအတွက် ဒီနေ့မှာ အဓိက ခြေစွမ်းပြခဲ့တာကတော့ ညာတောင်ပံက ကျောနံပါတ် ၄၀ ဆစ်ဘ်လီပဲဖြစ်ခဲ့သလို နည်းပြ ဖိလစ် ကိုကူးကတော့ လမ်းပတ်ကိုင်တွယ် စဉ်ကလိုမျိုး ကျစ်လျစ်တဲ့ ကစားပုံမျိုး မပြသနိုင်ခဲ့တာပါ။

ယူနိုက်တက်အတွက် အဖွင့်ဂိုးကိုတော့ ပွဲချိန် ၃၃ မိနစ်မှာ ဒါဘီဂိုးရှေ့ကနေ သုံးကြိမ်လောက် ကန်သွင်းခဲ့ကြပြီး နောက်ဆုံးကန်ခဲ့တဲ့ လုခ်ရှောရဲ့ မြေထောက်ကန်ချက်က အကောင်းဆုံးဖြစ်ခဲ့သလို နောက်ခံလူအနေနဲ့ ကာကွယ်ဖို့ ပျက်ကွက်ခဲ့လို့ ဂိုးသမားအနေနဲ့ ကြည့်နေရုံပဲ တတ်နိုင်ခဲ့ပါတယ်။

နည်းပြ ဆိုးလ်ရှားအတွက်တော့ သူဟာ သွေးရူးသွေးတန်းခေါ်ယူမှုတစ်ခု မဟုတ်ဘူးလို့ သက်သေပြခဲ့သူကတော့ အသင်းနဲ့ ကံစပ်သလို ဂိုးလာဘ်ရှိတဲ့ အီဂါလိုပဲဖြစ်ပြီး ပွဲချိန် မိနစ် ၄၀ မှာ တိကျတဲ့ ထောင့်ကျဉ်းသွင်းဂိုး၊ ပွဲချိန် မိနစ် ၇၀ မှာ အားပါပြင်းထန်တဲ့ ကန်ချက်နဲ့ နောက်ထပ်တစ်ဂိုးကို သွင်းယူပြီး အသင်းကို ကွာတားဖိုင်နယ်မှာ နော့ဝစ်ချ်နဲ့ တွေ့ဆုံဖို့ ခေါ်ယူသွားနိုင်ခဲ့တဲ့အကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.