Match Report

ပရိသတ္ေတြ စိတ္ပ်က္ခဲ့ရတဲ့ စြမ္းေဆာင္ရည္နဲ႔ လီဗာပူးလ္တုိ႔ ရွဳံးပြဲဆက္ၿပီး ခ်ဲလ္ဆီးေနာက္တစ္ဆင့္တက္

UNICODE: စတမ်းဖို့ဘရစ်ချ်မှာ ကစားခဲ့တဲ့ ဒီနေ့ည အက်ဖ်အေဖလားရဲ့ ပဉ္စမအဆင့်ပွဲစဉ်တစ်ပွဲဖြစ်ခဲ့တဲ့ ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့ရဲ့ ပွဲစဉ်မှာတော့ အိမ်ရှင် ချဲလ်ဆီးတို့က ထိရောက်တဲ့ ကစားပုံကို ပြသပြီး လီဗာပူးလ်အသင်းကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ယူကာ ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။

ညာနောက်ခံလူနေရာမှာ လူငယ်ကစားသမား နီကို ဝီလီယမ်စ်ကို အသုံးပြုခဲ့ပြီး အက်ဖ်အေဖလားရဲ့ အသက်အငယ်ဆုံးအသင်းခေါင်းဆောင် ကားတစ်ဂျုံးစ်လည်း ဘယ်တောင်ပံမှာ ပါလာခဲ့သလို မီနာမီနိုကိုပါ နောက်ချန်တိုက်စစ်အဖြစ် အသုံးပြုခဲ့တဲ့ ကလော့ပ်ရဲ့ လီဗာပူးလ်ကတော့ တိုက်စစ်မှာ မာနေးတစ်ယောက်တည်းကိုပဲ သုံးခဲ့ပြီး ဆာလားနဲ့ ဖာမီနိုကို အရန်ခုံမှာ အနားပေးထားခဲ့တာပါ။

ချဲလ်ဆီးတို့ကတော့ လူစုံထုတ်ကစားလာခဲ့ပြီး ဂိုးသမားနေရာမှာ ပြန်လည်နေရာပေးခြင်းခံရတဲ့ ကီပါ အာရီဇာဘာလာဂါ လက်စွမ်းပြနိုင်ခဲ့သလို ကွင်းလယ်မှာ လူငယ်ကစားသမား ဂီးလ်မိုးကို သုံးခဲ့တာကလွဲလို့ အသင်းကြီးလူစာရင်းကိုပဲ ပွဲထုတ်လာခဲ့ပြီး လီဗာပူးလ်ရဲ့ ကစားဟန်ကြောင့် ဘောလုံးပိုင်ဆိုင်မှု နည်းခဲ့ပေမယ့် ထိရောက်တဲ့ ကစားပုံနဲ့ တန်ပြန်တိုက်စစ်တွေကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၁၂ မိနစ်မှာတော့ ခြေစွမ်းကျဆင်းနေတဲ့ ဖာဘင်ဟို ဘောလုံးထိန်းပုံ မသေသပ်ရာကတစ်ဆင့် ချဲလ်ဆီးတို့ အခွင့်အရေးရခဲ့ပြီး ဒါကို ရသွားခဲ့တဲ့ ဝီလီယန်က ကန်သွင်းရာမှာ ဂိုးသမားအဖြစ် ပါဝင်လာတဲ့ အက်ဒရီယန် ဖမ်းပုံ မသေသပ်ခဲ့လို့ ဦးဆောင်ဂိုးခွင့်ပြုခဲ့ရပါတယ်။ ပွဲချိန် မိနစ် ၂၀ မှာတော့ စက္ကန့်ပိုင်းအတွင်း လေးကြိမ်ကာကွယ်ခဲ့တဲ့ ချဲလ်ဆီးဂိုးသမား ကီပါရဲ့ သွက်လက်မှုကလည်း ချီးကျူးစရာတစ်ခုအဖြစ် မြင်ခဲ့ရပါတယ်။

ပွဲချိန် ၆၄ မိနစ်မှာ ဘာကလီရဲ့ တစ်ကိုယ်တော်အစွမ်းနဲ့ ဆွဲပြေးတာကို အဝါထိထားတဲ့ ဖာဘင်ဟို ရင်းပြီး မတားဆီးနိုင်လိုက်တာကနေ အပြင်းကန်သွင်းရာမှာ ဂိုးသမား အက်ဒရီယန် မကာကွယ်နိုင်ခဲ့ဘဲ ချဲလ်ဆီးတို့ အနိုင်သေချာမယ့်ဂိုးကို ရရှိခဲ့တာပါ။ ဒီနောက်ပိုင်းမှာ ကစားပုံချင်းလည်း ကွာခြားလာခဲ့ပြီး မေဆန်မောင့်၊ ပက်ဒရိုနဲ့ ဂျီရူးတို့ အခွင့်အရေးတွေ ရခဲ့ပေမယ့် ဂိုးမဖြစ်ခဲ့တာကြောင့် လီဗာပူးလ်တို့ အရှက်တကွဲ ရှုံးနိမ့်မယ့်အရေးကနေ ရှောင်လွှဲနိုင်ခဲ့ပြီး အက်ဖ်အေဖလားက ထွက်ခွာခဲ့ရသလို ချဲလ်ဆီးတို့ကတော့ ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

ZAWGYI: စတမ္းဖို႔ဘရစ္ခ်္မွာ ကစားခဲ့တဲ့ ဒီေန႔ည အက္ဖ္ေအဖလားရဲ႕ ပဥၥမအဆင့္ပြဲစဥ္တစ္ပြဲျဖစ္ခဲ့တဲ့ ခ်ဲလ္ဆီးနဲ႔ လီဗာပူးလ္တုိ႔ရဲ႕ ပြဲစဥ္မွာေတာ့ အိမ္ရွင္ ခ်ဲလ္ဆီးတုိ႔က ထိေရာက္တဲ့ ကစားပုံကို ျပသၿပီး လီဗာပူးလ္အသင္းကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အႏုိင္ယူကာ ၿပဳိင္ပြဲရဲ႕ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ပါတယ္။

ညာေနာက္ခံလူေနရာမွာ လူငယ္ကစားသမား နီကို ဝီလီယမ္စ္ကို အသုံးျပဳခဲ့ၿပီး အက္ဖ္ေအဖလားရဲ႕ အသက္အငယ္ဆုံးအသင္းေခါင္းေဆာင္ ကားတစ္ဂ်ဳံးစ္လည္း ဘယ္ေတာင္ပံမွာ ပါလာခဲ့သလို မီနာမီႏုိကိုပါ ေနာက္ခ်န္တုိက္စစ္အျဖစ္ အသုံးျပဳခဲ့တဲ့ ကေလာ့ပ္ရဲ႕ လီဗာပူးလ္ကေတာ့ တုိက္စစ္မွာ မာေနးတစ္ေယာက္တည္းကိုပဲ သုံးခဲ့ၿပီး ဆာလားနဲ႔ ဖာမီႏိုကို အရန္ခုံမွာ အနားေပးထားခဲ့တာပါ။

ခ်ဲလ္ဆီးတုိ႔ကေတာ့ လူစုံထုတ္ကစားလာခဲ့ၿပီး ဂိုးသမားေနရာမွာ ျပန္လည္ေနရာေပးျခင္းခံရတဲ့ ကီပါ အာရီဇာဘာလာဂါ လက္စြမ္းျပႏုိင္ခဲ့သလို ကြင္းလယ္မွာ လူငယ္ကစားသမား ဂီးလ္မုိးကို သုံးခဲ့တာကလြဲလို႔ အသင္းႀကီးလူစာရင္းကိုပဲ ပြဲထုတ္လာခဲ့ၿပီး လီဗာပူးလ္ရဲ႕ ကစားဟန္ေၾကာင့္ ေဘာလုံးပုိင္ဆုိင္မွဳ နည္းခဲ့ေပမယ့္ ထိေရာက္တဲ့ ကစားပုံနဲ႔ တန္ျပန္တုိက္စစ္ေတြကို ေဖာ္ေဆာင္ႏုိင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၁၂ မိနစ္မွာေတာ့ ေျခစြမ္းက်ဆင္းေနတဲ့ ဖာဘင္ဟို ေဘာလုံးထိန္းပုံ မေသသပ္ရာကတစ္ဆင့္ ခ်ဲလ္ဆီးတုိ႔ အခြင့္အေရးရခဲ့ၿပီး ဒါကို ရသြားခဲ့တဲ့ ဝီလီယန္က ကန္သြင္းရာမွာ ဂိုးသမားအျဖစ္ ပါဝင္လာတဲ့ အက္ဒရီယန္ ဖမ္းပုံ မေသသပ္ခဲ့လို႔ ဦးေဆာင္ဂိုးခြင့္ျပဳခဲ့ရပါတယ္။ ပြဲခ်ိန္ မိနစ္ ၂၀ မွာေတာ့ စကၠန္႔ပိုင္းအတြင္း ေလးႀကိမ္ကာကြယ္ခဲ့တဲ့ ခ်ဲလ္ဆီးဂိုးသမား ကီပါရဲ႕ သြက္လက္မွဳကလည္း ခ်ီးက်ဴးစရာတစ္ခုအျဖစ္ ျမင္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၆၄ မိနစ္မွာ ဘာကလီရဲ႕ တစ္ကိုယ္ေတာ္အစြမ္းနဲ႔ ဆြဲေျပးတာကို အဝါထိထားတဲ့ ဖာဘင္ဟို ရင္းၿပီး မတားဆီးႏုိင္လုိက္တာကေန အျပင္းကန္သြင္းရာမွာ ဂိုးသမား အက္ဒရီယန္ မကာကြယ္ႏုိင္ခဲ့ဘဲ ခ်ဲလ္ဆီးတုိ႔ အႏုိင္ေသခ်ာမယ့္ဂိုးကို ရရွိခဲ့တာပါ။ ဒီေနာက္ပုိင္းမွာ ကစားပုံခ်င္းလည္း ကြာျခားလာခဲ့ၿပီး ေမဆန္ေမာင့္၊ ပက္ဒ႐ိုနဲ႔ ဂ်ီ႐ူးတုိ႔ အခြင့္အေရးေတြ ရခဲ့ေပမယ့္ ဂိုးမျဖစ္ခဲ့တာေၾကာင့္ လီဗာပူးလ္တုိ႔ အရွက္တကြဲ ရွဳံးနိမ့္မယ့္အေရးကေန ေရွာင္လႊဲႏိုင္ခဲ့ၿပီး အက္ဖ္ေအဖလားက ထြက္ခြာခဲ့ရသလို ခ်ဲလ္ဆီးတုိ႔ကေတာ့ ကြာတားဖုိင္နယ္ကို တက္ေရာက္သြားခဲ့ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.