Premier League

21 Jan ညနေပိုင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

-မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရီယိုဖာဒီနန်က မန်ချက်စတာယူနိုက်တက်ဟာ ဆုဖလားပြိုင်ပွဲအတွင်းမှာပဲ နေတော့မှာဖြစ်တယ်လို့ လီဗာပူးလ်အသင်းကို သတိပေးပြောကြားခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာ အပြောင်းအလဲသဘောသဘာဝအရ အစပိုင်းမှာ ထိပ်ဆုံးလေးနေရာအတွင်းသာ မှန်းထားတဲ့ ယူနိုက်တက်အနေနဲ့ အဆင့် ၁နေရာအတွက် တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေလိမ့်မယ်လို့ ပြောကြားခဲ့။


– ဝုဗ်တောင်ပံကစားသမား အဒါမာထရာအိုရေးကို လိဒ်စ်ယူနိုက်တက်က ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် ဈေးကြီးလွန်းတာကြောင့် ခေါ်ယူမှာမဟုတ်တော့ဘူးလို့ သတင်းတွေအရ သိရပြီး စပိန်သတင်းဌာန Sport ရဲဖော်ပြချက်အရ လီဗာပူးလ်အသင်းအနေနဲ့ ကာလရှည် စိတ်ဝင်စားနေတဲ့ ဒီကစားသမားကို ယခုဇန်နဝါရီမှာ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရကာ ဝုဗ်အသင်းကတော့ ဒီစပိန်တောင်ပံကစားသမားအတွက် အနည်းဆုံး ပေါင် ၃၅.၅သန်းလိုချင်နေ။


-လီဗာပူးလ်အသင်းဟာ ဂျမယ်လ် မူစီအာလာကို မန်ချက်စတာစီးတီး၊ မန်ချက်စတာယူနိုက်တက်အသင်းတို့နဲ့အတူ စောင့်ကြည့်နေတယ်လို့ Inside Futbol ရဲ့ ဖော်ပြချက်အရ သိရပြီး မူစီအာလာဟာ တစ်နှစ်လုပ်ခလစာ ယူရို ၅.၇ သန်းလိုချင်ပေမယ့် ဘိုင်ယန်မြူးနစ်က ပေးချေလိုခြင်းမရှိတာကြောင့် စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှုမရသေးတာဖြစ်တယ်လို့ သိရ။

-လီဗာပူးလ်အသင်းဟာ စာချုပ်သက်တမ်း ၆ လသာ ကျန်ရှိတော့ပေမယ့် အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ငြင်းပယ်ထားတဲ့ ဗိုင်နယ်လ်ဒွမ်ရဲ့ နေရာမှာ အစားထိုးခေါ်ယူမှုဖြစ်လာနိုင်ခြေရှိတဲ့ ပစ်မှတ် ၅ ဦးအထိ သတ်မှတ်ထားတယ်လို့ သိရပြီး ဘရိုက်တန်က ဘစ်ဆူးမား၊ ရှက်ဖီးက ဆန်ဒါ ဘာ့ဂျ်၊ လိုင်လီက ရီနာတို ဆန်းချက်စ်၊ အေဂျက်က ရိုင်ယန် ဂရေဗင်ဘာ့ချ်၊ ရန်းနက်စ်က ကမာဗင်ဂါတို့ဟာ လီဗာပူးလ်အသင်းအတွက် ဖြစ်နိုင်ဖွယ်ရွေးချယ်စရာဖြစ်တယ်လို့ ဖော်ပြခဲ့။


-လီဗာပူးလ်အသင်းနည်းပြ ယာဂင်ကလော့ပ်ဟာ အသင်းရဲ့အဓိကကစားသမားဖြစ်တဲ့ ဗန်ဒိုက်ရဲ့ ဒူးဒဏ်ရာ ပြန်လည်သက်သာလာမှုအခြေအနေဟာ အမှန်တကယ်ကို အလားအလာကောင်းနေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး ဒတ်ချ် နောက်ခံကစားသမားအနေနဲ့ လီဗာပူးလ်အသင်းအတွက် ယခုရာသီ မကုန်ခင်မှာ ပြန်လည်ကစားပေးသွားနိုင်ဖွယ်ရှိတဲ့ အရိပ်အယောင်မြင်တွေ့ခဲ့ရတယ်လို့ သိရ။

-လီဗာပူးလ်နောက်ခံကစားသမား ဂျိုယယ်လ် မာတစ်ပ်ဟာ ယနေ့ည ဘန်လေအသင်းနဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ လီဗာပူးလ်အသင်းရဲ့ အချိန်ပြည့်လေ့ကျင့်ရေးအစီအစဉ်မှာ ပါဝင်နိုင်ခဲ့တယ်လို့ နည်းပြ ယာဂင်ကလော့ပ်က ပြောကြားခဲ့ပြီး ဘန်လေအသင်းနဲ့ပွဲစဉ်အတွက် ပွဲထွက်လူစာရင်းမှာ ပါဝင်လာဖွယ်ရှိတယ်လို့  အရိပ်အမြွက် ပြောကြားခဲ့။


-လီဗာပူးလ် တိုက်စစ်မှူး ဒီယေဂို ဂျိုတာနဲ့ နောက်ခံကစားသမား ကွန်စတန်တီနို့စ် ဆီမီကတ်စ်တို့ဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့အတွက် ရုန်းကန်နေရဆဲဖြစ်ပေမယ့် လာမယ့်လ အစောပိုင်းမှာတော့ အသင်းအတွက် ပြန်လည်ပါဝင်ကစားပေးသွားဖို့အတွက် ပြင်ဆင်နေကြပြီလို့ 101 great goals ရဲ့ဖော်ပြချက်အရ သိရ။


-လီဗာပူးလ်ဂန္တဝင် ဂျွန်အောဒရစ်ဟာ ဝေဖန်မှုတွေ များစွာခံနေရတဲ့ လီဗာပူးလ်ကွင်းလယ်ကြယ်ပွင့် သီယာဂို အယ်လ်ကန်တာရာကို ယခုရာသီကုန်ကျမှသာ ၎င်းရဲ့ ခြေစွမ်းကို ဆုံးဖြတ်ကြဖို့ ပြောကြားခဲ့ပြီး မန်ချက်စတာယူနိုက်တက်နဲ့ပွဲအပြီးမှာ ထွက်ပေါ်လာခဲ့တဲ့ ဝေဖန်မှုတွေဟာ ပြင်းထန်လွန်းအားကြီးပြီး သီယာဂိုအပေါ်ကို အပြစ်ပုံချစရာ အကြောင်းမရှိဘူးလို့ ပြောကြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ရီယိုဖာဒီနန္က မန္ခ်က္စတာယူႏိုက္တက္ဟာ ဆုဖလားၿပိဳင္ပြဲအတြင္းမွာပဲ ေနေတာ့မွာျဖစ္တယ္လို႔ လီဗာပူးလ္အသင္းကို သတိေပးေျပာၾကားခဲ့ၿပီး အမွတ္ေပးဇယားထိပ္ဆုံးေနရာ အေျပာင္းအလဲသေဘာသဘာဝအရ အစပိုင္းမွာ ထိပ္ဆုံးေလးေနရာအတြင္းသာ မွန္းထားတဲ့ ယူႏိုက္တက္အေနနဲ႔ အဆင့္ ၁ေနရာအတြက္ တိုက္ပြဲဝင္ဖို႔ အသင့္ျဖစ္ေနလိမ့္မယ္လို႔ ေျပာၾကားခဲ့။


– ဝုဗ္ေတာင္ပံကစားသမား အဒါမာထရာအိုေရးကို လိဒ္စ္ယူႏိုက္တက္က ေခၚယူဖို႔ စိတ္ဝင္စားခဲ့ေပမယ့္ ေဈးႀကီးလြန္းတာေၾကာင့္ ေခၚယူမွာမဟုတ္ေတာ့ဘူးလို႔ သတင္းေတြအရ သိရၿပီး စပိန္သတင္းဌာန Sport ရဲေဖာ္ျပခ်က္အရ လီဗာပူးလ္အသင္းအေနနဲ႔ ကာလရွည္ စိတ္ဝင္စားေနတဲ့ ဒီကစားသမားကို ယခုဇန္နဝါရီမွာ ေခၚယူဖို႔ ျပင္ဆင္ေနတယ္လို႔ သိရကာ ဝုဗ္အသင္းကေတာ့ ဒီစပိန္ေတာင္ပံကစားသမားအတြက္ အနည္းဆုံး ေပါင္ ၃၅.၅သန္းလိုခ်င္ေန။


-လီဗာပူးလ္အသင္းဟာ ဂ်မယ္လ္ မူစီအာလာကို မန္ခ်က္စတာစီးတီး၊ မန္ခ်က္စတာယူႏိုက္တက္အသင္းတို႔နဲ႔အတူ ေစာင့္ၾကည့္ေနတယ္လို႔ Inside Futbol ရဲ႕ ေဖာ္ျပခ်က္အရ သိရၿပီး မူစီအာလာဟာ တစ္ႏွစ္လုပ္ခလစာ ယူ႐ို ၅.၇ သန္းလိုခ်င္ေပမယ့္ ဘိုင္ယန္ျမဴးနစ္က ေပးေခ်လိုျခင္းမရွိတာေၾကာင့္ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ သေဘာတူညီမႈမရေသးတာျဖစ္တယ္လို႔ သိရ။

-လီဗာပူးလ္အသင္းဟာ စာခ်ဳပ္သက္တမ္း ၆ လသာ က်န္ရွိေတာ့ေပမယ့္ အသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ျငင္းပယ္ထားတဲ့ ဗိုင္နယ္လ္ဒြမ္ရဲ႕ ေနရာမွာ အစားထိုးေခၚယူမႈျဖစ္လာႏိုင္ေျခရွိတဲ့ ပစ္မွတ္ ၅ ဦးအထိ သတ္မွတ္ထားတယ္လို႔ သိရၿပီး ဘ႐ိုက္တန္က ဘစ္ဆူးမား၊ ရွက္ဖီးက ဆန္ဒါ ဘာ့ဂ်္၊ လိုင္လီက ရီနာတို ဆန္းခ်က္စ္၊ ေအဂ်က္က ႐ိုင္ယန္ ဂေရဗင္ဘာ့ခ်္၊ ရန္းနက္စ္က ကမာဗင္ဂါတို႔ဟာ လီဗာပူးလ္အသင္းအတြက္ ျဖစ္ႏိုင္ဖြယ္ေ႐ြးခ်ယ္စရာျဖစ္တယ္လို႔ ေဖာ္ျပခဲ့။


-လီဗာပူးလ္အသင္းနည္းျပ ယာဂင္ကေလာ့ပ္ဟာ အသင္းရဲ႕အဓိကကစားသမားျဖစ္တဲ့ ဗန္ဒိုက္ရဲ႕ ဒူးဒဏ္ရာ ျပန္လည္သက္သာလာမႈအေျခအေနဟာ အမွန္တကယ္ကို အလားအလာေကာင္းေနတယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး ဒတ္ခ်္ ေနာက္ခံကစားသမားအေနနဲ႔ လီဗာပူးလ္အသင္းအတြက္ ယခုရာသီ မကုန္ခင္မွာ ျပန္လည္ကစားေပးသြားႏိုင္ဖြယ္ရွိတဲ့ အရိပ္အေယာင္ျမင္ေတြ႕ခဲ့ရတယ္လို႔ သိရ။

-လီဗာပူးလ္ေနာက္ခံကစားသမား ဂ်ိဳယယ္လ္ မာတစ္ပ္ဟာ ယေန႔ည ဘန္ေလအသင္းနဲ႔ ကစားရမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္မတိုင္မီ လီဗာပူးလ္အသင္းရဲ႕ အခ်ိန္ျပည့္ေလ့က်င့္ေရးအစီအစဥ္မွာ ပါဝင္ႏိုင္ခဲ့တယ္လို႔ နည္းျပ ယာဂင္ကေလာ့ပ္က ေျပာၾကားခဲ့ၿပီး ဘန္ေလအသင္းနဲ႔ပြဲစဥ္အတြက္ ပြဲထြက္လူစာရင္းမွာ ပါဝင္လာဖြယ္ရွိတယ္လို႔  အရိပ္အႁမြက္ ေျပာၾကားခဲ့။


-လီဗာပူးလ္ တိုက္စစ္မႉး ဒီေယဂို ဂ်ိဳတာနဲ႔ ေနာက္ခံကစားသမား ကြန္စတန္တီႏို႔စ္ ဆီမီကတ္စ္တို႔ဟာ ဒဏ္ရာကေန ျပန္လည္သက္သာလာဖို႔အတြက္ ႐ုန္းကန္ေနရဆဲျဖစ္ေပမယ့္ လာမယ့္လ အေစာပိုင္းမွာေတာ့ အသင္းအတြက္ ျပန္လည္ပါဝင္ကစားေပးသြားဖို႔အတြက္ ျပင္ဆင္ေနၾကၿပီလို႔ 101 great goals ရဲ႕ေဖာ္ျပခ်က္အရ သိရ။


-လီဗာပူးလ္ဂႏၲဝင္ ဂြၽန္ေအာဒရစ္ဟာ ေဝဖန္မႈေတြ မ်ားစြာခံေနရတဲ့ လီဗာပူးလ္ကြင္းလယ္ၾကယ္ပြင့္ သီယာဂို အယ္လ္ကန္တာရာကို ယခုရာသီကုန္က်မွသာ ၎ရဲ႕ ေျခစြမ္းကို ဆုံးျဖတ္ၾကဖို႔ ေျပာၾကားခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္နဲ႔ပြဲအၿပီးမွာ ထြက္ေပၚလာခဲ့တဲ့ ေဝဖန္မႈေတြဟာ ျပင္းထန္လြန္းအားႀကီးၿပီး သီယာဂိုအေပၚကို အျပစ္ပုံခ်စရာ အေၾကာင္းမရွိဘူးလို႔ ေျပာၾကားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.