Premier League

ခ်ဲလ္ဆီးလူငယ္ေျခတက္ေလး ဂီးလ္မိုးကို ဖာဘရီဂက္စ္ ခ်ီးက်ဴး

UNICODE: လီဗာပူးလ်ကို နှစ်ဂိုး-ဂိုးမရှိနဲ့ ချဲလ်ဆီးအနိုင်ရခဲ့တဲ့ပွဲမှာ ခြေစွမ်းပြသွားခဲ့တဲ့ စကော့တလန်ကွင်းလယ်ကစားသမားလေး ဘီလီ ဂီးလ်မိုးကို သူလေးစားအားကျတဲ့ စပိန်ကွင်းလယ်လူ ဆက်စ် ဖာဘရီဂက်စ်ကိုယ်တိုင်က ချီးကျူးသွားပါတယ်။ အသက်(၁၈)နှစ်သာ ရှိသေးတဲ့ ဒီကစားသမားလေးဟာ လီဗာပူးလ်နဲ့ပွဲက ချဲလ်ဆီးကွင်းလယ်မှာ မက်တီယို ကိုဗာချစ်၊ ရော့စ်ဘာကလေတို့နဲ့တွဲကစားသွားပြီး ပထမပိုင်းမှာ တော်တော်လေးခြေစွမ်းပြသွားပါတယ်။

သူ့ခြေစွမ်းကို ရုပ်သံအစီအစဉ်တင်ဆက်သူတွေအဖြစ် တာဝန်ယူခဲ့ကြတဲ့ အင်္ဂလန်ဂန္ထဝင်တိုက်စစ်မှူးဟောင်း အလန်ရှီးယားရားနဲ့ အီယန်ရိုက်တို့ကလည်း ချီးကျူးသွားပါတယ်။ ဘယ်သူတွေဘယ်လိုပဲချီးကျူးပါစေ၊ လူမှုကွန်ယက်ဝက်ဘ်ဆိုက်ကတဆင့် ဖာဘရီဂက်စ် ချီးကျူးတာလောက်အထိတော့ သူ့အနေနဲ့ ကျေနပ်နိုင်မယ်မထင်ပါဘူး။

ဂီးလ်မိုးဟာ ငယ်စဉ်ကတည်းက ဖာဘရီဂက်စ် ကစားတာတွေကို ချဲလ်ဆီးအသင်းရဲ့ Youtube Channel မှာ သေချာသေချာ လေ့လာသုံးသပ်ရင်း ကြီးပြင်းခဲ့တာပါ။ ၂၀၁၇ခုနှစ် ဒီဇင်ဘာလတုန်းက ကွန်ပျူတာရှေ့မှာ ဖာဘရီဂက်စ်ကစားတာတွေကို လေ့လာနေတဲ့ ဂီးလ်မိုးရဲ့ ဓါတ်ပုံတစ်ပုံက စပိန်ကွင်းလယ်လူကို ဘယ်လောက်လေးစားအားကျတယ်ဆိုတာကို သက်သေပြနေတာပါပဲ။

ဂီးလ်မိုးနဲ့ပတ်သက်ပြီး မိုနာကိုမှာကစားနေတဲ့ ဖာဘရီဂက်စ်က အခုလိုမှတ်ချက်ပေးခဲ့ပါတယ်။ “နှစ်သက်စရာပါပဲ။ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ ဆုံးဖြတ်ချက်ချရာမှာ ပါးနပ်ထူးချွန်မှု၊ ကစားဖော်တွေဆီ ဘောလုံလက်ခံနိုင်တဲ့နေရာမှာ အမြဲတမ်းရှိနေပုံနဲ့ ပရီးမီးယားလိဂ်မှာ အသားကျဖို့ အရေးကြီးဆုံးဖြစ်တဲ့ တွန်းတွန်းတိုက်တိုက်ကစားနိုင်မှုတွေအားလုံးမှာ တကယ့်ကိုကျေနပ်စရာပါ”လို့ ဖာဘရီဂက်စ်က တွစ်တာမှာ ပို့စ်တင်ခဲ့ပါတယ်။

လီဗာပူးလ်နဲ့ပွဲမှာ ဂီးလ်မိုးဟာ ဘောလုံးဖျက်တာ (၅)ကြိမ် အောင်မြင်ခဲ့ပြီး ဘောလုံးအပေးအယူလုပ်နိုင်တာ ၃၇ ကြိမ်နဲ့ ဘောလုံးထိတာ ၆၂ ကြိမ်ရှိခဲ့ပါတယ်။ ဒါ့အပြင် ဘောလုံးအပေးအယူ တိကျနှုန်း ၇၇ ရာခိုင်နှုန်းရှိပြီး ဂိုးသွင်းခွင့်ဖန်တီးနိုင်တာကတော့ ၁ ကြိမ်ရှိခဲ့ကြောင်းလည်း မှတ်တမ်းတွေအရ သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

လီဗာပူးလ္ကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ခ်ဲလ္ဆီးအႏိုင္ရခဲ့တဲ့ပြဲမွာ ေျခစြမ္းျပသြားခဲ့တ့ဲ စေကာ့တလန္ကြင္းလယ္ကစားသမားေလး ဘီလီ ဂီးလ္မိုးကို သူေလးစားအားက်တဲ့ စပိန္ကြင္းလယ္လူ ဆက္စ္ ဖာဘရီဂက္စ္ကိုယ္တိုင္က ခ်ီးက်ဴးသြားပါတယ္။ အသက္(၁၈)ႏွစ္သာ ရွိေသးတဲ့ ဒီကစားသမားေလးဟာ လီဗာပူးလ္နဲ႔ပြဲက ခ်ဲလ္ဆီးကြင္းလယ္မွာ မက္တီယို ကိုဗာခ်စ္၊ ေရာ့စ္ဘာကေလတုိ႔နဲ႔တြဲကစားသြားၿပီး ပထမပိုင္းမွာ ေတာ္ေတာ္ေလးေျခစြမ္းျပသြားပါတယ္။

သူ႔ေျခစြမ္းကို ရုပ္သံအစီအစဥ္တင္ဆက္သူေတြအျဖစ္ တာ၀န္ယူခဲ့ၾကတဲ့ အဂၤလန္ဂႏၳ၀င္တုိက္စစ္မွဴးေဟာင္း အလန္ရွီးယားရားနဲ႔ အီယန္ရိုက္တို႔ကလည္း ခ်ီးက်ဴးသြားပါတယ္။ ဘယ္သူေတြဘယ္လိုပဲခ်ီးက်ဴးပါေစ၊ လူမႈကြန္ယက္၀က္ဘ္ဆိုက္ကတဆင့္ ဖာဘရီဂက္စ္ ခ်ီးက်ဴးတာေလာက္အထိေတာ့ သူ႕အေနနဲ႔ ေက်နပ္ႏိုင္မယ္မထင္ပါဘူး။

ဂီးလ္မိုးဟာ ငယ္စဥ္ကတည္းက ဖာဘရီဂက္စ္ ကစားတာေတြကို ခ်ဲလ္ဆီးအသင္းရဲ႕ Youtube Channel မွာ ေသခ်ာေသခ်ာ ေလ့လာသံုးသပ္ရင္း ႀကီးျပင္းခဲ့တာပါ။ ၂၀၁၇ခုႏွစ္ ဒီဇင္ဘာလတုန္းက ကြန္ပ်ဴတာေရွ႕မွာ ဖာဘရီဂက္စ္ကစားတာေတြကို ေလ့လာေနတဲ့ ဂီးလ္မိုးရဲ႕ ဓါတ္ပံုတစ္ပံုက စပိန္ကြင္းလယ္လူကို ဘယ္ေလာက္ေလးစားအားက်တယ္ဆိုတာကို သက္ေသျပေနတာပါပဲ။

ဂီးလ္မိုးနဲ႔ပတ္သက္ၿပီး မိုနာကိုမွာကစားေနတဲ့ ဖာဘရီဂက္စ္က အခုလိုမွတ္ခ်က္ေပးခဲ့ပါတယ္။ “ႏွစ္သက္စရာပါပဲ။ သူ႔ရဲ႕ ကိုယ္ရည္ကိုယ္ေသြး၊ ဆံုးျဖတ္ခ်က္ခ်ရာမွာ ပါးနပ္ထူးခၽြန္မႈ၊ ကစားေဖာ္ေတြဆီ ေဘာလံုလက္ခံႏုိင္တဲ့ေနရာမွာ အၿမဲတမ္းရွိေနပံုနဲ႔ ပရီးမီးယားလိဂ္မွာ အသားက်ဖို႔ အေရးႀကီးဆံုးျဖစ္တဲ့ တြန္းတြန္းတိုက္တိုက္ကစားႏိုင္မႈေတြအားလံုးမွာ တကယ့္ကိုေက်နပ္စရာပါ”လို႔ ဖာဘရီဂက္စ္က တြစ္တာမွာ ပို႔စ္တင္ခဲ့ပါတယ္။

လီဗာပူးလ္နဲ႔ပြဲမွာ ဂီးလ္မိုးဟာ ေဘာလံုးဖ်က္တာ (၅)ႀကိမ္ ေအာင္ျမင္ခဲ့ၿပီး ေဘာလံုးအေပးအယူလုပ္ႏိုင္တာ ၃၇ ႀကိမ္နဲ႔ ေဘာလံုးထိတာ ၆၂ ႀကိမ္ရွိခဲ့ပါတယ္။ ဒါ့အျပင္ ေဘာလံုးအေပးအယူ တိက်ႏႈန္း ၇၇ ရာခိုင္ႏႈန္းရွိၿပီး ဂိုးသြင္းခြင့္ဖန္တီးႏိုင္တာကေတာ့ ၁ ႀကိမ္ရွိခဲ့ေၾကာင္းလည္း မွတ္တမ္းေတြအရ သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.