La Liga

ဘာစီလိုနာအားကစားဒါ႐ိုက္တာ အဘီဒယ္လ္ကို ေပါက္ကြဲေနတဲ့ အသင္းေခါင္းေဆာင္ မက္ဆီ

ဘာစီလိုနာအသင္းရဲ႕ ထုတ္ပယ္ခံခဲ့ရတဲ့ နည္းျပေဟာင္း အာနက္စတို ဗယ္လ္ဗာဒီလက္ထက္မွာ ကစားသမားေတြဟာ ထိုက္သင့္သေလာက္ မႀကဳိးစားခဲ့ဘဲ နည္းျပနဲ႔ ဆက္ဆံေရးေအးခဲေနခဲ့ၿပီး ဘယ္လိုပဲဖုံးဖုံး ကစားသမားေဟာင္းတစ္ေယာက္အေနနဲ႔ သိေနတယ္လုိ႔ ေျပာလုိက္တဲ့ အားကစား ဒါ႐ိုက္တာ အဲရစ္ အဘီဒယ္လ္ကို အသင္းေခါင္းေဆာင္ လီယြန္နယ္ မက္ဆီက ေဒါသတႀကီး တုံ႔ျပန္လိုက္ပါတယ္။

အသင္းရဲ႕ ကစားသမားတစ္ဦးဘဝကေန အားကစားဒါ႐ိုက္တာရာထူးအရ တက္လွမ္းေရာက္ရွိလာခဲ့တဲ့ အဘီဒယ္လ္က သူတို႔အေနနဲ႔ ကစားသမားေတြနဲ႔ ဗယ္လ္ဗာဒီရဲ႕ၾကားမွာ ဘယ္လိုမွ ဆက္ဆံေရးတည္ေဆာက္လို႔ မရေတာ့တဲ့ အေျခအေနေၾကာင့္ ထုတ္ပယ္ခဲ့ရတာလုိ႔လည္း ဝန္ခံေျပာၾကားခဲ့ၿပီး ဒါကို မက္ဆီက မေက်နပ္ခဲ့တာလည္းျဖစ္ပါတယ္။

“ကၽြန္ေတာ္အျမင္ေတာ့ ဘယ္သူဘာလုပ္လုပ္ လူတစ္ေယာက္ဟာ သူ႕ရဲ႕ အျပဳအမူေတြအတြက္ တာဝန္ယူတာဝန္ခံမွဳ ရွိရပါလိမ့္မယ္”လို႔ မက္ဆီက သူ႕ရဲ႕ အင္စတာဂရမ္မွာ ေရးသားလိုက္တာျဖစ္ၿပီး “ကစားသမားေတြဟာ အသင္းရဲ႕ ကစားပုံမေကာင္းဘူးဆုိရင္ ပထမဆုံး အျပစ္တင္ခံရသူေတြ ျဖစ္ေနခ်ိန္မွာ ဒီလိုမေျပာသင့္ပါဘူး”လို႔လည္း ဆုိခဲ့ပါတယ္။

မက္ဆီက အဘီဒယ္လ္လို အားကစားဒါ႐ိုက္တာအေနနဲ႔ ကိုယ့္ရဲ႕တာဝန္ယူမွဳနဲ႔ ဆုံးျဖတ္ခ်က္ေတြအတြက္ပဲ အာ႐ုံစိုက္ထားသင့္ၿပီး ဘယ္လို စကားမ်ဳိးေျပာသင့္တယ္ဆုိတာကိုလည္း ညႊန္ျပခဲ့သလို ကစားသမားတစ္ေယာက္ေယာက္က စည္းကမ္းခ်ဳိးေဖာက္ခဲ့တာမ်ဳိးရွိရင္ နာမည္တပ္ၿပီး ေျပာဖို႔နဲ႔ အသင္းသားအားလုံးကို သိမ္းက်ဳံးေျပာတာဟာ ေစာ္ကားသလို ခံစားရတဲ့အေၾကာင္းလည္း တုံ႔ျပန္လုိက္ပါတယ္။

ကာတာလန္အသင္းရဲ႕ ကစားသမားေရးရာ စီမံခန္႔ခြဲမွဳေတြဟာ ႏွစ္ၾကာလာတာနဲ႔အမွ် ညံ့ဖ်င္းမွဳေတြလည္း မ်ားလာခဲ့ၿပီး အေျပာင္းအေရႊ႕မွာ အံမဝင္တဲ့ ကစားသမားမ်ားစြာအတြက္ ေငြေၾကးဆုံးရွဳံးမွဳမ်ားခဲ့ျခင္း၊ ကစားသမားေတြ မႀကဳိက္တဲ့ ကီေကး ဆီတီယန္ကို ခန္႔အပ္ခဲ့ျခင္းေတြရွိခဲ့သလို အဘီဒယ္လ္ဟာလည္း ပ႐ိုဖုိင္ျမင့္မားတဲ့ ကစားသမားတစ္ဦး မျဖစ္ခဲ့တာေၾကာင့္ ဘာစီလိုနာကစားသမားေတြရဲ႕ ေလးစားမွဳကို ရယူႏုိင္သူတစ္ဦးလည္း မျဖစ္ခဲ့ခ်ိန္မွာ မက္ဆီနဲ႔ ၿငိစြန္းခဲ့တာကေတာ့ အသင္းရဲ႕ အရည္အခ်င္းမျပည့္ဝတဲ့ တာဝန္ရွိသူေတြရဲ႕ လုပ္ရပ္ေတြကို ပိုမိုျမင္သာခဲ့တာလည္းျဖစ္ေၾကာင္း သုံးသပ္ရပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ဘာစီလိုနာအသင်းရဲ့ ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြဟောင်း အာနက်စတို ဗယ်လ်ဗာဒီလက်ထက်မှာ ကစားသမားတွေဟာ ထိုက်သင့်သလောက် မကြိုးစားခဲ့ဘဲ နည်းပြနဲ့ ဆက်ဆံရေးအေးခဲနေခဲ့ပြီး ဘယ်လိုပဲဖုံးဖုံး ကစားသမားဟောင်းတစ်ယောက်အနေနဲ့ သိနေတယ်လို့ ပြောလိုက်တဲ့ အားကစား ဒါရိုက်တာ အဲရစ် အဘီဒယ်လ်ကို အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက ဒေါသတကြီး တုံ့ပြန်လိုက်ပါတယ်။

အသင်းရဲ့ ကစားသမားတစ်ဦးဘဝကနေ အားကစားဒါရိုက်တာရာထူးအရ တက်လှမ်းရောက်ရှိလာခဲ့တဲ့ အဘီဒယ်လ်က သူတို့အနေနဲ့ ကစားသမားတွေနဲ့ ဗယ်လ်ဗာဒီရဲ့ကြားမှာ ဘယ်လိုမှ ဆက်ဆံရေးတည်ဆောက်လို့ မရတော့တဲ့ အခြေအနေကြောင့် ထုတ်ပယ်ခဲ့ရတာလို့လည်း ဝန်ခံပြောကြားခဲ့ပြီး ဒါကို မက်ဆီက မကျေနပ်ခဲ့တာလည်းဖြစ်ပါတယ်။

“ကျွန်တော်အမြင်တော့ ဘယ်သူဘာလုပ်လုပ် လူတစ်ယောက်ဟာ သူ့ရဲ့ အပြုအမူတွေအတွက် တာဝန်ယူတာဝန်ခံမှု ရှိရပါလိမ့်မယ်”လို့ မက်ဆီက သူ့ရဲ့ အင်စတာဂရမ်မှာ ရေးသားလိုက်တာဖြစ်ပြီး “ကစားသမားတွေဟာ အသင်းရဲ့ ကစားပုံမကောင်းဘူးဆိုရင် ပထမဆုံး အပြစ်တင်ခံရသူတွေ ဖြစ်နေချိန်မှာ ဒီလိုမပြောသင့်ပါဘူး”လို့လည်း ဆိုခဲ့ပါတယ်။

မက်ဆီက အဘီဒယ်လ်လို အားကစားဒါရိုက်တာအနေနဲ့ ကိုယ့်ရဲ့တာဝန်ယူမှုနဲ့ ဆုံးဖြတ်ချက်တွေအတွက်ပဲ အာရုံစိုက်ထားသင့်ပြီး ဘယ်လို စကားမျိုးပြောသင့်တယ်ဆိုတာကိုလည်း ညွှန်ပြခဲ့သလို ကစားသမားတစ်ယောက်ယောက်က စည်းကမ်းချိုးဖောက်ခဲ့တာမျိုးရှိရင် နာမည်တပ်ပြီး ပြောဖို့နဲ့ အသင်းသားအားလုံးကို သိမ်းကျုံးပြောတာဟာ စော်ကားသလို ခံစားရတဲ့အကြောင်းလည်း တုံ့ပြန်လိုက်ပါတယ်။

ကာတာလန်အသင်းရဲ့ ကစားသမားရေးရာ စီမံခန့်ခွဲမှုတွေဟာ နှစ်ကြာလာတာနဲ့အမျှ ညံ့ဖျင်းမှုတွေလည်း များလာခဲ့ပြီး အပြောင်းအရွှေ့မှာ အံမဝင်တဲ့ ကစားသမားများစွာအတွက် ငွေကြေးဆုံးရှုံးမှုများခဲ့ခြင်း၊ ကစားသမားတွေ မကြိုက်တဲ့ ကီကေး ဆီတီယန်ကို ခန့်အပ်ခဲ့ခြင်းတွေရှိခဲ့သလို အဘီဒယ်လ်ဟာလည်း ပရိုဖိုင်မြင့်မားတဲ့ ကစားသမားတစ်ဦး မဖြစ်ခဲ့တာကြောင့် ဘာစီလိုနာကစားသမားတွေရဲ့ လေးစားမှုကို ရယူနိုင်သူတစ်ဦးလည်း မဖြစ်ခဲ့ချိန်မှာ မက်ဆီနဲ့ ငြိစွန်းခဲ့တာကတော့ အသင်းရဲ့ အရည်အချင်းမပြည့်ဝတဲ့ တာဝန်ရှိသူတွေရဲ့ လုပ်ရပ်တွေကို ပိုမိုမြင်သာခဲ့တာလည်းဖြစ်ကြောင်း သုံးသပ်ရပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.