Bundesliga

ေလဗာကူဆင္မွာ ဆက္ေနဖို႔ ဟာဗတ္ဇ္ကို တုိက္တြန္းလိုက္တဲ့ ကပၸတိန္ေဟာင္း ေဘာလက္

လီဗာပူးလ္နဲ႔ မန္ခ်က္စတာယူႏုိက္တက္တုိ႔ရဲ႕ ေႏြရာသီပစ္မွတ္ ခိုင္ဟာဗက္ဇ္ကို အသင္းမွာ ဆက္ကစားဖို႔ ေလဗာကူဆင္အသင္းေခါင္းေဆာင္ေဟာင္း မီခယ္ေအး(မုိက္ကယ္) ေဘာလက္က တိုက္တြန္းလုိက္ၿပီး သူ႕အေနနဲ႔ ထိပ္တန္းအဆင့္မွာ ကစားဖို႔ လိုအပ္ခ်က္ေတြ ရွိေသးတယ္လို႔လည္း ဆုိလုိက္ပါတယ္။

ေလဗာကူဆင္အသင္းရဲ႕ လူငယ္အကယ္ဒမီကို အသက္ ၁၁ ႏွစ္ အရြယ္မွာကတည္းက ေရာက္ရွိလာခဲ့တဲ့ ဟာဗတ္ဇ္ဟာ အသင္းႀကီးအတြက္ ၂၀၁၆ ခုႏွစ္မွာ စတင္ကစားခြင့္ရခဲ့ၿပီး ဂ်ာမနီလူငယ္လက္ေရြးစင္အသင္းအဆင့္ဆင့္ကိုလည္း ျဖတ္သန္းကာ ၂၀၁၈ ခုႏွစ္မွာ ႏိုင္ငံ့လက္ေရြးစင္ျဖစ္ခဲ့သူလည္း ျဖစ္ပါတယ္။

ေဘာလက္က ဟာဗတ္ဇ္ကဟာ ထူးျခားေကာင္းမြန္တဲ့ ကစားသမားတစ္ဦးျဖစ္ေပမယ့္ ထိပ္တန္းအဆင့္ကို တက္လွမ္းဖို႔ေတာ့ လိုအပ္ခ်က္ေတြ ရွိေနေသးၿပီး အခ်ိန္ယူရဦးမယ္လို႔ ဆုိခဲ့သလို ပုိမိုတုိးတက္ဖို႔နဲ႔ စိတ္ပုိင္းဆုိင္ရာ ႀကံ့ခုိင္မွဳရွိဖို႔ ႀကဳိးစားရဦးမယ္လို႔ အႀကံေပးလုိက္ၿပီး ေဘာလုံးပညာနဲ႔ ပတ္သက္လို႔ေတာ့ ထူးထူးျခားျခား ေဝဖန္စရာမရွိေၾကာင္းလည္း ဆုိခဲ့ပါတယ္။

အသင္းကေန ေပါင္ ၈၁ သန္းရရင္ ေရာင္းခ်ဖို႔ အဆင္သင့္ျဖစ္ေနၿပီဆုိတဲ့ အသက္ ၂၀ အရြယ္ ေလဗာကူဆင္ကြင္းလယ္လူဟာ သူ႕ရဲ႕ဘဝမွာ ကစားပုံအတြက္ မီဆတ္ အုိေဇးလ္နဲ႔ တိုနီ က႐ူးစ္ကို နမူနာယူခဲ့တယ္လုိ႔ ဆုိခဲ့ေပမယ့္ ျမင့္မားႀကံ့ခိုင္တဲ့ ပုံစံက သူ႕ကို ဂ်ာမနီမွာ Alleskönner(All Rounder)ဆုိတဲ့ အမည္ကိုလည္း ရရွိေစခဲ့ပါတယ္။

ေဘာလက္ကေတာ့ ၿပီးခဲ့တဲ့ ရာသီက ၃၄ ပြဲမွာ ၁၇ ဂိုး သြင္းယူခဲ့တဲ့ ဟာဗတ္ဇ္ကို ဘုိင္ယန္ျမဴးနစ္အသင္းအတြက္ပဲ ျပင္ဆင္ထားေစခ်င္တယ္လုိ႔လည္း ဆိုခဲ့ၿပီး ေႏြရာသီမွာ ေခၚယူဖို႔ ေရပန္းစားေနတဲ့ အသင္းေတြထဲမွာေတာ့ မန္ခ်က္စတာယူႏုိက္တက္အသင္းက အနီးစပ္ဆုံးျဖစ္ေနေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ နွေရာသီပစ်မှတ် ခိုင်ဟာဗက်ဇ်ကို အသင်းမှာ ဆက်ကစားဖို့ လေဗာကူဆင်အသင်းခေါင်းဆောင်ဟောင်း မီခယ်အေး(မိုက်ကယ်) ဘောလက်က တိုက်တွန်းလိုက်ပြီး သူ့အနေနဲ့ ထိပ်တန်းအဆင့်မှာ ကစားဖို့ လိုအပ်ချက်တွေ ရှိသေးတယ်လို့လည်း ဆိုလိုက်ပါတယ်။

လေဗာကူဆင်အသင်းရဲ့ လူငယ်အကယ်ဒမီကို အသက် ၁၁ နှစ် အရွယ်မှာကတည်းက ရောက်ရှိလာခဲ့တဲ့ ဟာဗတ်ဇ်ဟာ အသင်းကြီးအတွက် ၂၀၁၆ ခုနှစ်မှာ စတင်ကစားခွင့်ရခဲ့ပြီး ဂျာမနီလူငယ်လက်ရွေးစင်အသင်းအဆင့်ဆင့်ကိုလည်း ဖြတ်သန်းကာ ၂၀၁၈ ခုနှစ်မှာ နိုင်ငံ့လက်ရွေးစင်ဖြစ်ခဲ့သူလည်း ဖြစ်ပါတယ်။

ဘောလက်က ဟာဗတ်ဇ်ကဟာ ထူးခြားကောင်းမွန်တဲ့ ကစားသမားတစ်ဦးဖြစ်ပေမယ့် ထိပ်တန်းအဆင့်ကို တက်လှမ်းဖို့တော့ လိုအပ်ချက်တွေ ရှိနေသေးပြီး အချိန်ယူရဦးမယ်လို့ ဆိုခဲ့သလို ပိုမိုတိုးတက်ဖို့နဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိဖို့ ကြိုးစားရဦးမယ်လို့ အကြံပေးလိုက်ပြီး ဘောလုံးပညာနဲ့ ပတ်သက်လို့တော့ ထူးထူးခြားခြား ဝေဖန်စရာမရှိကြောင်းလည်း ဆိုခဲ့ပါတယ်။

အသင်းကနေ ပေါင် ၈၁ သန်းရရင် ရောင်းချဖို့ အဆင်သင့်ဖြစ်နေပြီဆိုတဲ့ အသက် ၂၀ အရွယ် လေဗာကူဆင်ကွင်းလယ်လူဟာ သူ့ရဲ့ဘဝမှာ ကစားပုံအတွက် မီဆတ် အိုဇေးလ်နဲ့ တိုနီ ကရူးစ်ကို နမူနာယူခဲ့တယ်လို့ ဆိုခဲ့ပေမယ့် မြင့်မားကြံ့ခိုင်တဲ့ ပုံစံက သူ့ကို ဂျာမနီမှာ Alleskönner(All Rounder)ဆိုတဲ့ အမည်ကိုလည်း ရရှိစေခဲ့ပါတယ်။

ဘောလက်ကတော့ ပြီးခဲ့တဲ့ ရာသီက ၃၄ ပွဲမှာ ၁၇ ဂိုး သွင်းယူခဲ့တဲ့ ဟာဗတ်ဇ်ကို ဘိုင်ယန်မြူးနစ်အသင်းအတွက်ပဲ ပြင်ဆင်ထားစေချင်တယ်လို့လည်း ဆိုခဲ့ပြီး နွေရာသီမှာ ခေါ်ယူဖို့ ရေပန်းစားနေတဲ့ အသင်းတွေထဲမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းက အနီးစပ်ဆုံးဖြစ်နေကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.