Premier League

30 Dec နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများစုစည်းမှု


-လီး ဒစ်ဆွန်က ဆိုးလ်ရှားနဲ့ ၎င်းရဲ့ကြယ်ပွင့်ကစားသမားတွေဟာ မန်ချက်စတာယူနိုက်တက်ရဲ့ပုံစံကို လေ့လာသင်ယူနေတယ်လို့ ယုံကြည်နေပြီး ယခုရာသီ ပရီးမီးယားလိဂ်ဆုဖလားစိန်ခေါ်ဖို့အတွက် မျှော်မှန်းချက်တွေ ပိုမိုမြင့်တက်လာပြီလို့ ထင်မြင်နေ။


-ယူနိုက်တက်တိုက်စစ်မှူးဟောင်း လူးဝစ္စ ဆာဟာက လာမယ့်နှစ်မှာ ဒေါ့မွန်အသင်းကနေ မယုံကြည်နိုင်ဖွယ်ကောင်းမွန်တဲ့ ဂျေဒန်ဆန်ချိုကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိနိုင်လိမ့်မယ်လို့ မျှော်လင့်နေပြီး ဆန်ချိုသာ ဖာနန်ဒက်စ်နဲ့ တွဲကစားလိုက်မယ်ဆိုရင် တိုက်စစ်မှူးတွေ ဂိုး ပိုမိုသွင်းယူနိုင်လိမ့်မယ်လို့ ပြောကြားခဲ့။


-ဝုဗ်ကို အနိုင်ရရှိပြီး အမှတ်ပေးဇယား ဒုတိယနေရာကို တက်လှမ်းနိုင်ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ ကံကောင်းထောက်မစွာနဲ့ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်တယ်လို့ ဝန်ခံပြောကြားခဲ့ပြီး ဝုဗ်နောက်ခံကစားသမား ရာယန် အိတ်နူရီကို ပစ်မှတ်ထားခဲ့ပေမယ့် ရိုမိန် ဆေးစ်ကြောင့် ဘောလုံးက လမ်းကြောင်းပြောင်းပြီး ဂိုးဝင်သွားခဲ့တာဖြစ်။


-မန်ချက်စတာယူနိုက်တက် နည်းပြဆိုးလ်ရှားက အင်္ဂါနေ့ညမှာ ဝုဗ်ကို အနိုင်ရရှိခဲ့ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဒုတိယနေရာကို တက်ရောက်နိုင်ခဲ့ပြီးနောက် ၎င်းရဲ့အသင်းဟာ ဘယ်အသင်းကိုမဆို ဘယ်နေရာမှာပဲဖြစ်ဖြစ် အနိုင်ယူနိုင်ဖို့ ယုံကြည်ချက်ရရှိခဲ့ပြီလို့ ပြောကြားခဲ့ပေမယ့် ၁၅ ပွဲသာ ကစားရသေးတဲ့အတွက် ဆုဖလား စိန်ခေါ်ဖို့နဲ့ပတ်သက်ပြီး ပြောဖို့စောလွန်းသေးတယ်လို့ ထင်မြင်နေ။


-မန်ချက်စတာယူနိုက်တက်နည်းပြ အိုလေ ဂန်နာ ဆိုးလ်ရှားက ဗြိတိန်မှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုနှုန်း မြင့်တက်လာပြီးနောက်ပိုင်း အင်္ဂလိပ် ဘောလုံးရာသီကို ၂ ပတ်အနားပေးသင့်တယ်ဆိုတဲ့ ဝက်စ်ဘရွန်းနည်းပြ ဆမ် လာဒိုက်စ်ရဲ့ စကားကို သဘောမတူခဲ့ဘဲ ပွဲတွေကို ရပ်တန့်လိုက်မယ်ဆိုရင် ကြီးမားတဲ့ပြောင်းလဲမှုမျိုး ဖြစ်လာလိမ့်မယ်လို့ မထင်ကြောင်းနဲ့ စည်းမျဉ်းစည်းကမ်းတွေကိုသာ လိုက်နာဖို့ လိုတယ်လို့ ပြောကြားခဲ့။


-မန်ချက်စတာယူနိုက်တက် ပရိသတ်တွေဟာ အန္တရာယ်ရှိတဲ့ ဝုဗ်အသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ပွဲစဉ်မှာ ၎င်းတို့အသင်း ပေးဂိုးမရှိခဲ့တဲ့နောက် အဲရစ် ဘိုင်လီကို ချီးကျူးခဲ့ကြပြီး မရေမတွက်နိုင်တဲ့ တန်ပြန်တိုက်စစ်၊ ခေါင်းတိုက်ရှင်းထုတ်မှု၊ ဖျက်ထုတ်မှုတွေနဲ့ အခြား နောက်ခံကစားသမားတွေကို ကူညီနိုင်ဖို့ အရာအားလုံးကို လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ပွဲစဉ်တိုင်း ပါဝင်ကစားပေးနိုင်ဖို့ ကြံ့ခိုင်မှု ပြည့်ဝနေနိုင်မယ်လို့ ပရိသတ်တွေ မျှော်လင့်နေ။


-ဝုဗ်အသင်းကို နောက်ကျအနိုင်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်း အမှတ်ပေးဇယား ဒုတိယနေရာကို တက်ရောက်နိုင်ခဲ့ပြီးနောက် ဖီးလ် နဗီးက ပရီးမီးယားလိဂ် ဆုဖလားပြိုင်ပွဲမှာ လီဗာပူးအသင်းကို တွန်းအားပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေပြီး အခြားအသင်းတွေဖြစ်တဲ့ ချဲလ်ဆီးနဲ့ စပါးစ်တို့ကလည်း ခြေချော်၊ မန်စီးတီးကလည်း အမှတ်ပေးဇယား ထိပ်ဆုံးလေးနေရာကို ဝင်ရောက်ဖို့ ကြိုးပမ်းနေဆဲဖြစ်တာကြောင့် ယခုခြေစွမ်းသာ ဆက်လက် ထိန်းသိမ်းထားနိုင်ရင် ဆုဖလားပြိုင်ပွဲထဲမှာ ဆက်ရှိနေလိမ့်မယ်လို့ ပြောကြားခဲ့။


-ယူနိုက်တက်ဂိုးသမား ဒေးဗစ် ဒဟေးယားက ဝုဗ်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ ၎င်းရဲ့အသင်းဖော်တွေကို အက်စ်တွန်ဗီလာနဲ့ နှစ်သစ်မှာ ကစားရမယ့်ပွဲမတိုင်မီ ကြံ့ခိုင်မှုပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိလာဖို့ကိုသာ အာရုံစိုက်ကြဖို့ ပြောကြားခဲ့ပြီး နောက်ထပ် ကောင်းမွန်တဲ့ညတစ်ည ထပ်မံရရှိဖို့အတွက် ကစားသမားတွေအနေနဲ့ ပုံမှန်အခြေအနေကို ပြန်လည်ရောက်ရှိဖို့က သော့ချက်ဖြစ်တယ်လို့ ယုံကြည်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


-လီး ဒစ္ဆြန္က ဆိုးလ္ရွားနဲ႔ ၎ရဲ့ၾကယ္ပြင့္ကစားသမားေတြဟာ မန္ခ်က္စတာယူနိုက္တက္ရဲ့ပုံစံကို ေလ့လာသင္ယူေနတယ္လို႔ ယုံၾကည္ေနၿပီး ယခုရာသီ ပရီးမီးယားလိဂ္ဆုဖလားစိန္ေခၚဖို႔အတြက္ ေမၽွာ္မွန္းခ်က္ေတြ ပိုမိုျမင့္တက္လာၿပီလို႔ ထင္ျမင္ေန။


-ယူနိုက္တက္တိုက္စစ္မႉးေဟာင္း လူးဝစၥ ဆာဟာက လာမယ့္ႏွစ္မွာ ေဒါ့မြန္အသင္းကေန မယုံၾကည္နိုင္ဖြယ္ေကာင္းမြန္တဲ့ ေဂ်ဒန္ဆန္ခ်ိဳကို ေခၚယူဖို႔ သေဘာတူညီမႈ ရရွိနိုင္လိမ့္မယ္လို႔ ေမၽွာ္လင့္ေနၿပီး ဆန္ခ်ိဳသာ ဖာနန္ဒက္စ္နဲ႔ တြဲကစားလိုက္မယ္ဆိုရင္ တိုက္စစ္မႉးေတြ ဂိုး ပိုမိုသြင္းယူနိုင္လိမ့္မယ္လို႔ ေျပာၾကားခဲ့။


-ဝုဗ္ကို အနိုင္ရရွိၿပီး အမွတ္ေပးဇယား ဒုတိယေနရာကို တက္လွမ္းနိုင္ခဲ့ၿပီးေနာက္ မန္ခ်က္စတာယူနိုက္တက္အတြက္ တစ္လုံးတည္းေသာ အနိုင္ဂိုးကို သြင္းယူေပးခဲ့တဲ့ မားကပ္စ္ ရက္ရွ္ဖို႔ဒ္ဟာ ကံေကာင္းေထာက္မစြာနဲ႔ ဂိုးသြင္းယူနိုင္ခဲ့တာျဖစ္တယ္လို႔ ဝန္ခံေျပာၾကားခဲ့ၿပီး ဝုဗ္ေနာက္ခံကစားသမား ရာယန္ အိတ္ႏူရီကို ပစ္မွတ္ထားခဲ့ေပမယ့္ ရိုမိန္ ေဆးစ္ေၾကာင့္ ေဘာလုံးက လမ္းေၾကာင္းေျပာင္းၿပီး ဂိုးဝင္သြားခဲ့တာျဖစ္။


-မန္ခ်က္စတာယူနိုက္တက္ နည္းျပဆိုးလ္ရွားက အဂၤါေန႔ညမွာ ဝုဗ္ကို အနိုင္ရရွိခဲ့ၿပီး ပရီးမီးယားလိဂ္ အမွတ္ေပးဇယား ဒုတိယေနရာကို တက္ေရာက္နိုင္ခဲ့ၿပီးေနာက္ ၎ရဲ့အသင္းဟာ ဘယ္အသင္းကိုမဆို ဘယ္ေနရာမွာပဲျဖစ္ျဖစ္ အနိုင္ယူနိုင္ဖို႔ ယုံၾကည္ခ်က္ရရွိခဲ့ၿပီလို႔ ေျပာၾကားခဲ့ေပမယ့္ ၁၅ ပြဲသာ ကစားရေသးတဲ့အတြက္ ဆုဖလား စိန္ေခၚဖို႔နဲ႔ပတ္သက္ၿပီး ေျပာဖို႔ေစာလြန္းေသးတယ္လို႔ ထင္ျမင္ေန။


-မန္ခ်က္စတာယူနိုက္တက္နည္းၿပ အိုေလ ဂန္နာ ဆိုးလ္ရွားက ၿဗိတိန္မွာ ကိုရိုနာဗိုင္းရပ္စ္ ျဖစ္ပြားမႈႏႈန္း ျမင့္တက္လာၿပီးေနာက္ပိုင္း အဂၤလိပ္ ေဘာလုံးရာသီကို ၂ ပတ္အနားေပးသင့္တယ္ဆိုတဲ့ ဝက္စ္ဘရြန္းနည္းၿပ ဆမ္ လာဒိုက္စ္ရဲ့ စကားကို သေဘာမတူခဲ့ဘဲ ပြဲေတြကို ရပ္တန႔္လိုက္မယ္ဆိုရင္ ႀကီးမားတဲ့ေျပာင္းလဲမႈမ်ိဳး ျဖစ္လာလိမ့္မယ္လို႔ မထင္ေၾကာင္းနဲ႔ စည္းမ်ဥ္းစည္းကမ္းေတြကိုသာ လိုက္နာဖို႔ လိုတယ္လို႔ ေျပာၾကားခဲ့။


-မန္ခ်က္စတာယူနိုက္တက္ ပရိသတ္ေတြဟာ အႏၲရာယ္ရွိတဲ့ ဝုဗ္အသင္းနဲ႔ ရင္ဆိုင္ခဲ့တဲ့ပြဲစဥ္မွာ ၎တို႔အသင္း ေပးဂိုးမရွိခဲ့တဲ့ေနာက္ အဲရစ္ ဘိုင္လီကို ခ်ီးက်ဴးခဲ့ၾကၿပီး မေရမတြက္နိုင္တဲ့ တန္ျပန္တိုက္စစ္၊ ေခါင္းတိုက္ရွင္းထုတ္မႈ၊ ဖ်က္ထုတ္မႈေတြနဲ႔ အျခား ေနာက္ခံကစားသမားေတြကို ကူညီနိုင္ဖို႔ အရာအားလုံးကို လုပ္ေဆာင္နိုင္ခဲ့တဲ့အတြက္ ပြဲစဥ္တိုင္း ပါဝင္ကစားေပးနိုင္ဖို႔ ႀကံ့ခိုင္မႈ ျပည့္ဝေနနိုင္မယ္လို႔ ပရိသတ္ေတြ ေမၽွာ္လင့္ေန။


-ဝုဗ္အသင္းကို ေနာက္က်အနိုင္ဂိုးနဲ႔ အနိုင္ရရွိခဲ့ၿပီး မန္ခ်က္စတာယူနိုက္တက္အသင္း အမွတ္ေပးဇယား ဒုတိယေနရာကို တက္ေရာက္နိုင္ခဲ့ၿပီးေနာက္ ဖီးလ္ နဗီးက ပရီးမီးယားလိဂ္ ဆုဖလားၿပိဳင္ပြဲမွာ လီဗာပူးအသင္းကို တြန္းအားေပးနိုင္လိမ့္မယ္လို႔ ယုံၾကည္ေနၿပီး အျခားအသင္းေတြျဖစ္တဲ့ ခ်ဲလ္ဆီးနဲ႔ စပါးစ္တို႔ကလည္း ေျခေခ်ာ္၊ မန္စီးတီးကလည္း အမွတ္ေပးဇယား ထိပ္ဆုံးေလးေနရာကို ဝင္ေရာက္ဖို႔ ႀကိဳးပမ္းေနဆဲျဖစ္တာေၾကာင့္ ယခုေျခစြမ္းသာ ဆက္လက္ ထိန္းသိမ္းထားနိုင္ရင္ ဆုဖလားၿပိဳင္ပြဲထဲမွာ ဆက္ရွိေနလိမ့္မယ္လို႔ ေျပာၾကားခဲ့။


-ယူနိုက္တက္ဂိုးသမား ေဒးဗစ္ ဒေဟးယားက ဝုဗ္အသင္းကို အနိုင္ရရွိခဲ့တဲ့ပြဲစဥ္အၿပီးမွာ ၎ရဲ့အသင္းေဖာ္ေတြကို အက္စ္တြန္ဗီလာနဲ႔ ႏွစ္သစ္မွာ ကစားရမယ့္ပြဲမတိုင္မီ ႀကံ့ခိုင္မႈပုံမွန္အေျခအေန ျပန္လည္ေရာက္ရွိလာဖို႔ကိုသာ အာ႐ုံစိုက္ၾကဖို႔ ေျပာၾကားခဲ့ၿပီး ေနာက္ထပ္ ေကာင္းမြန္တဲ့ညတစ္ည ထပ္မံရရွိဖို႔အတြက္ ကစားသမားေတြအေနနဲ႔ ပုံမွန္အေျခအေနကို ျပန္လည္ေရာက္ရွိဖို႔က ေသာ့ခ်က္ျဖစ္တယ္လို႔ ယုံၾကည္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.