Premier League Transfer News

30 Dec နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– ဒီနေ့ခေတ် မော်ဒန် ဘောလုံးလောကမှာ ယုံကြည်မှု ထားရှိနိုင်ဖို့က အရေးကြီးကြောင်းနဲ့ အာဆင်နယ်နဲ့ နည်းပြ မီခယ်လ် အာတီတာတို့ အနေနဲ့ လမ်းကြောင်းမှန်ပေါ်ကို ပြန်လည်ရောက်ရှိလာပြီလို့ မြင်ကြောင်း နှစ်ပွဲဆက်နိုင်ပွဲအပြီးမှာ နောက်ခံလူဟောင်း ဘာကာရီ ဆက်ညာ မှတ်ချက်ပေး။

– ဘရိုက်တန်ကို အနိုင်ရရှိခဲ့တဲ့ ပွဲမှာ လူစားဝင်ပြီး ၂၁ စက္ကန့်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်နဲ့ ဒီဂိုးအတွက် အကောင်းဆုံးပုံစံနဲ့ ဖန်တီးပေးပို့ခဲ့တဲ့ လူငယ်တောင်ပံကစားသမား ဘူကာယို ဆာကာတို့ကို ရေးပါလာနဲ့ ဒေးဗစ် ဆီးမန်းတို့ အသီးသီး ချီးကျူးသွား။

– အာဆင်နယ်အသင်းအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းဘက်က ပြောင်းရွှေ့ကြေး ယူရိုသန်း ၂၀ သတ်မှတ်ထားခဲ့တဲ့ ကွင်းလယ်လူ အစ္စကိုကို ဇန်နဝါရီမှာ ခေါ်ယူသွားနိုင်ဖို့ ရှေ့ဆုံးက ပြေးနေပြီး တာဝန်ရှိသူတွေအနေနဲ့ အငှားနဲ့ပဲ စတင်ကမ်းလှမ်းသွားဖွယ်ရှိနေ။

– လူငယ်တွေရဲ့ ရုန်းအားနဲ့ နှစ်ပွဲဆက်အနိုင်ရရှိခဲ့တဲ့ အသင်းရဲ့ စွမ်းဆောင်ရည်ကို နည်းပြ အာတီတာက ချီးကျူးခဲ့ပေမယ့် သူတို့တွေအနေနဲ့ စီနီယာကစားသမားတွေကိုလည်း မေ့မထားဘဲ လေးစားရလိမ့်မယ်လို့ လာကာဇက်ရဲ့ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲအပြီးမှာ ပြောကြား။

– ဆော်ပေါ်လိုအသင်းရဲ့ ဘရာဇီးလ်တိုက်စစ်မှူး ဘရင်းနားကို ယူရို ၁၂ သန်းနဲ့ အနာဂတ်ခံစားခွင့်တွေ ပေးရင် ခေါ်ယူနိုင်မယ်လို့ အိုင်းယက်စ်အသင်းဆီ ကမ်းလှမ်းခဲ့တယ်လို့ ဒတ်ချ်သတင်းဌာန တယ်လီဂရပ်ဖ်က ဖော်ပြခဲ့ပြီး သူ့ကို စိတ်ဝင်စားနေတဲ့ အာဆင်နယ် အသင်းအနေနဲ့ ပြိုင်ဆိုင်ကမ်းလှမ်းနိုင်တဲ့ကြေးဖြစ်နေ။

– ဘရိုက်တန်နဲ့ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို ချဲလ်ဆီးနဲ့ပွဲအပြီးမှာ နှစ်ပွဲဆက်တိုက် ရယူနိုင်ခဲ့တဲ့ လူငယ်ကစားသမား ဆာကာကို ဝန်ထုပ်ဝန်ပိုးတွေ အရမ်းမပေးဖို့နဲ့ သူ့ဘာသာသူ တိုးတက်ကောင်းမွန်လာတာကို အားပေးကြဖို့ ပရိသတ်တွေကို အာတီတာ တိုက်တွန်း။

– အာဆင်နယ်အသင်းကို အကောင်းဆုံး ရင်ဆိုင်ကစားသွားသူတစ်ဦးဖြစ်တဲ့ ဘရိုက်တန်ကွင်းလယ်လူ အိဗ်စ် ဘီဆူးမားကို ခေါ်ယူပြီး သောမတ်စ် ပါတေးနဲ့အတူ မာကျောပြီး လုပ်အားနှုန်းမြင့်မားတဲ့ ကွင်းလယ်ကို တည်ဆောက်ဖို့ တိုက်စစ်မှူးဟောင်း ကီဗင် ကမ်းဘဲလ် တိုက်တွန်း။

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ နံပါတ် ၁၀ ကစားသမားသစ်ကို တွေ့ရှိခဲ့ပြီလို့ ချဲလ်ဆီး၊ ဘရိုက်တန်တို့နဲ့ပွဲတွေမှာ နှစ်ပွဲဆက် ပွဲထွက်ခွင့်ရပြီး ဘောလုံးဖြန့်ဝေပုံ ကောင်းမွန်ခဲ့တဲ့ လူငယ်ကွင်းလယ်လူ အီမီးလ် စမစ်ရိုးကို မီဒီယာတွေပေါ်မှာ ချီးကျူးနေကြ။

– ကွင်းလယ်လူ မီဆွတ် အိုဇေးလ်ကတော့ အာဆင်နယ်နဲ့ တူရကီကလပ်အသင်းတွေကြားထဲက အပြောင်းအရွှေ့အကြံပေးသူတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်လာနေပြီး ပြီးခဲ့တဲ့ရာသီက အယ်လ်နန်နီကို ဘက်ရှီးတပ်စ်ဆီ ပို့ဆောင်ခဲ့သလို ဒီရာသီမှာလည်း ဆိုကရာတစ်ကို ဖီနာဘာချီဆီ ပို့ဆောင်နိုင်မယ် အကြံပေးမှု အောင်မြင်ဖို့ နီးစပ်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ဒီေန႔ေခတ္ ေမာ္ဒန္ ေဘာလုံးေလာကမွာ ယုံၾကည္မႈ ထားရွိႏိုင္ဖို႔က အေရးႀကီးေၾကာင္းနဲ႔ အာဆင္နယ္နဲ႔ နည္းျပ မီခယ္လ္ အာတီတာတို႔ အေနနဲ႔ လမ္းေၾကာင္းမွန္ေပၚကို ျပန္လည္ေရာက္ရွိလာၿပီလို႔ ျမင္ေၾကာင္း ႏွစ္ပြဲဆက္ႏိုင္ပြဲအၿပီးမွာ ေနာက္ခံလူေဟာင္း ဘာကာရီ ဆက္ညာ မွတ္ခ်က္ေပး။

– ဘ႐ိုက္တန္ကို အႏိုင္ရရွိခဲ့တဲ့ ပြဲမွာ လူစားဝင္ၿပီး ၂၁ စကၠန႔္မွာ ဂိုးသြင္းယူႏိုင္ခဲ့တဲ့ တိုက္စစ္မႉး အလက္ဇန္းဒါး လာကာဇက္နဲ႔ ဒီဂိုးအတြက္ အေကာင္းဆုံးပုံစံနဲ႔ ဖန္တီးေပးပို႔ခဲ့တဲ့ လူငယ္ေတာင္ပံကစားသမား ဘူကာယို ဆာကာတို႔ကို ေရးပါလာနဲ႔ ေဒးဗစ္ ဆီးမန္းတို႔ အသီးသီး ခ်ီးက်ဴးသြား။

– အာဆင္နယ္အသင္းအေနနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းဘက္က ေျပာင္းေ႐ႊ႕ေၾကး ယူ႐ိုသန္း ၂၀ သတ္မွတ္ထားခဲ့တဲ့ ကြင္းလယ္လူ အစၥကိုကို ဇန္နဝါရီမွာ ေခၚယူသြားႏိုင္ဖို႔ ေရွ႕ဆုံးက ေျပးေနၿပီး တာဝန္ရွိသူေတြအေနနဲ႔ အငွားနဲ႔ပဲ စတင္ကမ္းလွမ္းသြားဖြယ္ရွိေန။

– လူငယ္ေတြရဲ႕ ႐ုန္းအားနဲ႔ ႏွစ္ပြဲဆက္အႏိုင္ရရွိခဲ့တဲ့ အသင္းရဲ႕ စြမ္းေဆာင္ရည္ကို နည္းျပ အာတီတာက ခ်ီးက်ဴးခဲ့ေပမယ့္ သူတို႔ေတြအေနနဲ႔ စီနီယာကစားသမားေတြကိုလည္း ေမ့မထားဘဲ ေလးစားရလိမ့္မယ္လို႔ လာကာဇက္ရဲ႕ ဂိုးနဲ႔ အႏိုင္ရရွိခဲ့တဲ့ ပြဲအၿပီးမွာ ေျပာၾကား။

– ေဆာ္ေပၚလိုအသင္းရဲ႕ ဘရာဇီးလ္တိုက္စစ္မႉး ဘရင္းနားကို ယူ႐ို ၁၂ သန္းနဲ႔ အနာဂတ္ခံစားခြင့္ေတြ ေပးရင္ ေခၚယူႏိုင္မယ္လို႔ အိုင္းယက္စ္အသင္းဆီ ကမ္းလွမ္းခဲ့တယ္လို႔ ဒတ္ခ်္သတင္းဌာန တယ္လီဂရပ္ဖ္က ေဖာ္ျပခဲ့ၿပီး သူ႔ကို စိတ္ဝင္စားေနတဲ့ အာဆင္နယ္ အသင္းအေနနဲ႔ ၿပိဳင္ဆိုင္ကမ္းလွမ္းႏိုင္တဲ့ေၾကးျဖစ္ေန။

– ဘ႐ိုက္တန္နဲ႔ပြဲရဲ႕ အေကာင္းဆုံးကစားသမားဆုကို ခ်ဲလ္ဆီးနဲ႔ပြဲအၿပီးမွာ ႏွစ္ပြဲဆက္တိုက္ ရယူႏိုင္ခဲ့တဲ့ လူငယ္ကစားသမား ဆာကာကို ဝန္ထုပ္ဝန္ပိုးေတြ အရမ္းမေပးဖို႔နဲ႔ သူ႔ဘာသာသူ တိုးတက္ေကာင္းမြန္လာတာကို အားေပးၾကဖို႔ ပရိသတ္ေတြကို အာတီတာ တိုက္တြန္း။

– အာဆင္နယ္အသင္းကို အေကာင္းဆုံး ရင္ဆိုင္ကစားသြားသူတစ္ဦးျဖစ္တဲ့ ဘ႐ိုက္တန္ကြင္းလယ္လူ အိဗ္စ္ ဘီဆူးမားကို ေခၚယူၿပီး ေသာမတ္စ္ ပါေတးနဲ႔အတူ မာေက်ာၿပီး လုပ္အားႏႈန္းျမင့္မားတဲ့ ကြင္းလယ္ကို တည္ေဆာက္ဖို႔ တိုက္စစ္မႉးေဟာင္း ကီဗင္ ကမ္းဘဲလ္ တိုက္တြန္း။

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ နံပါတ္ ၁၀ ကစားသမားသစ္ကို ေတြ႕ရွိခဲ့ၿပီလို႔ ခ်ဲလ္ဆီး၊ ဘ႐ိုက္တန္တို႔နဲ႔ပြဲေတြမွာ ႏွစ္ပြဲဆက္ ပြဲထြက္ခြင့္ရၿပီး ေဘာလုံးျဖန႔္ေဝပုံ ေကာင္းမြန္ခဲ့တဲ့ လူငယ္ကြင္းလယ္လူ အီမီးလ္ စမစ္႐ိုးကို မီဒီယာေတြေပၚမွာ ခ်ီးက်ဴးေနၾက။

– ကြင္းလယ္လူ မီဆြတ္ အိုေဇးလ္ကေတာ့ အာဆင္နယ္နဲ႔ တူရကီကလပ္အသင္းေတြၾကားထဲက အေျပာင္းအေ႐ႊ႕အႀကံေပးသူတစ္ေယာက္ ျဖစ္မွန္းမသိ ျဖစ္လာေနၿပီး ၿပီးခဲ့တဲ့ရာသီက အယ္လ္နန္နီကို ဘက္ရွီးတပ္စ္ဆီ ပို႔ေဆာင္ခဲ့သလို ဒီရာသီမွာလည္း ဆိုကရာတစ္ကို ဖီနာဘာခ်ီဆီ ပို႔ေဆာင္ႏိုင္မယ္ အႀကံေပးမႈ ေအာင္ျမင္ဖို႔ နီးစပ္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.