Match Report Premier League

ဘရိုက်တန် 0-1 အာဆင်နယ်ပွဲအပြီး မှတ်မှတ်ရရ ပြောစရာ 7 ချက်


ဂိုးသွင်းဖို့ စိတ်မရှည်တဲ့ လာကာဇက် – ဘရိုက်တန်နဲ့ပွဲအတွက် အနိုင်ဂိုးကို သွင်းယူဖို့ အာဆင်နယ်တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက် အနေနဲ့ အချိန်အများကြီး စောင့်ဆိုင်းဖို့ စိတ်ရှည်ခဲ့ပုံ မပေါ်ဘဲ အရန်ခုံကထ လူစားဝင်ပြီး ၂၁ စက္ကန့်အကြာမှာပဲ သွင်းယူလိုက်တာပါ။ ဒါပေမယ့် သူထက် စိတ်ဆတ်တဲ့သူကိုတော့ မယှဉ်နိုင်သေးဘဲ လော့ဒ်ဘန့်တနာရဲ့ စပါးစ်နဲ့ပွဲက ၁.၈ စက္ကန့်သွင်းဂိုးကိုတော့ မမီသေးတာဖြစ်ပေမယ့် Open Play ကနေ သွင်းခဲ့ရတဲ့ ပြင်သစ်သားရဲ့ ၂၁ စက္ကန့်ကလည်း ဆရာကျတယ်ပဲ ပြောရမှာဖြစ်ပါတယ်။


ပထမပိုင်း ခပ်ဆိုးဆိုးနဲ့ အာဆင်နယ် – ဘရိုက်တန်ကွင်းမှာ ပုံစံကောင်းရဖို့အတွက် နည်းပြ အာတီတာက လမ်းညွှန်ကောင်း လမ်းညွှန်နိုင်ပေမယ့် အိမ်ရှင်တွေကို ယှဉ်မကစားနိုင်ခဲ့တဲ့ အာဆင်နယ်ကွင်းလယ်ကြောင့် ခံစစ်ပိုင်းအနေနဲ့ ပထမပိုင်းမှာ တော်တော်လေး အလုပ်များခဲ့ရတာပါ။ အူဘာမီယန်းကတော့ အသင်းအတွက် သိပ်အဆင်မပြေတဲ့ ပုံစံကို ပြခဲ့ပြီး ဘောလုံး ၉ ချက်ထိခဲ့တာကိုပဲ တော်သေးတယ်လို့ ဆိုရမယ်ထင်ပါတယ်။


လူငယ်တွေနဲ့ ဖိအားပိုလျော့သွားတဲ့ အာတီတာ – ချဲလ်ဆီးနဲ့ပွဲက စလို့ လူငယ်တွေကို ပိုမိုအသုံးပြုခဲ့တဲ့ အာတီတာအနေနဲ့ ပိုမိုကြိုးစားတဲ့ အသင်းကို ပိုင်ဆိုင်ခဲ့ပြီး ဒီနေ့ပွဲမှာလည်း နှစ်ပွဲဆက်တိုက် အနိုင်ရရှိမှုနဲ့အတူ အမှတ်ပေးဇယားမှာ အဆင့် ၁၃ ကို ရောက်ရှိလာရင်း တန်းဆင်းဇုန်ဖိအား၊ ရာထူးအတွက်ဖိအားတွေ ထပ်လျော့သွားခဲ့ပါတယ်။ ဆာကာနဲ့ လာကာကိုတော့ ကျေးဇူးတင်ရဦးမှာပါ။


ဆိုးရွားနေတဲ့ Amex ရလဒ်တွေ – ဘရိုက်တန်တို့အနေနဲ့ သူတို့အိမ်ကွင်း Amex မှာ ပြီးခဲ့တဲ့ ဇွန်လ တွေ့ဆုံမှုမှာ အာဆင်နယ်ကို အလဲထိုးနိုင်ခဲ့ပေမယ့် ဒီနေ့မှာတော့ ရလဒ်က ပြောင်းပြန်ဖြစ်ခဲ့ပါတယ်။ ဒီရာသီမှာ ၂ ပွဲသာ အနိုင်ရရှိထားခဲ့တဲ့ အိမ်ရှင်စင်ရော်တွေဟာ ပရီးမီးယားလိဂ်အိမ်ကွင်း ကစားပြီးသမျှ ၈ ပွဲမှာ တစ်ပွဲမှ မနိုင်သေးဘဲ ၄ ပွဲသရေသာ ရရှိထားပြီး ၄ ပွဲရှုံးထားချိန်မှာ အာဆင်နယ်တို့အတွက် အချိန်ကောင်းမှာ အိမ်လည်လာမိတာလို့ပဲ ဆိုရမှာဖြစ်ပါတယ်။


နှစ်ပွဲဆက်တိုက် နိုင်ပွဲရှာပေးတဲ့ အကောင်းဆုံး ဆာကာ – ဒီပွဲရဲ့ တရားဝင် Man of the Match ကို မကြေငြာသေးပေမယ့် သတင်းဌာနတွေ ကတော့ ဘူကာယို ဆာကာကိုပဲ ရွေးချယ်ထားပါတယ်။ ချဲလ်ဆီးနဲ့ပွဲမှာ တစ်ဂိုးသွင်းခဲ့တဲ့ ဆာကာဟာ ဒီနေ့ပွဲမှာလည်း အကောင်းဆုံး ဘောလုံးဆွဲပြေးမှု တစ်ကြိမ်နဲ့အတူ လာကာဇက်ရဲ့ အနိုင်ဂိုးကို ကွက်တိ ဖန်တီးပေးနိုင်ခဲ့ပြီး အာဆင်နယ်ပရိသတ်တွေကတော့ ဂုဏ်ယူလို့မဆုံး ဖြစ်နေကြပါပြီ။


တောက်ပပြန်တဲ့ စမစ်ရိုး – ဆာကာကို အကောင်းဆုံးလို့ ချီးကျူးနေတဲ့ ပရိသတ်တွေကြားထဲမှာ စမစ်ရိုးကို အကောင်းဆုံးဆိုတဲ့သူတွေလည်း မရှားပါဘူး။ အသင်းရဲ့ တိုက်စစ်မှူးနောက် နံပါတ် ၁၀ နေရာမှာ အသုံးတော်ခံပေးမယ့်သူ ရှာတွေ့ခဲ့တဲ့ အာဆင်နယ်အတွက် ပရီးမီးယားလိဂ် နှစ်ပွဲဆက် ပွဲထွက်ခွင့်ရခဲ့တဲ့ အင်္ဂလန်လူငယ်အနေနဲ့ ဘောလုံးဖြန့်ဝေမှုနဲ့ တန်ပြန်တိုက်စစ် စတင်မှုတွေမှာ နှောင့်နှေးဖို့ အရိုးစွဲနေတဲ့ တခြားကွင်းလယ်လူတွေနဲ့ မတူဘဲ ပရိသတ်တွေ အခိုင်အမာရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။


ကွင်းထဲ အဝင်နောက်ကျတဲ့ ရန်သူတော်ကြီး – ဒီကွင်းမှာ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ အာဆင်နယ်ရဲ့ ရန်သူတော်ကြီးဖြစ်ခဲ့တာကတော့ နီးလ် မော်ပေပါပဲ။ ဒီပြင်သစ်တိုက်စစ်မှူးဟာ လီနိုကို ဒဏ်ရာရစေခဲ့သလို အနိုင်ဂိုးကိုလည်း သွင်းယူခဲ့သူဖြစ်ပြီး ဒီနေ့မှာတော့ ပွဲချိန် ၆၇ မိနစ်မှာမှ လူစားဝင် ကစားခဲ့တာပါ။ ဒီတစ်ခါမှာတော့ အာဆင်နယ်ပရိသတ်တွေ မုန်းကြတဲ့ မော်ပေတစ်ယောက် ဘာမှ မလုပ်နိုင်တော့ဘဲ အရှုံးပေးလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂိုးသြင္းဖို႔ စိတ္မရွည္တဲ့ လာကာဇက္ – ဘ႐ိုက္တန္နဲ႔ပြဲအတြက္ အႏိုင္ဂိုးကို သြင္းယူဖို႔ အာဆင္နယ္တိုက္စစ္မႉး အလက္ဇန္းဒါး လာကာဇက္ အေနနဲ႔ အခ်ိန္အမ်ားႀကီး ေစာင့္ဆိုင္းဖို႔ စိတ္ရွည္ခဲ့ပုံ မေပၚဘဲ အရန္ခုံကထ လူစားဝင္ၿပီး ၂၁ စကၠန႔္အၾကာမွာပဲ သြင္းယူလိုက္တာပါ။ ဒါေပမယ့္ သူထက္ စိတ္ဆတ္တဲ့သူကိုေတာ့ မယွဥ္ႏိုင္ေသးဘဲ ေလာ့ဒ္ဘန႔္တနာရဲ႕ စပါးစ္နဲ႔ပြဲက ၁.၈ စကၠန႔္သြင္းဂိုးကိုေတာ့ မမီေသးတာျဖစ္ေပမယ့္ Open Play ကေန သြင္းခဲ့ရတဲ့ ျပင္သစ္သားရဲ႕ ၂၁ စကၠန႔္ကလည္း ဆရာက်တယ္ပဲ ေျပာရမွာျဖစ္ပါတယ္။


ပထမပိုင္း ခပ္ဆိုးဆိုးနဲ႔ အာဆင္နယ္ – ဘ႐ိုက္တန္ကြင္းမွာ ပုံစံေကာင္းရဖို႔အတြက္ နည္းျပ အာတီတာက လမ္းၫႊန္ေကာင္း လမ္းၫႊန္ႏိုင္ေပမယ့္ အိမ္ရွင္ေတြကို ယွဥ္မကစားႏိုင္ခဲ့တဲ့ အာဆင္နယ္ကြင္းလယ္ေၾကာင့္ ခံစစ္ပိုင္းအေနနဲ႔ ပထမပိုင္းမွာ ေတာ္ေတာ္ေလး အလုပ္မ်ားခဲ့ရတာပါ။ အူဘာမီယန္းကေတာ့ အသင္းအတြက္ သိပ္အဆင္မေျပတဲ့ ပုံစံကို ျပခဲ့ၿပီး ေဘာလုံး ၉ ခ်က္ထိခဲ့တာကိုပဲ ေတာ္ေသးတယ္လို႔ ဆိုရမယ္ထင္ပါတယ္။


လူငယ္ေတြနဲ႔ ဖိအားပိုေလ်ာ့သြားတဲ့ အာတီတာ – ခ်ဲလ္ဆီးနဲ႔ပြဲက စလို႔ လူငယ္ေတြကို ပိုမိုအသုံးျပဳခဲ့တဲ့ အာတီတာအေနနဲ႔ ပိုမိုႀကိဳးစားတဲ့ အသင္းကို ပိုင္ဆိုင္ခဲ့ၿပီး ဒီေန႔ပြဲမွာလည္း ႏွစ္ပြဲဆက္တိုက္ အႏိုင္ရရွိမႈနဲ႔အတူ အမွတ္ေပးဇယားမွာ အဆင့္ ၁၃ ကို ေရာက္ရွိလာရင္း တန္းဆင္းဇုန္ဖိအား၊ ရာထူးအတြက္ဖိအားေတြ ထပ္ေလ်ာ့သြားခဲ့ပါတယ္။ ဆာကာနဲ႔ လာကာကိုေတာ့ ေက်းဇူးတင္ရဦးမွာပါ။


ဆိုး႐ြားေနတဲ့ Amex ရလဒ္ေတြ – ဘ႐ိုက္တန္တို႔အေနနဲ႔ သူတို႔အိမ္ကြင္း Amex မွာ ၿပီးခဲ့တဲ့ ဇြန္လ ေတြ႕ဆုံမႈမွာ အာဆင္နယ္ကို အလဲထိုးႏိုင္ခဲ့ေပမယ့္ ဒီေန႔မွာေတာ့ ရလဒ္က ေျပာင္းျပန္ျဖစ္ခဲ့ပါတယ္။ ဒီရာသီမွာ ၂ ပြဲသာ အႏိုင္ရရွိထားခဲ့တဲ့ အိမ္ရွင္စင္ေရာ္ေတြဟာ ပရီးမီးယားလိဂ္အိမ္ကြင္း ကစားၿပီးသမွ် ၈ ပြဲမွာ တစ္ပြဲမွ မႏိုင္ေသးဘဲ ၄ ပြဲသေရသာ ရရွိထားၿပီး ၄ ပြဲရႈံးထားခ်ိန္မွာ အာဆင္နယ္တို႔အတြက္ အခ်ိန္ေကာင္းမွာ အိမ္လည္လာမိတာလို႔ပဲ ဆိုရမွာျဖစ္ပါတယ္။


ႏွစ္ပြဲဆက္တိုက္ ႏိုင္ပြဲရွာေပးတဲ့ အေကာင္းဆုံး ဆာကာ – ဒီပြဲရဲ႕ တရားဝင္ Man of the Match ကို မေၾကျငာေသးေပမယ့္ သတင္းဌာနေတြ ကေတာ့ ဘူကာယို ဆာကာကိုပဲ ေ႐ြးခ်ယ္ထားပါတယ္။ ခ်ဲလ္ဆီးနဲ႔ပြဲမွာ တစ္ဂိုးသြင္းခဲ့တဲ့ ဆာကာဟာ ဒီေန႔ပြဲမွာလည္း အေကာင္းဆုံး ေဘာလုံးဆြဲေျပးမႈ တစ္ႀကိမ္နဲ႔အတူ လာကာဇက္ရဲ႕ အႏိုင္ဂိုးကို ကြက္တိ ဖန္တီးေပးႏိုင္ခဲ့ၿပီး အာဆင္နယ္ပရိသတ္ေတြကေတာ့ ဂုဏ္ယူလို႔မဆုံး ျဖစ္ေနၾကပါၿပီ။


ေတာက္ပျပန္တဲ့ စမစ္႐ိုး – ဆာကာကို အေကာင္းဆုံးလို႔ ခ်ီးက်ဴးေနတဲ့ ပရိသတ္ေတြၾကားထဲမွာ စမစ္႐ိုးကို အေကာင္းဆုံးဆိုတဲ့သူေတြလည္း မရွားပါဘူး။ အသင္းရဲ႕ တိုက္စစ္မႉးေနာက္ နံပါတ္ ၁၀ ေနရာမွာ အသုံးေတာ္ခံေပးမယ့္သူ ရွာေတြ႕ခဲ့တဲ့ အာဆင္နယ္အတြက္ ပရီးမီးယားလိဂ္ ႏွစ္ပြဲဆက္ ပြဲထြက္ခြင့္ရခဲ့တဲ့ အဂၤလန္လူငယ္အေနနဲ႔ ေဘာလုံးျဖန႔္ေဝမႈနဲ႔ တန္ျပန္တိုက္စစ္ စတင္မႈေတြမွာ ေႏွာင့္ေႏွးဖို႔ အ႐ိုးစြဲေနတဲ့ တျခားကြင္းလယ္လူေတြနဲ႔ မတူဘဲ ပရိသတ္ေတြ အခိုင္အမာရယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။


ကြင္းထဲ အဝင္ေနာက္က်တဲ့ ရန္သူေတာ္ႀကီး – ဒီကြင္းမွာ ေနာက္ဆုံးကစားခဲ့တဲ့ပြဲမွာ အာဆင္နယ္ရဲ႕ ရန္သူေတာ္ႀကီးျဖစ္ခဲ့တာကေတာ့ နီးလ္ ေမာ္ေပပါပဲ။ ဒီျပင္သစ္တိုက္စစ္မႉးဟာ လီႏိုကို ဒဏ္ရာရေစခဲ့သလို အႏိုင္ဂိုးကိုလည္း သြင္းယူခဲ့သူျဖစ္ၿပီး ဒီေန႔မွာေတာ့ ပြဲခ်ိန္ ၆၇ မိနစ္မွာမွ လူစားဝင္ ကစားခဲ့တာပါ။ ဒီတစ္ခါမွာေတာ့ အာဆင္နယ္ပရိသတ္ေတြ မုန္းၾကတဲ့ ေမာ္ေပတစ္ေယာက္ ဘာမွ မလုပ္ႏိုင္ေတာ့ဘဲ အရႈံးေပးလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.