Premier League Transfer News

ဇန်နဝါရီမှာ လမ်းပတ်ကို ကစားသမားတစ်ဦးပဲ ခေါ်ပေးမယ်လို့ ပြောခဲ့တဲ့ မာရီနာဂရာနော့ဗ်စကီရာ


ချဲလ်ဆီးအသင်းဒါရိုက်တာ မာရီနာဂရာနော့ဗ်စကီရာဟာ ယခုနွေရာသီမှာ ကြီးမားတဲ့ငွေကြေးသုံးစွဲမှုပြုလုပ်ခဲ့ပြီးနောက် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ လမ်းပတ်ကို ကစားသမားတစ်ဦးသာ ခေါ်ယူဖို့ မီးစိမ်းပြလိုက်ပြီလို့ သိရပါတယ်။


ချဲလ်ဆီးအသင်းဟာ ၂၀၂၀-၂၀၂၁ ရာသီမတိုင်မီ တီမိုဗာနာ၊ ခိုင်ဟာဗတ်ဇ်၊ ဘန် ချေးလ်ဝဲလ်၊ အေဒူယာ မန်ဒီစတဲ့ကစားသမားတွေကို ပေါင်သန်း ၂၀၀ ကျော်သုံးစွဲပြီး ခေါ်ယူပြီး နည်းပြလမ်းပတ်ကို အပြည့်အဝထောက်ခံပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း နည်းပြလမ်းပတ်က ၎င်းရဲ့အပြောင်းအရွှေ့ရည်မှန်းချက်ကနေ တစ်စုံတရာက ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ခံစားနေရဆဲဖြစ်ပြီး ဇန်နဝါရီလမှာ နောက်ထပ်ကစားသမားသစ်တွေကို အင်အားဖြည့်တင်းချင်နေတာဖြစ်ပါတယ်။


လမ်းပတ်ရဲ့ ပစ်မှတ်စာရင်းထဲမှာ ဝက်စ်ဟမ်းယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ဒီကလန်ရိုက်စ်က ထိပ်ဆုံးကနေ ပါဝင်နေပြီး လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူသွားဖို့ စဉ်းစားနေတာဖြစ်ပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ အသက် ၂၁ နှစ်အရွယ်ကစားသမားကို ရောင်းချဖို့ ဖိအားတွေအောက်မှာ ရှိနေတာဖြစ်ပြီး နည်းပြမိုရက်စ်ကလည်း မကြာသေးမီက အင်္ဂလန်ကြယ်ပွင့်ကို အရှေ့လန်ဒန်ကနေ ခေါ်ထုတ်သွားမယ်ဆိုရင် ကြီးမားတဲ့ငွေကြေးပမာဏကို အသုံးပြုရလိမ့်မယ်လို့ သတိပေးပြောကြားထားတာဖြစ်ပါတယ်။


ဒါကြောင့် ချဲလ်ဆီးအသင်းဟာ အခြားရွေးချယ်စရာတွေကို ရှာဖွေရမှာဖြစ်ပေမယ့် The Athletic ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးဒါရိုက်တာ မာရီနာဂရာနော့ဗ်စကီရာက ဒီကလန်ရိုက်စ်တစ်ဦးတည်းကိုသာ ခေါ်ယူခွင့်ပြုသွားမယ်လို့ သိရပြီး အခြားကစားသမားတွေကို ခေါ်ယူပေးချင်တဲ့ဆန္ဒမရှိနေတာဖြစ်ပါတယ်။ ဝက်စ်ဟမ်းကွင်းလယ်ကြယ်ပွင့်ဟာ ၂၀၁၄ ခုနှစ်မှာ ချဲလ်ဆီးအကယ်ဒမီကနေ ထွက်ခွာခွင့်ပြုခြင်းခံခဲ့ရသူဖြစ်ပြီး လက်ရှိမှာတော့ ချဲလ်ဆီးအသင်းက ရှာဖွေနေတဲ့ ကစားသမားပုံစံမျိုး အတိအကျဖြစ်နေတာဖြစ်ပါတယ်။

အင်္ဂလန်ကွင်းလယ်ကစားသမား ဒီကလန်ရိုက်စ်ဟာ ကစားသမားဘဝ အကောင်းဆုံးခြေစွမ်းကို မရောက်ရှိသေးတဲ့သူဖြစ်ပြီး လာမယ့်နှစ်ပေါင်းများစွာအတွက် ရင်းနှီးမြှုပ်နှံမှုဖြစ်လာမယ့် ကစားသမားဖြစ်ပါတယ်။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


ခ်ဲလ္ဆီးအသင္းဒါရိုက္တာ မာရီနာဂရာေနာ့ဗ္စကီရာဟာ ယခုေႏြရာသီမွာ ႀကီးမားတဲ့ေငြေၾကးသုံးစြဲမႈျပဳလုပ္ခဲ့ၿပီးေနာက္ ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ လမ္းပတ္ကို ကစားသမားတစ္ဦးသာ ေခၚယူဖို႔ မီးစိမ္းျပလိုက္ၿပီလို႔ သိရပါတယ္။


ခ်ဲလ္ဆီးအသင္းဟာ ၂၀၂၀-၂၀၂၁ ရာသီမတိုင္မီ တီမိုဗာနာ၊ ခိုင္ဟာဗတ္ဇ္၊ ဘန္ ေခ်းလ္ဝဲလ္၊ ေအဒူယာ မန္ဒီစတဲ့ကစားသမားေတြကို ေပါင္သန္း ၂၀၀ ေက်ာ္သုံးစြဲၿပီး ေခၚယူၿပီး နည္းျပလမ္းပတ္ကို အျပည့္အဝေထာက္ခံေပးခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း နည္းျပလမ္းပတ္က ၎ရဲ့အေျပာင္းအေရႊ႕ရည္မွန္းခ်က္ကေန တစ္စုံတရာက ေပ်ာက္ဆုံးေနဆဲျဖစ္တယ္လို႔ ခံစားေနရဆဲျဖစ္ၿပီး ဇန္နဝါရီလမွာ ေနာက္ထပ္ကစားသမားသစ္ေတြကို အင္အားျဖည့္တင္းခ်င္ေနတာျဖစ္ပါတယ္။


လမ္းပတ္ရဲ့ ပစ္မွတ္စာရင္းထဲမွာ ဝက္စ္ဟမ္းယူနိုက္တက္ကြင္းလယ္ၾကယ္ပြင့္ ဒီကလန္ရိုက္စ္က ထိပ္ဆုံးကေန ပါဝင္ေနၿပီး လာမယ့္ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ ေခၚယူသြားဖို႔ စဥ္းစားေနတာျဖစ္ပါတယ္။ ဝက္စ္ဟမ္းအသင္းဟာ အသက္ ၂၁ ႏွစ္အရြယ္ကစားသမားကို ေရာင္းခ်ဖို႔ ဖိအားေတြေအာက္မွာ ရွိေနတာျဖစ္ၿပီး နည္းျပမိုရက္စ္ကလည္း မၾကာေသးမီက အဂၤလန္ၾကယ္ပြင့္ကို အေရွ႕လန္ဒန္ကေန ေခၚထုတ္သြားမယ္ဆိုရင္ ႀကီးမားတဲ့ေငြေၾကးပမာဏကို အသုံးျပဳရလိမ့္မယ္လို႔ သတိေပးေျပာၾကားထားတာျဖစ္ပါတယ္။


ဒါေၾကာင့္ ခ်ဲလ္ဆီးအသင္းဟာ အျခားေရြးခ်ယ္စရာေတြကို ရွာေဖြရမွာျဖစ္ေပမယ့္ The Athletic ရဲ့ ေဖာ္ျပခ်က္အရ ခ်ဲလ္ဆီးဒါရိုက္တာ မာရီနာဂရာေနာ့ဗ္စကီရာက ဒီကလန္ရိုက္စ္တစ္ဦးတည္းကိုသာ ေခၚယူခြင့္ျပဳသြားမယ္လို႔ သိရၿပီး အျခားကစားသမားေတြကို ေခၚယူေပးခ်င္တဲ့ဆႏၵမရွိေနတာျဖစ္ပါတယ္။ ဝက္စ္ဟမ္းကြင္းလယ္ၾကယ္ပြင့္ဟာ ၂၀၁၄ ခုႏွစ္မွာ ခ်ဲလ္ဆီးအကယ္ဒမီကေန ထြက္ခြာခြင့္ျပဳျခင္းခံခဲ့ရသူျဖစ္ၿပီး လက္ရွိမွာေတာ့ ခ်ဲလ္ဆီးအသင္းက ရွာေဖြေနတဲ့ ကစားသမားပုံစံမ်ိဳး အတိအက်ျဖစ္ေနတာျဖစ္ပါတယ္။

အဂၤလန္ကြင္းလယ္ကစားသမား ဒီကလန္ရိုက္စ္ဟာ ကစားသမားဘဝ အေကာင္းဆုံးေျခစြမ္းကို မေရာက္ရွိေသးတဲ့သူျဖစ္ၿပီး လာမယ့္ႏွစ္ေပါင္းမ်ားစြာအတြက္ ရင္းႏွီးျမႇုပ္ႏွံမႈျဖစ္လာမယ့္ ကစားသမားျဖစ္ပါတယ္။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.