Premier League

လန်ဒန်ဒါဘီပွဲ မစခင် အာတီတာကို အချိန်ပေးဖို့ ထိုက်တန်တယ်လို့ ထောက်ခံလိုက်ပြန်တဲ့ လမ်းပတ်


ချဲလ်ဆီးအသင်းနည်းပြ ဖရန့်လမ်းပတ်က အာဆင်နယ်အသင်းမှာ ဖြစ်ပျက်နေတဲ့အရာတွေကို ပြောင်းလဲနိုင်ဖို့အတွက် အာတီတာဟာ အချိန်ပေးဖို့ ထိုက်တန်တယ်လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ချဲလ်ဆီးအသင်းကို ဘောက်ဆင်ဒေးနေ့ပွဲစဉ်အဖြစ် အမ်းမရိတ်စ်ကွင်းထဲမှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ယခုရာသီအစမှာ ဆိုးရွားတဲ့ရလဒ်တွေကို ရင်ဆိုင်ခဲ့ရပြီးနောက်ပိုင်း အဆင့် ၁၅ နေရာအထိ ကျဆင်းနေတာဖြစ်ပါတယ်။ ဒါပေမယ့် လမ်းပတ်ကတော့ အာဆင်နယ်အသင်းဟာ လက်ရှိဖြစ်နေတဲ့အရာတွေကို ပြောင်းလဲပစ်နိုင်တယ်လို့ ထင်မြင်နေသေးပြီး အာတီတာအနေနဲ့ အဲဒီလိုလုပ်ဖို့အတွက် အခွင့်အရေး ရသင့်တယ်လို့ ခံစားနေရတာဖြစ်ပါတယ်။


“ကျွန်တော်တို့ ၂ ယောက်စလုံး ကိုင်တွယ်နေတဲ့အသင်းတွေလိုမျိုး အသင်းမှာက မျှော်မှန်းချက်တွေက ပိုပြီးမြင့်မားပါတယ်။ ဒါပေမယ့် အဲဒါက လူငယ်နည်းပြဖြစ်နေတာကြောင့်လို့ ကျွန်တော် မထင်ပါဘူး”

“သူ့ကို ကျွန်တော် အရမ်းပါရမီရှိတဲ့နည်းပြအဖြစ် မြင်ပါတယ်။ ကျွန်တော်တို့ လွန်ခဲ့တဲ့ ၃ နှစ်၊ ၄ နှစ်ကျော်လောက်က တကယ်ကို တောင့်တင်းတဲ့လူစာရင်းတည်ဆောက်ခဲ့တဲ့ အသင်းတွေရဲ့ သာဓကကို မြင်တွေ့ခဲ့ပါတယ်”


“အဲဒီကာလပြီးတော့ လွှမ်းမိုးထားတဲ့အသင်းတွေက မန်ချက်စတာစီးတီးနဲ့ လီဗာပူးတို့ပါ။ သူတို့မှာ အလုပ်လုပ်ဖို့နဲ့ လူစာရင်းကို တိုးတက်အောင်လုပ်ဖို့ အချိန်ရခဲ့တယ်”

“သူတို့တွေ ခက်ခဲကြမ်းတမ်းတဲ့အခိုက်အတံ့တွေ ကျော်ဖြတ်ခဲ့ရပြီး သူတို့တွေ အဲဒီလိုအခိုက်အတံ့တလျှောက်လုံး တိုးတက်လာဖို့အတွက် အချိန်ပေးခြင်းခံခဲ့ရပါတယ်။ အဲဒီမှာ ခင်ဗျား ကစားသမားတွေ၊ အသင်းနဲဲ့ လူစာရင်း အားလုံးကို အမှန်တကယ်လေ့လာဖို့ပဲ ရှိပါတယ်”

“ကျွန်တော် ဒီမှာပြောနေတာက မီခဲလ်အကြောင်းကို ထူးပြီးပြောနေတာမဟုတ်ပါဘူး။ ပရီးမီးယားလိဂ်မှာဖြစ်နေတဲ့ ယေဘုယျအားဖြင့်ကိစ္စတွေကို ပြောနေတာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


ခ်ဲလ္ဆီးအသင္းနည္းၿပ ဖရန႔္လမ္းပတ္က အာဆင္နယ္အသင္းမွာ ျဖစ္ပ်က္ေနတဲ့အရာေတြကို ေျပာင္းလဲနိုင္ဖို႔အတြက္ အာတီတာဟာ အခ်ိန္ေပးဖို႔ ထိုက္တန္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ ခ်ဲလ္ဆီးအသင္းကို ေဘာက္ဆင္ေဒးေန႔ပြဲစဥ္အျဖစ္ အမ္းမရိတ္စ္ကြင္းထဲမွာ လက္ခံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး ယခုရာသီအစမွာ ဆိုးရြားတဲ့ရလဒ္ေတြကို ရင္ဆိုင္ခဲ့ရၿပီးေနာက္ပိုင္း အဆင့္ ၁၅ ေနရာအထိ က်ဆင္းေနတာျဖစ္ပါတယ္။ ဒါေပမယ့္ လမ္းပတ္ကေတာ့ အာဆင္နယ္အသင္းဟာ လက္ရွိျဖစ္ေနတဲ့အရာေတြကို ေျပာင္းလဲပစ္နိုင္တယ္လို႔ ထင္ျမင္ေနေသးၿပီး အာတီတာအေနနဲ႔ အဲဒီလိုလုပ္ဖို႔အတြက္ အခြင့္အေရး ရသင့္တယ္လို႔ ခံစားေနရတာျဖစ္ပါတယ္။


“ကၽြန္ေတာ္တို႔ ၂ ေယာက္စလုံး ကိုင္တြယ္ေနတဲ့အသင္းေတြလိုမ်ိဳး အသင္းမွာက ေမၽွာ္မွန္းခ်က္ေတြက ပိုၿပီးျမင့္မားပါတယ္။ ဒါေပမယ့္ အဲဒါက လူငယ္နည္းျပျဖစ္ေနတာေၾကာင့္လို႔ ကၽြန္ေတာ္ မထင္ပါဘူး”

“သူ႔ကို ကၽြန္ေတာ္ အရမ္းပါရမီရွိတဲ့နည္းျပအျဖစ္ ျမင္ပါတယ္။ ကၽြန္ေတာ္တို႔ လြန္ခဲ့တဲ့ ၃ ႏွစ္၊ ၄ ႏွစ္ေက်ာ္ေလာက္က တကယ္ကို ေတာင့္တင္းတဲ့လူစာရင္းတည္ေဆာက္ခဲ့တဲ့ အသင္းေတြရဲ့ သာဓကကို ျမင္ေတြ႕ခဲ့ပါတယ္”


“အဲဒီကာလၿပီးေတာ့ လႊမ္းမိုးထားတဲ့အသင္းေတြက မန္ခ်က္စတာစီးတီးနဲ႔ လီဗာပူးတို႔ပါ။ သူတို႔မွာ အလုပ္လုပ္ဖို႔နဲ႔ လူစာရင္းကို တိုးတက္ေအာင္လုပ္ဖို႔ အခ်ိန္ရခဲ့တယ္”

“သူတို႔ေတြ ခက္ခဲၾကမ္းတမ္းတဲ့အခိုက္အတံ့ေတြ ေက်ာ္ျဖတ္ခဲ့ရၿပီး သူတို႔ေတြ အဲဒီလိုအခိုက္အတံ့တေလၽွာက္လုံး တိုးတက္လာဖို႔အတြက္ အခ်ိန္ေပးျခင္းခံခဲ့ရပါတယ္။ အဲဒီမွာ ခင္ဗ်ား ကစားသမားေတြ၊ အသင္းနဲဲ့ လူစာရင္း အားလုံးကို အမွန္တကယ္ေလ့လာဖို႔ပဲ ရွိပါတယ္”

“ကၽြန္ေတာ္ ဒီမွာေျပာေနတာက မီခဲလ္အေၾကာင္းကို ထူးၿပီးေျပာေနတာမဟုတ္ပါဘူး။ ပရီးမီးယားလိဂ္မွာျဖစ္ေနတဲ့ ေယဘုယ်အားျဖင့္ကိစၥေတြကို ေျပာေနတာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.