La Liga Match Report

အယ္လ္ကလာစီကိုမွာ မက္ဒရစ္သားေတြ အႏုိင္ယူၿပီး လာလီဂါကို ျပန္လည္ဦးေဆာင္

UNICODE: စပိန်နိုင်ငံရဲ့ ပြိုင်ဆိုင်မှုအမြင့်မားဆုံးနဲ့ တစ်ကမ္ဘာလုံးက ဘောလုံးပရိသတ်တွေ စိတ်အဝင်စားဆုံးပွဲတစ်ပွဲလည်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ရဲ့ El Clásico ကတော့ ဒီနှစ်မှာ ပရိသတ်အင်အား အနည်းငယ်လျော့ကျခဲ့ပေမယ့် မက်ဒရစ်သားတွေအတွက် စိတ်ကျေနပ်စရာဖြစ်ခဲ့ပြီး ထိရောက်တဲ့ ကစားဟန်၊ ဂိုးသမား ကူထွာတို့ရဲ့ လက်စွမ်းပြမှုနဲ့အတူ လာလီဂါကို ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အနေနဲ့ သူတို့ရဲ့ အဓိကဘယ်နောက်ခံလူ မာဆယ်လိုကို ပြန်လည်နေရာပေးခဲ့လို့ ဖလားတွေ ရယူနိုင်ခဲ့စဉ်က နောက်တန်း လေးယောက်အတွဲအဖက်ကို ရာမို့စ်၊ ဗာရန်းနဲ့ ကာဗာဟယ်လ်တို့နဲ့အတူ ပြန်လည်တည်ဆောက်နိုင်ခဲ့ပြီး ရှေ့ကတော့ အသုံးပြုနေကျ လူစာရင်းကို မပြောင်းမလဲ ပွဲထုတ်ခဲ့ပြီး ဘာစီလိုနာကတော့ လွန်ဂလေအစား အမ်တီတီတစ်ဦးပဲ အပြောင်းအလဲလုပ်လာခဲ့ပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ အခွင့်အရေးကောင်းနှစ်ကြိမ်ကို အာသာနဲ့ မက်ဆီတို့ ဂိုးဝင်အောင် မသွင်းနိုင်ခဲ့ဘဲ ဒီနေရာမှာ လက်စွမ်းကို မေးခွန်းထုတ်ခံနေခဲ့ရတဲ့ ဂိုးသမား သီဘို ကူထွာရဲ့ လက်စွမ်းကလည်း ကောင်းမွန်နေခဲ့ပါတယ်။ ပထမပိုင်းမှာ နှစ်သင်းစလုံးရဲ့ ထက်မြက်တဲ့ တိုက်စစ်တွေကြောင့် ဂိုးသမားတွေနဲ့ နောက်တန်းတွေ အလုပ်များခဲ့ကြတာလည်းဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ ဘာစီလိုနာအသင်းနဲ့ ကောင်းကောင်းအသားမကျသေးတဲ့ နည်းပြ ကီကေး ဆယ်တီယန်ရဲ့ ဗီဒယ်လ်ကို လူစားလဲမှုအမှားကနေ ကွင်းလယ်ကစားပုံ လျော့ရဲသွားခဲ့ပြီး ၇၁ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဗီနီးရှပ် ဂျူနီယာက ထောင့်ကျဉ်းအနေအထားကနေ ပိတ်သွင်းပြီး ဦးဆောင်ဂိုး ရယူသွားနိုင်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ကစားသမားဟောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုအတွက်တော့ အသင်းဟောင်းကို လာရောက်အားပေးရကျိုးနပ်ခဲ့ပြီး တစ်ဂိုးနဲ့ ပွဲပြီးတော့မယ်လို့ ထင်နေတုန်းမှာပဲ နာကျင်အချိန်ပို နှစ်မိနစ်မှာ လူစားဝင်ကစားသမား မာရီယာနို ဒီယက်ဇ်က ညာခြမ်းက ဆွဲပြေးပြီး တာစတီဂျန် ပိတ်ထားတဲ့ ထောင့်ကျဉ်းကိုပဲ အပြင်းကန်သွင်းသွားနိုင်ခဲ့လို့ El Clásico မှာ မက်ဒရစ်သားတွေ အောင်ပွဲခံခဲ့ပြီး လာလီဂါရဲ့ ပထမနေရာကို ဘာစီလိုနာလက်ထဲက ပြန်လည်လုယူဦးဆောင်နိုင်ခဲ့ကြောင်း ရေးသားလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

ZAWGYI: စပိန္ႏုိင္ငံရဲ႕ ၿပဳိင္ဆိုင္မွဳအျမင့္မားဆုံးနဲ႔ တစ္ကမာၻလုံးက ေဘာလုံးပရိသတ္ေတြ စိတ္အဝင္စားဆုံးပြဲတစ္ပြဲလည္းျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာတုိ႔ရဲ႕ El Clásico ကေတာ့ ဒီႏွစ္မွာ ပရိသတ္အင္အား အနည္းငယ္ေလ်ာ့က်ခဲ့ေပမယ့္ မက္ဒရစ္သားေတြအတြက္ စိတ္ေက်နပ္စရာျဖစ္ခဲ့ၿပီး ထိေရာက္တဲ့ ကစားဟန္၊ ဂိုးသမား ကူထြာတုိ႔ရဲ႕ လက္စြမ္းျပမွဳနဲ႔အတူ လာလီဂါကို ျပန္လည္ဦးေဆာင္ႏုိင္ခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္အေနနဲ႔ သူတုိ႔ရဲ႕ အဓိကဘယ္ေနာက္ခံလူ မာဆယ္လိုကို ျပန္လည္ေနရာေပးခဲ့လို႔ ဖလားေတြ ရယူႏုိင္ခဲ့စဥ္က ေနာက္တန္း ေလးေယာက္အတြဲအဖက္ကို ရာမို႔စ္၊ ဗာရန္းနဲ႔ ကာဗာဟယ္လ္တုိ႔နဲ႔အတူ ျပန္လည္တည္ေဆာက္ႏုိင္ခဲ့ၿပီး ေရွ႕ကေတာ့ အသုံးျပဳေနက် လူစာရင္းကို မေျပာင္းမလဲ ပြဲထုတ္ခဲ့ၿပီး ဘာစီလိုနာကေတာ့ လြန္ဂေလအစား အမ္တီတီတစ္ဦးပဲ အေျပာင္းအလဲလုပ္လာခဲ့ပါတယ္။

ဘာစီလိုနာအသင္းအေနနဲ႔ အခြင့္အေရးေကာင္းႏွစ္ႀကိမ္ကို အာသာနဲ႔ မက္ဆီတုိ႔ ဂိုးဝင္ေအာင္ မသြင္းႏုိင္ခဲ့ဘဲ ဒီေနရာမွာ လက္စြမ္းကို ေမးခြန္းထုတ္ခံေနခဲ့ရတဲ့ ဂိုးသမား သီဘို ကူထြာရဲ႕ လက္စြမ္းကလည္း ေကာင္းမြန္ေနခဲ့ပါတယ္။ ပထမပိုင္းမွာ ႏွစ္သင္းစလုံးရဲ႕ ထက္ျမက္တဲ့ တုိက္စစ္ေတြေၾကာင့္ ဂိုးသမားေတြနဲ႔ ေနာက္တန္းေတြ အလုပ္မ်ားခဲ့ၾကတာလည္းျဖစ္ပါတယ္။

ဒုတိယပုိင္းမွာေတာ့ ဘာစီလိုနာအသင္းနဲ႔ ေကာင္းေကာင္းအသားမက်ေသးတဲ့ နည္းျပ ကီေကး ဆယ္တီယန္ရဲ႕ ဗီဒယ္လ္ကို လူစားလဲမွဳအမွားကေန ကြင္းလယ္ကစားပုံ ေလ်ာ့ရဲသြားခဲ့ၿပီး ၇၁ မိနစ္မွာေတာ့ တန္ျပန္တုိက္စစ္ကေန ဗီနီးရွပ္ ဂ်ဴနီယာက ေထာင့္က်ဥ္းအေနအထားကေန ပိတ္သြင္းၿပီး ဦးေဆာင္ဂိုး ရယူသြားႏုိင္ခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္ကစားသမားေဟာင္း ခရစၥတီယာႏို ေရာ္နယ္လ္ဒိုအတြက္ေတာ့ အသင္းေဟာင္းကို လာေရာက္အားေပးရက်ဳိးနပ္ခဲ့ၿပီး တစ္ဂိုးနဲ႔ ပြဲၿပီးေတာ့မယ္လုိ႔ ထင္ေနတုန္းမွာပဲ နာက်င္အခ်ိန္ပို ႏွစ္မိနစ္မွာ လူစားဝင္ကစားသမား မာရီယာႏို ဒီယက္ဇ္က ညာျခမ္းက ဆြဲေျပးၿပီး တာစတီဂ်န္ ပိတ္ထားတဲ့ ေထာင့္က်ဥ္းကိုပဲ အျပင္းကန္သြင္းသြားႏုိင္ခဲ့လို႔ El Clásico မွာ မက္ဒရစ္သားေတြ ေအာင္ပြဲခံခဲ့ၿပီး လာလီဂါရဲ႕ ပထမေနရာကို ဘာစီလိုနာလက္ထဲက ျပန္လည္လုယူဦးေဆာင္ႏုိင္ခဲ့ေၾကာင္း ေရးသားလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.