Match Report

ေနာက္ဆုံးသုံးႀကိမ္ဆက္တိုက္ ဖလားယူၿပီး ကာရာေဘာင္းကို မန္စီးတီးတုိ႔ ဆက္လက္စိုးမိုး

UNICODE: ဝင်ဘလီကွင်းကြီးမှာ တနင်္ဂနွေနေ့ညနေ ကစားခဲ့တဲ့ ကာရာဘောင်းဖလားလို့ စပွန်ဆာအရ ခေါ်ကြတဲ့ အင်္ဂလိပ်လိဂ်ဖလားရဲ့ ဗိုလ်လုပွဲမှာ မန်ချက်စတာစီးတီးအသင်းက ပြိုင်ဘက် အက်စတန်ဗီလာအသင်းကို အနိုင်ရရှိပြီး နောက်ဆုံးသုံးကြိမ်ဆက်တိုက် ဗိုလ်စွဲသွားနိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ နှစ်သင်းစလုံးအနေနဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ အရန်ဂိုးသမားနှစ်ဦးကို ထည့်သွင်းခဲ့တာကလွဲလို့ လူစုံထုတ်ကစားလာကြပြီး အက်စတန်ဗီလာအသင်းအနေနဲ့ ကောင်းမွန်တဲ့ ကစားပုံကို ကြိုးစားပြသသွားနိုင်ပေမယ့် မန်စီးတီးတို့ကလည်း ဒီဖလားကို ဆက်လက်စိုးမိုးဖို့ အကောင်းဆုံး ထိန်းချုပ်ထားနိုင်ခဲ့တာပါ။

ပွဲစပြီး မကြာခင်မှာပဲ ဗီလာကစားသမား အယ်လ်ဂါဇီရဲ့ ခေါင်းတိုက်ချက် ဂိုးနဲ့ နည်းနည်းလေးပဲ လွဲချော်သွားခဲ့လို့ မန်စီးတီးတို့ ကံကောင်းခဲ့ပြီး ပွဲချိန် မိနစ် ၂၀ မှာ အဂွေရိုရဲ့ အနီးကပ်ပိတ်သွင်းမှုနဲ့ ဦးဆောင်နိုင်ခဲ့ပြီး မိနစ် ၃၀ မှာတော့ ထောင့်ကန်ဘောကနေ မာကင်လွတ်နေတဲ့ ကွင်းလယ်လူ ရိုဒရီက ခေါင်းတိုက်သွင်းယူသွားလို့ လက်ရှိချန်ပီယံတို့ အခြေအနေကောင်းသွားခဲ့ပါတယ်။

ပွဲချိန် ၄၁ မိနစ်မှာတော့ မန်စီးတီးနောက်ခံလူ ဂျွန်စတုန်းစ်ရဲ့ အရေးကြီးချိန်မှာ ချော်လဲနေခဲ့တဲ့ ဖြစ်ရပ်ကနေ ဗီလာတိုက်စစ်မှူးသစ် အမ်ဘွာနာ ဆာမက်တာက ဘယ်ခြမ်းက ဖြတ်တင်ဘောကို ခေါင်းတိုက်ချေပနိုင်ခဲ့ပေမယ့် လိုအပ်တဲ့ နောက်တစ်ဂိုးထပ်မံမရရှိခဲ့သလို မန်စီးတီးဘက်ကလည်း အခွင့်အရေးတွေ ဂိုးမဖြစ်ခဲ့တာကြောင့် နှစ်ဂိုး-တစ်ဂိုးနဲ့ပဲ ပွဲပြီးဆုံးသွားခဲ့ပါတယ်။

မန်စီးတီးအသင်းကတော့ ဒီရာသီအတွက် ပထမဆုံးဆုဖလားကို ရရှိသွားခဲ့ပြီဖြစ်ပြီး သုံးကြိမ်ဆက် ဗိုလ်စွဲမှုနဲ့အတူ ကာရာဘောင်းဖလားမှာ ၈ ကြိမ်ရရှိထားတဲ့ လီဗာပူးလ်ရဲ့နောက် ဒုတိယအအောင်မြင်ဆုံးအဖြစ် ၇ ကြိမ်မြောက်အဖြစ် ရရှိသွားခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

ZAWGYI: ဝင္ဘလီကြင္းႀကီးမွာ တနဂၤေႏြေန႔ညေန ကစားခဲ့တဲ့ ကာရာေဘာင္းဖလားလို႔ စပြန္ဆာအရ ေခၚၾကတဲ့ အဂၤလိပ္လိဂ္ဖလားရဲ႕ ဗိုလ္လုပြဲမွာ မန္ခ်က္စတာစီးတီးအသင္းက ၿပဳိင္ဘက္ အက္စတန္ဗီလာအသင္းကို အႏုိင္ရရွိၿပီး ေနာက္ဆုံးသုံးႀကိမ္ဆက္တိုက္ ဗုိလ္စြဲသြားႏုိင္ခဲ့ပါတယ္။

ဒီေန႔ပြဲမွာ ႏွစ္သင္းစလုံးအေနနဲ႔ တုိက္တိုက္ဆုိင္ဆုိင္ပဲ အရန္ဂိုးသမားႏွစ္ဦးကုိ ထည့္သြင္းခဲ့တာကလြဲလို႔ လူစုံထုတ္ကစားလာၾကၿပီး အက္စတန္ဗီလာအသင္းအေနနဲ႔ ေကာင္းမြန္တဲ့ ကစားပုံကို ႀကဳိးစားျပသသြားႏုိင္ေပမယ့္ မန္စီးတီးတုိ႔ကလည္း ဒီဖလားကို ဆက္လက္စိုးမုိးဖို႔ အေကာင္းဆုံး ထိန္းခ်ဳပ္ထားႏုိင္ခဲ့တာပါ။

ပြဲစၿပီး မၾကာခင္မွာပဲ ဗီလာကစားသမား အယ္လ္ဂါဇီရဲ႕ ေခါင္းတုိက္ခ်က္ ဂိုးနဲ႔ နည္းနည္းေလးပဲ လြဲေခ်ာ္သြားခဲ့လို႔ မန္စီးတီးတုိ႔ ကံေကာင္းခဲ့ၿပီး ပြဲခ်ိန္ မိနစ္ ၂၀ မွာ အေဂြ႐ိုရဲ႕ အနီးကပ္ပိတ္သြင္းမွဳနဲ႔ ဦးေဆာင္ႏုိင္ခဲ့ၿပီး မိနစ္ ၃၀ မွာေတာ့ ေထာင့္ကန္ေဘာကေန မာကင္လြတ္ေနတဲ့ ကြင္းလယ္လူ ႐ိုဒရီက ေခါင္းတုိက္သြင္းယူသြားလို႔ လက္ရွိခ်န္ပီယံတုိ႔ အေျခအေနေကာင္းသြားခဲ့ပါတယ္။

ပြဲခ်ိန္ ၄၁ မိနစ္မွာေတာ့ မန္စီးတီးေနာက္ခံလူ ဂၽြန္စတုန္းစ္ရဲ႕ အေရးႀကီးခ်ိန္မွာ ေခ်ာ္လဲေနခဲ့တဲ့ ျဖစ္ရပ္ကေန ဗီလာတုိက္စစ္မွဴးသစ္ အမ္ဘြာနာ ဆာမက္တာက ဘယ္ျခမ္းက ျဖတ္တင္ေဘာကို ေခါင္းတုိက္ေခ်ပႏုိင္ခဲ့ေပမယ့္ လိုအပ္တဲ့ ေနာက္တစ္ဂိုးထပ္မံမရရွိခဲ့သလို မန္စီးတီးဘက္ကလည္း အခြင့္အေရးေတြ ဂိုးမျဖစ္ခဲ့တာေၾကာင့္ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ပဲ ပြဲၿပီးဆုံးသြားခဲ့ပါတယ္။

မန္စီးတီးအသင္းကေတာ့ ဒီရာသီအတြက္ ပထမဆံုးဆုဖလားကို ရရွိသြားခဲ့ၿပီျဖစ္ၿပီး သုံးႀကိမ္ဆက္ ဗိုလ္စြဲမွဳနဲ႔အတူ ကာရာေဘာင္းဖလားမွာ ၈ ႀကိမ္ရရွိထားတဲ့ လီဗာပူးလ္ရဲ႕ေနာက္ ဒုတိယအေအာင္ျမင္ဆုံးအျဖစ္ ၇ ႀကိမ္ေျမာက္အျဖစ္ ရရွိသြားခဲ့ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.