Match Report

ဖရက္တန္ပါ့ခ္မွာ လြယ္လြယ္ကူကူပဲ ေနာက္တစ္ဆင့္တက္ခဲ့တဲ့ အာဆင္နယ္

UNICODE: အက်ဖ်အေဖလားရဲ့ ပဉ္စမအဆင့်ပွဲစဉ်ကို တနင်္လာနေ့ညက ပို့စ်မောက်အသင်းရဲ့ ဖရက်တန်ပါ့ခ်မှာ ကစားခဲ့ပြီး ဧည့်သည်အာဆင်နယ်တို့က ပထမပိုင်းပြီးခါနီးနဲ့ ဒုတိယပိုင်းအစတွေမှာ နှစ်ဂိုးသွင်းယူပြီး ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာတော့ နည်းပြ မိုက်ကယ် အာတီတာအနေနဲ့ အသင်းကို ၉ နေရာအထိ အပြောင်းအလဲလုပ်ခဲ့ပြီး ကစားသမားသစ် ပါဘလို မာရီ ပွဲထွက်လာသလို ဒေးဗစ် လူးဝစ်ဇ်က အသင်းခေါင်းဆောင်တာဝန်ကို ယူခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ ကွင်းလယ်မှာ ဘောလုံးကို မယ်မယ်ရရ ကိုင်ကစားပြီး ချိတ်ဆက်ပေးမယ့်သူ မရှိတာ သိသာနေခဲ့ပြီး ခါးပြတ်သလိုဖြစ်နေခဲ့သလို ညာခြမ်းမှာ ထားကစားတဲ့ စင်တာဘက် ဆိုကရာတစ်ကြောင့် အကူအညီမရနိုင်သလို ဘယ်ခြမ်းမှာလည်း ဆာကာက ဘယ်နောက်ခံလူစစ်စစ်အဖြစ် ကစားခဲ့ရပြီး ဒီနေ့ပွဲမှာ စုံလိုက်သုံးခဲ့တဲ့ တော်ရဲရားနဲ့ ဂန်ဒူဇီတို့ကလည်း တော်တော်လေး ကစားပုံမကောင်းခဲ့တာကို တွေ့ရပါတယ်။

ပွဲချိန် ၁၂ မိနစ်မှာ ပို့စ်မောက်ညာနောက်ခံလူ ဂျိမ်းစ် ဘောလ်တန်ရဲ့ ခပ်ကြမ်းကြမ်းဖျက်ထုတ်မှုကြောင့် အာဆင်နယ်ကွင်းလယ်လူ တော်ရဲရားကို ထမ်းစင်နဲ့ပါ ထုတ်ခဲ့ရပြီး ဒီနေရာမှာ စပိန်ကွင်းလယ်လူ ဒါနီ စီဘာယော့စ်ကို လူစားထည့်သွင်းလိုက်တော့ မြောက်လန်ဒန်သားတွေရဲ့ ကစားပုံ ချောမွေ့သွားခဲ့ပါတယ်။

ပထမပိုင်းပွဲပြီးခါနီးမှာတော့ ညာခြမ်းကနေ တောက်လျှောက် ဖြတ်တင်ဘောတွေ ပြုလုပ်ပေးနေတဲ့ တောင်ပံကစားသမား နယ်လ်ဆင်က သူကန်ခဲ့တဲ့ ထောင့်ကန်ဘောကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို စီဘာယော့စ်က ပြန်ပို့ပေးရာက ထပ်မံဖြတ်တင်ခဲ့ပြီး ဒါကို နောက်ခံလူ ဆိုကရာတစ်က အဖွင့်ဂိုးသွင်းယူသွားနိုင်ခဲ့တာပါ။

ဒုတိယပိုင်း ၅၁ မိနစ်မှာတော့ နယ်လ်ဆင်ရဲ့ ဖြတ်တင်ဘောကပဲ ပို့စ်မောက်နောက်ခံလူနဲ့ထိပြီး ပြန်ကျလာတာကို တိုက်စစ်မှူး နကီးတီးယားက တစ်ချက်ထိန်းပြီး ထောင့်ကျဉ်းအနေအထားက ဂိုးသမားပိတ်ထားတဲ့ကြားကနေ ကန်သွင်းယူသွားနိုင်ခဲ့လို့ အာဆင်နယ်တို့ နှစ်ဂိုး-ဂိုးမရှိနဲ့ အဝေးကွင်းမှာ နိုင်ပွဲရရှိခဲ့ပြီး အက်ဖ်အေဖလားရဲ့ ကွာတားဖိုင်နယ်ကို အစောဆုံးအသင်းအဖြစ် တက်ရောက်သွားနိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

ZAWGYI: အက္ဖ္ေအဖလားရဲ႕ ပဥၥမအဆင့္ပြဲစဥ္ကို တနလၤာေန႔ညက ပုိ႔စ္ေမာက္အသင္းရဲ႕ ဖရက္တန္ပါ့ခ္မွာ ကစားခဲ့ၿပီး ဧည့္သည္အာဆင္နယ္တုိ႔က ပထမပိုင္းၿပီးခါနီးနဲ႔ ဒုတိယပိုင္းအစေတြမွာ ႏွစ္ဂိုးသြင္းယူၿပီး ၿပဳိင္ပြဲရဲ႕ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္သြားႏုိင္ခဲ့ပါတယ္။ ဒီေန႔ပြဲမွာေတာ့ နည္းျပ မုိက္ကယ္ အာတီတာအေနနဲ႔ အသင္းကို ၉ ေနရာအထိ အေျပာင္းအလဲလုပ္ခဲ့ၿပီး ကစားသမားသစ္ ပါဘလို မာရီ ပြဲထြက္လာသလို ေဒးဗစ္ လူးဝစ္ဇ္က အသင္းေခါင္းေဆာင္တာဝန္ကို ယူခဲ့ပါတယ္။

အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္မွာ ေဘာလုံးကို မယ္မယ္ရရ ကိုင္ကစားၿပီး ခ်ိတ္ဆက္ေပးမယ့္သူ မရွိတာ သိသာေနခဲ့ၿပီး ခါးျပတ္သလိုျဖစ္ေနခဲ့သလို ညာျခမ္းမွာ ထားကစားတဲ့ စင္တာဘက္ ဆုိကရာတစ္ေၾကာင့္ အကူအညီမရႏုိင္သလို ဘယ္ျခမ္းမွာလည္း ဆာကာက ဘယ္ေနာက္ခံလူစစ္စစ္အျဖစ္ ကစားခဲ့ရၿပီး ဒီေန႔ပြဲမွာ စုံလုိက္သုံးခဲ့တဲ့ ေတာ္ရဲရားနဲ႔ ဂန္ဒူဇီတုိ႔ကလည္း ေတာ္ေတာ္ေလး ကစားပုံမေကာင္းခဲ့တာကို ေတြ႕ရပါတယ္။

ပြဲခ်ိိန္ ၁၂ မိနစ္မွာ ပို႔စ္ေမာက္ညာေနာက္ခံလူ ဂ်ိမ္းစ္ ေဘာလ္တန္ရဲ႕ ခပ္ၾကမ္းၾကမ္းဖ်က္ထုတ္မွဳေၾကာင့္ အာဆင္နယ္ကြင္းလယ္လူ ေတာ္ရဲရားကို ထမ္းစင္နဲ႔ပါ ထုတ္ခဲ့ရၿပီး ဒီေနရာမွာ စပိန္ကြင္းလယ္လူ ဒါနီ စီဘာေယာ့စ္ကို လူစားထည့္သြင္းလုိက္ေတာ့ ေျမာက္လန္ဒန္သားေတြရဲ႕ ကစားပုံ ေခ်ာေမြ႕သြားခဲ့ပါတယ္။

ပထမပိုင္းပြဲၿပီးခါနီးမွာေတာ့ ညာျခမ္းကေန ေတာက္ေလွ်ာက္ ျဖတ္တင္ေဘာေတြ ျပဳလုပ္ေပးေနတဲ့ ေတာင္ပံကစားသမား နယ္လ္ဆင္က သူကန္ခဲ့တဲ့ ေထာင့္ကန္ေဘာကေန ျပန္ထြက္လာတဲ့ ေဘာလုံးကို စီဘာေယာ့စ္က ျပန္ပုိ႔ေပးရာက ထပ္မံျဖတ္တင္ခဲ့ၿပီး ဒါကို ေနာက္ခံလူ ဆုိကရာတစ္က အဖြင့္ဂိုးသြင္းယူသြားႏုိင္ခဲ့တာပါ။

ဒုတိယပုိင္း ၅၁ မိနစ္မွာေတာ့ နယ္လ္ဆင္ရဲ႕ ျဖတ္တင္ေဘာကပဲ ပုိ႔စ္ေမာက္ေနာက္ခံလူနဲ႔ထိၿပီး ျပန္က်လာတာကို တုိက္စစ္မွဴး နကီးတီးယားက တစ္ခ်က္ထိန္းၿပီး ေထာင့္က်ဥ္းအေနအထားက ဂိုးသမားပိတ္ထားတဲ့ၾကားကေန ကန္သြင္းယူသြားႏုိင္ခဲ့လုိ႔ အာဆင္နယ္တုိ႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အေဝးကြင္းမွာ ႏိုင္ပြဲရရွိခဲ့ၿပီး အက္ဖ္ေအဖလားရဲ႕ ကြာတားဖိုင္နယ္ကို အေစာဆုံးအသင္းအျဖစ္ တက္ေရာက္သြားႏုိင္ခဲ့ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.