Premier League

ပရီးမီးယားလိဂ် နောက်ဆုံးရသတင်းများနှင့် အပြောင်းအရွှေ့သတင်းများ စုစည်းမှု


-ဝုဗ်အသင်းနည်းပြ နူနိုဆန်းတို့စ်က လီဗာပူးအသင်းကို ဂျိုတာပြောင်းရွှေ့သွားတာက အားလုံးအတွက် အကောင်းဆုံးအရာဖြစ်တယ်လို့ ထပ်မံပြောကြားလိုက်ပြီး လီဗာပူးအသင်းမှာ ခြေစွမ်းပြသနိုင်လို့ စိတ်ကျေနပ်မိတယ်လို့ ပြောကြားခဲ့။


-ဝက်စ်ဘရွန်းအသင်းကို ပရီးမီးယားလိဂ်မှာ ကျန်ရစ်နိုင်အောင် အကူအညီပေးမယ့် ကစားသမားသစ်တွေ ဇန်နဝါရီလမှာ ရောက်ရှိလာမယ်လို့ ဆမ်အလာဒိုက်စ်က မျှော်လင့်နေပြီး ပစ်မှတ်စာရင်းထဲမှာ ဆန့်တိုဆင်(အဲဗာတန်)၊ အန်ဒီကာရိုးလ်(နယူးကာဆယ်)၊ အစ်ဆာဒီအော့ပ်(ဝက်စ်ဟမ်း)၊ အာမက်မူဆာ(အလွတ်)တို့ ပါဝင်နေတယ်လို့ သိရ။


-တော့တင်ဟမ်ဟော့စပါးနောက်ခံကစားသမား ရီဂူလွန်က ယခုရာသီမှာ အသင်းရဲ့ ၁၂ နှစ်ကြာ ဆုဖလားပျောက်ဆုံးနေမှုကို ရပ်တန့်ဖို့အတွက် ကြိုးပမ်းမှုမှာ တစ်စိတ်တပိုင်း ပါဝင်ကစားပေးသွားဖို့ ဆုံးဖြတ်ထားပြီး နည်းပြရွေးချယ်ခဲ့မယ်ဆိုရင် ကစားဖို့ အမြဲတမ်းအဆင်သင့်ဖြစ်နေမယ်လို့ ပြောကြားခဲ့။


-စပါးနည်းပြမော်ရင်ဟိုဟာ ယနေ့ညမှာ စတုတ်စီးတီးနဲ့ယှဉ်ပြိုင်ရမယ့် ကရာဘောင်ဖလားပွဲစဉ်အတွက် လူစာရင်းရွေးချယ်မှုနဲ့ပတ်သက်ပြီး အရိပ်အမြွက်ပြောကြားခဲ့ပြီး ဟယ်ရီကိန်းနဲ့ ဆွန်ဟောင်မင်တို့ထဲက တစ်ဦးကို အနားပေးဖွယ်ရှိသလို အကောင်းဆုံးပုံစံမှာရှိမနေတဲ့ ဘေးလ်၊ မိုရာ၊ စတီဗင်ဘာဘိမ်းတို့ထဲက ၂ ဦးကိုလည်း အနားပေးသွားဖွယ်ရှိနေ။


-အဲဗာတန်နည်းပြအန်ဆယ်လော့တီဟာ လာမယ့် ၂ ပွဲအထိ ဂိုးသမား ၂ ဦးအလှည့်ကျသုံးစွဲတဲ့မူဝါဒကို ဆက်လက်သုံးစွဲသွားမယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး ယင်းပွဲစဉ် ၂ ပွဲက လက်စွမ်းအရ နောက်ထပ်ပွဲတွေမှာ ဘယ်သူ့ကို ပထမဦးစားပေးပွဲထွက်ခွင့်ပေးသွားမယ်ဆိုတာ ဆုံးဖြတ်ဖွယ်ရှိနေ။


-လက်စတာစီးတီးအသင်းက ၎င်းတို့ရဲ့ ပေါင်သန်း ၁၀၀ တန် လေ့ကျင့်ရေးကွင်းကို ထုတ်ဖော်ပြသခဲ့ပြီးနောက် နည်းပြဘရန်ဒန်ရော်ဂျာက နောက်ထပ်တစ်ဆင့်ကို တက်ရောက်ဖို့ ကြိုတင်ပြင်ဆင်နေပြီဖြစ်တယ်လို့ ပြောကြားခဲ့။

-လိဒ်စ်ယူနိုက်တက်အသင်းဟာ ဝုဗ်တောင်ပံကြယ်ပွင့် အဒါမာထရာအိုရေးကို ခေါ်ယူဖို့ သတင်းတွေထွက်ပေါ်နေပြီး 90min ရဲ့ဖော်ပြချက်အရ လိဒ်စ်ယူနိုက်တက်ဟာ ဇန်နဝါရီလမှာ အသင်းရဲ့ရှယ်ယာအချို့ကို ပိုင်ဆိုင်တဲ့ San Francisco 49ers ဆီကနေ ငွေကြေးရင်းနှီးမှုအသစ် ရရှိလိမ့်မယ်လို့ မျှော်မှန်းထားကြောင်း သိရ။


-အက်စ်တွန်ဗီလာအသင်းဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ မန်ချက်စတာယူနိုက်တက်နဲ့ မန်ချက်စတာစီးတီးအသင်းတို့ဆီက ဂျက်ဂရီးလစ်ရှ်အတွက် ကမ်းလှမ်းမှုရရှိလိမ့်မယ်လို့ မျှော်မှန်းနေကြောင်း Daily Mail က ဖော်ပြခဲ့။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-ဝုဗ္အသင္းနည္းၿပ ႏူနိုဆန္းတို႔စ္က လီဗာပူးအသင္းကို ဂ်ိဳတာေျပာင္းေရႊ႕သြားတာက အားလုံးအတြက္ အေကာင္းဆုံးအရာျဖစ္တယ္လို႔ ထပ္မံေျပာၾကားလိုက္ၿပီး လီဗာပူးအသင္းမွာ ေျခစြမ္းျပသနိုင္လို႔ စိတ္ေက်နပ္မိတယ္လို႔ ေျပာၾကားခဲ့။

-ဝက္စ္ဘရြန္းအသင္းကို ပရီးမီးယားလိဂ္မွာ က်န္ရစ္နိုင္ေအာင္ အကူအညီေပးမယ့္ ကစားသမားသစ္ေတြ ဇန္နဝါရီလမွာ ေရာက္ရွိလာမယ္လို႔ ဆမ္အလာဒိုက္စ္က ေမၽွာ္လင့္ေနၿပီး ပစ္မွတ္စာရင္းထဲမွာ ဆန႔္တိုဆင္(အဲဗာတန္)၊ အန္ဒီကာရိုးလ္(နယူးကာဆယ္)၊ အစ္ဆာဒီေအာ့ပ္(ဝက္စ္ဟမ္း)၊ အာမက္မူဆာ(အလြတ္)တို႔ ပါဝင္ေနတယ္လို႔ သိရ။

-ေတာ့တင္ဟမ္ေဟာ့စပါးေနာက္ခံကစားသမား ရီဂူလြန္က ယခုရာသီမွာ အသင္းရဲ့ ၁၂ ႏွစ္ၾကာ ဆုဖလားေပ်ာက္ဆုံးေနမႈကို ရပ္တန႔္ဖို႔အတြက္ ႀကိဳးပမ္းမႈမွာ တစ္စိတ္တပိုင္း ပါဝင္ကစားေပးသြားဖို႔ ဆုံးျဖတ္ထားၿပီး နည္းျပေရြးခ်ယ္ခဲ့မယ္ဆိုရင္ ကစားဖို႔ အျမဲတမ္းအဆင္သင့္ျဖစ္ေနမယ္လို႔ ေျပာၾကားခဲ့။

-စပါးနည္းျပေမာ္ရင္ဟိုဟာ ယေန႔ညမွာ စတုတ္စီးတီးနဲ႔ယွဥ္ၿပိဳင္ရမယ့္ ကရာေဘာင္ဖလားပြဲစဥ္အတြက္ လူစာရင္းေရြးခ်ယ္မႈနဲ႔ပတ္သက္ၿပီး အရိပ္အႁမြက္ေျပာၾကားခဲ့ၿပီး ဟယ္ရီကိန္းနဲ႔ ဆြန္ေဟာင္မင္တို႔ထဲက တစ္ဦးကို အနားေပးဖြယ္ရွိသလို အေကာင္းဆုံးပုံစံမွာရွိမေနတဲ့ ေဘးလ္၊ မိုရာ၊ စတီဗင္ဘာဘိမ္းတို႔ထဲက ၂ ဦးကိုလည္း အနားေပးသြားဖြယ္ရွိေန။

-အဲဗာတန္နည္းျပအန္ဆယ္ေလာ့တီဟာ လာမယ့္ ၂ ပြဲအထိ ဂိုးသမား ၂ ဦးအလွည့္က်သုံးစြဲတဲ့မူဝါဒကို ဆက္လက္သုံးစြဲသြားမယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး ယင္းပြဲစဥ္ ၂ ပြဲက လက္စြမ္းအရ ေနာက္ထပ္ပြဲေတြမွာ ဘယ္သူ႔ကို ပထမဦးစားေပးပြဲထြက္ခြင့္ေပးသြားမယ္ဆိုတာ ဆုံးျဖတ္ဖြယ္ရွိေန။

-လက္စတာစီးတီးအသင္းက ၎တို႔ရဲ့ ေပါင္သန္း ၁၀၀ တန္ ေလ့က်င့္ေရးကြင္းကို ထုတ္ေဖာ္ျပသခဲ့ၿပီးေနာက္ နည္းျပဘရန္ဒန္ေရာ္ဂ်ာက ေနာက္ထပ္တစ္ဆင့္ကို တက္ေရာက္ဖို႔ ႀကိဳတင္ျပင္ဆင္ေနၿပီျဖစ္တယ္လို႔ ေျပာၾကားခဲ့။

-လိဒ္စ္ယူနိုက္တက္အသင္းဟာ ဝုဗ္ေတာင္ပံၾကယ္ပြင့္ အဒါမာထရာအိုေရးကို ေခၚယူဖို႔ သတင္းေတြထြက္ေပၚေနၿပီး 90min ရဲ့ေဖာ္ျပခ်က္အရ လိဒ္စ္ယူနိုက္တက္ဟာ ဇန္နဝါရီလမွာ အသင္းရဲ့ရွယ္ယာအခ်ိဳ႕ကို ပိုင္ဆိုင္တဲ့ San Francisco 49ers ဆီကေန ေငြေၾကးရင္းႏွီးမႈအသစ္ ရရွိလိမ့္မယ္လို႔ ေမၽွာ္မွန္းထားေၾကာင္း သိရ။

-အက္စ္တြန္ဗီလာအသင္းဟာ လာမယ့္ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ မန္ခ်က္စတာယူနိုက္တက္နဲ႔ မန္ခ်က္စတာစီးတီးအသင္းတို႔ဆီက ဂ်က္ဂရီးလစ္ရွ္အတြက္ ကမ္းလွမ္းမႈရရွိလိမ့္မယ္လို႔ ေမၽွာ္မွန္းေနေၾကာင္း Daily Mail က ေဖာ္ျပခဲ့။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.