Premier League

23 Dec နံနက်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ


-ဝက်စ်ဟမ်းအသင်းဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ တိုက်စစ်မှူးသစ်ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး နည်းပြဒေးဗစ်မိုရက်စ်က ချဲလ်ဆီးဝါရင့်တိုက်စစ်မှူး ဂီရော့ဒ်ကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ သိရ။


-ချဲလ်ဆီးအပယ်ခံ အီမာဆင်ရဲ့ ဇန်နဝါရီအပြောင်းအရွှေ့အိပ်မက်ဟာ ဒဏ်ရာကြောင့် ၂ ပတ်အထိ အနားယူရမယ့် ဘန်ချေးဝဲလ်ကြောင့် ပျက်ပြယ်သွားပြီဖြစ်ပြီး အီမာဆင်အနေနဲ့ အင်္ဂလန်နောက်ခံကစားသမား လွဲချော်မယ့် ၄ ပွဲမှာ ပွဲထွက်ပါဝင်ကစားခွင့်ရရှိနိုင်လိမ့်မယ်လို့ မျှော်မှန်းရ။


-ချဲလ်ဆီးနည်းပြ ဖရန့်လမ်းပတ်အတွက် ဘောက်ဆင်ဒေးမှာ ကစားရမယ့် အာဆင်နယ်နဲ့ပွဲစဉ်က ဦးစားပေးဖြစ်နေပြီး ၎င်းရဲ့ကစားသမားတွေကို ခရစ်စမတ်စ်ကို မေ့ပြီး အာဆင်နယ်နဲ့ပွဲအပေါ် အာရုံစိုက်ဖို့ တောင်းဆိုခဲ့တယ်လို့ Express က ဖော်ပြခဲ့။


-အလန်ရှီးယားရားက အာဆင်နယ်နဲ့ကစားရမယ့် ဘောက်ဆင်ဒေးပွဲစဉ်မှာ ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မှာ ၂ ဂိုးသွင်းယူပေးခဲ့တဲ့ တန်မီအေဘရာဟမ်ကို ပွဲထွက်ခွင့်ပေးသင့်တယ်လို့ ပြောကြားခဲ့ပြီး ယုံကြည်မှုမြင့်တက်နေချိန်မှာ အခွင့်အရေးပေးဖို့ လမ်းပတ်ကို တိုက်တွန်းခဲ့။


-စပါးတိုက်စစ်မှူးဟောင်း ဒါရင်းဘန့်က တီမိုဝါနာဟာ မွေးရာပါ ဂိုးသွင်းရှင်မဟုတ်ဘူးလို့ ဝက်စ်ဟမ်းနဲ့ပွဲမှာ ဂိုးပေါက်ထပ်မံပျောက်ဆုံးခဲ့အပြီးမှာ ပြောကြားခဲ့ပေမယ့် ဂျာမန်တိုက်စစ်မှူးရဲ့မြန်နှုန်းနဲ့ နေရာယူတတ်မှုကြောင့် အခွင့်အရေးတွေ အမြဲတမ်းရမှာဖြစ်ပြီး ဂိုးရှေ့မှာ စိတ်အေးအေးထားဖို့ ပြောကြားခဲ့။


-ချဲလ်ဆီးအသင်းရဲ့ ထိပ်တန်းပစ်မှတ်ဖြစ်တဲ့ ဒီကလန်ရိုက်စ်ဟာ ဝက်စ်ဟမ်းအသင်းက ချဲလ်ဆီးကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ နည်းပြလမ်းပတ်ကို ပွေ့ဖက်နှုတ်ဆက်ခဲ့ပြီး ဂျာကင်ကို တောင်းခဲ့တာကို မြင်တွေ့ခဲ့ရပြီးနောက် ကောလာဟလသတင်းတွေကို မီးမွှေးသလို ဖြစ်လာခဲ့။


-ဘာစီလိုနာအသင်းဟာ ရူဒီဂါနဲ့ ဖေဘီယံရှားတို့ထဲက ဘယ်သူ့ကို ကမ်းလှမ်းမှု ပြုလုပ်ရမလဲဆိုတာကို အချိန်ယူစဉ်းစားနေတယ်လို့ သိရပြီး ရော်နယ်ကိုးမန်းဟာ အဓိကနောက်ခံကစားသမား ပီကေး ဒဏ်ရာကြောင့် အနားယူနေရတာကြောင့် ဇန်နဝါရီမှာ ခံစစ်ကို အင်အားဖြည့်တင်းဖို့ ရူဒီဂါနဲ့ဖေဘီယံရှားတို့ကို ပစ်မှတ်ထားနေတာဖြစ်။

\
-နီဂယ်မာတင်ဟာ ဇန်နဝါရီလမှာ ချဲလ်ဆီးနောက်ခံကစားသမား တိုမိုရီကို ခေါ်ယူလို့ ရနိုင်မယ်ဆိုရင် လိဒ်စ်ယူနိုက်တက်အသင်းအနေနဲ့ အရခေါ်ယူရမယ်လို့ The Boot Room ကို ပြောကြားခဲ့ပြီး လိဒ်စ်ယူနိုက်တက်ဟာ မန်ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ဗဟိုခံစစ်ကစားသမားကင်းမဲ့မှုက ပြဿနာကြီး ဖြစ်လာနေပြီဆိုတာကို သက်သေပြသခဲ့တာဖြစ်။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


-ဝက္စ္ဟမ္းအသင္းဟာ လာမယ့္ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ တိုက္စစ္မႉးသစ္ေခၚယူဖို႔ စိတ္ဝင္စားေနၿပီး နည္းျပေဒးဗစ္မိုရက္စ္က ခ်ဲလ္ဆီးဝါရင့္တိုက္စစ္မႉး ဂီေရာ့ဒ္ကို အဓိကပစ္မွတ္အျဖစ္ သတ္မွတ္ထားတယ္လို႔ သိရ။


-ခ်ဲလ္ဆီးအပယ္ခံ အီမာဆင္ရဲ့ ဇန္နဝါရီအေျပာင္းအေရႊ႕အိပ္မက္ဟာ ဒဏ္ရာေၾကာင့္ ၂ ပတ္အထိ အနားယူရမယ့္ ဘန္ေခ်းဝဲလ္ေၾကာင့္ ပ်က္ျပယ္သြားၿပီျဖစ္ၿပီး အီမာဆင္အေနနဲ႔ အဂၤလန္ေနာက္ခံကစားသမား လြဲေခ်ာ္မယ့္ ၄ ပြဲမွာ ပြဲထြက္ပါဝင္ကစားခြင့္ရရွိနိုင္လိမ့္မယ္လို႔ ေမၽွာ္မွန္းရ။


-ခ်ဲလ္ဆီးနည္းၿပ ဖရန႔္လမ္းပတ္အတြက္ ေဘာက္ဆင္ေဒးမွာ ကစားရမယ့္ အာဆင္နယ္နဲ႔ပြဲစဥ္က ဦးစားေပးျဖစ္ေနၿပီး ၎ရဲ့ကစားသမားေတြကို ခရစ္စမတ္စ္ကို ေမ့ၿပီး အာဆင္နယ္နဲ႔ပြဲအေပၚ အာ႐ုံစိုက္ဖို႔ ေတာင္းဆိုခဲ့တယ္လို႔ Express က ေဖာ္ျပခဲ့။


-အလန္ရွီးယားရားက အာဆင္နယ္နဲ႔ကစားရမယ့္ ေဘာက္ဆင္ေဒးပြဲစဥ္မွာ ဝက္စ္ဟမ္းအသင္းနဲ႔ပြဲစဥ္မွာ ၂ ဂိုးသြင္းယူေပးခဲ့တဲ့ တန္မီေအဘရာဟမ္ကို ပြဲထြက္ခြင့္ေပးသင့္တယ္လို႔ ေျပာၾကားခဲ့ၿပီး ယုံၾကည္မႈျမင့္တက္ေနခ်ိန္မွာ အခြင့္အေရးေပးဖို႔ လမ္းပတ္ကို တိုက္တြန္းခဲ့။


-စပါးတိုက္စစ္မႉးေဟာင္း ဒါရင္းဘန႔္က တီမိုဝါနာဟာ ေမြးရာပါ ဂိုးသြင္းရွင္မဟုတ္ဘူးလို႔ ဝက္စ္ဟမ္းနဲ႔ပြဲမွာ ဂိုးေပါက္ထပ္မံေပ်ာက္ဆုံးခဲ့အၿပီးမွာ ေျပာၾကားခဲ့ေပမယ့္ ဂ်ာမန္တိုက္စစ္မႉးရဲ့ျမန္ႏႈန္းနဲ႔ ေနရာယူတတ္မႈေၾကာင့္ အခြင့္အေရးေတြ အျမဲတမ္းရမွာျဖစ္ၿပီး ဂိုးေရွ႕မွာ စိတ္ေအးေအးထားဖို႔ ေျပာၾကားခဲ့။


-ခ်ဲလ္ဆီးအသင္းရဲ့ ထိပ္တန္းပစ္မွတ္ျဖစ္တဲ့ ဒီကလန္ရိုက္စ္ဟာ ဝက္စ္ဟမ္းအသင္းက ခ်ဲလ္ဆီးကို ၃-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အၿပီးမွာ နည္းျပလမ္းပတ္ကို ေပြ႕ဖက္ႏႈတ္ဆက္ခဲ့ၿပီး ဂ်ာကင္ကို ေတာင္းခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီးေနာက္ ေကာလာဟလသတင္းေတြကို မီးေမႊးသလို ျဖစ္လာခဲ့။


-ဘာစီလိုနာအသင္းဟာ ႐ူဒီဂါနဲ႔ ေဖဘီယံရွားတို႔ထဲက ဘယ္သူ႔ကို ကမ္းလွမ္းမႈ ျပဳလုပ္ရမလဲဆိုတာကို အခ်ိန္ယူစဥ္းစားေနတယ္လို႔ သိရၿပီး ေရာ္နယ္ကိုးမန္းဟာ အဓိကေနာက္ခံကစားသမား ပီေကး ဒဏ္ရာေၾကာင့္ အနားယူေနရတာေၾကာင့္ ဇန္နဝါရီမွာ ခံစစ္ကို အင္အားျဖည့္တင္းဖို႔ ႐ူဒီဂါနဲ႔ေဖဘီယံရွားတို႔ကို ပစ္မွတ္ထားေနတာျဖစ္။

\
-နီဂယ္မာတင္ဟာ ဇန္နဝါရီလမွာ ခ်ဲလ္ဆီးေနာက္ခံကစားသမား တိုမိုရီကို ေခၚယူလို႔ ရနိုင္မယ္ဆိုရင္ လိဒ္စ္ယူနိုက္တက္အသင္းအေနနဲ႔ အရေခၚယူရမယ္လို႔ The Boot Room ကို ေျပာၾကားခဲ့ၿပီး လိဒ္စ္ယူနိုက္တက္ဟာ မန္ယူနိုက္တက္ကို ရႈံးနိမ့္ခဲ့ၿပီးေနာက္ ဗဟိုခံစစ္ကစားသမားကင္းမဲ့မႈက ျပႆနာႀကီး ျဖစ္လာေနၿပီဆိုတာကို သက္ေသျပသခဲ့တာျဖစ္။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.