Premier League

အာဆင်နယ်ကို လိဂ်ဖလားကနေ ဖြုတ်ပြီးနောက် အာတီတာကို မထုတ်ဖို့ သတိပေးခဲ့တဲ့ ပက်


မန်ချက်စတာစီးတီးအသင်းဟာ အာဆင်နယ်အသင်းကို ကရာဘောင်ဖလားပြိုင်ပွဲကနေ ကန်ထုတ်ခဲ့ပြီးနောက် မန်စီးတီးနည်းပြပက်ဂွါဒီယိုလာက အာဆင်နယ်အသင်းဘုတ်အဖွဲ့အနေနဲ့ အာတီတာကို အပြည့်အဝထောက်ခံမှုမပြုလုပ်ခဲ့ဘူးဆိုရင် အမှားကြီးမှားလိမ့်မယ်လို့ သတိပေးပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ မန်ချက်စတာစီးတီးအသင်းရဲ့ ၄-၁ နဲ့ အနိုင်ယူခြင်းကို ခံခဲ့ရတာဖြစ်ပြီး နောက်ထပ်ဆိုးရွားတဲ့ညတစ်ညဖြစ်ခဲ့တာဖြစ်ပါတယ်။ ဂက်ဘရီရယ်ဂျီးဆပ်၊ မာရက်ဇ်၊ လာပို့တ်၊ ဖီးလ်ဖိုဒန်တို့ရဲ့သွင်းဂိုးတွေက အာဆင်နယ်အသင်းကို ပြိုင်ပွဲကနေ ထွက်ခွာစေခဲ့တာဖြစ်ပြီး အာဆင်နယ်အတွက် တစ်လုံးတည်းသောသွင်းဂိုးကို လာကာဇက်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။


အာဆင်နယ်ဟာ လက်ရှိ ပရီးမီးယားလိဂ်မှာ အဆင့် ၁၅ နေရာကို ရောက်ရှိနေတာဖြစ်ပြီး ဘောက်ဆင်ဒေးမှာ နောက်ထပ်ကြီးမားတဲ့ပွဲစဉ်တစ်ပွဲအဖြစ် ချယ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရဦးမှာဖြစ်ပါတယ်။ အာတီတာရဲ့အနာဂတ်ဟာ စိုးရိမ်ရတဲ့အခြေအနေကို ရောက်နေပြီဆိုတာ နားလည်ရပေမယ့် ဂွါဒီယိုလာကတော့ ၎င်းရဲ့လက်ထောက်နည်းပြဟောင်းနောက်ကနေ အပြည့်အဝ ထောက်ခံပေးဖို့ထက် အခြားဟာမျိုး လုပ်ခဲ့ရင် အာဆင်နယ်က ရူးမိုက်ရာကျလိမ့်မယ်လို့ ထင်မြင်နေတာဖြစ်ပါတယ်။

“သူတို့တွေ သူ့ကိုသာ တကယ်လို့ ထုတ်ပယ်ခဲ့ရင် အမှားအကြီးကြီး လုပ်မိတာဖြစ်ပါလိမ့်မယ်။ သူတို့ သူ့ကို ယုံကြည်ရမယ်ဆိုတာကို ကျွန်တော် တော်တော်လေးသေချာနေပါတယ်”


“လေ့လာဆန်းစစ်သူတွေ ရလဒ်တွေကို လေ့လာဆန်းစစ်ကြမယ်ဆိုတာကို နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော် သူနဲ့အတူ နှစ်ပေါင်းများစွာရှိလာခဲ့တာဖြစ်ပြီး သူ့ရဲ့မယုံကြည်နိုင်ဖွယ်အရည်အသွေးကို ကျွန်တော် သိပါတယ်။ သူ အရာအားလုံးမှာ ဘယ်လိုပါဝင်ပတ်သက်ခဲ့လဲဆိုတာပေါ့။ အဲဒါက အချိန်ရဲ့မေးခွန်းတစ်ခုသာဖြစ်ပြီး သူ ကောင်းကောင်းလုပ်နိုင်ပါလိမ့်မယ်”

“ကျွန်တော် ဘုတ်အဖွဲ့ကမဟုတ်ပါဘူး။ ကျွန်တော့်အတွက်တော့ သူတို့တွေ သူ့ကို ထုတ်ဖို့စဉ်းစားနေရင်တော့ အမှားကြီးလုပ်မိတာဖြစ်ပါလိမ့်မယ်။ သူတို့တွေ သူ့ကို ယုံကြည်မှုပေးခဲ့ပြီး သူတို့ အသင်းမှာ မဖြစ်ပျက်ခဲ့တာကြာပြီဖြစ်တဲ့ ဖလား ၂ လုံးရခဲ့တယ်။ အခုလို ကပ်ဆိုက်နေတဲ့အခြေအနေမှာ ဒဏ်ရာပြဿနာတွေ သူတို့ဆီမှာရှိနေပြီး သူတို့ကစားခဲ့တဲ့ပွဲစဉ်တွေကလည်း အမြဲတမ်းကောင်းကောင်းကစားခဲ့တာပါ”


“ဒါပေမယ့် ကံဆိုးစွာနဲ့ ဒီလိုပွဲစဉ်တွေက ကျွန်တော်တို့ အလုပ်ဖြစ်ပြီး အဲဒါက ရလဒ်ပေါ်မှာ မူတည်နေပါတယ်။ ဒါပေမယ့် ဘောလုံးဆိုတာက တစ်ပတ်အတွင်းမှာ လျင်လျင်မြန်မြန်နဲ့ ပြောင်းလဲနိုင်တာမျိုးပါ”

“သူနဲ့အတူတူရှိခဲ့တဲ့ ကျွန်တော့်အတွေ့အကြုံအရ ပြောနိုင်ပါတယ်။ ကျွန်တော်တို့ အင်္ဂလိပ်သမိုင်းမှာ မယုံကြည်နိုင်ဖွယ်အအောင်မြင်ဆုံးအသင်းတွေထဲက တစ်သင်းကို ကျွန်တော်တို့ ရခဲ့ပြီး ဒီအောင်မြင်မှုမှာ သူက တစ်စိတ်တပိုင်းပါဝင်ခဲ့တယ်။ အဲဒီအောင်မြင်မှုက သူမရှိရင် မဖြစ်နိုင်ပါဘူး။ ဒီလိုအောင်မြင်မှုမျိုး ရရှိဖို့ဆိုရင် ကျွန်တော် ပထမဆုံးရာသီတုန်းက ရခဲ့တဲ့အတိုင်း အချိန်ပေးဖို့ လိုအပ်ပါတယ်”လို့ BBC Radio ကို ပြောကြားခဲ့ပါတယ်။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


မန္ခ်က္စတာစီးတီးအသင္းဟာ အာဆင္နယ္အသင္းကို ကရာေဘာင္ဖလားၿပိဳင္ပြဲကေန ကန္ထုတ္ခဲ့ၿပီးေနာက္ မန္စီးတီးနည္းျပပက္ဂြါဒီယိုလာက အာဆင္နယ္အသင္းဘုတ္အဖြဲ႕အေနနဲ႔ အာတီတာကို အျပည့္အဝေထာက္ခံမႈမျပဳလုပ္ခဲ့ဘူးဆိုရင္ အမွားႀကီးမွားလိမ့္မယ္လို႔ သတိေပးေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ မန္ခ်က္စတာစီးတီးအသင္းရဲ့ ၄-၁ နဲ႔ အနိုင္ယူျခင္းကို ခံခဲ့ရတာျဖစ္ၿပီး ေနာက္ထပ္ဆိုးရြားတဲ့ညတစ္ညျဖစ္ခဲ့တာျဖစ္ပါတယ္။ ဂက္ဘရီရယ္ဂ်ီးဆပ္၊ မာရက္ဇ္၊ လာပို႔တ္၊ ဖီးလ္ဖိုဒန္တို႔ရဲ့သြင္းဂိုးေတြက အာဆင္နယ္အသင္းကို ၿပိဳင္ပြဲကေန ထြက္ခြာေစခဲ့တာျဖစ္ၿပီး အာဆင္နယ္အတြက္ တစ္လုံးတည္းေသာသြင္းဂိုးကို လာကာဇက္က သြင္းယူေပးခဲ့တာျဖစ္ပါတယ္။


အာဆင္နယ္ဟာ လက္ရွိ ပရီးမီးယားလိဂ္မွာ အဆင့္ ၁၅ ေနရာကို ေရာက္ရွိေနတာျဖစ္ၿပီး ေဘာက္ဆင္ေဒးမွာ ေနာက္ထပ္ႀကီးမားတဲ့ပြဲစဥ္တစ္ပြဲအျဖစ္ ခ်ယ္ဆီးအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားသြားရဦးမွာျဖစ္ပါတယ္။ အာတီတာရဲ့အနာဂတ္ဟာ စိုးရိမ္ရတဲ့အေျခအေနကို ေရာက္ေနၿပီဆိုတာ နားလည္ရေပမယ့္ ဂြါဒီယိုလာကေတာ့ ၎ရဲ့လက္ေထာက္နည္းျပေဟာင္းေနာက္ကေန အျပည့္အဝ ေထာက္ခံေပးဖို႔ထက္ အျခားဟာမ်ိဳး လုပ္ခဲ့ရင္ အာဆင္နယ္က ႐ူးမိုက္ရာက်လိမ့္မယ္လို႔ ထင္ျမင္ေနတာျဖစ္ပါတယ္။

“သူတို႔ေတြ သူ႔ကိုသာ တကယ္လို႔ ထုတ္ပယ္ခဲ့ရင္ အမွားအႀကီးႀကီး လုပ္မိတာျဖစ္ပါလိမ့္မယ္။ သူတို႔ သူ႔ကို ယုံၾကည္ရမယ္ဆိုတာကို ကၽြန္ေတာ္ ေတာ္ေတာ္ေလးေသခ်ာေနပါတယ္”


“ေလ့လာဆန္းစစ္သူေတြ ရလဒ္ေတြကို ေလ့လာဆန္းစစ္ၾကမယ္ဆိုတာကို နားလည္ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္ သူနဲ႔အတူ ႏွစ္ေပါင္းမ်ားစြာရွိလာခဲ့တာျဖစ္ၿပီး သူ႔ရဲ့မယုံၾကည္နိုင္ဖြယ္အရည္အေသြးကို ကၽြန္ေတာ္ သိပါတယ္။ သူ အရာအားလုံးမွာ ဘယ္လိုပါဝင္ပတ္သက္ခဲ့လဲဆိုတာေပါ့။ အဲဒါက အခ်ိန္ရဲ့ေမးခြန္းတစ္ခုသာျဖစ္ၿပီး သူ ေကာင္းေကာင္းလုပ္နိုင္ပါလိမ့္မယ္”

“ကၽြန္ေတာ္ ဘုတ္အဖြဲ႕ကမဟုတ္ပါဘူး။ ကၽြန္ေတာ့္အတြက္ေတာ့ သူတို႔ေတြ သူ႔ကို ထုတ္ဖို႔စဥ္းစားေနရင္ေတာ့ အမွားႀကီးလုပ္မိတာျဖစ္ပါလိမ့္မယ္။ သူတို႔ေတြ သူ႔ကို ယုံၾကည္မႈေပးခဲ့ၿပီး သူတို႔ အသင္းမွာ မျဖစ္ပ်က္ခဲ့တာၾကာၿပီျဖစ္တဲ့ ဖလား ၂ လုံးရခဲ့တယ္။ အခုလို ကပ္ဆိုက္ေနတဲ့အေျခအေနမွာ ဒဏ္ရာျပႆနာေတြ သူတို႔ဆီမွာရွိေနၿပီး သူတို႔ကစားခဲ့တဲ့ပြဲစဥ္ေတြကလည္း အျမဲတမ္းေကာင္းေကာင္းကစားခဲ့တာပါ”


“ဒါေပမယ့္ ကံဆိုးစြာနဲ႔ ဒီလိုပြဲစဥ္ေတြက ကၽြန္ေတာ္တို႔ အလုပ္ျဖစ္ၿပီး အဲဒါက ရလဒ္ေပၚမွာ မူတည္ေနပါတယ္။ ဒါေပမယ့္ ေဘာလုံးဆိုတာက တစ္ပတ္အတြင္းမွာ လ်င္လ်င္ျမန္ျမန္နဲ႔ ေျပာင္းလဲနိုင္တာမ်ိဳးပါ”

“သူနဲ႔အတူတူရွိခဲ့တဲ့ ကၽြန္ေတာ့္အေတြ႕အၾကဳံအရ ေျပာနိုင္ပါတယ္။ ကၽြန္ေတာ္တို႔ အဂၤလိပ္သမိုင္းမွာ မယုံၾကည္နိုင္ဖြယ္အေအာင္ျမင္ဆုံးအသင္းေတြထဲက တစ္သင္းကို ကၽြန္ေတာ္တို႔ ရခဲ့ၿပီး ဒီေအာင္ျမင္မႈမွာ သူက တစ္စိတ္တပိုင္းပါဝင္ခဲ့တယ္။ အဲဒီေအာင္ျမင္မႈက သူမရွိရင္ မျဖစ္နိုင္ပါဘူး။ ဒီလိုေအာင္ျမင္မႈမ်ိဳး ရရွိဖို႔ဆိုရင္ ကၽြန္ေတာ္ ပထမဆုံးရာသီတုန္းက ရခဲ့တဲ့အတိုင္း အခ်ိန္ေပးဖို႔ လိုအပ္ပါတယ္”လို႔ BBC Radio ကို ေျပာၾကားခဲ့ပါတယ္။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.