Match Report

ေမာ္ရင္ဟိုနဲ႔ ႏိုင္ပြဲ ကံသိပ္မစပ္ေသးဘဲ အိမ္ကြင္းမွာ ဝုလ္ဗ္တို႔ ေက်ာ္တက္တာ ခံလုိက္ရ

UNICODE: တော့တင်ဟမ်ဟော့စပါးစ်စတေဒီယမ်က ဥရောပဝင်ခွင့်အတွက် အရေးပါတဲ့ပွဲကိုတော့ နည်းပြ မော်ရင်ဟိုအနေနဲ့ ရှိတာလေးနဲ့ လှအောင် ဝတ်လာခဲ့ပြီး လူးကပ်စ် မူရာရဲ့ နောက်က ဒယ်လီ အယ်လီ လိုက်ကစားတဲ့ ပုံစံကို စာရွက်ပေါ်မှာ ချပြခဲ့ပေမယ့် တကယ်တမ်းမှာတော့ အယ်လီက အထောင်တိုက်စစ်မှူးနီးပါး နေရာယူကစားခဲ့ပြီး အလုပ်လည်းဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၁၂ မိနစ်မှာတော့ စပါးစ်တို့ အဖွင့်ဂိုးရခဲ့ပြီး ညာနောက်ခံလူ အော်ရီယေးရဲ့ ဖြတ်ပို့ပေးမှုကို အယ်လီကန်ရာက ပြန်ထွက်လာတာကနေ ဘာ့ဂ်ဗိန်း ပိတ်သွင်းသွားနိုင်ခဲ့လို့ အဖွင့်ဂိုးရယူနိုင်ခဲ့ပြီး ၂၇ မိနစ်မှာတော့ ဘယ်ခြမ်းက ရူဗင် ဗီနာဂရီရဲ့ ဖြတ်တင်ဘောကို စပါးစ်နောက်ခံလူ တာဂန်ဂါ ရှင်းထုတ်မှု မပီပြင်တာကနေ အခွင့်အရေးရသွားတဲ့ ဒိုဟာတီက အနီးကပ် ပိတ်သွင်းပြီး ချေပခဲ့ပါတယ်။

ပထမပိုင်းပြီးခါနီး ပွဲချိန် ၄၅ မိနစ်မှာ အယ်လီချပေးတာကို အော်ရီယေးက အတွင်းကို ညာနဲ့ဆွဲဝင်ပြီး ဘယ်နဲ့ ကန်သွင်းရာမှာ ပက်ထရီစီယို မကာကွယ်နိုင်လို့ စပါးစ်တို့ ဦးဆောင်ဂိုးထပ်ရခဲ့ပေမယ့် ဒုတိယပိုင်း ၅၇ မိနစ်မှာတော့ ညာတောင်ပံက ဒိုဟာတီရဲ့ အနိမ့်ဘောကို ဂျိုတာ အနီးကပ် ပိတ်သွင်းပြီး ချေပနိုင်ခဲ့လို့ နှစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။

၇၃ မိနစ်မှာတော့ ဘယ်တောင်ပံတစ်လျှောက် စပါးစ်ကစားသမားသုံးယောက်ကျော်ပြေးပြီး ဂျိုတာချပေးတဲ့ ဘောလုံးကို ဟဲမီးနက်ဇ်က တာဂန်ဂါကို ခေါက်ပြီး ကန်သွင်းနိုင်ခဲ့လို့ အနိုင်ဂိုးနဲ့ မော်ရင်ဟိုကို မျက်နှာပျက်စေခဲ့သလို ဥရောပဝင်ခွင့်အတွက် ရပ်တည်မှုမှာလည်း အဆင့် ၇ အထိ ကျဆင်းသွားစေခဲ့တာပါ။

ဒီနေ့ပွဲမှာ စပါးစ်အသင်းနဲ့ မော်ရင်ဟိုကိုတော့ သူတို့ရဲ့နည်းစနစ်နဲ့ ခံစစ်ကစားပုံကို Upgrade လုပ်ဖို့ သတိပေးခံလိုက်ရတာလည်းဖြစ်ပြီး သူအားကိုးခဲ့တဲ့ လူငယ်နောက်ခံလူ တာဂန်ဂါကြောင့် နှစ်ဂိုးခွင့်ပြုခဲ့ရသလို ဂိုးသမား ဂက်ဇာနီဂါကလည်း အဝင်အထွက်တွေ နှေးခဲ့လို့ ရလဒ်ဆိုးခဲ့ရသလို ပေါ်တူဂီသားနည်းပြကတော့ သူတို့ဟာ ပြိုင်ဘက်အပေါ်မှာ ဆက်ဆံရေးသိပ်ကောင်းလွန်းနေတယ်လို့ ပြောကြားသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

ZAWGYI: ေတာ့တင္ဟမ္ေဟာ့စပါးစ္စေတဒီယမ္က ဥေရာပဝင္ခြင့္အတြက္ အေရးပါတဲ့ပြဲကိုေတာ့ နည္းျပ ေမာ္ရင္ဟိုအေနနဲ႔ ရွိတာေလးနဲ႔ လွေအာင္ ဝတ္လာခဲ့ၿပီး လူးကပ္စ္ မူရာရဲ႕ ေနာက္က ဒယ္လီ အယ္လီ လုိက္ကစားတဲ့ ပုံစံကို စာရြက္ေပၚမွာ ခ်ျပခဲ့ေပမယ့္ တကယ္တမ္းမွာေတာ့ အယ္လီက အေထာင္တုိက္စစ္မွဴးနီးပါး ေနရာယူကစားခဲ့ၿပီး အလုပ္လည္းျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၁၂ မိနစ္မွာေတာ့ စပါးစ္တုိ႔ အဖြင့္ဂိုးရခဲ့ၿပီး ညာေနာက္ခံလူ ေအာ္ရီေယးရဲ႕ ျဖတ္ပို႔ေပးမွဳကို အယ္လီကန္ရာက ျပန္ထြက္လာတာကေန ဘာ့ဂ္ဗိန္း ပိတ္သြင္းသြားႏုိင္ခဲ့လို႔ အဖြင့္ဂိုးရယူႏုိင္ခဲ့ၿပီး ၂၇ မိနစ္မွာေတာ့ ဘယ္ျခမ္းက ႐ူဗင္ ဗီနာဂရီရဲ႕ ျဖတ္တင္ေဘာကို စပါးစ္ေနာက္ခံလူ တာဂန္ဂါ ရွင္းထုတ္မွဳ မပီျပင္တာကေန အခြင့္အေရးရသြားတဲ့ ဒိုဟာတီက အနီးကပ္ ပိတ္သြင္းၿပီး ေခ်ပခဲ့ပါတယ္။

ပထမပိုင္းၿပီးခါနီး ပြဲခ်ိန္ ၄၅ မိနစ္မွာ အယ္လီခ်ေပးတာကို ေအာ္ရီေယးက အတြင္းကို ညာနဲ႔ဆြဲဝင္ၿပီး ဘယ္နဲ႔ ကန္သြင္းရာမွာ ပက္ထရီစီယို မကာကြယ္ႏုိင္လို႔ စပါးစ္တုိ႔ ဦးေဆာင္ဂိုးထပ္ရခဲ့ေပမယ့္ ဒုတိယပုိင္း ၅၇ မိနစ္မွာေတာ့ ညာေတာင္ပံက ဒိုဟာတီရဲ႕ အနိမ့္ေဘာကို ဂ်ဳိတာ အနီးကပ္ ပိတ္သြင္းၿပီး ေခ်ပႏုိင္ခဲ့လုိ႔ ႏွစ္ဂိုးစီ သေရက်ေနခဲ့ပါတယ္။

၇၃ မိနစ္မွာေတာ့ ဘယ္ေတာင္ပံတစ္ေလွ်ာက္ စပါးစ္ကစားသမားသုံးေယာက္ေက်ာ္ေျပးၿပီး ဂ်ဳိတာခ်ေပးတဲ့ ေဘာလုံးကို ဟဲမီးနက္ဇ္က တာဂန္ဂါကို ေခါက္ၿပီး ကန္သြင္းႏုိင္ခဲ့လို႔ အႏုိင္ဂိုးနဲ႔ ေမာ္ရင္ဟိုကို မ်က္ႏွာပ်က္ေစခဲ့သလို ဥေရာပဝင္ခြင့္အတြက္ ရပ္တည္မွဳမွာလည္း အဆင့္ ၇ အထိ က်ဆင္းသြားေစခဲ့တာပါ။

ဒီေန႔ပြဲမွာ စပါးစ္အသင္းနဲ႔ ေမာ္ရင္ဟိုကိုေတာ့ သူတို႔ရဲ႕နည္းစနစ္နဲ႔ ခံစစ္ကစားပုံကို Upgrade လုပ္ဖို႔ သတိေပးခံလိုက္ရတာလည္းျဖစ္ၿပီး သူအားကိုးခဲ့တဲ့ လူငယ္ေနာက္ခံလူ တာဂန္ဂါေၾကာင့္ ႏွစ္ဂိုးခြင့္ျပဳခဲ့ရသလုိ ဂိုးသမား ဂက္ဇာနီဂါကလည္း အဝင္အထြက္ေတြ ေႏွးခဲ့လို႔ ရလဒ္ဆုိးခဲ့ရသလို ေပၚတူဂီသားနည္းျပကေတာ့ သူတုိ႔ဟာ ၿပဳိင္ဘက္အေပၚမွာ ဆက္ဆံေရးသိပ္ေကာင္းလြန္းေနတယ္လုိ႔ ေျပာၾကားသြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.