Match Report

ႏွစ္သင္းလုံးအတြက္ ႏွေျမာစရာျဖစ္ခဲ့တဲ့ သေရတစ္မွတ္နဲ႔ ဂြတ္ဒီဆန္ပါ့ခ္မွာ အႏိုင္မရတဲ့ ယူႏုိက္တက္

မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ ဒီေန႔ပြဲမွာေတာ့ ဒဏ္ရာေၾကာင့္ လြဲေခ်ာ္မယ္လုိ႔ သတင္းထြက္ေနတဲ့ တုိက္စစ္မွဴး မာစီယယ္လ္ကို ထည့္သြင္းခဲ့ၿပီး ကြင္းလယ္မွာေတာ့ မက္ေတာ္မီေနး ျပန္လည္ပါဝင္လာႏုိင္လို႔ ဒိုင္းမြန္းကြက္နဲ႔ ကစားကြက္ေဖာ္ေဆာင္ႏုိင္ခဲ့သလို အဲဗာတန္ကေတာ့ Direct Attacking ေတြကို ပုိအားျပဳကစားသြားခဲ့ပါတယ္။

ပြဲခ်ိန္ ၃ မိနစ္မွာပဲ မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ဂိုးေရွ႕ကေန ေနာက္ျပန္ေပးတဲ့ ေဘာလုံးကို ဒေဟးယား ေစာေစာစီးစီး လူမေပးဘဲ ခ်ိန္ဆေနတာကို အဲဗာတန္တုိက္စစ္မွဴး ကဲလ္ဗတ္-လူဝင္က ဖိအားေပးခဲ့ၿပီး ကန္တင္လုိက္တဲ့ ေဘာလုံးဟာ သူနဲ႔ထိၿပီး ဂိုးထဲ ဝင္သြားခဲ့တဲ့အတြက္ အေဝးကြင္းမွာ ေစာေစာစီးစီး လက္ေဆာင္ဂိုးတစ္ဂိုး ေပးခဲ့ရပါတယ္။

ကြင္းလယ္ခ်င္းယွဥ္ရာမွာ ယူႏုိက္တက္ကြင္းလယ္က ပုိမုိစီးမိေနခဲ့ၿပီး ကစားကြက္ေဖာ္ေဆာင္မွဳနဲ႔ ေဘာလုံးပုိင္ဆုိင္မွဳအပုိင္းေတြမွာ အသာရခဲ့ၿပီး အခ်ိတ္အဆက္ေကာင္းေကာင္းနဲ႔ ေဘာလုံးျဖန္႔ႏုိင္ခဲ့ၿပီး ဘ႐ူႏုိ ဖာနန္ဒက္စ္က ပရီးမီးယားလိဂ္ကြင္းလယ္လူတစ္ေယာက္ရဲ႕ ကၽြမ္းက်င္မွဳအားလုံးကို ပုိင္ဆုိင္ထားခဲ့ၿပီး ကိုယ္ကာယအသုံးျပဳမွဳပုိင္းမွာသာ နည္းနည္းအသားမက်ေသးတာကို ေတြ႕ရပါတယ္။

အခြင့္အေရးေတြ ရရွိေနခဲ့တဲ့ မန္ခ်က္စတာသားေတြဘက္က မာတစ္ခ်္ရဲ႕ ကန္ခ်က္တစ္ႀကိမ္ ဘားတန္းထိခဲ့ၿပီးေနာက္ ပြဲခ်ိန္ ၃၁ မိနစ္မွာေတာ့ အဲဗာတန္ဘက္က ဝဲလ္ေကာ့ရဲ႕ ေဘာလုံးအထိန္းအသိမ္းလြဲေခ်ာ္မွဳကေန မာတစ္ခ်္ကပဲ ရယူသြားခဲ့ၿပီး ထိုးေပးတာကို ဘ႐ူႏို ဖာနန္ဒက္စ္ အျပင္းကန္သြင္းခဲ့ရာမွာ ကန္ခ်က္ေကာင္းခဲ့သလို ဂိုးသမား ပစ္ခ္ဖို႔ဒ္ ကာကြယ္ပုံေႏွးေနခဲ့လုိ႔ ေခ်ပဂိုးျပန္လည္ရရွိခဲ့ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ႏွစ္သင္းစလုံး တုိင္ထိဘားထိတာေတြရွိခဲ့ၿပီး အျပန္အလွန္ထိုးေဖာက္ခဲ့ၾကသလို အဲဗာတန္ရဲ႕ သြင္းဂိုးတစ္ဂိုး VAR နဲ႔ ပယ္ဖ်က္ခံခဲ့ရသလို ကန္႔ကြက္ခဲ့တဲ့ နည္းျပ အန္ဆယ္ေလာ့တီကို ဒုိင္လူႀကီး ကာဗန္းနားက အနီကတ္ျပထုတ္ပယ္ခဲ့ပါတယ္။ အဂၤလန္နည္းျပ ေဆာက္ဂိတ္ လာေရာက္ၾကည့္ရွဳခဲ့တာကို ေတြ႕ျမင္ခဲ့ရၿပီး ဒီပြဲရလဒ္ေၾကာင့္ ယူႏုိက္တက္တို႔ ရမွတ္ ၄၂ မွတ္ ဂိုးကြာျခားခ်က္အသာနဲ႔ အဆင့္ ၄ က ခ်ဲလ္ဆီးနဲ႔ ၃ မွတ္အကြာ အဆင့္ ၅ မွာပဲ ဆက္လက္ရပ္တည္သြားႏုိင္ခဲ့ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL & STANDARD
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနေ့ပွဲမှာတော့ ဒဏ်ရာကြောင့် လွဲချော်မယ်လို့ သတင်းထွက်နေတဲ့ တိုက်စစ်မှူး မာစီယယ်လ်ကို ထည့်သွင်းခဲ့ပြီး ကွင်းလယ်မှာတော့ မက်တော်မီနေး ပြန်လည်ပါဝင်လာနိုင်လို့ ဒိုင်းမွန်းကွက်နဲ့ ကစားကွက်ဖော်ဆောင်နိုင်ခဲ့သလို အဲဗာတန်ကတော့ Direct Attacking တွေကို ပိုအားပြုကစားသွားခဲ့ပါတယ်။

ပွဲချိန် ၃ မိနစ်မှာပဲ မန်ချက်စတာယူနိုက်တက်ရဲ့ ဂိုးရှေ့ကနေ နောက်ပြန်ပေးတဲ့ ဘောလုံးကို ဒဟေးယား စောစောစီးစီး လူမပေးဘဲ ချိန်ဆနေတာကို အဲဗာတန်တိုက်စစ်မှူး ကဲလ်ဗတ်-လူဝင်က ဖိအားပေးခဲ့ပြီး ကန်တင်လိုက်တဲ့ ဘောလုံးဟာ သူနဲ့ထိပြီး ဂိုးထဲ ဝင်သွားခဲ့တဲ့အတွက် အဝေးကွင်းမှာ စောစောစီးစီး လက်ဆောင်ဂိုးတစ်ဂိုး ပေးခဲ့ရပါတယ်။

ကွင်းလယ်ချင်းယှဉ်ရာမှာ ယူနိုက်တက်ကွင်းလယ်က ပိုမိုစီးမိနေခဲ့ပြီး ကစားကွက်ဖော်ဆောင်မှုနဲ့ ဘောလုံးပိုင်ဆိုင်မှုအပိုင်းတွေမှာ အသာရခဲ့ပြီး အချိတ်အဆက်ကောင်းကောင်းနဲ့ ဘောလုံးဖြန့်နိုင်ခဲ့ပြီး ဘရူနို ဖာနန်ဒက်စ်က ပရီးမီးယားလိဂ်ကွင်းလယ်လူတစ်ယောက်ရဲ့ ကျွမ်းကျင်မှုအားလုံးကို ပိုင်ဆိုင်ထားခဲ့ပြီး ကိုယ်ကာယအသုံးပြုမှုပိုင်းမှာသာ နည်းနည်းအသားမကျသေးတာကို တွေ့ရပါတယ်။

အခွင့်အရေးတွေ ရရှိနေခဲ့တဲ့ မန်ချက်စတာသားတွေဘက်က မာတစ်ချ်ရဲ့ ကန်ချက်တစ်ကြိမ် ဘားတန်းထိခဲ့ပြီးနောက် ပွဲချိန် ၃၁ မိနစ်မှာတော့ အဲဗာတန်ဘက်က ဝဲလ်ကော့ရဲ့ ဘောလုံးအထိန်းအသိမ်းလွဲချော်မှုကနေ မာတစ်ချ်ကပဲ ရယူသွားခဲ့ပြီး ထိုးပေးတာကို ဘရူနို ဖာနန်ဒက်စ် အပြင်းကန်သွင်းခဲ့ရာမှာ ကန်ချက်ကောင်းခဲ့သလို ဂိုးသမား ပစ်ခ်ဖို့ဒ် ကာကွယ်ပုံနှေးနေခဲ့လို့ ချေပဂိုးပြန်လည်ရရှိခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ နှစ်သင်းစလုံး တိုင်ထိဘားထိတာတွေရှိခဲ့ပြီး အပြန်အလှန်ထိုးဖောက်ခဲ့ကြသလို အဲဗာတန်ရဲ့ သွင်းဂိုးတစ်ဂိုး VAR နဲ့ ပယ်ဖျက်ခံခဲ့ရသလို ကန့်ကွက်ခဲ့တဲ့ နည်းပြ အန်ဆယ်လော့တီကို ဒိုင်လူကြီး ကာဗန်းနားက အနီကတ်ပြထုတ်ပယ်ခဲ့ပါတယ်။ အင်္ဂလန်နည်းပြ ဆောက်ဂိတ် လာရောက်ကြည့်ရှုခဲ့တာကို တွေ့မြင်ခဲ့ရပြီး ဒီပွဲရလဒ်ကြောင့် ယူနိုက်တက်တို့ ရမှတ် ၄၂ မှတ် ဂိုးကွာခြားချက်အသာနဲ့ အဆင့် ၄ က ချဲလ်ဆီးနဲ့ ၃ မှတ်အကွာ အဆင့် ၅ မှာပဲ ဆက်လက်ရပ်တည်သွားနိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL & STANDARD
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.