Match Report Premier League

ဂိုးဘယ်လိုသွင်းရသလဲဆိုတာကို အာဆင်နယ်ကွင်းမှာ ပြန်သတိရသွားတဲ့ မန်စီးတီးတို့ ဆီမီးတက်

ကာရာဘောင်းဘုရင် မန်ချက်စတာစီးတီးအသင်းအနေနဲ့ သူတို့ရဲ့ တစ်ပွဲမှာ တစ်ဂိုးစ နှစ်ဂိုးစနဲ့ ကပ်နိုင်လိုက် သရေကျလိုက်ဖြစ်နေတဲ့ မှတ်တမ်းကို ရပ်တန့်နိုင်ခဲ့ပြီး အာဆင်နယ်ရဲ့ အမ်းမရိတ်ကွင်းမှာ ဂိုးသွင်းခြေတွေ့ခဲ့သလို အိမ်ရှင်တွေကတော့ ပြဿနာတွေ အများစုနဲ့ ကွာတားဖိုင်နယ်အဆင့်ကနေ နှုတ်ဆက် ထွက်ခွာခဲ့ရပါတယ်။

အသင်းအင်အားတောင့်တင်းမှုကြောင့် အရန်လူတချို့ ထည့်သွင်းထားပေမယ့်လည်း လူစုံနီးပါးပါဝင်သလိုဖြစ်နေတဲ့ မန်စီးတီးတို့ စောစောစီးစီးမှာပဲ အာဆင်နယ်တို့ကို ဂိုးသွင်းယူနိုင်ခဲ့ပြီး ပွဲချိန် ၃ မိနစ်မှာ ဇင်ချန်ကိုရဲ့ ဖြတ်တင်ဘောကို ဂျေဆူးစ်က နောက်ခံလူတွေကြားကနေ နေရာလွတ်ယူပြီး ခေါင်းတိုက်သွင်းနိုင်ခဲ့သလို သူ့ရဲ့ ဂိုးပေါက်ပျောက်မှုကိုလည်း ရပ်တန့်နိုင်ခဲ့ပါတယ်။

အာဆင်နယ်တို့ ပြန်ဖိကစားဖို့ ကြံခဲ့ပေမယ့်လည်း ကွာလတီချင်း ကွာခဲ့သလို ကွင်းလယ်ချင်း ယှဉ်ဖို့ ခက်ခဲနေခဲ့ပြီး ဘယ်တောင်ပံမှာ မာတီနယ်လီတစ်ယောက်တည်း ရုန်းနေခဲ့ရတာက အကြံပျက်ခဲ့ရပြီး စီးတီးတို့ကပဲ ပိုကောင်းတဲ့ တိုက်စစ်ဆင်မှုတွေကို ပိုင်ဆိုင်နိုင်ခဲ့တာပါ။

ဒါပေမယ့် ပွဲချိန် ၃၃ မိနစ်မှာတော့ မန်စီးတီးတို့ ညာခြမ်းခံစစ် အဆင်သင့်မဖြစ်မှုကို အခွင့်ကောင်းယူပြီး မာတီနယ်လီက ဖြတ်တင်ဘော နှစ်ကြိမ်ဆက်တိုက် ပြုလုပ်နိုင်ခဲ့ရာမှာ တုံ့ပြန်ဖို့ နောက်ကျတဲ့ ရူဘင် ဒီယက်စ်ရဲ့ နောက်ကနေ အဆင်သင့်နေရာယူထားတဲ့ လာကာဇက်က အနီးကပ် ခေါင်းတိုက်ချေပနိုင်ခဲ့ပါတယ်။

ဘောလုံးကိုင်ကစားတဲ့ မန်စီးတီးကို အာဆင်နယ်တို့ တန်ပြန်တိုက်စစ်တွေကနေ ထိုးဖောက်ဖို့ ကြံစည်နေရင်းနဲ့ ပွဲချိန် ၄၃ မိနစ်မှာတော့ ဘောလုံးနောက်ပြေးလိုက်တဲ့ မာတီနယ်လီကို ဂိုးသမား စတီဖင်စ် အဖျက်ကြမ်းလို့ ဒဏ်ရာရရှိသွားခဲ့ပြီး ဂန်းနားတွေ နစ်နာခဲ့ရသလို VAR မပါတဲ့ ပွဲစဉ်အဆင့်ကြောင့်လည်း အမေရိကန်သားအနေနဲ့ အဝါတောင် မထိခဲ့ဘဲ ပထမပိုင်းက တစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဆက်မကစားနိုင်တော့တဲ့ မာတီနယ်လီကို ပေပေနဲ့ လူစားလဲခဲ့အပြီးမှာတော့ အာဆင်နယ်တိုက်စစ်က အရင်ပွဲတွေကလို အသက်မပါတော့တဲ့ ကစားပုံဖြစ်သွားခဲ့ပြီး ပွဲချိန် ၅၅ မိနစ်မှာတော့ မာရက်ဇ်ရဲ့ ဖရီးကစ်ကို ဂိုးသမား ရူနာဆန် ကာကွယ်ပုံ ညံ့ဖျင်းခဲ့တာကြောင့် လက်နဲ့ထိပြီး ဂိုးထဲဝင်သွားခဲ့လို့ စီးတီးတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၅၉ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဖာနန်ဒင်ညို ထိုးဖောက်လာပြီး ခင်းပေးတဲ့ ဘောလုံးကို လူငယ်ကစားသမား ဖီးလ် ဖိုဒန်က ဂိုးသမားနဲ့အတွေ့မှာ ကျော်သွင်းယူသွားနိုင်ခဲ့လို့ တတိယဂိုးရရှိခဲ့ပါတယ်။ ဒီဂိုးမှာ ဖိုဒန်ရဲ့ အာဆင်နယ်နောက်တန်းကို ဖြတ်ကျော်တဲ့ ခြေအလှမ်းမှာ လူအနည်းငယ် ကျွံနေပေမယ့်လည်း VAR မပါလို့ စီးတီးတို့ ထပ်မံကံကောင်းခဲ့ပြန်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ အာဆင်နယ်တို့ လူငယ်ကစားသမားတွေကို ထည့်သုံးပြီး ကစားခွင့်ပေးခဲ့သလို ပွဲချိန် ၇၃ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ ဖိုဒန် ဖြတ်တင်ပေးတာကို လူကျွံဘောဖမ်းရာမှာ ကျန်နေတဲ့ ကိုလာစီနက်ချ်ကြောင့် နှစ်ယောက်ပူးကြီး လွတ်ထွက်လာတဲ့အထဲက လာပေါ့တ်က ရူဘင် ဒီယက်စ်ရဲ့ ရှေ့ကနေ ခေါင်းတိုက်သွင်းယူသွားနိုင်ခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာ လူစားဝင်ကစားသမား ပေပေရဲ့ အခွင့်အရေး နှစ်ကြိမ် လွဲချော်ခဲ့တာကလွဲလို့ အာဆင်နယ်တို့ ထပ်ပြီး တုံ့ပြန်နိုင်စွမ်း မရှိတော့ဘဲ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ရသလို ကာရာဘောင်းဖလားရဲ့ ကွာတားဖိုင်နယ်အဆင့်ကနေ လက်ပြနှုတ်ဆက်ခဲ့ရပြီး လက်ရှိချန်ပီယံ မန်စီးတီးတို့ကတော့ ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: GUARDIAN
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ကာရာေဘာင္းဘုရင္ မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ သူတို႔ရဲ႕ တစ္ပြဲမွာ တစ္ဂိုးစ ႏွစ္ဂိုးစနဲ႔ ကပ္ႏိုင္လိုက္ သေရက်လိုက္ျဖစ္ေနတဲ့ မွတ္တမ္းကို ရပ္တန႔္ႏိုင္ခဲ့ၿပီး အာဆင္နယ္ရဲ႕ အမ္းမရိတ္ကြင္းမွာ ဂိုးသြင္းေျခေတြ႕ခဲ့သလို အိမ္ရွင္ေတြကေတာ့ ျပႆနာေတြ အမ်ားစုနဲ႔ ကြာတားဖိုင္နယ္အဆင့္ကေန ႏႈတ္ဆက္ ထြက္ခြာခဲ့ရပါတယ္။

အသင္းအင္အားေတာင့္တင္းမႈေၾကာင့္ အရန္လူတခ်ိဳ႕ ထည့္သြင္းထားေပမယ့္လည္း လူစုံနီးပါးပါဝင္သလိုျဖစ္ေနတဲ့ မန္စီးတီးတို႔ ေစာေစာစီးစီးမွာပဲ အာဆင္နယ္တို႔ကို ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၃ မိနစ္မွာ ဇင္ခ်န္ကိုရဲ႕ ျဖတ္တင္ေဘာကို ေဂ်ဆူးစ္က ေနာက္ခံလူေတြၾကားကေန ေနရာလြတ္ယူၿပီး ေခါင္းတိုက္သြင္းႏိုင္ခဲ့သလို သူ႔ရဲ႕ ဂိုးေပါက္ေပ်ာက္မႈကိုလည္း ရပ္တန႔္ႏိုင္ခဲ့ပါတယ္။

အာဆင္နယ္တို႔ ျပန္ဖိကစားဖို႔ ႀကံခဲ့ေပမယ့္လည္း ကြာလတီခ်င္း ကြာခဲ့သလို ကြင္းလယ္ခ်င္း ယွဥ္ဖို႔ ခက္ခဲေနခဲ့ၿပီး ဘယ္ေတာင္ပံမွာ မာတီနယ္လီတစ္ေယာက္တည္း ႐ုန္းေနခဲ့ရတာက အႀကံပ်က္ခဲ့ရၿပီး စီးတီးတို႔ကပဲ ပိုေကာင္းတဲ့ တိုက္စစ္ဆင္မႈေတြကို ပိုင္ဆိုင္ႏိုင္ခဲ့တာပါ။

ဒါေပမယ့္ ပြဲခ်ိန္ ၃၃ မိနစ္မွာေတာ့ မန္စီးတီးတို႔ ညာျခမ္းခံစစ္ အဆင္သင့္မျဖစ္မႈကို အခြင့္ေကာင္းယူၿပီး မာတီနယ္လီက ျဖတ္တင္ေဘာ ႏွစ္ႀကိမ္ဆက္တိုက္ ျပဳလုပ္ႏိုင္ခဲ့ရာမွာ တုံ႔ျပန္ဖို႔ ေနာက္က်တဲ့ ႐ူဘင္ ဒီယက္စ္ရဲ႕ ေနာက္ကေန အဆင္သင့္ေနရာယူထားတဲ့ လာကာဇက္က အနီးကပ္ ေခါင္းတိုက္ေခ်ပႏိုင္ခဲ့ပါတယ္။

ေဘာလုံးကိုင္ကစားတဲ့ မန္စီးတီးကို အာဆင္နယ္တို႔ တန္ျပန္တိုက္စစ္ေတြကေန ထိုးေဖာက္ဖို႔ ႀကံစည္ေနရင္းနဲ႔ ပြဲခ်ိန္ ၄၃ မိနစ္မွာေတာ့ ေဘာလုံးေနာက္ေျပးလိုက္တဲ့ မာတီနယ္လီကို ဂိုးသမား စတီဖင္စ္ အဖ်က္ၾကမ္းလို႔ ဒဏ္ရာရရွိသြားခဲ့ၿပီး ဂန္းနားေတြ နစ္နာခဲ့ရသလို VAR မပါတဲ့ ပြဲစဥ္အဆင့္ေၾကာင့္လည္း အေမရိကန္သားအေနနဲ႔ အဝါေတာင္ မထိခဲ့ဘဲ ပထမပိုင္းက တစ္ဂိုးစီ သေရက်ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ဆက္မကစားႏိုင္ေတာ့တဲ့ မာတီနယ္လီကို ေပေပနဲ႔ လူစားလဲခဲ့အၿပီးမွာေတာ့ အာဆင္နယ္တိုက္စစ္က အရင္ပြဲေတြကလို အသက္မပါေတာ့တဲ့ ကစားပုံျဖစ္သြားခဲ့ၿပီး ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ မာရက္ဇ္ရဲ႕ ဖရီးကစ္ကို ဂိုးသမား ႐ူနာဆန္ ကာကြယ္ပုံ ညံ့ဖ်င္းခဲ့တာေၾကာင့္ လက္နဲ႔ထိၿပီး ဂိုးထဲဝင္သြားခဲ့လို႔ စီးတီးတို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၅၉ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ဖာနန္ဒင္ညိဳ ထိုးေဖာက္လာၿပီး ခင္းေပးတဲ့ ေဘာလုံးကို လူငယ္ကစားသမား ဖီးလ္ ဖိုဒန္က ဂိုးသမားနဲ႔အေတြ႕မွာ ေက်ာ္သြင္းယူသြားႏိုင္ခဲ့လို႔ တတိယဂိုးရရွိခဲ့ပါတယ္။ ဒီဂိုးမွာ ဖိုဒန္ရဲ႕ အာဆင္နယ္ေနာက္တန္းကို ျဖတ္ေက်ာ္တဲ့ ေျခအလွမ္းမွာ လူအနည္းငယ္ ကြၽံေနေပမယ့္လည္း VAR မပါလို႔ စီးတီးတို႔ ထပ္မံကံေကာင္းခဲ့ျပန္ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ အာဆင္နယ္တို႔ လူငယ္ကစားသမားေတြကို ထည့္သုံးၿပီး ကစားခြင့္ေပးခဲ့သလို ပြဲခ်ိန္ ၇၃ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာကေန ဖိုဒန္ ျဖတ္တင္ေပးတာကို လူကြၽံေဘာဖမ္းရာမွာ က်န္ေနတဲ့ ကိုလာစီနက္ခ်္ေၾကာင့္ ႏွစ္ေယာက္ပူးႀကီး လြတ္ထြက္လာတဲ့အထဲက လာေပါ့တ္က ႐ူဘင္ ဒီယက္စ္ရဲ႕ ေရွ႕ကေန ေခါင္းတိုက္သြင္းယူသြားႏိုင္ခဲ့တာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာ လူစားဝင္ကစားသမား ေပေပရဲ႕ အခြင့္အေရး ႏွစ္ႀကိမ္ လြဲေခ်ာ္ခဲ့တာကလြဲလို႔ အာဆင္နယ္တို႔ ထပ္ၿပီး တုံ႔ျပန္ႏိုင္စြမ္း မရွိေတာ့ဘဲ အိမ္ကြင္းမွာ ရႈံးနိမ့္ခဲ့ရသလို ကာရာေဘာင္းဖလားရဲ႕ ကြာတားဖိုင္နယ္အဆင့္ကေန လက္ျပႏႈတ္ဆက္ခဲ့ရၿပီး လက္ရွိခ်န္ပီယံ မန္စီးတီးတို႔ကေတာ့ ဆီမီးဖိုင္နယ္အဆင့္ကို တက္လွမ္းသြားႏိုင္ခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: GUARDIAN
PHOTOS CREDIT TO OWNERS
SPORTS A2Z.