Premier League

ပရီးမီးယားလိဂ် နောက်ဆုံးရသတင်းများနှင့် အပြောင်းအ​ေ​ရွှ့သတင်းများ စုစည်းမှု


-ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုရက်စ်က အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး အန်တိုနီယိုကို လာမယ့် ၂၀၂၃ ခုနှစ်အထိ စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်မိကြောင်း အသင်းဝက်ဘ်ဆိုက်ကို ပြောကြားခဲ့။


-ဝုဗ်အသင်းဟာ နည်းပြနူနိုဆန်းတို့စ်က ၎င်းရဲ့လူစာရင်းကို ဟန်ချက်ပြန်ညီအောင်လုပ်ဖို့အကြောင်း ပြောကြားခဲ့ပြီးနောက် လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ရာအူးလ်ဂျီမီနက်ဇ်နေရာမှာ အစားထိုးခေါ်ယူမှု ပြုလုပ်သွားဖွယ်ရှိနေ။


-တော့တင်ဟမ်ဟော့စပါးနည်းပြမော်ရင်ဟိုဟာ ရီးရဲမက်ဒရစ်အသင်းကို ကိုင်တွယ်ခဲ့စဉ်တုန်းက တပည့်ဟောင်းဖြစ်ခဲ့တဲ့ လူကာမိုဒရစ်နဲ့ ပြန်လည်ဆုံစည်းချင်နေတယ်လို့ သိရပြီး ခရိုအေးရှားလက်ရွေးစင်ကွင်းလယ်ကြယ်ပွင့်ကို ယခုရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာဖြစ်။


-ဝုဗ်အသင်းနည်းပြ နူနိုဆန်တိုက ဘန်လေအသင်းကို ၂-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်က ကွင်းလယ်ဒိုင် လီမေဆင်ဟာ ပရီးမီးယားလိဂ်မှာ ဒိုင်လူကြီးလုပ်ဖို့ အရည်အချင်းမရှိဘူးလို့ ပြောကြားခဲ့ပြီး နောက်ထပ် ဝုဗ်အသင်းရဲ့ပွဲကို မကိုင်တွယ်ဖို့ ဆုတောင်းတယ်လို့ ပြောကြားခဲ့။


-အော်ရီရာဟာ လက်စတာစီးတီးနဲ့ပွဲမှာ ဂိုးခွင့်ပြုရတဲ့အထိ ဖြစ်စေခဲ့တဲ့အမှားကို ကျူးလွန်ခဲ့ပြီးနောက် မတ်ဒိုဟာတီက စပါးအသင်းရဲ့ ညာနောက်ခံနေရာအတွက် ပထမဦးစားပေးရွေးချယ်မှု ဖြစ်လာတော့မယ်လို့ Football Insider က ဖော်ပြခဲ့။


-လက်ဆဲလက်စ်နဲ့ စိန့်မက်ဆီမင်တို့ ၂ ဦးဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့အကျိုးသက်ရောက်မှုကို ကြောက်မက်ဖွယ် တိုက်ပွဲဝင်နေရဆဲဖြစ်တဲ့ကစားသမားတွေအဖြစ် ပေါ်ထွက်လာခဲ့ပြီးနောက် နည်းပြစတိဗ်ဘရုစ်က ကစားသမား ၂ ဦးရဲ့ကျန်းမာရေးအပေါ်မှာ ကာလရှည်အကျိုးသက်ရောက်မှုနဲ့ပတ်သက်ပြီး စိုးရိမ်နေပြီး လာမယ့် ၂ ပတ်ကျော်တဲ့အထိ ပြန်လည်ကစားနိုင်ဦးမှာမဟုတ်သေးဘူးလို့ ပြောကြားခဲ့။


-အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမား ဒယ်လီအလီဟာ လက်စတာစီးတီးနဲ့ပွဲစဉ်အတွက် အရန်လူစာရင်း ၉ ဦးထဲမှာတောင် ပါဝင်နိုင်ခြင်းမရှိခဲ့တဲ့နောက် အနာဂတ်ဟာ မှောင်မိုက်နေခဲ့ပြီဖြစ်ပြီး Mail ရဲ့ဖော်ပြချက်အရ အလီဟာ စပါးမှာ ၎င်းရဲ့အနာဂတ်က ဘာတွေဆက်ဖြစ်မလဲဆိုတာ မသိဘူးလို့ သိရ။


-ပရီးမီးယားလိဂ်ဟာ ယခုအပတ်(ဒီဇင်ဘာ ၁၄ မှ ၂၀ ရက်နေ့အထိ)မှာ ကစားသမားနဲ့ အသင်းဝန်ထမ်း စုစုပေါင်း ၁၅၆၉ ဦးကို ကိုဗစ်-၁၉ ရောဂါပိုးစမ်းသပ်စစ်ဆေးခဲ့ရာမှာ ၇ ဦးအထိ ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ရတယ်လို့ ပြောကြားခဲ့ပြီး ကူးစက်ခံထားရသူတွေကို ၁၀ ရက်အထိ တစ်ဦးတည်းသီးခြားနေထိုင်သွားစေမယ်လို့ သိရ။

REF: INTERNET SOURCES , FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.

(Zawgyi)


-ဝက္စ္ဟမ္းနည္းၿပ ေဒးဗစ္မိုရက္စ္က အသင္းရဲ့ၾကယ္ပြင့္တိုက္စစ္မႉး အန္တိုနီယိုကို လာမယ့္ ၂၀၂၃ ခုႏွစ္အထိ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုနိုင္ခဲ့တဲ့အတြက္ ဝမ္းေျမာက္ဝမ္းသာျဖစ္မိေၾကာင္း အသင္းဝက္ဘ္ဆိုက္ကို ေျပာၾကားခဲ့။


-ဝုဗ္အသင္းဟာ နည္းျပႏူနိုဆန္းတို႔စ္က ၎ရဲ့လူစာရင္းကို ဟန္ခ်က္ျပန္ညီေအာင္လုပ္ဖို႔အေၾကာင္း ေျပာၾကားခဲ့ၿပီးေနာက္ လာမယ့္ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ ရာအူးလ္ဂ်ီမီနက္ဇ္ေနရာမွာ အစားထိုးေခၚယူမႈ ျပဳလုပ္သြားဖြယ္ရွိေန။


-ေတာ့တင္ဟမ္ေဟာ့စပါးနည္းျပေမာ္ရင္ဟိုဟာ ရီးရဲမက္ဒရစ္အသင္းကို ကိုင္တြယ္ခဲ့စဥ္တုန္းက တပည့္ေဟာင္းျဖစ္ခဲ့တဲ့ လူကာမိုဒရစ္နဲ႔ ျပန္လည္ဆုံစည္းခ်င္ေနတယ္လို႔ သိရၿပီး ခရိုေအးရွားလက္ေရြးစင္ကြင္းလယ္ၾကယ္ပြင့္ကို ယခုရာသီကုန္မွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူနိုင္မွာျဖစ္။


-ဝုဗ္အသင္းနည္းၿပ ႏူနိုဆန္တိုက ဘန္ေလအသင္းကို ၂-၁ နဲ႔ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္က ကြင္းလယ္ဒိုင္ လီေမဆင္ဟာ ပရီးမီးယားလိဂ္မွာ ဒိုင္လူႀကီးလုပ္ဖို႔ အရည္အခ်င္းမရွိဘူးလို႔ ေျပာၾကားခဲ့ၿပီး ေနာက္ထပ္ ဝုဗ္အသင္းရဲ့ပြဲကို မကိုင္တြယ္ဖို႔ ဆုေတာင္းတယ္လို႔ ေျပာၾကားခဲ့။


-ေအာ္ရီရာဟာ လက္စတာစီးတီးနဲ႔ပြဲမွာ ဂိုးခြင့္ျပဳရတဲ့အထိ ျဖစ္ေစခဲ့တဲ့အမွားကို က်ဴးလြန္ခဲ့ၿပီးေနာက္ မတ္ဒိုဟာတီက စပါးအသင္းရဲ့ ညာေနာက္ခံေနရာအတြက္ ပထမဦးစားေပးေရြးခ်ယ္မႈ ျဖစ္လာေတာ့မယ္လို႔ Football Insider က ေဖာ္ျပခဲ့။


-လက္ဆဲလက္စ္နဲ႔ စိန႔္မက္ဆီမင္တို႔ ၂ ဦးဟာ ကိုရိုနာဗိုင္းရပ္စ္ရဲ့အက်ိဳးသက္ေရာက္မႈကို ေၾကာက္မက္ဖြယ္ တိုက္ပြဲဝင္ေနရဆဲျဖစ္တဲ့ကစားသမားေတြအျဖစ္ ေပၚထြက္လာခဲ့ၿပီးေနာက္ နည္းျပစတိဗ္ဘ႐ုစ္က ကစားသမား ၂ ဦးရဲ့က်န္းမာေရးအေပၚမွာ ကာလရွည္အက်ိဳးသက္ေရာက္မႈနဲ႔ပတ္သက္ၿပီး စိုးရိမ္ေနၿပီး လာမယ့္ ၂ ပတ္ေက်ာ္တဲ့အထိ ျပန္လည္ကစားနိုင္ဦးမွာမဟုတ္ေသးဘူးလို႔ ေျပာၾကားခဲ့။


-အဂၤလန္လက္ေရြးစင္ကြင္းလယ္ကစားသမား ဒယ္လီအလီဟာ လက္စတာစီးတီးနဲ႔ပြဲစဥ္အတြက္ အရန္လူစာရင္း ၉ ဦးထဲမွာေတာင္ ပါဝင္နိုင္ျခင္းမရွိခဲ့တဲ့ေနာက္ အနာဂတ္ဟာ ေမွာင္မိုက္ေနခဲ့ၿပီျဖစ္ၿပီး Mail ရဲ့ေဖာ္ျပခ်က္အရ အလီဟာ စပါးမွာ ၎ရဲ့အနာဂတ္က ဘာေတြဆက္ျဖစ္မလဲဆိုတာ မသိဘူးလို႔ သိရ။


-ပရီးမီးယားလိဂ္ဟာ ယခုအပတ္(ဒီဇင္ဘာ ၁၄ မွ ၂၀ ရက္ေန႔အထိ)မွာ ကစားသမားနဲ႔ အသင္းဝန္ထမ္း စုစုေပါင္း ၁၅၆၉ ဦးကို ကိုဗစ္-၁၉ ေရာဂါပိုးစမ္းသပ္စစ္ေဆးခဲ့ရာမွာ ၇ ဦးအထိ ကူးစက္ခံထားရေၾကာင္း ေတြ႕ရွိခဲ့ရတယ္လို႔ ေျပာၾကားခဲ့ၿပီး ကူးစက္ခံထားရသူေတြကို ၁၀ ရက္အထိ တစ္ဦးတည္းသီးျခားေနထိုင္သြားေစမယ္လို႔ သိရ။

REF: INTERNET SOURCES , FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.