Premier League

22 Dec နေ့လည်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ


-ဂျေမီကာရေဂါနဲ့ ဂယ်ရီနဗီးတို့ဟာ ချဲလ်ဆီးဂိုးသမား အီဒွါမန်ဒီအနေနဲ့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်က အမှားအချို့ကို သင်ခန်းစာမယူနိုင်ဘူးဆိုရင် နည်းပြလမ်းပတ်အတွက် ကာလရှည်ပြဿနာတစ်ခုဖြစ်လာနိုင်တယ်လို့ သတိပေးပြောကြားခဲ့ကြ။


-ချဲလ်ဆီးက ဝက်စ်ဟမ်းအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ နည်းပြလမ်းပတ်ရဲ့ လူထုတ်ပုံနဲ့ပတ်သက်ပြီး ပရိသတ်တွေက ဒေါသထွက်ခဲ့ကြပြီး တီမိုဝါနာကို တောင်ပံထားပြီး အေဘရာဟမ်ကို အထောင်တိုက်စစ်ထားကစားခဲ့တာကို ဝေဖန်ခဲ့ကြ။


-Sky Sports ဘောလုံးဝေဖန်သူ အလန်စမစ်က တနင်္လာနေ့ညက ဝက်စ်ဟမ်းယူနိုက်တက်ကို ၃-၀ နဲ့ အနိုင်ရရှိအောင် ဂိုးသွင်းယူပေးခဲ့တဲ့ သီယေဂိုဆေးလ်ဗားရဲ့ ကောင်းမွန်တဲ့စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပြီး ဆီဘက်စတီယန်အယ်လာကို အိတ်ကပ်ထဲထည့်ထားနိုင်ခဲ့တယ်လို့ ပြောကြားခဲ့။


-ချဲလ်ဆီးနည်းပြ ဖရန့်လမ်းပတ်က ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ် ပထမပိုင်း ၁၀ မိနစ်မှာပဲ ဒဏ်ရာကြောင့် လူစားလဲလှယ်ခဲ့ရတဲ့ ဘန်ချေးဝဲလ်ဟာ ခြေချင်းဝတ်လည်သွားခဲ့တာတောင် ဆက်လက်ကစားဖို့ ကြိုးပမ်းခဲ့ပေမယ့် အရမ်းနာကျင်နေခဲ့တယ်လို့ ပြောကြားခဲ့ပြီး ဒဏ်ရာကို အင်္ဂါနေ့(ယနေ့)မှာ ဓာတ်မှန်ရိုက်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့။


-သီယေဂိုဆေးလ်ဗားဟာ ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ကစားပေးရင်း ၎င်းရဲ့ကောင်းမွန်တဲ့ပုံစံကို ဆက်လက်ပြသနိုင်ခဲ့တာဖြစ်ပြီး နည်းပြလမ်းပတ်က ၎င်းတုန်းက အသက် ၃၆ နှစ်အရွယ်နဲ့ ပရီးမီးယားလိဂ်မှာ ဘရာဇီးလ်နောက်ခံကစားသမားလောက်ကောင်းအောင် မကစားနိုင်ခဲ့ဘူးလို့ ဝန်ခံပြောကြားခဲ့။


-အီဒွါမန်ဒီဟာ ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မှာ ပေးဂိုးခွင့်မပြုရအောင် လက်စွမ်းပြခဲ့ပြီးနောက် ပေးဂိုးမရှိတဲ့ပွဲစဉ် ၁၀ ပွဲအထိ ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ကီပါ ၄၅ ပွဲ ကစားပြီးချိန်မှာ ရရှိခဲ့တဲ့ ပေးဂိုးမရှိပွဲစဉ်အရေအတွက်နဲ့ တူညီနေတာဖြစ်။


-နည်းပြလမ်းပတ်က ၉ ပွဲမြောက်ပွဲစဉ်မှာလည်း ဂိုးပေါက်ထပ်မံပျောက်ဆုံးနေတဲ့ တိုက်စစ်မှူး တီမိုဝါနာနဲ့ပတ်သက်ပြီး စိုးရိမ်မှုမရှိကြောင်းနဲ့ လိဂ်အသစ်မှာ ကစားနေရတာဖြစ်တဲ့အတွက် အခြေကျဖို့နဲ့ ပုံမှန်နေရာရဖို့ အချိန်ပေးရလိမ့်မယ်လို့ ပြောကြားခဲ့။


-ဂျေမီကာရေဂါက ချဲလ်ဆီးအသင်းဟာ ကိုင်ဟားဗက်မပါရင် ပိုမိုတောင့်တင်းတဲ့အသင်းဖြစ်တယ်လို့ ပြောကြားခဲ့ပြီး နည်းပြလမ်းပတ်က ဂျာမန်ကွင်းလယ်ကစားသမားကို ကာလရှည်ဘယ်လိုအသုံးပြုမလဲဆိုတာကို မရှင်းမလင်းဖြစ်နေတာဖြစ်။


-တန်မီအေဘရာဟမ်ဟာ ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မှာ ၂ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် အမှတ်ပေးဇယားက ရပ်တည်မှုအပေါ် စိုးရိမ်မှုမရှိကြောင်းနဲ့ နိုင်ပွဲတွေ ရယူဖို့အပေါ်မှာသာ အာရုံစိုက်နေတယ်လို့ ပြောကြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-ေဂ်မီကာေရဂါနဲ႔ ဂယ္ရီနဗီးတို႔ဟာ ခ်ဲလ္ဆီးဂိုးသမား အီဒြါမန္ဒီအေနနဲ႔ ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္က အမွားအခ်ိဳ႕ကို သင္ခန္းစာမယူႏိုင္ဘူးဆိုရင္ နည္းျပလမ္းပတ္အတြက္ ကာလရွည္ျပႆနာတစ္ခုျဖစ္လာႏိုင္တယ္လို႔ သတိေပးေျပာၾကားခဲ့ၾက။


-ခ်ဲလ္ဆီးက ဝက္စ္ဟမ္းအသင္းကို အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ နည္းျပလမ္းပတ္ရဲ႕ လူထုတ္ပုံနဲ႔ပတ္သက္ၿပီး ပရိသတ္ေတြက ေဒါသထြက္ခဲ့ၾကၿပီး တီမိုဝါနာကို ေတာင္ပံထားၿပီး ေအဘရာဟမ္ကို အေထာင္တိုက္စစ္ထားကစားခဲ့တာကို ေဝဖန္ခဲ့ၾက။


-Sky Sports ေဘာလုံးေဝဖန္သူ အလန္စမစ္က တနလၤာေန႔ညက ဝက္စ္ဟမ္းယူႏိုက္တက္ကို ၃-၀ နဲ႔ အႏိုင္ရရွိေအာင္ ဂိုးသြင္းယူေပးခဲ့တဲ့ သီေယဂိုေဆးလ္ဗားရဲ႕ ေကာင္းမြန္တဲ့စြမ္းေဆာင္ရည္ကို ခ်ီးက်ဴးခဲ့ၿပီး ဆီဘက္စတီယန္အယ္လာကို အိတ္ကပ္ထဲထည့္ထားႏိုင္ခဲ့တယ္လို႔ ေျပာၾကားခဲ့။


-ခ်ဲလ္ဆီးနည္းျပ ဖရန႔္လမ္းပတ္က ဝက္စ္ဟမ္းအသင္းနဲ႔ပြဲစဥ္ ပထမပိုင္း ၁၀ မိနစ္မွာပဲ ဒဏ္ရာေၾကာင့္ လူစားလဲလွယ္ခဲ့ရတဲ့ ဘန္ေခ်းဝဲလ္ဟာ ေျခခ်င္းဝတ္လည္သြားခဲ့တာေတာင္ ဆက္လက္ကစားဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ အရမ္းနာက်င္ေနခဲ့တယ္လို႔ ေျပာၾကားခဲ့ၿပီး ဒဏ္ရာကို အဂၤါေန႔(ယေန႔)မွာ ဓာတ္မွန္႐ိုက္သြားမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့။


-သီေယဂိုေဆးလ္ဗားဟာ ဝက္စ္ဟမ္းအသင္းနဲ႔ပြဲစဥ္မွာ အဓိကအခန္းက႑ကေန ပါဝင္ကစားေပးရင္း ၎ရဲ႕ေကာင္းမြန္တဲ့ပုံစံကို ဆက္လက္ျပသႏိုင္ခဲ့တာျဖစ္ၿပီး နည္းျပလမ္းပတ္က ၎တုန္းက အသက္ ၃၆ ႏွစ္အ႐ြယ္နဲ႔ ပရီးမီးယားလိဂ္မွာ ဘရာဇီးလ္ေနာက္ခံကစားသမားေလာက္ေကာင္းေအာင္ မကစားႏိုင္ခဲ့ဘူးလို႔ ဝန္ခံေျပာၾကားခဲ့။


-အီဒြါမန္ဒီဟာ ဝက္စ္ဟမ္းအသင္းနဲ႔ပြဲစဥ္မွာ ေပးဂိုးခြင့္မျပဳရေအာင္ လက္စြမ္းျပခဲ့ၿပီးေနာက္ ေပးဂိုးမရွိတဲ့ပြဲစဥ္ ၁၀ ပြဲအထိ ပိုင္ဆိုင္ႏိုင္ခဲ့ၿပီျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီက ကီပါ ၄၅ ပြဲ ကစားၿပီးခ်ိန္မွာ ရရွိခဲ့တဲ့ ေပးဂိုးမရွိပြဲစဥ္အေရအတြက္နဲ႔ တူညီေနတာျဖစ္။


-နည္းျပလမ္းပတ္က ၉ ပြဲေျမာက္ပြဲစဥ္မွာလည္း ဂိုးေပါက္ထပ္မံေပ်ာက္ဆုံးေနတဲ့ တိုက္စစ္မႉး တီမိုဝါနာနဲ႔ပတ္သက္ၿပီး စိုးရိမ္မႈမရွိေၾကာင္းနဲ႔ လိဂ္အသစ္မွာ ကစားေနရတာျဖစ္တဲ့အတြက္ အေျခက်ဖို႔နဲ႔ ပုံမွန္ေနရာရဖို႔ အခ်ိန္ေပးရလိမ့္မယ္လို႔ ေျပာၾကားခဲ့။


-ေဂ်မီကာေရဂါက ခ်ဲလ္ဆီးအသင္းဟာ ကိုင္ဟားဗက္မပါရင္ ပိုမိုေတာင့္တင္းတဲ့အသင္းျဖစ္တယ္လို႔ ေျပာၾကားခဲ့ၿပီး နည္းျပလမ္းပတ္က ဂ်ာမန္ကြင္းလယ္ကစားသမားကို ကာလရွည္ဘယ္လိုအသုံးျပဳမလဲဆိုတာကို မရွင္းမလင္းျဖစ္ေနတာျဖစ္။


-တန္မီေအဘရာဟမ္ဟာ ဝက္စ္ဟမ္းအသင္းနဲ႔ပြဲစဥ္မွာ ၂ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ အမွတ္ေပးဇယားက ရပ္တည္မႈအေပၚ စိုးရိမ္မႈမရွိေၾကာင္းနဲ႔ ႏိုင္ပြဲေတြ ရယူဖို႔အေပၚမွာသာ အာ႐ုံစိုက္ေနတယ္လို႔ ေျပာၾကားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.