Premier League

20 Dec နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများစုစည်းမှု


-အာဆင်နယ်နည်းပြအာတီတာက အဲဗာတန်အသင်းကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာတော့ ၎င်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မေးခွန်းထုတ်တာကို နားလည်ပေးနိုင်ကြောင်း ပြောကြားခဲ့ပြီး အာဆင်နယ်ဟာ ၇ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေခဲ့ပြီဖြစ်။


-အာဆင်နယ်အသင်းခေါင်းဆောင် အူဘာမီယန်းဟာ အဲဗာတန်အသင်းနဲ့ပွဲစဉ်ကို ကြွက်သားဒဏ်ရာပြဿနာကြောင့် လွဲချော်ခဲ့တာဖြစ်တယ်လို့ နည်းပြအာတီတာက ပြောကြားခဲ့ပြီး လာမယ့်ရက်အနည်းငယ်မှာ ကြံ့ခိုင်မှုကို ပြန်လည်အကဲဖြတ်သွားမှာဖြစ်။


-လီဗာပူးဂန္တဝင် ဂျေမီကာရေဂါက အာဆင်နယ်ဒါရိုက်တာ အီဒူးကို နည်းပြအာတီတာအတွက် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကစားသမား ၆ ဦး၊ ၇ ဦးလောက် ခေါ်ယူပေးပြီးမှ နည်းပြရာထူးကနေ ဖြုတ်သင့်၊ မဖြုတ်သင့် ဆုံးဖြတ်ဖို့ ပြောကြားခဲ့။


-အာဆင်နယ်အပယ်ခံ အိုဇေးလ်က အဲဗာတန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး ၎င်းရဲ့ခံစားချက်ကို ထုတ်ဖော်ပြသခဲ့ပြီး တွစ်တာမှာ အသည်းကွဲပြီး ငိုကြွေးနေတဲ့ရုပ်ပုံကို တင်ထားခဲ့။


-ဘာစီလိုနာဥက္ကဌလောင်း လာပေါ်တာက ဥက္ကဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရမယ်ဆိုရင် အာဆင်နယ်နောက်ခံကစားသမား ဘယ်လာရင်ကို ပြန်လည်ခေါ်ယူချင်နေတယ်လို့ Mirror က ဖော်ပြခဲ့။


-အလန်ရှီးယားရားက အာဆင်နယ်အသင်းအနေနဲ့ ယခုရာသီကုန် ပရီးမီးယားလိဂ်မှာ ရှင်သန်ကျန်ရစ်နိုင်မယ့်အခွင့်အရေါ် ဘယ်လောက်ထိရှိမလဲဆိုတာ မသေချာတော့ဘူးလို့ ပြောကြားခဲ့။


-ဆလားဗီးယားပရက်ဂ်အသင်းရဲ့ အဗ္ဗဒယ်လာဆီမာကို ခေါ်ယူချင်နေတဲ့အသင်းတွေထဲမှာ အာဆင်နယ်လည်း တစ်သင်းအပါအဝင်ဖြစ်ပြီး ဆီနီဂေါတိုက်စစ်မှူးဟာ တောင်ပံကနေ အတွင်းကို ချိုးဝင်ပြီး ဂိုးသွင်းနိုင်တဲ့စွမ်းရည်ကြောင့် သီယာရီအွန်နရီလက်သစ်လို့ နာမည်ပေးထားခြင်းခံနေရ။


-အာဆင်နယ်ဟာ ယခုရာသီ တန်းဆင်းဇုန်တိုက်ပွဲထဲကို ကျရောက်နေပြီဖြစ်ပြီး အပြောင်းအလဲမှ မလုပ်ရင်တော့ လာမယ့်ရာသီ ချန်ပီယံရှစ်မှာ ပြန်လည်တည်ထောင်မှုတွေ ပြုလုပ်ရတော့မယ်လို့ အက်ဂ်ဘွန်လဟောက talkSPORT ကို ပြောကြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
(Zawgyi)















