Match Report Premier League

ဂွတ်ဒီဆန်ပါ့ခ်မှာ အာဆင်နယ်တို့ ရလဒ်ကောင်းကို မရယူနိုင်ခဲ့ပဲ အမှတ်ဗလာနဲ့ အိမ်ပြန်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ သူတို့ရဲ့အသင်းခေါင်းဆောင် တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းကို မထည့်သွင်းခဲ့ဘဲ အံ့အားသင့်ဖွယ် လူစာရင်းနဲ့ ပွဲထွက်လာခဲ့ပြီး နကီးတီးယားဦးဆောင်လာတဲ့ တိုက်စစ်မှာ ပေပေနဲ့ ဝီလီယန်တို့က ပံ့ပိုး ကစားလာခဲ့ကြပါတယ်။

သူတို့လိုပဲ ခံစစ်တောင်ပံနေရာမှာ လူမစုံတဲ့ အဲဗာတန်ကတော့ ကဲလ်ဗတ်-လူဝင်၊ ရစ်ချာလစ်ဆန်တို့ရဲ့ တိုးအားနဲ့ ကစားခဲ့ပြီး ဘောလုံးကိုင်ဖို့ ကြိုးစားတဲ့ မြောက်လန်ဒန်အသင်းကို ထိုးနှက်ဖို့ ပြင်ဆင်လာခဲ့ပြီး ညာတောင်ပံက အာဆင်နယ်ကစားသမားဟောင်း အီဝိုဘီက ဖြတ်တင်ဘောတွေနဲ့ ခြိမ်းခြောက်ခဲ့ပါတယ်။

ပွဲချိန် ၂၂ မိနစ်မှာတော့ အိမ်ရှင် အဲဗာတန်တို့ အဖွင့်ဂိုးရခဲ့ပြီး ညာတောင်ပံက အီဝိုဘီရဲ့ ဖြတ်တင်ဘောကို နေရာယူပုံ ကောင်းလွန်းတဲ့ ကဲလ်ဗတ်-လူဝင်က ပြေးဝင်ခေါင်းတိုက်ခဲ့ရာမှာ နောက်ခံလူ ဟိုးလ်ဒင်းနဲ့ထိပြီး ဝင်သွားခဲ့လို့ သူ့ရဲ့ Own Goal အဖြစ် သတ်မှတ်ခံရပြီး အာဆင်နယ်တို့ ဂိုးစပေးခဲ့ရပါတယ်။

ဒါပေမယ့် ပွဲချိန် ၃၅ မိနစ်မှာတော့ အာဆင်နယ်တို့ ချေပဂိုး ပြန်ရသွားခဲ့ပြီး ဂိုးဧရိယာထဲမှာ မိတ်လန်းနိုင်းလ်စ်ကို ဘောလုံးမထိဘဲ ကန်မိတဲ့ တွမ်ဒေးဗီးစ်ကြောင့် ပင်နယ်တီ ကန်ခွင့်ရခဲ့ရမှာ ပေပေက ဂိုးသမား ပစ်ခ်ဖို့ဒ်ကို ဘောလုံးနဲ့ တခြားစီဖြစ်အောင် လှည့်စားပြီး ကန်သွင်းယူခဲ့တာပါ။

ပွဲချိန် ၄၅ မိနစ်မှာတော့ ကဲလ်ဗတ်-လူဝင်ရဲ့ ကောင်းလွန်းတဲ့ ကန်ချက်၊ လီနိုရဲ့ ကောင်းလွန်းတဲ့ ကာကွယ်မှုကနေ ထောင့်ကန်ဘောဖြစ်ခဲ့ပြီး ဒါကို ဆီဂါ့ဒ်ဆန် ကန်တင်ပေးရာမှာတော့ အူဘာမီယန်း ဈေးဦးဖောက်ထားလို့ တည်ကန်ဘောတွေကနေ ဂိုးမပေးရတော့ဘူးလို့ ယုံကြည်မှုမျိုး မရှိတော့တဲ့ အာဆင်နယ်ခံစစ်ကို အရပ်အမောင်းမြင့်မားတဲ့ ယယ်ရီ မီနာက ခေါင်းတိုက်ပြီး နောက်ထပ်ဦးဆောင်ဂိုး ရယူသွားနိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာ နှစ်ဂိုး-တစ်ဂိုးနဲ့ အာဆင်နယ်တို့ ရှုံးနိမ့်နေခဲ့တာကြောင့် ဒုတိယပိုင်းမှာ ပိုကောင်းတဲ့ ပုံစံနဲ့ ဘောလုံးပိုင်ဆိုင်မှု အများစုကို ထိန်းချုပ်ကစားနိုင်ခဲ့ပေမယ့် ထူးထူးခြားခြားတော့ လုပ်ဆောင်နိုင်တာမျိုးမရှိခဲ့ဘဲ ဒေးဗစ် လူးဝစ်ဇ်ရဲ့ ကန်ချက် တိုင်ထိခဲ့တာကလွဲရင် အပိုင်အခွင့်အရေး သိပ်တော့ မရခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ အယ်လ်နန်နီအစား ဝီလော့ခ်၊ ပေပေအစား မာတီနယ်လီတို့ကို လူစားလဲကစားခဲ့ပြီး နောက်ဆုံးလူစားလဲမှုအဖြစ်တော့ နကီးတီးယားအစား လာကာဇက်တို့ကို လဲကစားခဲ့ပါတယ်။

ဒါပေမယ့် အဲဗာတန်ရဲ့ ခံစစ်ကိုတော့ ကျော်လွှားနိုင်ခဲ့ခြင်းမရှိသလို အိမ်ရှင်ဘက်ကလည်း ဂိုးထပ်ရဖို့ထက် သုံးမှတ်ကို ထိန်းသိမ်းဖို့ ခံစစ်ပဲ အဓိက ကစားသွားခဲ့တာကြောင့် နှစ်ဂိုး-တစ်ဂိုးနဲ့ပဲ ပွဲပြီးခဲ့ပြီး အာဆင်နယ်တာဝန်ရှိသူတွေနဲ့ နည်းပြ အာတီတာတို့အတွက်တော့ ဖိအားတွေ ပိုမိုကြီးမားခဲ့ပြီပဲဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ သူတို႔ရဲ႕အသင္းေခါင္းေဆာင္ တိုက္စစ္မႉး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းကို မထည့္သြင္းခဲ့ဘဲ အံ့အားသင့္ဖြယ္ လူစာရင္းနဲ႔ ပြဲထြက္လာခဲ့ၿပီး နကီးတီးယားဦးေဆာင္လာတဲ့ တိုက္စစ္မွာ ေပေပနဲ႔ ဝီလီယန္တို႔က ပံ့ပိုး ကစားလာခဲ့ၾကပါတယ္။

သူတို႔လိုပဲ ခံစစ္ေတာင္ပံေနရာမွာ လူမစုံတဲ့ အဲဗာတန္ကေတာ့ ကဲလ္ဗတ္-လူဝင္၊ ရစ္ခ်ာလစ္ဆန္တို႔ရဲ႕ တိုးအားနဲ႔ ကစားခဲ့ၿပီး ေဘာလုံးကိုင္ဖို႔ ႀကိဳးစားတဲ့ ေျမာက္လန္ဒန္အသင္းကို ထိုးႏွက္ဖို႔ ျပင္ဆင္လာခဲ့ၿပီး ညာေတာင္ပံက အာဆင္နယ္ကစားသမားေဟာင္း အီဝိုဘီက ျဖတ္တင္ေဘာေတြနဲ႔ ၿခိမ္းေျခာက္ခဲ့ပါတယ္။

ပြဲခ်ိန္ ၂၂ မိနစ္မွာေတာ့ အိမ္ရွင္ အဲဗာတန္တို႔ အဖြင့္ဂိုးရခဲ့ၿပီး ညာေတာင္ပံက အီဝိုဘီရဲ႕ ျဖတ္တင္ေဘာကို ေနရာယူပုံ ေကာင္းလြန္းတဲ့ ကဲလ္ဗတ္-လူဝင္က ေျပးဝင္ေခါင္းတိုက္ခဲ့ရာမွာ ေနာက္ခံလူ ဟိုးလ္ဒင္းနဲ႔ထိၿပီး ဝင္သြားခဲ့လို႔ သူ႔ရဲ႕ Own Goal အျဖစ္ သတ္မွတ္ခံရၿပီး အာဆင္နယ္တို႔ ဂိုးစေပးခဲ့ရပါတယ္။

ဒါေပမယ့္ ပြဲခ်ိန္ ၃၅ မိနစ္မွာေတာ့ အာဆင္နယ္တို႔ ေခ်ပဂိုး ျပန္ရသြားခဲ့ၿပီး ဂိုးဧရိယာထဲမွာ မိတ္လန္းႏိုင္းလ္စ္ကို ေဘာလုံးမထိဘဲ ကန္မိတဲ့ တြမ္ေဒးဗီးစ္ေၾကာင့္ ပင္နယ္တီ ကန္ခြင့္ရခဲ့ရမွာ ေပေပက ဂိုးသမား ပစ္ခ္ဖို႔ဒ္ကို ေဘာလုံးနဲ႔ တျခားစီျဖစ္ေအာင္ လွည့္စားၿပီး ကန္သြင္းယူခဲ့တာပါ။

ပြဲခ်ိန္ ၄၅ မိနစ္မွာေတာ့ ကဲလ္ဗတ္-လူဝင္ရဲ႕ ေကာင္းလြန္းတဲ့ ကန္ခ်က္၊ လီႏိုရဲ႕ ေကာင္းလြန္းတဲ့ ကာကြယ္မႈကေန ေထာင့္ကန္ေဘာျဖစ္ခဲ့ၿပီး ဒါကို ဆီဂါ့ဒ္ဆန္ ကန္တင္ေပးရာမွာေတာ့ အူဘာမီယန္း ေဈးဦးေဖာက္ထားလို႔ တည္ကန္ေဘာေတြကေန ဂိုးမေပးရေတာ့ဘူးလို႔ ယုံၾကည္မႈမ်ိဳး မရွိေတာ့တဲ့ အာဆင္နယ္ခံစစ္ကို အရပ္အေမာင္းျမင့္မားတဲ့ ယယ္ရီ မီနာက ေခါင္းတိုက္ၿပီး ေနာက္ထပ္ဦးေဆာင္ဂိုး ရယူသြားႏိုင္ခဲ့ပါတယ္။

ပထမပိုင္းမွာ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အာဆင္နယ္တို႔ ရႈံးနိမ့္ေနခဲ့တာေၾကာင့္ ဒုတိယပိုင္းမွာ ပိုေကာင္းတဲ့ ပုံစံနဲ႔ ေဘာလုံးပိုင္ဆိုင္မႈ အမ်ားစုကို ထိန္းခ်ဳပ္ကစားႏိုင္ခဲ့ေပမယ့္ ထူးထူးျခားျခားေတာ့ လုပ္ေဆာင္ႏိုင္တာမ်ိဳးမရွိခဲ့ဘဲ ေဒးဗစ္ လူးဝစ္ဇ္ရဲ႕ ကန္ခ်က္ တိုင္ထိခဲ့တာကလြဲရင္ အပိုင္အခြင့္အေရး သိပ္ေတာ့ မရခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ အယ္လ္နန္နီအစား ဝီေလာ့ခ္၊ ေပေပအစား မာတီနယ္လီတို႔ကို လူစားလဲကစားခဲ့ၿပီး ေနာက္ဆုံးလူစားလဲမႈအျဖစ္ေတာ့ နကီးတီးယားအစား လာကာဇက္တို႔ကို လဲကစားခဲ့ပါတယ္။

ဒါေပမယ့္ အဲဗာတန္ရဲ႕ ခံစစ္ကိုေတာ့ ေက်ာ္လႊားႏိုင္ခဲ့ျခင္းမရွိသလို အိမ္ရွင္ဘက္ကလည္း ဂိုးထပ္ရဖို႔ထက္ သုံးမွတ္ကို ထိန္းသိမ္းဖို႔ ခံစစ္ပဲ အဓိက ကစားသြားခဲ့တာေၾကာင့္ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ပဲ ပြဲၿပီးခဲ့ၿပီး အာဆင္နယ္တာဝန္ရွိသူေတြနဲ႔ နည္းျပ အာတီတာတို႔အတြက္ေတာ့ ဖိအားေတြ ပိုမိုႀကီးမားခဲ့ၿပီပဲျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.