Premier League

20 Dec နံနက်ခင်း နောက်ဆုံးရ ချဲလ်ဆီး သတင်းများ စုစည်းမှု


-ချဲလ်ဆီးအသင်းပရိသတ်တွေဟာ တနင်္လာနေ့ညမှာ ကစားရမယ့် ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မှာ ဂျော်ဂျင်ဟိုက ပါဝင်ကစားခွင့် ရရှိသင့်တဲ့ ကစားသမားဖြစ်တယ်လို့ နည်းပြလမ်းပတ်ကို တောင်းဆိုခဲ့ကြ။


-ချဲလ်ဆီးနောက်ခံကစားသမား ရိစ်ဂျိမ်းစ်ဟာ ဒူးဒဏ်ရာပြဿနာကြောင့် ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်ကို လွဲချော်ဖို့ များနေပြီး The Athletic ရဲ့သတင်းအရ ညာဖက်ဒူးကို ခွဲစိတ်ကုသမှု ခံယူဖို့ လိုအပ်နေတယ်လို့ သိရ။


-တီမိုဝါနာက ဝေဖန်ပြောဆိုမှုတွေ ကို ပြန်လည်တုံ့ပြန်ခဲ့ပြီး ဂိုးပေါက်ပျောက်ဆုံးနေပေမယ့်လည်း ၎င်းအတွက် ပေးချေခဲ့ရတဲ့ ပေါင် ၅၃ သန်းနဲ့ တန်တဲ့ ဖိအားတွေကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိတယ်လို့ ပြောကြားခဲ့။


-အေစီမီလန်အသင်းက ဂီရော့ဒ်ကို ကနဦးက စိတ်ဝင်စားမှုရှိခဲ့ပေမယ့်လည်း ပိုမိုငယ်ရွယ်တဲ့ကစားသမားတွေကိုသာ ခေါ်ယူချင်တာကြောင့် ပြင်သစ်ဝါရင့်တိုက်စစ်မှူးကို ခေါ်ယူလိုခြင်းမရှိတော့ဘူးလို့ Tuttosport က ဖော်ပြခဲ့။


-ဘန်ချေးဝဲလ်ဟာ လက်စတာစီးတီးအသင်းကနေ ချဲလ်ဆီးအသင်းကို ပေါင် ၄၅ သန်းနဲ့ ပြောင်းရွှေ့လာချိန်ကတည်းက အကျိုးသက်ရောက်မှုရှိကြောင်း ပြသထားနိုင်ခဲ့သူဖြစ်တယ်လို့ ချဲလ်ဆီးနောက်ခံကစားသမားဟောင်း စကော့မင်တိုက ချီးကျူးခဲ့။


-ချဲလ်ဆီးနည်းပြ လမ်းပတ်က ယခုရာသီ ပရီးမီးယားလိဂ်ဖလားကို ရယူဖို့ဆိုတာက လက်တွေ့မကျတဲ့အတွက် ငြင်းပယ်ခဲ့ပေမယ့် ၎င်းရဲ့ ကစားသမားတွေကိုတော့ မြင့်မားတဲ့ မျှော်မှန်းချက်ထားနေသေးပြီး အသင်းက မှန်ကန်တဲ့လမ်းကြောင်းအတိုင်း သွားနေကြောင်း သက်သေပြသချင်နေ။


-အင်တာမီလန်အသင်းဟာ ဇန်နဝါရီလမှာ ပါရီဆစ်ကို ရောင်းထုတ်ဖြစ်ခဲ့မယ်ဆိုရင် ချဲလ်ဆီးဘယ်နောက်ခံကစားသမား အီမာဆင်ကို ခေါ်ယူမှု ပြုလုပ်ဖို့ ကြိုတင်ပြင်ဆင်သွားမယ်လို့ Tuttosport က ဖော်ပြခဲ့။


-ချဲလ်ဆီးနောက်ခံကစားသမားဟောင်း ဝီလီယံဂါးလက်စ်က ယခုရာသီပရီးမီးယားလိဂ်ရာသီကုန်မှာ စပါးအသင်းက ချဲလ်ဆီးရဲ့အထက်မှာ ရာသီပြီးဆုံးနိုင်လိမ့်မယ်လို့ ထောက်ခံပြောကြားခဲ့ပြီး စပါးအသင်းဟာ လက်ရှိမှာတော့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၂ နေရာမှာ ရပ်တည်နေတာဖြစ်။


-ချဲလ်ဆီးအသင်းနည်းပြ ဖရန့်လမ်းပတ်က ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးအသင်းနဲ့ ၎င်းရဲ့အသင်း တိုးတက်မှုကို နှိုင်းယှဉ်ဖို့အတွက် စောလွန်းသေးတယ်လို့ ထင်မြင်နေပြီး ပြီးခဲ့တဲ့ရာသီက လီဗာပူးအသင်းလိုမျိုး စက်ယန္တရားဆန်ဆန် အညှာအတာကင်းမဲ့စွာ တည်ငြိမ်တဲ့ခြေစွမ်းပြသနိုင်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-ခ်ဲလ္ဆီးအသင္းပရိသတ္ေတြဟာ တနလၤာေန႔ညမွာ ကစားရမယ့္ ဝက္စ္ဟမ္းအသင္းနဲ႔ပြဲစဥ္မွာ ေဂ်ာ္ဂ်င္ဟိုက ပါဝင္ကစားခြင့္ ရရွိသင့္တဲ့ ကစားသမားျဖစ္တယ္လို႔ နည္းျပလမ္းပတ္ကို ေတာင္းဆိုခဲ့ၾက။


-ခ်ဲလ္ဆီးေနာက္ခံကစားသမား ရိစ္ဂ်ိမ္းစ္ဟာ ဒူးဒဏ္ရာျပႆနာေၾကာင့္ ဝက္စ္ဟမ္းအသင္းနဲ႔ပြဲစဥ္ကို လြဲေခ်ာ္ဖို႔ မ်ားေနၿပီး The Athletic ရဲ့သတင္းအရ ညာဖက္ဒူးကို ခြဲစိတ္ကုသမႈ ခံယူဖို႔ လိုအပ္ေနတယ္လို႔ သိရ။


-တီမိုဝါနာက ေဝဖန္ေျပာဆိုမႈေတြ ကို ျပန္လည္တုံ႔ျပန္ခဲ့ၿပီး ဂိုးေပါက္ေပ်ာက္ဆုံးေနေပမယ့္လည္း ၎အတြက္ ေပးေခ်ခဲ့ရတဲ့ ေပါင္ ၅၃ သန္းနဲ႔ တန္တဲ့ ဖိအားေတြကို ကိုင္တြယ္ေျဖရွင္းနိုင္စြမ္းရွိတယ္လို႔ ေျပာၾကားခဲ့။


-ေအစီမီလန္အသင္းက ဂီေရာ့ဒ္ကို ကနဦးက စိတ္ဝင္စားမႈရွိခဲ့ေပမယ့္လည္း ပိုမိုငယ္ရြယ္တဲ့ကစားသမားေတြကိုသာ ေခၚယူခ်င္တာေၾကာင့္ ျပင္သစ္ဝါရင့္တိုက္စစ္မႉးကို ေခၚယူလိုျခင္းမရွိေတာ့ဘူးလို႔ Tuttosport က ေဖာ္ျပခဲ့။


-ဘန္ေခ်းဝဲလ္ဟာ လက္စတာစီးတီးအသင္းကေန ခ်ဲလ္ဆီးအသင္းကို ေပါင္ ၄၅ သန္းနဲ႔ ေျပာင္းေရႊ႕လာခ်ိန္ကတည္းက အက်ိဳးသက္ေရာက္မႈရွိေၾကာင္း ျပသထားနိုင္ခဲ့သူျဖစ္တယ္လို႔ ခ်ဲလ္ဆီးေနာက္ခံကစားသမားေဟာင္း စေကာ့မင္တိုက ခ်ီးက်ဴးခဲ့။


-ခ်ဲလ္ဆီးနည္းၿပ လမ္းပတ္က ယခုရာသီ ပရီးမီးယားလိဂ္ဖလားကို ရယူဖို႔ဆိုတာက လက္ေတြ႕မက်တဲ့အတြက္ ျငင္းပယ္ခဲ့ေပမယ့္ ၎ရဲ့ ကစားသမားေတြကိုေတာ့ ျမင့္မားတဲ့ ေမၽွာ္မွန္းခ်က္ထားေနေသးၿပီး အသင္းက မွန္ကန္တဲ့လမ္းေၾကာင္းအတိုင္း သြားေနေၾကာင္း သက္ေသျပသခ်င္ေန။


-အင္တာမီလန္အသင္းဟာ ဇန္နဝါရီလမွာ ပါရီဆစ္ကို ေရာင္းထုတ္ျဖစ္ခဲ့မယ္ဆိုရင္ ခ်ဲလ္ဆီးဘယ္ေနာက္ခံကစားသမား အီမာဆင္ကို ေခၚယူမႈ ျပဳလုပ္ဖို႔ ႀကိဳတင္ျပင္ဆင္သြားမယ္လို႔ Tuttosport က ေဖာ္ျပခဲ့။


-ခ်ဲလ္ဆီးေနာက္ခံကစားသမားေဟာင္း ဝီလီယံဂါးလက္စ္က ယခုရာသီပရီးမီးယားလိဂ္ရာသီကုန္မွာ စပါးအသင္းက ခ်ဲလ္ဆီးရဲ့အထက္မွာ ရာသီၿပီးဆုံးနိုင္လိမ့္မယ္လို႔ ေထာက္ခံေျပာၾကားခဲ့ၿပီး စပါးအသင္းဟာ လက္ရွိမွာေတာ့ ပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္ ၂ ေနရာမွာ ရပ္တည္ေနတာျဖစ္။


-ခ်ဲလ္ဆီးအသင္းနည္းၿပ ဖရန႔္လမ္းပတ္က ပရီးမီးယားလိဂ္ခ်န္ပီယံ လီဗာပူးအသင္းနဲ႔ ၎ရဲ့အသင္း တိုးတက္မႈကို ႏွိုင္းယွဥ္ဖို႔အတြက္ ေစာလြန္းေသးတယ္လို႔ ထင္ျမင္ေနၿပီး ၿပီးခဲ့တဲ့ရာသီက လီဗာပူးအသင္းလိုမ်ိဳး စက္ယႏၲရားဆန္ဆန္ အညႇာအတာကင္းမဲ့စြာ တည္ၿငိမ္တဲ့ေျခစြမ္းျပသနိုင္မွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.