Premier League

အသုံးမကျတဲ့ကစားသမားတွေကြောင့် ဒုက္ခမရောက်ခင် အဲဗာတန်နဲ့ပွဲအပြီး ထုတ်ပယ်ခံရနိုင်တဲ့ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာဟာ ယခုအပတ် အဲဗာတန်အသင်းကို အနိုင်မယူနိုင်ခဲ့ဘူးဆိုရင် ရာထူးကနေ ထုတ်ပယ်ခံရနိုင်တယ်လို့ talkSPORT အားကစားဝေဖန်သူ ဂျေမီအိုဟားရားက ရှုမြင်ထားပြီး စပိန်လူမျိုးနည်းပြလက်အောက်မှာ အသင်းက ဘာမှတိုးတက်လာတာမမြင်ဘူးလို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ၁၉၇၄ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးရာသီအစကို ကြုံတွေ့နေရတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၅ နေရာမှာ ရပ်တည်နေရတာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ယခုအပတ် ဆောက်သမ်တန်အသင်းနဲ့ သရေကျခဲ့တဲ့ပွဲစဉ်အပါအဝင် ပြီးခဲ့တဲ့လိဂ် ၆ ပွဲမှာ တစ်ပွဲမှ အနိုင်ရရှိခဲ့ခြင်းမရှိဘဲ သရေရလဒ်သာ အများဆုံးရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းက ၎င်းတိုရဲ့ ရှုံးပွဲဆက်နေမှုကို ရပ်တန့်ဖို့ အရိပ်အယောင်တွေ ပြသခဲ့ပေမယ့်လည်း တော့တင်ဟမ်ဟော့စပါးကွင်းလယ်ကစားသမားဟောင်း ဂျေမီအိုဟားရားက အယုံအကြည်မရှိတော့ဘဲ အာတီတာကို ဆက်ခန့်ထားမယ်ဆိုရင် စိုးရိမ်စရာတွေ မလွှဲမရှောင်သာ ဖြစ်လာတော့မယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

အာဆင်နယ်မှာ ဘာတွေဖြစ်နေတာလဲ။ သူတို့တွေ လုံးဝကို အိပ်မက်ဆိုး မက်နေကြပါတယ်
“အခုအချိန်မှာ သရေရလဒ်က အာတီတာကို အလုပ်မှာ ဆက်ရှိနေစေတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် သူတို့တွေ အဲဗာတန်ကို ရှုံးရင်တော့ သူ သွားရတော့မယ် ထင်ပါတယ်”

“ခင်ဗျားအသင်းက နယူးကာဆယ်မဟုတ်ဘူး။ ပဲလေ့စ်မဟုတ်ဘူး။ ဒါက အာဆင်နယ်ပါ။ ကမ္ဘာပေါ်မှာ အကြီးမားဆုံးအသင်းတွေထဲကတစ်သင်းပါ။ လိဂ်မှာ အဆင့် ၁၅ နေရာရောက်နေတာက လက်ခံနိုင်စရာမရှိပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

ဆောက်သမ်တန်အသင်းနဲ့ပွဲစဉ်က ဂက်ဘရီရယ်မက်ဂယ်ဟေးစ်ရဲ့ အနီကတ်ပြထုတ်ပယ်ခံရမှုဟာ အာဆင်နယ်အသငး်ရဲ့ နောက်ဆုံးလိဂ် ၅ ပွဲမှာ ၃ ကြိမ်မြောက် ကစားသမားထုတ်ပယ်ခံရမှုဖြစ်ခဲ့ပြီး လူစာရင်းထဲမှာ စည်းကမ်းပိုင်းဆိုင်ရာပြဿနာတွေရှိနေပြီလားလို့ မေးခွန်းတွေဆက်လက်မြင့်တက်လာနေတာဖြစ်ပါတယ်။ အာဆင်နယ်ဟာ လွန်ခဲ့တဲ့တစ်နှစ်က အာတီတာ နည်းပြသစ်အဖြစ် ခန့်အပ်ခံရချိန်ကတည်းက လက်ရှိအချိန်အထိ စုစုပေါင်း အနီကတ် ၇ ကတ်အထိ ပြသခံထားရပြီး ယင်းကာလအတွင်း အခြားအသင်းတွေထက် ၂ ဆလောက် အနီကတ်ပမာဏ ပိုများနေတာဖြစ်ပါတယ်။

အာဆင်နယ်ကစားသမားအများအပြားဟာလည်း ယခုရာသီမှာ ၎င်းတို့ရဲ့ သာမန်အောက်နိမ့်ကျတဲ့စွမ်းဆောင်ရည်တွေကြောင့် ဝေဖန်မှုတွေ ခံနေရပြီး အိုဟားရားက အသင်းမှာရှိနေတဲ့ပြဿနာက ကြာလေဆိုးလေဖြစ်လိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“သူတို့မှာ ခေါင်းဆောင်မရှိဘူး။ ကျွန်တော်တို့ အာတီတာကို အပြစ်တင်နိုင်တယ်။ ဒါကတော့ အမြဲတမ်းဖြစ်နေကျ ပုံစံပါပဲ။ ဒါပေမယ့် တချို့ကစားသမားတွေက သူတို့ရဲ့စွမ်းဆောင်ရည်တွေနဲ့ သူ့ကို လုံးဝ သတ်နေကြတယ်”

“သူတို့တွေက ကောင်းသင့်သလောက်မကောင်းရုံတင်မဟုတ်ဘူး။ အပတ်တိုင်း ကစားသမားတွေက အနီကတ်ပြ အထုတ်ခံနေရပြီး စွမ်းဆောင်ရည်ပြသဖို့ လိုအပ်နေတဲ့ လစာမြင့်ကစားသမားတွေလည်း ရှိနေတယ်။ သူတို့တွေ အသင်းကို အောက်ဆုံးထိ ထိုးဆင်းခွင့် ပေးနေကြတယ်။ သူတို့တွေ အဲဒီလိုဖြစ်နေတာ ကြာပြီ။ သူတို့တွေမှာ ၀ိသေသလက္ခဏာအားလုံး ပျောက်ဆုံးနေခဲ့ပြီး အသင်းအဖွဲ့အနေနဲ့လည်း ပျောက်ဆုံးနေခဲ့ပါတယ်။ သူတို့တွေ ဘယ်လိုတွေဖြစ်နေကြလဲ ကျွန်တော် မသိတော့ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

REF: TALK SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္နည္းျပ အာတီတာဟာ ယခုအပတ္ အဲဗာတန္အသင္းကို အႏိုင္မယူႏိုင္ခဲ့ဘူးဆိုရင္ ရာထူးကေန ထုတ္ပယ္ခံရႏိုင္တယ္လို႔ talkSPORT အားကစားေဝဖန္သူ ေဂ်မီအိုဟားရားက ရႈျမင္ထားၿပီး စပိန္လူမ်ိဳးနည္းျပလက္ေအာက္မွာ အသင္းက ဘာမွတိုးတက္လာတာမျမင္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ ၁၉၇၄ ခုႏွစ္ေနာက္ပိုင္း အဆိုး႐ြားဆုံးရာသီအစကို ႀကဳံေတြ႕ေနရတာျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ ပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္ ၁၅ ေနရာမွာ ရပ္တည္ေနရတာျဖစ္ပါတယ္။ အာဆင္နယ္ဟာ ယခုအပတ္ ေဆာက္သမ္တန္အသင္းနဲ႔ သေရက်ခဲ့တဲ့ပြဲစဥ္အပါအဝင္ ၿပီးခဲ့တဲ့လိဂ္ ၆ ပြဲမွာ တစ္ပြဲမွ အႏိုင္ရရွိခဲ့ျခင္းမရွိဘဲ သေရရလဒ္သာ အမ်ားဆုံးရယူထားႏိုင္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းက ၎တိုရဲ႕ ရႈံးပြဲဆက္ေနမႈကို ရပ္တန႔္ဖို႔ အရိပ္အေယာင္ေတြ ျပသခဲ့ေပမယ့္လည္း ေတာ့တင္ဟမ္ေဟာ့စပါးကြင္းလယ္ကစားသမားေဟာင္း ေဂ်မီအိုဟားရားက အယုံအၾကည္မရွိေတာ့ဘဲ အာတီတာကို ဆက္ခန႔္ထားမယ္ဆိုရင္ စိုးရိမ္စရာေတြ မလႊဲမေရွာင္သာ ျဖစ္လာေတာ့မယ္လို႔ ခံစားေနရတာျဖစ္ပါတယ္။

“အာဆင္နယ္မွာ ဘာေတြျဖစ္ေနတာလဲ။ သူတို႔ေတြ လုံးဝကို အိပ္မက္ဆိုး မက္ေနၾကပါတယ္”
“အခုအခ်ိန္မွာ သေရရလဒ္က အာတီတာကို အလုပ္မွာ ဆက္ရွိေနေစတယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။ ဒါေပမယ့္ သူတို႔ေတြ အဲဗာတန္ကို ရႈံးရင္ေတာ့ သူ သြားရေတာ့မယ္ ထင္ပါတယ္”

“ခင္ဗ်ားအသင္းက နယူးကာဆယ္မဟုတ္ဘူး။ ပဲေလ့စ္မဟုတ္ဘူး။ ဒါက အာဆင္နယ္ပါ။ ကမာၻေပၚမွာ အႀကီးမားဆုံးအသင္းေတြထဲကတစ္သင္းပါ။ လိဂ္မွာ အဆင့္ ၁၅ ေနရာေရာက္ေနတာက လက္ခံႏိုင္စရာမရွိပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

ေဆာက္သမ္တန္အသင္းနဲ႔ပြဲစဥ္က ဂက္ဘရီရယ္မက္ဂယ္ေဟးစ္ရဲ႕ အနီကတ္ျပထုတ္ပယ္ခံရမႈဟာ အာဆင္နယ္အသငး္ရဲ႕ ေနာက္ဆုံးလိဂ္ ၅ ပြဲမွာ ၃ ႀကိမ္ေျမာက္ ကစားသမားထုတ္ပယ္ခံရမႈျဖစ္ခဲ့ၿပီး လူစာရင္းထဲမွာ စည္းကမ္းပိုင္းဆိုင္ရာျပႆနာေတြရွိေနၿပီလားလို႔ ေမးခြန္းေတြဆက္လက္ျမင့္တက္လာေနတာျဖစ္ပါတယ္။ အာဆင္နယ္ဟာ လြန္ခဲ့တဲ့တစ္ႏွစ္က အာတီတာ နည္းျပသစ္အျဖစ္ ခန႔္အပ္ခံရခ်ိန္ကတည္းက လက္ရွိအခ်ိန္အထိ စုစုေပါင္း အနီကတ္ ၇ ကတ္အထိ ျပသခံထားရၿပီး ယင္းကာလအတြင္း အျခားအသင္းေတြထက္ ၂ ဆေလာက္ အနီကတ္ပမာဏ ပိုမ်ားေနတာျဖစ္ပါတယ္။

အာဆင္နယ္ကစားသမားအမ်ားအျပားဟာလည္း ယခုရာသီမွာ ၎တို႔ရဲ႕ သာမန္ေအာက္နိမ့္က်တဲ့စြမ္းေဆာင္ရည္ေတြေၾကာင့္ ေဝဖန္မႈေတြ ခံေနရၿပီး အိုဟားရားက အသင္းမွာရွိေနတဲ့ျပႆနာက ၾကာေလဆိုးေလျဖစ္လိမ့္မယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“သူတို႔မွာ ေခါင္းေဆာင္မရွိဘူး။ ကြၽန္ေတာ္တို႔ အာတီတာကို အျပစ္တင္ႏိုင္တယ္။ ဒါကေတာ့ အၿမဲတမ္းျဖစ္ေနက် ပုံစံပါပဲ။ ဒါေပမယ့္ တခ်ိဳ႕ကစားသမားေတြက သူတို႔ရဲ႕စြမ္းေဆာင္ရည္ေတြနဲ႔ သူ႔ကို လုံးဝ သတ္ေနၾကတယ္”

“သူတို႔ေတြက ေကာင္းသင့္သေလာက္မေကာင္း႐ုံတင္မဟုတ္ဘူး။ အပတ္တိုင္း ကစားသမားေတြက အနီကတ္ျပ အထုတ္ခံေနရၿပီး စြမ္းေဆာင္ရည္ျပသဖို႔ လိုအပ္ေနတဲ့ လစာျမင့္ကစားသမားေတြလည္း ရွိေနတယ္။ သူတို႔ေတြ အသင္းကို ေအာက္ဆုံးထိ ထိုးဆင္းခြင့္ ေပးေနၾကတယ္။ သူတို႔ေတြ အဲဒီလိုျဖစ္ေနတာ ၾကာၿပီ။ သူတို႔ေတြမွာ ၀ိေသသလကၡဏာအားလုံး ေပ်ာက္ဆုံးေနခဲ့ၿပီး အသင္းအဖြဲ႕အေနနဲ႔လည္း ေပ်ာက္ဆုံးေနခဲ့ပါတယ္။ သူတို႔ေတြ ဘယ္လိုေတြျဖစ္ေနၾကလဲ ကြၽန္ေတာ္ မသိေတာ့ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: TALK SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.