Premier League

18 Dec နေ့လည်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

-ယူနိုက်တက်ဂန္တဝင်ကွင်းလယ်ကစားသမား ပေါလ်စခိုးက မန်ချက်စတာယူနိုက်တက်အသင်းက ရှက်ဖီးယူနိုက်တက်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ ယခုရာသီ ရှုပ်ထွေးနေတဲ့ဆုဖလားပြိုင်ပွဲထဲကို ယူနိုက်တက် ပြန်လည်ဝင်ရောက်နိုင်ခဲ့ပြီလို့ ယုံကြည်နေပြီး ဘရူနိုဖာနန်ဒက်စ်က ပြိုင်ဘက်အသင်းတွေကို ကောင်းမွန်တဲ့ဘောလုံးပေးပို့မှုနဲ့ ဖျက်ဆီးပစ်လိမ့်မယ်လို့ ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားက ရှက်ဖီးကိုအနိုင်ရရှိခဲ့တဲ့ပွဲစဉ်က ပေါ့ဂ်ဘာရဲ့ခြေစွမ်းကို အထူးချီးကျူးခဲ့ပြီး ဘောလုံးအမြင်ရှိမှု၊ ဖန်တီးနိုင်စွမ်းရှိမှု အလွန်ကောင်းမွန်ခဲ့ကြောင်း ပြောကြားခဲ့။

-ရှက်ဖီးယူနိုက်တက်နဲ့ပွဲမှာ ၂ ဂိုးသွင်းယူပေးခဲ့တဲ့ ရက်ရှ်ဖို့ဒ်ကို မိုက်ကယ်အိုဝင်က ချိန်သားကိုက်ပြေးလွှားမှုမှာ အရမ်းကောင်းမွန်ပြီး အထောင်တိုက်စစ်မှူးဖြစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးကြောင်း ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ကာဗာနီရဲ့လူမှုကွန်ရက်စ်မှာ ရေးသားခဲ့တဲ့စာဟာ အက်ဖ်အေရဲ့စည်းမျဉ်း E3 ကို ချိုးဖောက်ခဲ့တဲ့အတွက် မလျော်မကန်ပြုမူမှုနဲ့ စွဲချက်တင်ခံထားရကြောင်း ကြာသပတေးနေ့ညနေက အက်ဖ်အေက ထုတ်ပြန်ကြေညာခဲ့ပြီး ဇန်နဝါရီလ ၄ ရက်နေ့အထိ ပြန်လည်တုံ့ပြန်ဖြေရှင်းခွင့်ရှိတယ်လို့ သိရ။

-မန်ချက်စတာယူနိုက်တက်ဟာ အလားအလာများစွာရှိသူလို့ သတ်မှတ်ခံထားရတဲ့ ဆယ်တာဗီဂိုလူငယ်ကြယ်ပွင့်ကစားသမား စတီဖန်ဘက်ဂျ်ဆက်တစ်ကို ခေါ်ယူနိုင်ခြေနဲ့ပတ်သက်ပြီး ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး အသက် ၁၆ နှစ်အရွယ်ကစားသမားဟာ ဆယ်တာဗီဂို ဒုတိယအသင်းအတွက် ပါဝင်ကစားနေသူဖြစ်။

-ယူနိုက်တက်နည်းပြဆိုးလ်ရှားက ရှက်ဖီးယူနိုက်တက်အသင်းနဲ့ပွဲမှာ ဒင်းဟန်ဒါဆင်ကို ပွဲထုတ်ပြီး ဒီဂီယာကို ချန်လှပ်ထားခဲ့တာဟာ လက်စွမ်းကြောင့်မဟုတ်ဘဲ ဟန်ဒါဆင်က အဆင်သင့်ဖြစ်နေတာကြောင့် အလှည့်ကျအသုံးပြုခဲ့တာသာဖြစ်တယ်လို့ ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်ဂန္တဝင်တိုက်စစ်မှူး ဝိန်းရူနီရဲ့သားဖြစ်သူ ကိုင်ရူနီဟာ ဖခင်ဖြစ်သူရဲ့ ခြေရာအတိုင်းလိုက်နင်းပြီး မန်ချက်စတာယူနိုက်တက်ယူ-၁၁ အသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့ကြောင်း ယူနိုက်တက်တသက်တာထိပ်တန်းဂိုးသွင်းရှင်က အင်စတာဂရမ်မှာ ပရိသတ်တွေကို အသိပေးခဲ့။

-ရှက်ဖီးယူနိုက်တက်ဂိုးသမား အာရွန်ရမ်စ်ဒေးက ယူနိုက်တက်နဲ့ပွဲစဉ်မှာ ၎င်းရဲ့အမှားကြောင့် တစ်ဂိုးခွင့်ပြုခဲ့ရပြီးနောက် တိတ်ဆိတ်နေမှုကို ဖြိုခွင်းလိုက်ပြီး ဝေဖန်မှုအားလုံးကို ခံယူပြီး နောက်လာမယ့်ပွဲစဉ်အတွက် ကြိုးစားသွားလို့ ပြောကြားခဲ့။

-မန်ယူနိုက်တက်နည်းပြဆိုးလ်ရှားက ရှက်ဖီးကို ၃-၂ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာ ရှက်ဖီးနည်းပြ ခရစ်စ်ဝိုင်ဒါနဲ့ စကားများခဲ့ပြီးနောက် တောင်းပန်စကားပြောကြားခဲ့ပြီး အရမ်းစိတ်အားထက်သန်ခဲ့လို့ ပြောခဲ့တာဆိုပေမယ့် ပွဲပြီးသွားရင် သွားသောက်ဖြစ်ကြလိမ့်မယ်လို့ ပြောကြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-ယူႏိုက္တက္ဂႏၲဝင္ကြင္းလယ္ကစားသမား ေပါလ္စခိုးက မန္ခ်က္စတာယူႏိုက္တက္အသင္းက ရွက္ဖီးယူႏိုက္တက္ကို အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္အၿပီးမွာ ယခုရာသီ ရႈပ္ေထြးေနတဲ့ဆုဖလားၿပိဳင္ပြဲထဲကို ယူႏိုက္တက္ ျပန္လည္ဝင္ေရာက္ႏိုင္ခဲ့ၿပီလို႔ ယုံၾကည္ေနၿပီး ဘ႐ူႏိုဖာနန္ဒက္စ္က ၿပိဳင္ဘက္အသင္းေတြကို ေကာင္းမြန္တဲ့ေဘာလုံးေပးပို႔မႈနဲ႔ ဖ်က္ဆီးပစ္လိမ့္မယ္လို႔ ေျပာၾကားခဲ့။

-မန္ခ်က္စတာယူႏိုက္တက္နည္းျပဆိုးလ္ရွားက ရွက္ဖီးကိုအႏိုင္ရရွိခဲ့တဲ့ပြဲစဥ္က ေပါ့ဂ္ဘာရဲ႕ေျခစြမ္းကို အထူးခ်ီးက်ဴးခဲ့ၿပီး ေဘာလုံးအျမင္ရွိမႈ၊ ဖန္တီးႏိုင္စြမ္းရွိမႈ အလြန္ေကာင္းမြန္ခဲ့ေၾကာင္း ေျပာၾကားခဲ့။

-ရွက္ဖီးယူႏိုက္တက္နဲ႔ပြဲမွာ ၂ ဂိုးသြင္းယူေပးခဲ့တဲ့ ရက္ရွ္ဖို႔ဒ္ကို မိုက္ကယ္အိုဝင္က ခ်ိန္သားကိုက္ေျပးလႊားမႈမွာ အရမ္းေကာင္းမြန္ၿပီး အေထာင္တိုက္စစ္မႉးျဖစ္လိမ့္မယ္လို႔ ဘယ္တုန္းကမွ မေတြးခဲ့ဖူးေၾကာင္း ေျပာၾကားခဲ့။

-မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉး ကာဗာနီရဲ႕လူမႈကြန္ရက္စ္မွာ ေရးသားခဲ့တဲ့စာဟာ အက္ဖ္ေအရဲ႕စည္းမ်ဥ္း E3 ကို ခ်ိဳးေဖာက္ခဲ့တဲ့အတြက္ မေလ်ာ္မကန္ျပဳမူမႈနဲ႔ စြဲခ်က္တင္ခံထားရေၾကာင္း ၾကာသပေတးေန႔ညေနက အက္ဖ္ေအက ထုတ္ျပန္ေၾကညာခဲ့ၿပီး ဇန္နဝါရီလ ၄ ရက္ေန႔အထိ ျပန္လည္တုံ႔ျပန္ေျဖရွင္းခြင့္ရွိတယ္လို႔ သိရ။

-မန္ခ်က္စတာယူႏိုက္တက္ဟာ အလားအလာမ်ားစြာရွိသူလို႔ သတ္မွတ္ခံထားရတဲ့ ဆယ္တာဗီဂိုလူငယ္ၾကယ္ပြင့္ကစားသမား စတီဖန္ဘက္ဂ်္ဆက္တစ္ကို ေခၚယူႏိုင္ေျခနဲ႔ပတ္သက္ၿပီး ကစားသမားရဲ႕ ကိုယ္စားလွယ္ေတြနဲ႔ ေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၿပီး အသက္ ၁၆ ႏွစ္အ႐ြယ္ကစားသမားဟာ ဆယ္တာဗီဂို ဒုတိယအသင္းအတြက္ ပါဝင္ကစားေနသူျဖစ္။

-ယူႏိုက္တက္နည္းျပဆိုးလ္ရွားက ရွက္ဖီးယူႏိုက္တက္အသင္းနဲ႔ပြဲမွာ ဒင္းဟန္ဒါဆင္ကို ပြဲထုတ္ၿပီး ဒီဂီယာကို ခ်န္လွပ္ထားခဲ့တာဟာ လက္စြမ္းေၾကာင့္မဟုတ္ဘဲ ဟန္ဒါဆင္က အဆင္သင့္ျဖစ္ေနတာေၾကာင့္ အလွည့္က်အသုံးျပဳခဲ့တာသာျဖစ္တယ္လို႔ ေျပာၾကားခဲ့။

-မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္တိုက္စစ္မႉး ဝိန္း႐ူနီရဲ႕သားျဖစ္သူ ကိုင္႐ူနီဟာ ဖခင္ျဖစ္သူရဲ႕ ေျခရာအတိုင္းလိုက္နင္းၿပီး မန္ခ်က္စတာယူႏိုက္တက္ယူ-၁၁ အသင္းနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ေၾကာင္း ယူႏိုက္တက္တသက္တာထိပ္တန္းဂိုးသြင္းရွင္က အင္စတာဂရမ္မွာ ပရိသတ္ေတြကို အသိေပးခဲ့။

-ရွက္ဖီးယူႏိုက္တက္ဂိုးသမား အာ႐ြန္ရမ္စ္ေဒးက ယူႏိုက္တက္နဲ႔ပြဲစဥ္မွာ ၎ရဲ႕အမွားေၾကာင့္ တစ္ဂိုးခြင့္ျပဳခဲ့ရၿပီးေနာက္ တိတ္ဆိတ္ေနမႈကို ၿဖိဳခြင္းလိုက္ၿပီး ေဝဖန္မႈအားလုံးကို ခံယူၿပီး ေနာက္လာမယ့္ပြဲစဥ္အတြက္ ႀကိဳးစားသြားလို႔ ေျပာၾကားခဲ့။

-မန္ယူႏိုက္တက္နည္းျပဆိုးလ္ရွားက ရွက္ဖီးကို ၃-၂ နဲ႔အႏိုင္ရခဲ့တဲ့ပြဲစဥ္အၿပီးမွာ ရွက္ဖီးနည္းျပ ခရစ္စ္ဝိုင္ဒါနဲ႔ စကားမ်ားခဲ့ၿပီးေနာက္ ေတာင္းပန္စကားေျပာၾကားခဲ့ၿပီး အရမ္းစိတ္အားထက္သန္ခဲ့လို႔ ေျပာခဲ့တာဆိုေပမယ့္ ပြဲၿပီးသြားရင္ သြားေသာက္ျဖစ္ၾကလိမ့္မယ္လို႔ ေျပာၾကားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.