Premier League

18 Dec နံနက်ခင်း နောက်ဆုံးရ ချဲလ်ဆီ းသတင်းများ စုစည်းမှု

ချယ်ဆီးနည်းပြဖရန့်လမ်းပတ်က စတန်းဖို့ဒ်ဘရစ်ဂျ်မှာ ကစားသမားဘဝကို နှေးကွေးစွာစတင်နေရတဲ့ ခိုင်ဟားဗတ်ဇ်အနေနဲ့ တိုးတက်အောင်လုပ်ဆောင်ရမယ့်နေရာတွေအများကြီးရှိသေးတယ်လို့ ဝန်ခံပြောကြားခဲ့ပေမယ့် အသင်းအတွက် ထိပ်တန်းကစားသမားဖြစ်လာမယ့်သူလို့ ပြောကြားခဲ့။

ချယ်ဆီးနောက်ခံကစားသမား တိုမိုရီဟာ သီယေဂိုဆေးလ်ဗား၊ ဇူးမား၊ ခရစ်စတန်ဆန်၊ ရူဒီဂါတို့နောက်မှ ပဉ္စမမြောက်ပွဲထွက်ခွင့်ရကစားသမားအနေနဲ့ ယခုရာသီမှာ ၃ ပွဲသာ ပါဝင်ကစားရသေးတဲ့အတွက် ပထမအသင်းပွဲထွက်ကစားခွင့်ရရှိဖို့အတွက် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ လိဒ်စ်ယူနိုက်တက်ကို ပြောင်းရွှေ့ဖွယ်ရှိနေ။

ချယ်ဆီးနောက်ခံကစားသမားဟောင်း မာရီယိုမဲချော့က တိုက်စစ်မှူး ဂီရော့ဒ်ဟာ လက်ရှိအချိန်မှာ ၎င်းကို ပွဲစဉ်တိုင်းမှာ ပွဲထွက်ပါဝင်ကစားခွင့်ပေးဖို့ နည်းပြလမ်းပတ် ဆုံးဖြတ်ရလွယ်ကူအောင် ပြုလုပ်ပြနေတယ်လို့ ပြောကြားခဲ့ပြီး ပြင်သစ်တိုက်စစ်မှူးရဲ့ လက်ရှိခြေစွမ်းဟာ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ထားခဲ့လို့မရတဲ့ ခြေစွမ်းဖြစ်နေတယ်လို့ ယုံကြည်နေ။

ချယ်ဆီးအသင်းဟာ အင်္ဂါနေ့ညက ဝုဗ်ကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ယခုအပတ် ၀က်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မှာ အလျင်အမြန်ပြန်လာနိုင်ဖို့ မျှော်လင့်နေပေမယ့်လည်း ဟာကင်ဇီယက်၊ ဟတ်ဒ်ဆန်အိုဒွိုင်းတို့ ပါ၀င်ဦးနိုင်မှာမဟုတ်ဘဲ ဇီယက်က ဘောက်ဆင်ဒေးမတိုင်မီအထိ လွဲချော်ဦးမှာဖြစ်သလို ဟတ်ဒ်ဆန်အိုဒွိုင်းကလည်း လေ့ကျင့်ရေးမှာ ရခဲ့တဲ့ဒဏ်ရာကြောင့် ၂ ပတ်လောက် နားရမယ်လို့ နည်းပြလမ်းပတ် အတည်ပြုပြောကြားခဲ့။

အပြောင်းအရွှေ့ကျွမ်းကျင်သူဖက်ဘရီဇီယိုရိုမာနိုက ချယ်ဆီးအသင်းဟာ အသက် ၁၄ နှစ်အရွယ်မှာ အသင်းကနေ ထွက်ခွာခွင့်ပေးခဲ့တဲ့ ဝက်စ်ဟမ်းကြယ်ပွင့် ဒီကလန်ရိုက်စ်ကို ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူလိမ့်မယ်လို့ ယုံကြည်နေပြီး အင်္ဂလန်ကွင်းလယ်ကစားသမားကလည်း စတန်းဖို့ဒ်ဘရစ်ဂျ်ကို ပြန်လာချင်ပေမယ့် ၎င်းကို ယုံကြည်မှုပေးခဲ့တဲ့ဝက်စ်ဟမ်းအသင်းအတွက် ပြန်လည်ပေးဆပ်ချင်နေ။

ချယ်ဆီးကွင်းလယ်ကစားသမားဟောင်း မိုက်ကယ်ဘောလက်က လေဗာကူဆင်အသင်းအတွက် ပြိုင်ပွဲစုံ ၁၆ ပွဲမှာ သွင်းဂိုး ၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ်အထိ ပြုလုပ်ထားတဲ့ အသက် ၁၇ နှစ်အရွယ် ဖလော်ရီယန်ဝါ့ဇ်ကို ခိုင်ဟားဗတ်ဇ်နဲ့ နှိုင်းယှဉ်ဖို့ စောလွန်းတယ်လို့ ထင်မြင်နေပြီး ကိုင်ဟားဗက်ဟာ နှစ်အနည်းငယ်အတွင်း ရင့်ကျက်လာနိုင်ပေမယ့် ဝါ့ဇ်က ပုံမှန်ပွဲထွက်ကစားသမားအဖြစ် ပထမဆုံးရာသီကို စတင်ကစားနေတာဖြစ်တယ်လို့ ပြောကြားခဲ့။

ချယ်ဆီးအသင်းက လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရတော့မယ့် ဘိုင်ယန်မြူးနစ်နောက်ခံကစားသမား ဒေးဗစ်အလာဘာကို အနီးကပ်စောင့်ကြည့်နေပြီး ဘယ်နောက်ခံရော၊ ဗဟိုခံစစ်နေရာမှာပါ ကစားနိုင်တဲ့ သြစတြီးယားလက်ရွေးစင်ကြယ်ပွင့်အတွက် ပီအက်စ်ဂျီ၊ ရီးရဲမက်ဒရစ်တို့နဲ့ ယှဉ်ပြိုင်ခေါ်ယူသွားရမှာဖြစ်တယ်လို့ ESPN က ဖော်ပြခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.